Monday 14 January 2013

KIAတပ်ဖွဲ့ကရှေ့တန်းစစ်သားများနေရာတွင် လီဆူးလူမျိုးများဖြင့် အစားထိုး

KIAလက်နက်ကိုင်တပ်ဖွဲ့နဲ့ နိုင်ငံတော်အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေး ပွဲ(၁၁)ကြိမ် ပြုလုပ်ပြီး သည့်တိုင် ထူးခြား ထင်ရှားတဲ့ အဖြေရလာဒ် တစ်ခု ပေါ်ထွက်မလာခဲ့ပါဘူး။ ၂၀၁၂ခုနှစ် ၊ နှစ်ကုန်ပိုင်းမှာ နှစ်ဦးနှစ် ဖက်အဆင့်မြင့် စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေပါဝင်ပြီး တွေ့ဆုံဆွေးနွေး ဖို့ ပြင်ဆင်ထားပေမယ့် KIA ဘက်ကစစ်ဘက် ခေါင်းဆောင်ပိုင်းက တက်ရောက်မှုမရှိတာကြောင့် ဆွေးနွေးပွဲပျက်ပြားသွားခဲ့ရပါတယ်။ အဲဒီ နောက်ပိုင်းမှာ နှစ်ဘက်တိုက်ပွဲ တွေ ပြင်းထန်လာခဲ့ပြီး နှစ်ဖက်စလုံးမှာ ကျဆုံးမှုတွေရှိနခဲ့ပါ တယ်။စစ်တပ်ကပစ်ခတ်တိုက်ခိုက်မှုတွေပြင်းထန်လာတာမိုKIA ခေါင်းဆောင်ပိုင်း အနေနဲ့တရုတ် ပြည် ဘက်ကိုတိမ်းရှောင် နေကြပါတယ်။
KIA တပ်ဖွဲ့တွေမှာ ကျဆုံးမှုတွေပိုမိုများပြားလာပြီးထွက်ပြေးတာတွေ၊ အစိုးရထံမှာ လက်နက်ချတာတွေ ရှိနေတာ ကြောင့် KIA စစ်ဦးစီးချုပ်က တရုတ်ပြည်ထဲမှာအရင်ကတည်းက ရောက်နေတဲ့လီဆူး လူမျိုးတွေ ကို KIA တပ်မှာ အမှုထမ်းဖို့ အတင်းအဓမ္မ ခေါ်ဆောင်နေပါတယ်။ လီဆူးလူမျိုးတွေကို KIA အဖွဲ့ရဲ့ ရှေ့ တန်းတိုက်ပွဲတွေအတွက် အသေခံတပ်ဖွဲ့အဖြစ်ဖွဲ့စည်းပေးပြီး တိုက်ခိုင်းနေပါတယ်။ ရှေ့တန်းစခန်း တွေ မှာရှိနေတဲ့ ဂျိမ်းဖောလူမျိုးတွေရဲ့ နေရာမှာလီဆူးလူမျိုးတွေနဲ့အစားထိုးခြင်း ဖြစ်ပါတယ်။ ``ခိုင်းတဲ့အတိုင်း လုပ်တတ်တဲ့ လီဆူးလူမျိုးတွေကို အစားထိုးခြင်း ဖြစ်တယ်``လို့ KIA တပ်ရင်းမှူး တစ်ဦးဖြစ်တဲ့ ဗိုလ်မှူး မဒွမ်နော်ကပြောပါတယ်။ From:[_Kacin Daily News _]
 (မောင်ကျောက်ခဲ အဖွဲ့)

No comments:

Post a Comment