Sunday 9 December 2012

မြေပုံ ဒုက္ခသည် စခန်းတွင် ခိုက်ရန် ဖြစ်ပွား၊ တစ်ဦး ဒဏ်ရာရ၊ ၇ ဦးဖမ်းဆီးခံ

ရခိုင်ပြည်နယ် မြေပုံမြို့နယ် မွတ်စလင်  ဒုက္ခစခန်းတွင် အချင်းချင်း ခိုက်ရန်ဖြစ်ပွားရာမှ ဓါးခုတ်မူ ဖြစ်ပွားရာ တစ်ဦး ဒဏ်ရာရပြီး ၇ ဦးကို ရဲက  ဖမ်းဆီးသွားသည်ဟု သိရသည်။


NLD ပါတီ မြေပုံမြို့နယ် အမျိုးသမီးခေါင်းဆောင် ဒေါ်မပုချေက ယခုလို ပြောသည်။ “ ဖြစ်တာက ဒီဇင်္ဘာလ ၆ ရက်နေ့က ဖြစ်ပွားတာ ဖြစ်ပါတယ်။

 ဦးစံသိန်းဆိုတဲ့ မွတ်စလင်တစ်ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားတယ်လို့ သိရပါတယ်။ အခင်းဖြစ်ပွားရာမှာ ပါဝင်တဲ့ နောက်ထပ် မွတ်ဆလင် ၇ ဦးကိုတော့ ရဲက ဖမ်းဆီးလိုက်ပါတယ်” ဟု ဆိုသည်။

ဦးစံသိန်းမှာ ဒဏ်ရာပြင်းထန်သော်လည်း လုံခြုံရေး အရ ဆေးရုံကို  မတင်နိုင်ဘဲ မြို့နယ် ပြည်သူ့ ဆေးရုံ ဆေးအဖွဲ့ တစ်ခုက နေ့စဉ် သွားရောက် ကုသ နေရသည်ဟု ဆိုသည်။

“ ဦးစံသိန်းမှာ သုံးလေးချက်တော့ ချုပ်ရတယ်လို့ ပြောပါတယ်။ သေနိုင်လောက်အောင်ထိတော့ မပြင်းထန်ဘူးလို့ ကြားရပါတယ်။ ဖမ်းဆီးခံထားရတဲ့ သူတွေရဲ့ နာမည်ကိုတော့ မရပါ။ အခု ရဲစခန်းမှာ ရှိနေပါတယ်” ဟု သူမက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပိုမို သိရှိနိုင်ရန် အတွက် ရဲစခန်းသို့ ဆက်သွယ်သော်လည်း ယခု အချိန်ထိ အဆက်အသွယ် မရရှိသေးပါ။

From : နိရဉ္စရာသတင်းဌာန

No comments:

Post a Comment