Saturday 16 February 2013

ရန်ကုန်တက္ကသိုလ် ဗဟိုချုပ်ကိုင်မှု လျှော့ချရန် ကြိုးပမ်းနေ

ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်နေသော ရန်ကုန်တက္ကသိုလ်တွင် ဗဟိုချုပ်ကိုင်မှုစနစ်မှ လျှော့ချ နိုင်ရန် ကြိုးပမ်းနေပြီး သင်ကြားရေးနှင့် သုတေသနဆိုင်ရာ ဆုံးဖြတ်ချက်များတွင် ပညာရေးဝန်ထမ်း များ ပါဝင်လာနိုင်ရန်ဆောင်ရွက်နေကြောင်း ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းက ပြောသည်။

ရန်ကုန်တက္ကသိုလ်သည်နိုင်ငံ၏ လိုအပ်ချက်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ကျေနပ်မှုပေါ် အခြေခံ၍ ရည်မှန်းချက်အသစ်၊ အမြင်သစ်၊ ပန်းတိုင်သစ်များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး အသိပညာခေတ်တွင် တွေ့ကြုံရမည့် စိန်ခေါ်မှုများအတွက် လေ့လာသင်ယူမှု စွမ်းရည်များရရှိနိုင်မည့် ပညာရေးစနစ်ကို တည်ထောင်သွားမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်သော အဆင့်မြင့်ပညာရေးအလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့အနေနဲ့ အနာဂတ်မှာ သိသာထင်ရှားတဲ့ အောင်မြင်မှုရရှိအောင် ကြိုးစားဖို့ လိုအပ်ပါ တယ်။ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ပညာရေးမှာပါဝင်တဲ့သူတွေရဲ့ စိတ်ကျေနပ်မှုရအောင် ကြိုး ပမ်းဖို့အရည်အသွေးအာမခံမှုနဲ့ နိုင်ငံတကာစံနှုန်းတွေဖြစ်လာဖို့ ကြိုးပမ်းရမှာပါ။ ဒါကတော့ ကျွန်တော် တို့ရဲ့ အနာဂတ်လုပ်ငန်းစဉ်ပါပဲ" ဟု ဒေါက်တာတင်ထွန်းက အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာကြ သူများကို ပြောသည်။
လက်ရှိအချိန်တွင် ရန်ကုန်တက္ကသိုလ်၌ ပါရဂူဘွဲ့၊ မဟာဘွဲ့၊ ဂုဏ်ထူးတန်းနှင့် ဒီပလိုမာသင်တန်းများ ကို ဖွင့်လှစ်သင်ကြားနေပြီး နိုင်ငံတကာအလုပ်ရုံဆွေးနွေးပွဲများ၊ ဟောပြောပွဲများ ပြုလုပ်နေသလို ဧည့်ပါမောက္ခများလည်း ခန့်အပ်ထားကြောင်း သတင်းရရှိသည်။
ရန်ကုန်တက္ကသိုလ် ပြုပြင်ပြောင်းလဲမွမ်းမံမှုများ ပြုလုပ်ရန်အတွက် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်တွင် အစိုးရထံမှ အသုံးစရိတ်နှစ်ဆ တိုးမြှင့်ရရှိခဲ့ပြီး အဆောက်အအုံများ ထိန်းသိမ်းရေး၊ မွမ်းမံရေး၊ သုတေ သနနှင့် ဓာတ်ခွဲခန်းသုံးပစ္စည်းများအတွက် ပိုမိုသုံးစွဲခွင့်ရရှိခဲ့သည်။
ထို့အပြင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများမှ ဘဏ္ဍာရေးထောက်ပံ့မှု ပိုမိုရရှိလာနိုင်ပြီး အရည် အသွေးမြှင့်တင်မှုလုပ်ငန်းများအတွက် ဆောင်ရွက်နိုင်မည့် အခြေအနေရှိနေကြောင်း သိရသည်။
7 DAY NEWS Journal

No comments:

Post a Comment