Monday 25 March 2013

ဝိုင်နီဆေးပြားဖြင့် အိုမင်းမှုကို အဟန့်အထားဖြစ်စေ


ဝိုင်နီဆေးပြားဖြင့် အိုမင်းမှုကို အဟန့်အထားဖြစ်စေ
Monday, March 25, 2013

အညိုရောင်ချောကလက်နှင့် ဝိုင်နီတွင်ပါဝင်သည့် ဓါတုပစ္စည်းတစ်မျိုး
သည် ဆီးချိုရောဂါ၊ အဝလွန် ရောဂါနှင့် အချို့သောကင်ဆာရော ဂါများ
ကို ကာကွယ်နိုင်ပြီး အိုမင်းမှုကို ဟန့်တားထားနိုင်ကြောင်း ဟားဗတ်
တက္ကသိုလ် သုတေသီများကဆိုသည်။

Science ဂျာနယ်၌ဖော်ပြပါရှိ သော အဆိုပါသုတေသနကို ဟားဗတ်
တက္ကသိုလ်မှ မျိုးဗီဇပါမောက္ခ ဒေးဗစ်ဆင်ကလဲနှင့်အဖွဲ့ကပြုလုပ်ခဲ့ပြီး resverastrol အမည်ရှိဓါတုပစ္စည်း တစ်မျိုးကို အဓိကလေ့လာခဲ့ကြ
သည်။

SIRT1 အမည်ရှိအင်ဇိုင်းသည် ဆီးချို၊ အဝလွန်ရောဂါနှင့် ကင်ဆာ ရောဂါ
များအပါအဝင် ရောဂါ(၂ဝ)မျိုးခန့်ကို ကာကွယ်ပေးနိုင်ပြီး လေ့ကျင့်ခန်းပြု
လုပ်ခြင်း၊ ကယ်လိုရီစားသုံး မှုလျှော့ချခြင်းဖြင့် ယင်းအင်ဇိုင်းကို လှုံ့ဆော်နိုင်
သည်။

ထို့ပြင်အင်ဇိုင်းလှုံ့ ဆော်ပစ္စည်းများဖြင့်လည်း SIRT1 အလုပ်လုပ်စေ
ရန်ထောက်ပံ့ပေးနိုင်ပြီး အဓိကအကျဆုံး အင်ဇိုင်းလှုံ့ဆော် ပစ္စည်းမှာ resveratrol ဖြစ်သည်။ resveratrol ကို ချောကလက်နှင့် ဝိုင်နီတွင်
ပမာဏအနည်းငယ်စီတွေ့ရပြီး ဆေးကုမ္ပဏီများစွာကလည်း resveratrol ကိုဖန်တီးထုတ်လုပ် နိုင်ရန် ကြိုးစားလျက်ရှိကြသည်။

ကြွက်များတွင်စမ်းသပ်ချက်များအရ resveratrol ပေးထားသည့်ကြွက်
များသည် သာမန်ကြွက်တစ် ကောင်ထက် နှစ်ဆလျှင်မြန်စွာပြေး နိုင်ပြီး
(၁၅) ရာခိုင်နှုန်း သက်တမ်းရှည်သည်ကိုတွေ့ရသည်။

သီဟ
Health Updates Journal

အညိုရောင်ချောကလက်နှင့် ဝိုင်နီတွင်ပါဝင်သည့် ဓါတုပစ္စည်းတစ်မျိုး သည် ဆီးချိုရောဂါ၊ အဝလွန် ရောဂါနှင့် အချို့သောကင်ဆာရော ဂါများ ကို ကာကွယ် နိုင်ပြီး အိုမင်းမှုကို ဟန့်တားထားနိုင်ကြောင်း ဟားဗတ်တက္ကသိုလ် သုတေ သီများ ကဆိုသည်။
Science ဂျာနယ်၌ဖော်ပြပါရှိ သော အဆိုပါသုတေသနကို ဟားဗတ်တက္ကသိုလ်မှ မျိုးဗီဇပါမောက္ခ ဒေးဗစ်ဆင်ကလဲနှင့်အဖွဲ့ကပြုလုပ်ခဲ့ပြီး resverastrol အမည်ရှိ ဓါတုပစ္စည်း တစ်မျိုးကို အဓိကလေ့လာခဲ့ကြသည်။

SIRT1 အမည်ရှိအင်ဇိုင်းသည် ဆီးချို၊ အဝလွန်ရောဂါနှင့် ကင်ဆာ ရောဂါများအပါအဝင် ရောဂါ(၂ဝ) မျိုးခန့်ကို ကာကွယ်ပေးနိုင်ပြီး လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ကယ်လိုရီစားသုံး မှုလျှော့ ချခြင်းဖြင့် ယင်းအင်ဇိုင်း ကို လှုံ့ဆော်နိုင်သည်။

ထို့ပြင်အင်ဇိုင်းလှုံ့ ဆော်ပစ္စည်းများဖြင့်လည်း SIRT1 အလုပ်လုပ်စေရန်ထောက်ပံ့ပေးနိုင်ပြီး အဓိက အကျဆုံး အင်ဇိုင်းလှုံ့ဆော် ပစ္စည်းမှာ resveratrol ဖြစ်သည်။ resveratrol ကို ချောကလက်နှင့် ဝိုင်နီတွင်ပမာဏအနည်းငယ်စီတွေ့ရပြီး ဆေးကုမ္ပဏီများစွာကလည်း resveratrol ကိုဖန်တီးထုတ်လုပ် နိုင်ရန် ကြိုးစားလျက်ရှိကြသည်။

ကြွက်များတွင်စမ်းသပ်ချက်များအရ resveratrol ပေးထားသည့်ကြွက်များသည် သာမန်ကြွက် တစ် ကောင်ထက် နှစ်ဆလျှင်မြန်စွာပြေး နိုင်ပြီး(၁၅) ရာခိုင်နှုန်း သက်တမ်းရှည်သည်ကိုတွေ့ရသည်။

Health Updates Journal

No comments:

Post a Comment