Saturday 16 February 2013

နျူကလီးယားစမ်းသပ်မှု ထပ်မံပြုလုပ်ဖွယ်ရှိကြောင်း မြောက်ကိုရီးယား ပြောကြား

north korea
 (နျူကလီးယားစမ်းသပ်မှု အောင်မြင်သည့် အထိမ်းအမှတ် အခမ်းအနားတွင် တွေ့ရသည့် မြောက်ကိုရီးယားပြည်သူများ)
 
မြောက်ကိုရီးယားနိုင်ငံသည့် ယခုနှစ်အတွင်း နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုများ ထပ်မံ ပြုလုပ်သွားဖွယ်ရှိကြောင်း သိရသည်။ မကြာသေးမီက နျူကလီးယားစမ်းသပ်မှုမှာ ပထမအဆင့်ဖြစ်ပြီး ယခုနှစ်အတွင်း နောက်ထပ် နျူကလီးယားစမ်းသပ် ဖောက်ခွဲမှု ၂ ကြိမ် ထပ်မံ ပြုလုပ်သွားဖွယ်ရှိသည်ဟု မြောက်ကိုရီးယားက ၎င်း၏ အဓိကမဟာမိတ် တရုတ်နိုင်ငံကို ပြောကြားလိုက်ကြောင်း သတင်းထွက်ပေါ်လာသည်။





လတ်တလော ပြုလုပ်ခဲ့သည့် နျူကလီးယားစမ်းသပ်မှု အောင်မြင်သည့် အခမ်းအနားကို ပြုံးယမ်းတွင် ကျင်းပအပြီး ထိုသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ လူပေါင်း တစ်သိန်းခန့် ပါဝင်ချီတက်ခဲ့ကြသည့် နျူကလီးယားစမ်းသပ်မှု အောင်မြင်သည့် အထိမ်းအမှတ် အခမ်းအနားကို ကြာဿပတေးနေ့ (ဖေဖေါ်ဝါရီ ၁၅ ရက်) က ပြုံးယမ်းတွင် ကျင်းပခဲ့သည်။

north korea

(ပြုံးယမ်းတွင် ကျင်းပခဲ့သည့် နျူကလီးယားစမ်းသပ်မှု အောင်မြင်သည့် အထိမ်းအမှတ် အခမ်းအနား)

စစ်သည်နှင့် ပြည်သူလူထုကြီးသည် နျူကလီးယားစမ်းသပ်မှု အောင်ပွဲခံအခမ်းအနား ကျင်းပရာ ပြုံးယမ်းရှိ ကင်မ်အီဆွန်းရင်ပြင်သို့ စုရုံးချီတက်ခဲ့ကြကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာန KCNA (Korean Central News Agency) က သောကြာနေ့တွင် ပြောကြားသည်။

Source: RT
planet.com.mm

No comments:

Post a Comment