Monday 14 January 2013

Wi Fi ပါသော Samsung WB250F ကင်မရာ

Wi Fi ပါသော Samsung WB250F ကင်မရာ

Wi Fi ပါတယ်ဆိုလို့ ဘာလုပ်လို့ရလဲ ဆိုတော့ အင်တာနက်မှာ Sharing လုပ်လို့ရမယ်၊ Wi-Fi ပါတဲ့ ကင်မရာချင်း၊ ကွန်ပြူတာ၊ စမတ်ဖုန်း၊ Tablet များနဲ့ အလွယ်တကူ ပုံ၊ ဗီဒီယို အကူးအပြောင်း လုပ်လို့ရမှာ ဖြစ်ပါတယ်။

၂၀၁၃ CES မှာ ပြသနေတဲ့ ကုန်ပစ္စည်းလည်း ဖြစ်ပါတယ်။ ကင်မရာရဲ့  ရုပ်ထွက် ကြည်လင်မှု Pixel resolution ကလည်း 14.2 megapixel ဝန်းကျင်မှာ ရှိပါတယ်။ BSI CMOS sensor လည်း ပါဝင်ပါသေးတယ်။ optical Zoom က ၁၈ ဆ ဆိုတော့ တော်တော်လေး ဆွဲနိုင်တယ်လို့ ဆိုရပါမယ်။ 24-430mm equivalent အထိကို zoom range ရှိပါတယ်။

Touch screen မျက်နှာပြင်ပါဝင်တဲ့ ဖုန်းပဲ ဖြစ်ပါတယ်။ Samsung ရဲ့  Touch ဆိုတော့ UI အပိုင်းကတော့ အပြစ်ပြောစရာ မရှိပါဘူး။ Samsung Galaxy Camera ကလို Android OS မပါပေမယ့် သူ့ ဒီဂျစ်တယ် ကင်မရာနဲ့ Compact ဖြစ်မယ့် software နဲ့ Hardware ကတော့ ပါဝင်ပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် စမတ်ဖုန်းနဲ့ အလွယ်တကူ Sync လုပ်လို့ရကြောင်း ပြပွဲမှာ သက်သေပြခဲ့ပါတယ်။

ဈေးလည်း သက်သာမယ့် ကင်မရာ ဖြစ်ပါတယ်။ 14.2 megapixel range ထဲမှာ ဈေးသက်သာမယ့် ကင်မရာ တစ်ခုအဖြစ် Samsung မှ မကြာမီ ဖြန့်ချိတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: pocketlint
Aung Kham (TSJ team)
================================
Credit Tecespace journal

Wi Fi ပါတယ်ဆိုလို့ ဘာလုပ်လို့ရလဲ ဆိုတော့ အင်တာနက်မှာ Sharing လုပ်လို့ရမယ်၊ Wi-Fi ပါတဲ့ ကင်မရာချင်း၊ ကွန်ပြူတာ၊ စမတ် ဖုန်း၊ Tablet များနဲ့ အလွယ်တကူပုံ၊ ဗီဒီယို အကူးအပြောင်း လုပ်လို့ ရမှာ ဖြစ်ပါတယ်။

၂၀၁၃ CES မှာ ပြသနေတဲ့ကုန်ပစ္စည်းလည်း ဖြစ်ပါတယ်။ ကင်မရာရဲ့ ရုပ်ထွက် ကြည်လင်မှု Pixel resolution ကလည်း 14.2 megapixel ဝန်းကျင်မှာရှိပါတယ်။ BSI CMOS sensor လည်း ပါဝင်ပါသေးတယ်။ optical Zoom က ၁၈ ဆဆိုတော့ တော်တော်လေး ဆွဲနိုင်တယ်လို့ ဆိုရပါမယ်။ 24- 430 mm equivalent အထိကို zoom range ရှိပါတယ်။

Touch screen မျက်နှာပြင်ပါဝင်တဲ့ ဖုန်းပဲ ဖြစ်ပါတယ်။ Samsung ရဲ့  Touch ဆိုတော့ UI အပိုင်းကတော့ အပြစ်ပြောစရာ မရှိပါဘူး။ Samsung Galaxy Camera ကလို Android OS မပါပေမယ့် သူ့ ဒီဂျစ်တယ် ကင်မရာနဲ့ Compact ဖြစ်မယ့် software နဲ့ Hardware ကတော့ပါဝင်ပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် စမတ် ဖုန်းနဲ့ အလွယ်တကူ Sync လုပ်လို့ရကြောင်း ပြပွဲမှာ သက်သေပြခဲ့ပါတယ်။

ဈေးလည်း သက်သာမယ့် ကင်မရာ ဖြစ်ပါတယ်။ 14.2 megapixel range ထဲမှာ ဈေးသက်သာမယ့် ကင်မရာ တစ်ခုအဖြစ် Samsung မှ မကြာမီ ဖြန့်ချိတော့မှာ ဖြစ်ကြောင်း သိရပါတယ်။

--

Credit Tecespace journal

No comments:

Post a Comment