Monday 25 March 2013

"သမ္မတဦးသိန်းစိန် တရုတ်ပြည်အလည်အပတ်ခရီးသွားရောက်မည်"



တရုတ်သမ္မတသစ် ရှီကျင့်ပင်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တရုတ်ပြည်သို့ တရားဝင်အလည်အပတ် သွားရောက်မည်ဖြစ်ကြောင်းသိရသည်။
ယင်းသို့ သွားရောက်စဉ်အတွင်း ဧပြီ ၆ ရက်မှ ၈ ရက်နေ့အထိ ဟိုင်နန်တွင် ကျင်းပမည့် နှစ်လည်အာရှ ကွန်ဖရင့်ဘိုအားအို ဖိုရမ်သို့လည်း တက်ရောက်မည် ဖြစ်သည်။

၂၀၁၁ ခုနှစ် မတ်လ ၎င်းအာဏာရအချိန်မှစ၍ တရုတ်နိုင်ငံသို့ တတိယအကြိမ် သွားရောက်ခြင်းဖြစ်ရာ လွန်ခဲ့သည့် နှစ်နှစ်အတွင်း အလည်အပတ်နှစ်ကြိမ် သွားရောက်ပြီး ဖြစ်သည်။

မြန်မာသမ္မတ၏ အလည်အပတ်ခရီးကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ မတ်လ ၂၅ ရက်တွင် ကြေညာ လိုက်ခြင်းဖြစ်သည်။

သမ္မတ ရှီကျင့်ပင်ကိုယ်တိုင် အဆိုပါ ဖိုရမ်သို့ တက်ရောက်၍ အမှာစကားပြောကြားမည်ဖြစ်သည်။ ဖိုရမ်ဆောင်ပုဒ်မှာ ``အားလုံးဖွံ့ဖြိုးရေး ကြံဆောင်နေသည့် အာရှ´´ပြန်လည်ထူထောင်ရေး တာဝန်နှင့် ပူးပေါင်းဆောင်ရွက်မှု ဟူ၍ ဖြစ်သည်။

အဆိုပါ ဖိုရမ်သို့ အာရှ၊ ဥရောပ၊ အာဖရိကနှင့် အမေရိကန်နိုင်ငံတို့မှ နိုင်ငံ့ခေါင်းဆောင်များ တက်ရောက် ဖွယ်ရှိသည်။
S.T
Popular Myanmar News Journal

No comments:

Post a Comment