ကုလသမ္မဂက လာတဲ့ အမျိုးသမီးကို သူကမေးလိုက်တဲ့  သတင်းကို ပြောပြတာပါ။ မြန်မာနိုင်ငံမှာ
သမ္မတ-က-မြန်မာနိုင်ငံမှာ မရှိတဲ့  လူမျိုးကို ဘာဖြစ်လို့  နာမည်ထုတ်ပြီး ပြောရတာလဲလို
့ သူမေးခဲ့ တယ်ဆိုတဲ့ အကြောင်း ပြောပြတာပါ။ သူပြောတဲ့ အခါ ဒါကိုရေဒီိယိုကတောင် မလွှင့်သေးပါဘူး
။ ကျွန်တော့်ကို သူပြောပြတော့ ကျွန်တော် စဉ်းစားမိဖြစ်လာပါတော့တယ် ။
ခုတော့ အဲဒီသူမေးတဲ
့သတင်းကို လွှင့်လိုက်ပါပြီ ။ ကျွန်တော်စဉ်းစားမိတာတွေ အများကြီးရှိနေပါတော့တယ် ။ ကမ္ဘာ့ကုလသမ္မဂ ကဘဲလာလာ အမေရိကန်ကဘဲလာလာ တခုခုတော့
သူတို့ သိသွားအောင် လုပ်ဖို့  နည်းလမ်းတွေ အများကြီးရှိတဲ့ အထဲက ထိတွေ့ ဆက်ဆံ ရင်ဘတ်ထဲဝင်သွားမဲ
့နည်းလမ်းတခုကို စဉ်းစားမိဖြစ်ပါတယ် ။
တခါတလေမှာ ရခိုင်တိုင်းရင်းသားတိုးတက်ရေး ပါတီက
ရခိုင်သမိုင်းနဲ့ ပတ်သက်တဲ့  စာအုပ်စာတမ်းတွေကို နိုင်ငံခြားက လာတဲ့  သူတွေကို ပေးအပ်ကြတာ
ရှိပါတယ် ။ တခါတလေ လူကိုယ်တိုင်တွေ့ ဆုံပွဲလုပ်တာတွေ ရှိပါတယ် ။
ခုတော့ ရခိုင်အမျိုးသားကွန်ယက်ဆိုတာလဲ
ဖွဲ့ စည်းထားပြီဆိုတော့ သက်ဆိုင်ရာကဏ္ဍတွေနဲ့  တာဝန်ခံတွေ့ ဆုံဖို့ လိုအပ်လာတဲ့ အခါ ဆက်သွယ်တွေ
့ဆုံကြဖို့  ဖွဲ့ စည်းထားကြတာရှိနေတာ တွေ့ ရပါတယ် ။
နိုင်ငံခြားက လာတဲ့ သူတွေကို စာအုပ်စာတမ်းတွေ
ပေးအပ်ဖို့ နဲ့  လူကိုယ်တိုင်တွေ့ ဆုံဖို့ ဆိုရာမှာ ကြိုတင်စီစဉ်ထားမှုများရှိမှသာ
ဖြစ်တတ်တာမို့  တခါတလေမှာ သတိမထားမိလို့  ဘာမှ အလုပ်မဖြစ်ဘဲ လစ်ဟာမှုများ ဖြစ်သွားတတ်ပါတယ်
။ စောစောကပြောသလို ကမ္ဘာ့ကုလသမ္မဂ က လာတဲ့  အမျိုးသမီးလိုဖြစ်သွားတတ်ပါတယ် ။
သူတို့ တွေက
ပြောချင်ရာ ပြောသွားတော့ ကျွန်တော်တို့  ရင်ထဲမှာသာ အနာတရ ကျန်ရစ်ခဲ့ တတ်ပါတယ် ။ ဒါပေမဲ
့အခုတခေါက်မှာတော့ အဲဒီအမျိုးသမီးကိုယ်တိုင် ရခိုင်လူမျိုးတွေရဲ့  တကယ့်ဖြစ်ရပ်မှန်
သမိုင်း သိသွားတယ်လို့  ပြောရင်ရပါတယ် ။
ဒီတော့ နိုင်ငံတကာက ဘယ်သူမဆို ရခိုင်ပြည်နယ်ကို
ခြေချဝင်လာပြီဆိုရင် ရခိုင်ပြည်နယ်အစိုးရက ဧည့်သည်တော်များကို ရခိုင်ရိုးရာယဉ်ကျေးမှုအဖွဲ
့အကအဖွဲ့ များနဲ့  ကပြဖြေဖျော်ပေးဖို့ လိုအပ်လာပြီလို့  ထင်မြင်ယူဆပါတယ် ။
ဒါဟာ ပါးစပ်က စကားလုံးတရာကို ပြောနေတာထက် ယဉ်ကျေးမှုတခုကို
ကပြဖြေဖျော်လိုက်တာနဲ့  ဒီလူမျိုးရဲ့  ယဉ်ကျေးမှုစာပေ ဓလေ့ထုံးစံ မည်မျှ ကြွယ်ဝချမ်းသာတယ်ဆိုတာ
ချက်ချင်း ရင်ဘတ်ထဲ ၀င်ပြီး သိရှိသွားစေပါတယ် ။ အချိန်ပိုင်းအနေနဲ
့ မအားလပ်ဘူးဆိုရင် တောင်မှ ညအိပ်ရပ်နားချိန် တညတာမှာတော့ ဧည့်ခံ ဖြေဖျော်ပွဲ ပြုလုပ်လို
့ ရပါတယ် ။
ဒီ့ နောက်မှာ ရခိုင်သမိုင်းစာအုပ်များ ကို လက်ဆောင်များ ပေးအပ်ဖို့ လိုပါတယ် ။ အကယ်၍ ရခိုင်ပြည်နယ်အစိုးရက
အဲဒီလို မဆောင်ရွက်နိုင်ဘူးဆိုရင် ရခိုင်တိုင်းရင်းသားတိုးတက်ရေး ပါတီမှဖြစ်စေ ရခိုင်ရိုးရာယဉ်ကျေးမှုအဖွဲ
့များမှဖြစ်စေ အဲဒီလို ဂုဏ်ပြုဧည့်ခံအခန်းအနားများကို ဆောင်ရွက်နိုင်ရန် ရခိုင်ပြည်နယ်အစိုးရမှ
စီစဉ်ဆောင်ရွက် ကူညီပေးရန်လိုအပ်ပါတယ် ။
စစ်တွေလေဆိပ်မှာ
ရခိုင်ရိုးရာယဉ်ကျေးမှုအဖွဲ့ ဝင်အမျိုးသမီးတွေက ပန်းစည်းဆက် ကြိုဆိုတာကို တကြိမ်တခါမျှ
မမြင်ရသေးဘူးလို့  ပြောရင် ရလိမ့်မယ်ထင်ပါရဲ
့ ။
ကျွန်တော်တို့ ဟာ အခြားသောနိုင်ငံတကာက ဧည့်သည်တော်များကို
သိရှိရန်အတွက် မည်သို့ မည်ပုံ ချဉ်းကပ်ပြီး မိမိတို့  သမိုင်းမှန်ကို သိရှိစေဖို့ 
နည်းလမ်းများကို ချပြနိုင်ဖို့  ဘယ်သို့ ဘယ်ပုံ ဆောင်ရွက်ရမည်ဆိုတာကို ဦးစွာ တွေးတောစဉ်းစားထားရန်
အရေးကြီးနေပါပြီ ။
ကမ္ဘာကို လှည့်ပတ်ပြီး ကျွန်တော်တို့  နိုင်ငံက ယဉ်ကျေးမှုအဖွဲ့ ဝင်တွေဟာ
ကပြဖျော်ဖြေ မသွားနိုင်သေးဘူးဆိုရင် ကျွန်တော်တို့  ရခိုင်ပြည်နယ်ကို လာတဲ့  သူတွေက
ခြေချလာပြီဆိုရင် ကျွန်တော်တို့ ရဲ့ ကြီးကျယ်ခန်းနားလွန်းတဲ့  ကြွယ်ဝချမ်းသာတဲ့  ရိုးရာယဉ်ကျေးမှု
အ၀န်းအ၀ိုင်းကို ဂုဏ်ကြက်သရေရှိစွာ တင်ပြကြဖို့  လိုပါတယ် ။
ရခိုင်မှာ စကားရှိတယ် ။
စာပေရှိတယ် ။ နယ်မြေရှိတယ် ။ ယဉ်ကျေးမှုဓလေ့ထုံးတမ်းရှိတယ် ။ ပထ၀ီနယ်မြေရှိတယ် ။ ရခိုင်လူမျိုးစုနွယ်ရှိတယ်
။ စီးပွါးရေးအချက်အချာ ပြည်နယ်ဖြစ်တယ် ။ ဒါကို သိစေဖို့  လှပသိမ်မွေ့ ပြီး ကြွယ်ဝတဲ
့ အနုပညာ အားမန်တွနဲ့  ရခိုင်ကိုအလှဆင်ပေးဖို့  အချိန်ကျရောက်နေပြီဖြစ်ပါတယ် ။
From : ခိုင်အောင်ကျော် ( နယူးယောက်)
No comments:
Post a Comment