Wednesday 10 April 2013

ရှကီရာထံမှ ချစ်သူဟောင်း ဒီလာရူက အမေရိကန် ဒေါ်လာ သန်း ၁ဝဝ တောင်းဆို


ကမ္ဘာကျော် ကိုလံဘီယာ အဆိုရှင်ရှကီရာ၏ ချစ်သူဟောင်းဒီလာရူသည် ၎င်းတို့၏ ၁၁ နှစ်ကြာ ဆက်ဆံ ရေးအတွင်း သူမ၏ မန်နေဂျာတစ်ဦးအဖြစ် တာဝန်ယူလုပ်ဆောင်ခဲ့ခြင်းကြောင့်၎င်းအနေဖြင့် သူမထံမှ အမေရိကန် ဒေါ်လာ သန်း ၁ဝဝ ရရှိသင့်သည်ဟု အခိုင်အမာ ပြောကြားခဲ့ကြောင်းသိရသည်။ သို့ရာတွင် ရှကီရာသည် သူမ၏ချစ်သူဟောင်း ဒီလာရူနှင့် တွေ့ဆုံချိန် ၂ဝဝဝ  ပြည့်နှစ် အတွင်း ၌ပင်  နိုင်ငံတကာတွင် ကျော်ကြားသည့် အဆိုရှင် တစ်ဦးအဖြစ် ရပ်တည်လျက် ရှိပြီး ဒီလာသည် သူမအား
အကူအညီ ပေးခဲ့ သော်လည်း သူမ၏မန်နေဂျာ တစ်ဦးမဟုတ်ခဲ့ကြောင်း တရားဝင် စာရွက်စာတမ်းများ၌ ရှကီရာက ဖော်ပြခဲ့သည်။ တရားဝင် စာရွက်စာတမ်းများအရ ရှကီရာသည် ၂ဝဝ၆ ခုနှစ် အတွင်းက ဒီလာရူနှင့် သဘောတူစာချုပ်တစ်ခု၌ လက်မှတ် ရေးထိုးခဲ့ကြောင်း၊  စာချုပ်အတွင်း ၎င်းတို့နှစ်ဦးသည် အကယ်၍ လမ်းခွဲခဲ့ပါက ၎င်းတို့၏ပိုင်ဆိုင်မှုများအား သီးခြားစီ ထိန်းသိမ်းရန် သဘောတူညီခဲ့ကြောင်း သိရ သည်။
 From...မ၀တီ

No comments:

Post a Comment