Saturday 25 August 2012

ထွန်းထွန်း (Examplez) နဲ့ စကားစမည် ပြောဖြစ်ခြင်း

မြန်မာ လူငယ် အနုပညာရှင် ထွန်းထွန်း (Examplez) ဟာ တင်မောင်ဆန်းမင်းဝင်း၊ မေကဗျာ၊ ၊ မိုးမိုးတို့နဲ့အတူ ၂၀၁၂ သြဂုတ် ၁၉ ရက်နေ့ မနက်ပိုင်းက လေကြောင်းခရီးနဲ့ နယူးယောက်မြို့ကို ရောက်ရှိ ခဲ့ပြီး သြဂုတ် ၂၅ ရက်နေ့တွင် ကျင်းပမယ့် ရယ်မော ပျော်ရွှင် အငြိမ့်သဘင် ဖျော်ဖြေပွဲအတွက် ပြင်ဆင်လျက် ရှိနေပါတယ်။ ထိုအချိန်အတွင်း ယနေ့မြန်မာအနေနဲ့ ဆက်သွယ် မေးမြန်းခွင့် ရရှိခဲ့ရာ အမေရိကန် ခရီးစဉ်နဲ့ ပတ်သက်တာတွေ မေးမြန်းခဲ့သလို ထွန်းထွန်းရဲ့ အနုပညာလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးလည်း အောက်ပါအတိုင်း မေးမြန်းဖြစ်ခဲ့ပါတယ်။ ကိုထွန်းထွန်းအနေနဲ့ တေးအယ်လ်ဘန် သစ်တခု ထွက်တယ်လို့ သိရပါတယ်။ အဲဒီအကြောင်း သိပါရစေ ခင်ဗျ။ မေလ ၂၉ ရက်နေ့က ရန်ကုန်မှာ ဖြန့်ပါတယ် ဗျ။ အဲဒီအခွေက ပြီးခဲ့တဲ့နှစ်ကတည်းက ဖြန့်မယ်လို့ ပြောပြီးမှ တနှစ်လောက်ကြာသွားပြီးမှ ရန်ကုန်မှာ မေလ ၂၉ ရက်နေ့က ဖြန့်ဖြစ်တာ။ အဲဒီအခွေ စီစဉ်တာ လေးနှစ်ဝန်းကျင် ရှိသွားပြီ ဗျ။ ခေါင်းစဉ်က စူပါစတား ပေါ့နော်။ နယူးယောက်ပွဲနေ့ကျရင်လည်း လက်မှတ်ထိုးပြီး အခွေ ရောင်းဖို့ ရှိပါတယ် ခင်ဗျ။ အခွေ နှစ်ဆယ်လောက်ပဲ ကျွန်တော့်မှာ ရှိတာ၊ အမှတ်တရ ရောင်းဖြစ်မှာပါ။ ကိုထွန်းထွန်းဆိုရင် အနုပညာလုပ်ငန်းနဲ့ ဆက်နွယ် လုပ်ကိုင်တဲ့ မျိုးဆက်တဦးလို့ ပြောလို့ရတယ် လေ။ ဒီတော့ ဒီကနေ့ ခေတ် အနုပညာလောကနဲ့ ပတ်သက်ပြီး ကိုထွန်းထွန်းရဲ့ အတွေ့အကြုံနဲ့ အမြင်ကို သိခွင့်ရနိုင်မလား ခင်ဗျ။ ကျွန်တော် ဟိုတနေ့ကပဲ တွေးဖြစ်တာပါ။ ဘာလိုလိုနဲ့ အနုပညာလောကထဲ ကျင်လည်နေတာ ဆယ်နှစ်ကျော်ကျော် ရှိသွားပါပြီ။ စ စ ချင်း သီချင်းနဲ့ ၀င်လာတယ်။ သုံးနှစ်၊ လေးနှစ်လောက် လှုပ်ရှားပြီးတော့ မင်းသားအဖြစ် ရုပ်ရှင်တွေ ရိုက် ပြန် ရော။ သရုပ်ဆောင်အဖြစ် လှုပ်ရှားပြီး နောက်ပိုင်း ဒီ နှစ်နှစ်၊ သုံးနှစ်အတွင်း ကျွန်တော် အငြိမ့်တွေ က ဖြစ်တယ်။ စင်မြင့် ဖျော်ဖြေရေးတွေ လုပ်တာ များတယ်။ နှင်းဆီ ဖျော်ဖြေရေးတွေ ပိုများတယ်လို့ ပြောလို့ရတယ် ခင်ဗျ။ အမျိုးမျိုး ကြုံရတယ် ဗျ။ ခေတ်ပေါ် ပေါ့။ ဟစ်ပ်ဟော့ပ်တွေ ရက်ပ်တွေ ဆိုကြတယ်။ အဲဒါက တကဏ္ဍ ပေါ့။ နောက် အနုပညာရဲ့ အဓိက ခေါင် ဖြစ်တဲ့ သရုပ်ဆောင်ပညာ ပေါ့။ အဲဒီဘက်ကို ရောက်သွာြး ပန် ရော။ အခုကျတော့ မြန်မာ့ ယဉ်ကျေးမှု အနုပညာကို ထိမ်းသိမ်းတဲ့ ဇာတ်သဘင်နဲ့ ဆက်နွယ်ပြီး အငြိမ့်လူရွှင်တော်အနေနဲ့ စင်ပေါ်တက်ရပြန်ရောဆိုတော့ အကုန်လုံးကို ခြုံငုံပြီး သုံးသပ်ကြည့်လိုက်တယ်။ သုံးသပ်ကြည့်လိုက်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ယဉ်ကျေးမှု အမွေအနှစ် တကယ် ကျန်နေသေးတာ ဇာတ်သဘင် ပေါ့။ အဲဒီမှာ ကျွန်တော့်ဘက်က သီချင်းဆိုတဲ့၊ သရုပ်ဆောင်တဲ့ (အရေခွံပဲ ဆိုပါတော့) အလွှာတွေကို ခွာချပြီး ယဉ်ကျေးမှုကို ပံ့ပိုးပေးတဲ့အနေနဲ့ ကပြ ဖျော်ဖြေနေခြင်း ဖြစ်တယ်။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း အရမ်း လိုက်မှီနိုင်အောင် ကြိုးစားနေရပါတယ်။ ကိုထွန်းထွန်းတို့ Examplez အဖွဲ့ရဲ့ အခွေ ထွက်ဖြစ်ဖို့ ကြိုးစားနေတာ ကြားမိတယ် လေ။ အခု ကိုထွန်းထွန်းရဲ့အခွေ ထွက်လာခဲ့တော့ Examplez အနေနဲ့ရော လှုပ်ရှားကြတဲ့ အခြေအနေလေး သိရမလား ခင်ဗျ။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ၂၀၁၂ နှစ်သစ်ကူးညက Examplez ဆယ်နှစ်ပြည့်ပွဲလေး ကျွန်တော်တို့ လုပ်တယ် ခင်ဗျ။ ပွဲကတော့ အကျဉ်းချုံးလေးပါ ပဲ။ အကျဉ်းချုံးတာက ကျွန်တော်တို့ကိုယ်တိုင်လည်း ကိုယ့်ဖာသာကိုယ် လုပ်ချင်ကြတော့ ဖြိုးမောင်မောင်က ရန်ကုန်မှာ စီးပွားရေးလုပ်ငန်းရှင် ဖြစ်နေတယ်။ သူ့ ဟော်တယ် ပေါ့နော်။ ရွှေဂုံတိုင်ေ ဟ်ာတယ် အပေါ်ထပ်မှာ သိတဲ့ ပရိသတ်နည်းနည်းနဲ့ လုပ်ကြတယ်။ ပျော်ဖို့ အရမ်းကောင်းတယ်။ ဆယ်နှစ်ကျော် ရှိသွားပြီ။ အဖွဲ့လည်း မကွဲပါဘူး။ ကျွန်တော့်အခွေက စီစဉ်ထားတာ လေးနှစ်ကျော် ရှိပါပြီ။ Examplez အခွေ စီစဉ်တာကလည်း (ဘုရားစူး) ခြောက်နှစ် ရှိပါပြီ။ ကျွန်တော့် တကိုယ်တော်အခွေထွက်ပြီး ပွင့်လင်းကာလ (သီတင်းကျွတ်ကာလ) ရောက်ရင် Examplez အခွေ ထွက်ပါလိမ့်မယ်။ ထုတ်လုပ်သူက တဦးထဲ ဖြစ်ပါတယ်။ ဈေးကွက်အနေအထားကို သူက ပို နားလည်မှာပေါ့။ အဲဒါကြောင့် ကျွန်တော့်အခွေကို အရင် ထုတ်လိုက်တာ ပါ။ နောက်ဆုံးအနေနဲ့ ကိုထွန်းထွန်း ရှေ့ဆက် လုပ်ကိုင်မယ့် အနုပညာလုပ်ငန်းတွေအကြောင်းနဲ့ ပရိသတ်ကြီးကို ပြောချင်တဲ့ စကားတွေနဲ့ ပတ်သက်ပြီး သိခွင့်ရမလား ခင်ဗျ။ အနုပညာနဲ့ ပတ်သက်လို့ကတော့ အမှားနည်းသည်ထက် နည်းအောင် ထပ် ကြိုးစားသွားပါမယ်။ ဆက်ပြီးတော့လည်း လေ့လာသင်ယူနေတုန်းပါပဲ။ ပရိသတ်ကို အဓိက ပြောချင်တာကတော့ ကိုယ့် မြန်မာ့လူမျိုးကို တကယ်ချစ်တယ်ဆိုရင် ယဉ်ကျေးမှုကိုလည်း မမေ့ပါနဲ့လို့ ပြောချင်ပါတယ်။

No comments:

Post a Comment