Thursday 18 October 2012

ဗုဒ္ဓ ပွင့်ထွန်းခဲ့ရာ မဟာဗောဓိ ညောင်ပင် အသက်ဆက်ပြီး ရှင်သန်ဆဲဟု သိပ္ပံပညာရှင်တို့ပြော..



 
 
 
လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ ကျော်က မြတ်စွာဘုရား ပွင့်ထွန်းခဲ့ရာ မဟာဗောဓိ ညောင်ပင်မှာ ယနေ့ အချိန်အထိ ဆက်လက်ရှင်သန်ကြီးထွားနေဆဲဖြစ်ကြောင်းသိပ္ပံပညာရှင်များမှလွန်ခဲ့ သည့်ကြာသ ပတေး နေ့ကပြောကြားလိုက်ပြီ ဖြစ်သည်။

အဆိုပါ ဗောဓိပင်မှာ အသက်ရှင်ပြီး အပြည်အဝ ကျန်းမာသည့် အနေအထား
တွင်ရှိနေကြောင်း အိန္ဒိယနို င်ငံ မြောက်ပိုင်းပြည်နယ်ဖြစ်သည့် Uttarakhand တွင်ရှိသော Dehradun မြို့ရှိ သစ်တောသုတေသ နဌာနမှ သိပ္ပံပညာရှင် နှစ်ဦးဖြစ်သူထဲမှ တစ်ဦးဖြစ်သည့်SubhashNautiyalဆ
ိုသူမှ ပြောခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဗောဓိညောင်ပင်မှာ ဗုဒ္ဓဂယာတွင်ရှိပြီး အိန္ဒိယရှိဘီဟာ ပြည်နယ်တွင်ရှိနေခြင်း ဖြစ် ကာ Patna မြို့ နှင့် ကီလိုမီတာ ၁၀၀ ခန့် အကွာတွင် ရှိခြင်းဖြစ်သည်။

သိပ္ပံပညာရှင်များမှာ အဆိုပါ ဗောဓိပင်မှ အင်္ဂတေအုတ်ခုံကိုဖယ်ရှားပြီးနောက
စမ်းသပ်ရာမှတစ် ဆင့် ယခု လို ဖော်ထုတ်လိုက်နိုင်ခြင်းဖြစ်သည်။ ထိုအပြင် အဆိုပါ အင်္ဂတေခုံကို ဖယ်ရှားလိုက်ခြင်းဖြင့် သစ်ပင် အမြစ်ကို ပိုမိုပြီး အသက်ရှုခွင့် ပေးစေမည်ဖြစ်ပြီး ရှင်သန်စေရန် အထောက်အကူ ဖြစ်စေမည်ဖြစ်
သည် ဟု ၎င်းတို့မှ ပြောသည်။ ယခုလို မြတ်စွာဘုရား ပွင့်ထွန်းရာ ဒေသသို့ လာရောက်သူများထဲတွင် ဂျပန် နိုင်ငံမှခရီးသွားများမှာအများဆ
ုံးဖြစ်ကြောင်းလည်း ဇင်ဝှာ သတင်းတွင် ဖော်ပြခဲ့သည်။

ref:xinhuanews

No comments:

Post a Comment