Saturday 1 December 2012

ကိုယ်ထိလက်ရောက်မှုဖြင့် အဖမ်းခံရပြန်သည့် လင်ဆေးလိုဟန်

ကမ္ဘာကျော် မင်းသမီးချော လင်ဆေးလိုဟန်သည် နိုဝင်ဘာ ၂၉ ရက် နံနက်အစောပိုင်းက ကိုယ်ထိလက် ရောက်အမှုဖြင့် အဖမ်းခံရကြောင်း သိရသည်။

လင်ဆေးသည် မန်ဟက်တန်မြို့ရှိ Avenue နိုက်ကလပ်တွင် နံနက် ၄ နာရီခန့်က အမျိုးသမီးတစ်ဦး၏ မျက်နှာအား လက်သီးဖြင့် ထိုးခဲ့ရာ အဖမ်းခံခဲ့ရပြီး သူမကို ကိုယ်ထိလက် ရောက်မှုဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

လင်ဆေးကို ဖမ်းဆီးပြီး နောက်တစ်နေ့တွင် ရဲတပ်ဖွဲ့က ပြန်လွှတ်ပေးခဲ့သည်။ လင်ဆေးသည် နိုက်ကလပ်သို့ သွားရောက်ခဲ့သော အစိမ်းရောင် ဝတ်စုံဖြင့်ပင် ရဲဌာနမှ ထွက်လာသည်ကို တွေ့ရကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦး ကဆိုသည်။

လင်ဆေး ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သော အမျိုးသမီးသည် တရားရုံးတွင် လာရောက်၍ တရားရင်ဆိုင် မဆိုင်ကိုမူ မခန့်မှန်းနိုင်သေးဟု နယူးယောက်မြို့ အခြေစိုက် NBC သတင်းဌာနက ပြောကြားခဲ့သည်ဟု သိရသည်။ 
 
Like · ·

No comments:

Post a Comment