Friday 1 March 2013

တက္ကသိုလ်ဝင်တန်းစာမေးပွဲအကြိုကာလနှင့် ဖြေဆိုချိန်ကာလ များအတွင်း လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရန် သဘာဝဓာတ်ငွေ့ တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးကြိုးပမ်းဆောင်ရွက်

တက္ကသိုလ်ဝင်တန်းစာမေးပွဲအကြိုကာလနှင့် ဖြေဆိုချိန်ကာလ
များအတွင်း လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရန် သဘာဝဓာတ်ငွေ့
တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးကြိုးပမ်းဆောင်ရွက်
Friday, March 1, 2013

စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်၏ စွမ်းအင်လိုအပ်ချက်ကို အဘက်ဘက်မှဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာ တက္ကသိုလ်ဝင်တန်း စာမေးပွဲအကြိုကာလနှင့် ဖြေဆိုချိန်ကာလများအတွင်း ကျောင်းသား/ကျောင်းသူများ အဆင်ပြေလွယ်ကူစွာ စာပေလေ့ကျင့်ကျက်မှတ်နိုင်ရေး လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်ညှိနှိုင်း၍ သဘာဝဓာတ်ငွေ့ တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးအတွက် အောက်ဖော်ပြပါစက်ရုံများသို့ သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးမှု ခေတ္တရပ်ဆိုင်းပြီး ကုန်းတွင်းသဘာဝဓာတ်ငွေ့ ကုဗပေ ၁၀ သန်းနှင့် ကမ်းလွန်သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၃၀ အား ဖြန့်ဖြူးပေးထားပါကြောင်း အသိပေးအပ်ပါသည်-

(၁) အမှတ်(၁)ဓာတ်မြေသြဇာစက်ရုံ(စလေ)
(၂) ကျောက်ဆည် ဆင်မင်း(၁)နှင့်ဆင်မင်း(၂)ဘိလပ်မြေစက်ရုံ
(၃) စက်မှုဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဘိလပ်မြေစက်ရုံ(ကျောက်ဆည်)
(၄) စက်မှုဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ချောက်နှင့်ကျောက်ဆည်ဒေသ
များမှ စက်ရုံငယ်(၈)ရုံ
(၅) ကြံခင်းဘိလပ်မြေစက်ရုံ
(၆) သရက်ဘိလပ်မြေစက်ရုံ
(၇) ကျောက်ဆွယ်ကျိုးသံမဏိစက်ရုံ

Ministry of Energy, Myanmar
စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်၏ စွမ်းအင်လိုအပ်ချက်ကို အဘက်ဘက်မှဖြည့်ဆည်း ဆာင်ရွက်ပေးလျက်ရှိရာ တက္ကသိုလ် ၀င်တန်း စာမေးပွဲ အကြိုကာလနှင့် ဖြေဆိုချိန် ကာလများ အတွင်း ကျောင်းသား /ကျောင်းသူများ အဆင်ပြေလွယ်ကူစွာ စာပေလေ့ကျင့်ကျက်မှတ်နိုင်ရေး လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် စွမ်းအင် ၀န်ကြီးဌာန အနေဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်ညှိနှိုင်း၍ သဘာဝဓာတ်ငွေ့ တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးအတွက် အောက်ဖော်ပြပါစက်ရုံများသို့ သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးမှု ခေတ္တရပ်ဆိုင်းပြီး ကုန်းတွင်း သဘာဝဓာတ်ငွေ့ ကုဗပေ ၁၀ သန်းနှင့် ကမ်းလွန်သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၃၀ အား ဖြန့်ဖြူးပေး ထားပါကြောင်း အသိပေးအပ်ပါသည်-

(၁) အမှတ်(၁)ဓာတ်မြေသြဇာစက်ရုံ(စလေ)
(၂) ကျောက်ဆည် ဆင်မင်း(၁)နှင့်ဆင်မင်း(၂)ဘိလပ်မြေစက်ရုံ
(၃) စက်မှုဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဘိလပ်မြေစက်ရုံ(ကျောက်ဆည်)
(၄) စက်မှုဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ချောက်နှင့်ကျောက်ဆည်ဒေသ
များမှ စက်ရုံငယ်(၈)ရုံ
(၅) ကြံခင်းဘိလပ်မြေစက်ရုံ
(၆) သရက်ဘိလပ်မြေစက်ရုံ
(၇) ကျောက်ဆွယ်ကျိုးသံမဏိစက်ရုံ

Ministry of Energy, Myanmar

No comments:

Post a Comment