မကြာသေးခင်က မြန်မာ မဂ္ဂဇင်းလောကမှာ စထွက်ထွက်ခြင်း လူကြိုက်များတဲ့ လိင်ပညာပေး “ညှို့” မဂ္ဂဇင်းဟာ ခွင့်ပြုချက်တင်တုန်းက ဖက်ရှင် အသားပေးလို့ ဆိုပြီး၊ ထွက်ရှိလာတော့ လိင် အသားအပေး မဂ္ဂဇင်းဖြစ်နေလို့ စာနယ်ဇင်းကောင်စီ (ယာယီ) အနေနဲ့ လိုအပ်သလို အရေးယူဖို့ အတွက် ပြန်ကြားရေး ၀န်ကြီးဌာနက ရုံးစာ ထုတ်ပြန်လာပါတယ်။
စာနယ်ဇင်း ကောင်စီ ( ယာယီ ) ရဲ့ ထုတ်ပြန်ထားတဲ့ စာနယ်ဇင်း ကျင့်ဝတ် အပုဒ် ၁၅ မှာ ဖော်ပြထားတဲ့ "အများ ပြည်သူ၏ ကိုယ်ကျင့်တရား ထိခိုက်ပျက်ပြားစေမည့် ရေးသား ဖော်ပြမှုများ၊ ညစ်ညမ်းမှုများနှင့် ပတ်သက်၍ မည်သည့် သတင်း ၊ ဓာတ်ပုံ၊ ဆောင်းပါမျှ ပုံနှိပ်ထုတ်ဝေခြင်း မပြုရ" လို့ ဆိုတဲ့ အချက်နဲ့ ငြိစွန်းနေလို့ အခုလို ပြန်ကြားရေး ၀န်ကြီးဌာနက စာနယ်ဇင်း ကောင်စီ ( ယာယီ) အပေါ် လိုအပ် သလို ဆောင်ရွက်နိုင်ဖို့ ရုံးစာနဲ့ တကွ အဆိုပါ မဂ္ဂဇင်း ၂ အုပ်ကိုလည်း ပူးတွဲ ပို့လိုက်တယ်လို့ ဆိုပါတယ်။
ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဆိုက်မှာ အပြည့်အစုံကိုလည်း ယမန်နေ့က ဖော်ပြထားပါတယ်။
ပြန်ကြားရေး ၀န်ကြီးဌာနမှ စာနယ်ဇင်း ကောင်စီ( ယာယီ) သို့ ပေးပို့သည့် ရုံးစာ
No comments:
Post a Comment