Wednesday 17 October 2012

မကွေး NLD ပါတီဝင်များ ပြည်ခိုင်ဖြိုးပါတီသို့ အစုလိုက်ကူးပြောင်း

http://sphotos-b.ak.fbcdn.net/hphotos-ak-prn1/523770_480995021941141_2096893718_n.jpg

မကွေးမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်များ ၂၀၁၀ အငြင်းပွား ဖွယ် ရွေးကောက်ပွဲ အနိုင်ရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ အစုလိုက်အပြုံလိုက် ကူးပြောင်းခဲ့ကြောင်း သိရ သည်။

အဆိုပါ ပါတီကူးပြောင်းပွဲအခမ်းအနားကို မကွေးမြို့နယ် ဒေါင်းနေကျေးရွာ တွင်ပြုလုပ်ခဲ့ပြီး ယင်းအခမ်း အနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ တက်ရောက်ခဲ့ကြောင်း သိရ သည်။“မကွေးတိုင်းက NLD ပါတီဝင် တော်တော်များများ ကြံ့ခိုင်ရေးပါတီကို ကူးပြောင်းသွား ကြပါတယ်။ ဒီပါတီကူးပြောင်းတဲ့အခမ်းအနားကိုလည်း လုပ်ပြီးသွားပါပြီ။

ပါတီကူးလာတဲ့သူတွေကိုလည်း ပြည်ခိုင်ဖြိုးပါတီဝင်ကတ်တွေ ထုတ်ပေးပြီး သွားပါပြီ။ ဒီအခမ်း အနားကို မကွေးတိုင်းဝန်ကြီးချုပ်က ဧည့် သည်အနေနဲ့ လာတက်ခဲ့ပါ တယ်”ပာု ပြည် ခိုင်ဖြိုး ပါတီတာဝန်ရှိသူ တစ်ဦး က ပြောကြား သည်။ ယခုကဲ့သို့ မကွေး NLD ပါတီဝင်များ ပြည်ခိုင်ဖြိုးပါတီသို့ကူးပြောင်း သွားရခြင်း မှာ NLD ဗပိာု ၏ ဆက်ဆံမှုများနှင့် NLD ကျေးရွာ အုပ်စုရုံး ပြောင်းေ ရွှ့ဖွင့်လှ စ်ခြင်းအပေါ် မကျေနပ်မှု များကြောင့်ဖြစ်ကြောင်း ပါတီကူးပြောင်းခဲ့သူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ပါတီတွင်း ဒီမိုကရေစီပျောက်ဆုံး မှုများ အတွက် နေရာဒေသအတော်များများတွင် ပါတီဝင်များမှ ဆန္ဒထုတ်ဖော်မှုများ၊ ပါတီကူြးေ ပာင်းမှုများ ကို ပြုလုပ်ခဲ့ပြီး ဗပာိုကော်မတီအနေဖြင့်လည်း ယင်းကိစ္စရပ်များအပေါ် ထိထိရောက်ေ ရာက် ကိုင် တွယ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

yangonchornicle

No comments:

Post a Comment