Sunday 9 December 2012

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ရခိုင်ပြည်နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု လှည့်လည်ကြည့်ရှုစစ်ဆေး

Photo: ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ရခိုင်ပြည်နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု လှည့်လည်ကြည့်ရှုစစ်ဆေး
Sunday, 09 December 2012

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရောက်ရှိနေသော ဒုတိယသမ္မတ
ဒေါက်တာစိုင်းမောက်ခမ်းနှင့် အဖွဲ့ဝင် များသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် တူရကီနိုင်ငံတို့မှ သံအမတ်ကြီးများ၊ သံတမန်များ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရဟတ်ယာဉ်များဖြင့် ပေါက်တောမြို့နယ် ကြိမ်နီပြင်ကျေးရွာသို့
ရောက်ရှိကြသည်။

ရှေးဦးစွာ ဒုတိယသမ္မတနှင့် အဖွဲ့သည် ကြိမ်နီပြင်ကျေးရွာ ကယ်ဆယ်ရေး စခန်းရှိ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။

ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များ၊ သံအမတ်ကြီးများ၊ သံတမန် များနှင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ အဖွဲ့ဝင်များသည် ကြိမ်နီပြင်ကျေးရွာနေ ဒေသခံပြည်သူများအား လက်ရှိ နေထိုင်စားသောက်
နေမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆောင်ရွက်မှု၊ ပညာရေး၊ ကျန်းမာရေး အခြေအနေ များကို မေးမြန်းကြပြီး ဒေသခံပြည်သူများအား ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများကို ထောက်ပံ့ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ သံတမန်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ အဖွဲ့ဝင်များကလည်း ပြည်သူများအား သိရှိလိုသည် များကို မေးမြန်းဆွေးနွေးကြပြီး မူလကြိမ်နီပြင်ကျေးရွာ
နေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။

ထိုသို့ကြည့်ရှု စစ်ဆေးပြီး ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းက
ကျေးရွာသောက်သုံးရေ ရရှိရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်၊ ယူနီဆက်မှ တာဝန်ရှိသူတို့အား ဆွေးနွေးမေးမြန်းရာ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဖြည့်စွက် ရှင်းလင်းတင်ပြသည်။

ရှင်းလင်း တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက သောက်ရေသုံးရေ ရရှိရေးအတွက် ပေါင်းစပ်ညှိနှိုင်းပေးသည်။ ထို့နောက် စစ်တွေမြို့သို့ ပြန်လည်ထွက်ခွာ ခဲ့ကြပြီး မော်တော်ယာဉ်များဖြင့် အုန်းတောကြီး ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိကြကာ ၄င်းစခန်းရှိ ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေး စကား ပြောကြားသည်။

ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များ၊ သံအမတ်ကြီးများ၊ သံတမန်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ အဖွဲ့ဝင်များသည် ပြည်သူများအား ကယ်ဆယ်ရေးနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြသည်။

ဆက်လက်၍ ဘောဒူဗကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိကြပြီး
ဒေသခံပြည်သူများအား နေ့စဉ် စားဝတ်နေရေး အတွက် ဆောင်ရွက်
နေမှုများ၊ ပညာရေး၊ ကျန်းမာရေး အခြေအနေတို့ကို မေးမြန်းဆွေးနွေးပြီး
ပြည်သူများအား လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများကို
ထောက်ပံ့ပေး အပ်သည်။

ထို့နောက် မင်းဂံ ကယ်ဆယ်ရေးစခန်းသို့ သွားရောက်ပြီး ဒေသခံပြည်သူ များအား ရင်းရင်းနှီးနှီး နှုတ်ဆက်၍ အားပေးစကား ပြောကြားကာ ပြည်သူများ၏ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးနှင့် စားဝတ်နေရေး အခြေအနေများကို မေးမြန်း ဆွေးနွေးကြသည်။

ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များ၊ သံအမတ်ကြီးများ၊ သံတမန်များ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ အဖွဲ့ဝင်များက ဒေသခံ ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ပစ္စည်းများကို
ပေးအပ်ကြသည်။

ထို့နောက် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းနှင့် အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် စစ်တွေမြို့မှ မြန်မာ့လေကြောင်း အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာ လာခဲ့ကြရာ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့
ရောက်ရှိကြသည်။

မြ၀တီ ရခိုင်ပြည်နယ် စစ်တွေမြို့တွင်   ရောက်ရှိနေသော    ဒုတိယသမ္မတ
ဒေါက်တာ စိုင်းမောက်ခမ်းနှင့် အဖွဲ့ဝင် များသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ပါကစ္စတန် နိုင်ငံနှင့် တူရကီနိုင်ငံတို့မှ သံအမတ်ကြီးများ၊ သံတမန်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာ အကြီး အကဲများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရဟတ်ယာဉ် များဖြင့် ပေါက်တောမြို့နယ် ကြိမ်နီပြင်ကျေးရွာသို့ရောက်ရှိကြသည်။

ရှေးဦးစွာ ဒုတိယသမ္မတနှင့် အဖွဲ့သည် ကြိမ်နီပြင်ကျေးရွာ ကယ်ဆယ်ရေး စခန်းရှိ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။

ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များ၊ သံအမတ်ကြီးများ၊ သံတမန် များနှင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ အဖွဲ့ဝင်များသည် ကြိမ်နီပြင်ကျေးရွာနေ ဒေသခံပြည်သူများအား လက်ရှိ နေထိုင်စားသောက်နေမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆောင်ရွက်မှု၊ ပညာရေး၊ ကျန်းမာရေး အခြေအနေများကို မေးမြန်းကြပြီး ဒေသခံပြည်သူများအား ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး ပစ္စည်း များကို ထောက်ပံ့ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ သံတမန်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ အဖွဲ့ဝင်များကလည်း ပြည်သူများအား သိရှိလိုသည် များကို မေးမြန်းဆွေးနွေးကြပြီး မူလကြိမ်နီပြင်ကျေးရွာ
နေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။

ထိုသို့ကြည့်ရှု စစ်ဆေးပြီး ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းကကျေးရွာသောက်သုံးရေ ရရှိရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်၊ ယူနီဆက်မှ တာဝန်ရှိသူတို့အား ဆွေးနွေးမေးမြန်းရာ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဖြည့်စွက် ရှင်းလင်းတင်ပြသည်။

ရှင်းလင်း တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက သောက်ရေသုံးရေ ရရှိရေး အတွက် ပေါင်းစပ် ညှိနှိုင်းပေးသည်။ ထို့နောက် စစ်တွေမြို့သို့ ပြန်လည်ထွက်ခွာခဲ့ကြပြီး မော်တော်ယာဉ်များဖြင့် အုန်းတောကြီး ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိကြကာ ၄င်းစခန်းရှိ ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားသည်။

ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များ၊ သံအမတ်ကြီးများ၊ သံတမန်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ အဖွဲ့ဝင်များသည် ပြည်သူများအား ကယ်ဆယ်ရေးနှင့် ထောက်ပံ့ ပစ္စည်းများ ပေးအပ် ကြသည်။

ဆက်လက်၍ ဘောဒူဗကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိကြပြီးဒေသခံပြည်သူများအား နေ့စဉ် စားဝတ်နေရေးအတွက် ဆောင်ရွက်နေမှုများ၊ ပညာရေး၊ ကျန်းမာရေး အခြေအနေ တို့ကို မေးမြန်းဆွေးနွေးပြီးပြည်သူ များအား လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန် ပစ္စည်း များကို ထောက်ပံ့ပေး အပ်သည်။

ထို့နောက် မင်းဂံ ကယ်ဆယ်ရေးစခန်းသို့ သွားရောက်ပြီး ဒေသခံပြည်သူ များအား ရင်းရင်းနှီးနှီး နှုတ်ဆက်၍ အားပေးစကား ပြောကြားကာ ပြည်သူများ၏ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးနှင့် စားဝတ်နေရေး အခြေအနေများကို မေးမြန်း ဆွေးနွေးကြသည်။

ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များ၊ သံအမတ်ကြီးများ၊ သံတမန်များ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ အဖွဲ့ဝင်များက ဒေသခံ ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ပစ္စည်းများကို
ပေးအပ်ကြသည်။

ထို့နောက် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းနှင့် အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် စစ်တွေမြို့မှ မြန်မာ့လေကြောင်း အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာ လာခဲ့ကြရာ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့
ရောက်ရှိကြသည်။

မြ၀တီ

No comments:

Post a Comment