Tuesday 24 July 2012

လွှတ်တော် သတင်းများ



ယနေ့ (ဇူလိုင်လ ၂၄ရက်နေ့) တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပုသိမ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က "Good Government (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean Government (သန့်ရှင်းသော အစိုးရ) ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် အစိုးရ အဖွဲ့ဝင်များအဖြစ် တာဝန် ပေးအပ်ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော် ကြေညာပြီး မှတ်တမ်းတင်ထားရန်" အဆိုတင်သွင်းခြင်းနှင့် လက်ခံ ဆွေးနွေးရန် သင့်၊ မသင့် အဆုံးအဖြတ် ရယူခြင်း၊ ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် မသင့်ကြောင်း အဆိုကို တင်သွင်းမည်ဟု သိရသည်။ ယင်းအဆိုသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တင်သွင်းသည့် ပထမဆုံး အဆိုဖြစ်ပါသည်။

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပြဌာန်းရေး အဆိုကို ဆွေးနွေးခြင်းကိုလည်း ပြုလုပ်မည် ဖြစ်ပါသည်။

ယနေ့ ၁၃ ရက်နေ့မြောက် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းဝေး တွင် ကြယ်ပွင့်ပြထားသည့်မေးခွန်းများ
ကို လွှတ်တော် ကိုယ်စားလှယ်များ က မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်းကဏ္ဍ၌-
(က) ဦးသိန်းရီ၊ ထန်းတပင် မဲဆန္ဒနယ်၏ ဆန်စပါးဈေးကွက် တည်ငြိမ်ရေး၊ ဓာတ်မြေသြဇာများ ဈေးနှုန်းသက်သာရေးနှင့် ဓာတ်မြေသြဇာများတွင် ဓာတ်အား စစ်ဆေး ဆောင်ရွက်ရန်တို့နှင့် စပ်လျဉ်းသည့် မေးခွန်း။
(ခ) ဦးအေးမောက်၊ မလှိုင်မဲဆန္ဒနယ်၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မည့် အရင်းအမြစ်များ နှင့်စပ်လျဉ်းသည့်မေးခွန်း။
(ဂ) ဦးရဲထွန်း၊ သံတွဲ မဲဆန္ဒနယ်၏ သူဌေးရေအားလျှပ်စစ်စီမံကိန်း၏ ပြောင်းရွှေ့ပေးခဲ့ရသော ကျေးရွာသူ/ သားများအတွက် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိလိုသည်နှင့် စပ်လျဉ်း သည့်မေးခွန်း တို့ မေးမြန်း ဖြေကြားမည် ဖြစ်သည်။

No comments:

Post a Comment