Wednesday 17 October 2012

ကန်ဒေါ်လာ အဟောင်းအနွမ်းများလက်ခံရန် ဗဟိုဘဏ် ကြားခံဆောင် ရွက်ပေးတော့မည်

 
 
ကန်ဒေါ်လာ အဟောင်းအနွမ်း၊ အစုတ်အပြဲများကို အစိုးရပိုင်ဘဏ် များနှင့် ပုဂ္ဂလိကဘဏ်များ၌ လဲလှယ်ခွင့်ရရန် ဗဟိုဘဏ်က ကြားခံ ဆောင်ရွက်ပေးတော့မည်ဟု ဗဟိုဘဏ်၏ ပြောရေးဆို ခွင့်ရပုဂ္ဂိုလ် က ထုတ်ဖော်ပြောသည်။

တင်းကျပ်သော စနစ်တို့ဖြင့် ကန်ဒေါ်လာ လက်ခံမှုကို ဆောင်ရွက်နေသော ဘဏ်တို့အပေါ် လက်ရှိ တွင် ဝေဖန်မှု ပြစ်တင်မှုများရှိနေသည်။ နိုင်ငံ ၏ ငွေကြေး ဈေးကွက်အမြင့်ဆုံး အာဏာပိုင် အဖွဲ့ အစည်းဖြစ်သည့် ဗဟိုဘဏ်က ထိုသို့ လက်ခံ ဖြေရှင်းပေးခြင်း ကို မည်သည့်အချိန်တွင် စတင် ဆောင် ရွက်ပေးမည် ဟု အတိအကျ ပြောကြားခြင်း မရှိပေ။

ဗဟိုဘဏ် ပြောရေးဆိုခွင့်ရ အရာရှိက ''အချိန်အတိအကျ ပြောဖို့ထက် ကျွန်တော်တို့ လုပ်ထုံး လုပ်န ည်းတွေ အရ ပုဂ္ဂလိကဘဏ် တွေကို အစည်းအဝေး အရင်ခေါ် ရပါဦးမယ်။ ဆွေးနွေးသဘောတူ ညီချက် နဲ့ ငွေကြေးဌာနကနေ တရားဝင် ကြေညာချက်ထုတ်ပြီး တော့မှ လဲလှယ်ပေးသွားဖို့ ရှိပါ တယ်'' ဟု ဆက်ပြောသည်။

ဗဟိုဘဏ် ပြောရေးဆိုခွင့်ရ အရာရှိက ၄င်းတို့အနေဖြင့် အမေရိ ကန်၏ စီးပွားရေးဆိုင်ရာ ပိတ်ဆို့မှု ခံရခြင်းနှ င့် ဗဟိုဘဏ်က ချိတ်ဆက် ဆောင်ရွက်နေသည့် စင်ကာပူဘဏ်က အမေရိကန် ဒေါ်လာအပေါ် အတွန့် အကျေ၊ အစွန်းအ ထင်း၊အပြဲအစုတ်တို့ကို စိစစ်လက်ခံမှု တို့ကြောင့် ပြည်တွင်းတွင် လက်ခံ၍ မရ ခဲ့ကြောင်း၊ သို့သော် စင်ကာပူ ဘဏ်နှင့် လက်ခံပေးရန် ညှိနှိုင်းနေရာ လက်ခံမည့် အနေအထား ရှိ၍ ကန်ဒေါ်လာ အဟောင်း၊ အနွမ်း၊ အစွန်းအထင်း၊အပြဲအစုတ်များကို လဲလှယ်ပေး သွားနိုင်မည် ဟု မျှော်လင့် ရသည်ဟု ဆိုသည်။

ပြည်ပမှ ကားတင်သွင်းမည့် လူအချို့က အစွန်းအထင်း မဆိုထားနှင့်  ခေါက်ရာ ပါလျှင် ပင် နိုင်ငံ ခြားငွေလဲလှယ်ခွင့်ရ ပုဂ္ဂလိက ဘဏ်တို့က မယူသည့်ပြဿနာကို ဆိုးရွားစွာ ကြုံတွေ့နေသည် ဟု ပြောသည်။ လသာမြို့နယ် နေထိုင်သည့် ပြည်ပမှ ကားတင်သွင်းသူတစ်ဦးက ''သူတို့ ထုတ်ပေးထား တဲ့ ဒေါ်လာ ကိုတောင် ရက်ကြာသွားလို့ ကျေတယ်၊ တွန့်တယ်ဆိုပြီး ပြန်လက် မခံခဲ့ဘူး'' ဟု ပြောသည်။

''လက်ရှိ ပေါက်ဈေးထက် တစ်ဆင့်နိမ့်မှာတို့၊ ဘာတို့တော့ မရှိလောက်ဘူး ထင်တယ်။ ဈေးတူ ပဲ ဖြစ်မှာပါ'' ဟု ထပ်လောင်းဆိုသည်။အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် အမှု ဆောင် ဒါရိုက် တာ ဒေါက်တာ သန်း ထွန်းက ၄င်းတို့ဘဏ်အနေဖြင့်မူ ပြည်ပ ဘဏ်နှင့် ကန်ဒေါ်လာ လဲ လှယ်မှု ချိတ် ဆက် ထား မှုကြောင့် အစွန်းအထင်း အနည်းငယ်နှင့် အတွန့်အကျေတို့ကိုမူ လက်ခံပေး နိုင် ပါေ ကြာင်း ပြော သည်။ ဗဟိုဘဏ်ကFEC လဲလှယ် မှုကို အတွန့်အကျေ၊ အစွန်း အထင်း၊ အပြဲအစုတ်တို့ကို ပင် ဘဏ်တို့ က လက်ခံပေးသွားရန် ကြေညာချက်ကို ထုတ်ပြန်ပေးခဲ့ဖူးသည်။

Popular Myanmar News Journal

No comments:

Post a Comment