Tuesday 24 July 2012

အထက်တန်းတွင် စိတ်ကြိုက်မြန်မာစာဘာသာရပ် သင်ယူသူမရှိ


၂၀၁၁-၂၀၁၂ ပညာသင်နှစ်၊ အထက်တန်းအဆင့်ကျောင်းသားများသည် စိတ်ကြိုက်မြန်မာစာ ဘာသာရပ်ကိုေ ရွးချယ်သင်ယူသူလုံးဝမရှိကြောင်း၊ ပထ၀ီဝင်နှင့်သမိုင်းဘာသာကိုရွေးချယ်သင်ယူသူ အလွန် နည်းပါး နေကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အခြေခံပညာ ကဏ္ဍအစီရင်ခံစာ တွင် ဖော်ပြထားသော အချက်အလက်များအရသိရသည်။

အထက်တန်းအဆင့် ကျောင်းသားများအား ၂၀၀၁-၂၀၀၂ ပညာသင်နှစ်မှ စတင်၍ ဘာသာတွဲ (၈)ခုမှ နှစ်သက်ရာဘာသာတွဲတစ်ခုအား ရွေးချယ်သင်ယူစေခဲ့ရာ ကျောင်းသားများက သိပ္ပံဘာသာရပ်များ ပါဝင်သည့်ဘာသာတွဲများကိုသာရွေးချယ်သင်ယူနေကြခြင်းဖြစ်သည်။သိပ္ပံဘာသာရပ် နှစ်ခု(သို့မဟုတ်)
သုံးခုပါဝင်သည့် ဘာသာတွဲများကို ရွေးချယ်သင်ယူသော ပမာဏမှာန၀မတန်းတွင် ၉၅ ဒသမ ၃၇ ရာခိုင်နှုန်း၊ ဒသမတန်းတွင် ၉၄ ဒသမ ၂၄ ရာခိုင်နှုန်းရှိပြီး ၀ိဇ္ဇာဘာသာတွဲသက်သက် ရွေးချယ်သင်ယူသော ပမာဏမှာ န၀မတန်းတွင် ၄ ဒသမ ၆ ရာခိုင်နှုန်း၊ ဒသမတန်းတွင် ၅ ဒသမ ၆၇ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။
“ဟိုးအရင်တုန်းက အထက်တန်းမှာ သမိုင်းယူတဲ့သူတွေကိုပဲ တက္ကသိုလ်မှာ သမိုင်းဘာသာရပ်ယူခွင့်ပေးတယ်။ သမိုင်းဌာနက လူတွေကဘာပြောလဲဆိုရင် ဆယ်တန်းမှာ သမိုင်းယူတဲ့သူ အလွန်နည်းတယ်တဲ့။ အဲဒီတော့ သူတို့မှာပညာရှင်မရဘူးလို့ ပြောတယ်။ အဲဒါကြောင့် သုံးနှစ်ရှိပြီ ဆယ်တန်းတုန်းကဘယ်ဘာသာနဲ့မဆို အောင်တဲ့သူတွေသမိုင်းမေဂျာယူလို့ရတယ်ဆိုပြီး
လုပ်ထားပါတယ်။ပထ၀ီကတော်သေးတယ်။စိတ်ကြိုက်မြန်မာစာနဲ့သမိုင်းသင်တဲ့သူကတော်တော်နည်းနေတယ်”ဟုအဆင့်မြင့်ပညာဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးကဆိုသည်။

၂၀၁၁-၂၀၁၂ ပညာသင်နှစ်၊ အထက်တန်းအဆင့် န၀မတန်းနှင့် ဒသမတန်း ကျောင်းသား၊ ကျောင်းသူများ၏ဘာသာတွဲအလိုက် ရွေးချယ်သင်ယူမှုကို စိစစ်လေ့လာရာတွင် စိတ်ကြိုက်မြန်မာစာပါဝင်သော ဘာသာတွဲအမှတ်(၃)၊ (၄)နှင့် (၆) တို့ကို ရွေးချယ်သင်ယူသူမရှိကြောင်းနှင့် ၀ိဇ္ဇာတွဲ ဖြစ်သော ဘာသာတွဲအမှတ်(၅)နှင့် ပထ၀ီဝင်နှင့်သိပ္ပံ ဘာသာရပ်နှစ်ခုပါဝင်သော ဘာသာတွဲအမှတ်(၈) တို့တွင် သင်ယူသူအလွန်နည်းပါးကြောင်းသိရသည်။တက္ကသိုလ်ဝင်
စာမေးပွဲအောင်မြင်ပြီးနောက်တက္ကသိုလ်သင်တန်းများသို့ဆက်လက်တက်ရောက်သင်ယူရာ
တွင်သိပ္ပံဘာသာတွဲဖြင့်အောင်မြင်သူအများစုမှာဝိဇ္ဇာဘာသာရပ်အထူးပြုဖြင့်ပြောင်းလဲသင်ယူလျက်ရှိ သဖြင့်ဝိဇ္ဇာဘာသာရပ်သင်ယူသူအရေအတွက် တိုးတက်လာရေးအတွက်ကျောင်းအဆင့်ဆွေးနွေးညွှန်ပြရေး
ဖွဲ့များကဆွေးနွေးညွှန်ပြပေးကြရန်လမ်းညွှန် ထားသည်။၎င်းပညာသင်နှစ်
တွင်န၀မတန်းကျောင်းသားသုံးသိန်းခြောက်သောင်းကျော်နှင့် ဒသမတန်းကျောင်းသားသုံးသိန်း
ကျော်တက်ရောက် ပညာသင်ယူခဲ့ကြပြီး ဆရာနှင့်တပည့်အချိုးမှာ ၁း ၂၅ ရှိခဲ့ကြောင်း အစီရင်ခံ
စာတွင် ဖော်ပြထားသည်။


No comments:

Post a Comment