Tuesday 24 July 2012

(NDI) National Democratic Institute မှ Mr. Scott Hubli (Global Director – American) ဦးဆောင်သည့်အဖွဲ့ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးအား လာရောက်တွေ့ဆုံ


ယနေ့ နံနက် ၈ နာရီအချိန်တွင် (NDI) National Democratic Institute မှ Mr. Scott Hubli (Global Director – American) ဦးဆောင်သည့်အဖွဲ့သည် ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးအား နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ နိုင်ငံတကာဆက်ဆံရေး ကော်မတီရုံးတွင် လာရောက်တွေ့ဆုံသည်။ အဆိုပါ တွေ့ဆုံမှုတွင် ကော်မတီအတွင်းရေးမှူး များ ဖြစ်သောလွှတ်တော်အခွင့်အရေး ကော်မတီအတွင်းရေးမှူး ဒေါက်တာစိုးရင်နိုင်ငံတကာဆက်ဆံရေးကော်မတီအတွင်းရေးမှူး ဦးကိုကိုထွန်း တို့ပါ တက်ရောက်ပြီး NDI မှ Ms. Stephanie Lynn (Country Director- Canadian) Mr. Franklin Dc Vricze (Governance Expert – Belgian)
Ma Sao Siri Rupa (Senior Programme Assistant- Myanmar) တို့ပါ တက်ရောက်ကြပြီး လွှတ်တော်ရေးရာ ကိစ္စများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment