Thursday 18 October 2012

စစ်တွေတွင် AZG ဆေးခန်းဖွင့်မည့် အစီအစဉ် ပျက်



စစ်တွေတွင် ဟော်လန်နိုင်ငံ အခြေစိုက် INGO တစ်ခုဖြစ်သော AZG က အသစ်ဖွင့်လှစ်မည့် ရှုခင်း သာ ဆေးခန်းကို ယနေ့နံနက် ၉နာရီတွင် ဖွင့်ရန် အစီအစဉ်ကို ဒေသခံ လူထုနှင့် သံဃာတော်များ ကန့်ကွက် မှုကြောင့် အစီစဉ် ပျက်စီးသွားသည်။
အဆိုပါ AZG ဆေးခန်းသည် ဆူပူမှု မဖြစ်ပွါးမီ စစ်တွေမြို့တွင် သဇင် အမည်ဖြင့် ဆေးခန်းဖွင့်လှစ်ခဲ့ပြီး ဘင်္ဂါလီလူမျိုးများကိုသာ ဆေးကုသပေးပြီး ဆူပူအကြမ်းဖက်မှုများ ဖြစ်စဉ်တွင် ပါဝင်ပတ်သတ်ခဲ့၍ ထိန်း သိမ်း ခံခဲ့ရသော ဦးကျော်လှအောင်လည်း AZG ၀န်ထမ်းဖြစ်ခဲ့သည်က တစ်ကြောင်း၊ OIC နှင့် ပတ်သက် ဆက်နွယ်သည်ဟု သတင်များလည်း ထွက်ပေါ်နေသဖြင့် ယင်းသို့ ကန့်ကွက်ခဲ့ခြင်းဖြစ်ကြောင်း စစ်တွေဒေသခံ လူငယ်တစ်ဦးက Rakhine Citizen Journalists ကို ပြောကြားသည်။

ယင်းဆေးခန်းဖွင့်လှစ်ရန် အိမ်ငှားရမ်းထားသော အိမ်ရှင်ကိုလည်း ဒေသခံများ ဖိအားပေးခဲ့သဖြင့် အိမ်ငှား မည့် အစီစဉ်လည်း ပျက်သွားပြီဖြစ်သည်။

အဆိုပါ ဆေးခန်းဖွင့်ကို စစ်တွေမြို့ မိဇံရပ်ကွက် ကမ်းနားလမ်းတွင် ဖွင့်လှစ်ရန် စီစဉ်ထားခြင်းဖြစ်သည်။




ref:Rakhine Citizen Journalists

No comments:

Post a Comment