Saturday 25 August 2012

တာချီလိတ်မြို့၌ ညပိုင်းတွင် ၀မ်ကောင်းချောင်းငယ်မှ ရေများတက်လာ

{၀မ်ကောင်းရပ်ကွက်၊ စူပါမတ်ကတ် အဆောက်အဦ}

၂၀၁၂ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ 12:30AM ခန့်မှစ၍ တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက် စူပါမတ်ကတ်အဆောက်အဦဘေးရှိ ချောင်းအသေးစားတစ်ခုမှ ရေတက်လာမှုများဖြစ်ပေါ်ခဲ့သည်။ ထိုသို့ရေတက်လာခြင်းမှာ တောင်ကျရေကြောင့်ဟု ခန့်မှန်းရသိရှိသည်။

ဝမ်ကောင်းရပ်ကွက် စူပါမတ်ကတ်အဆောက်အဦ ချောင်းဘေးအနီးရှိ အိမ်များ၊ ၀မ်ကောင်း ချောင်းဘေးတစ်လျှောက်၊ မြို့မဈေးအတွင်းနှင့် အကောက်ခွန်ရုံးတွင်း တို့တွင်
ရေတက်လာမှုများကို ကြုံခဲ့ကြရပြီး တာလော့ကျောင်း နှင့် တာလော့ဈေး တို့တွင် ရေအနည်းအငယ် တက်ခဲ့သည်။

{သစ်တောရုံး နှင့် ဆက်သွယ်ရေးရုံးလမ်းကြား}

{မဉ္ဇူလမ်း-တာလော့ကျောင်းသို့}
{တာလော့ဈေးလမ်းကြား}
{စစ်မှုထမ်းဟောင်းရုံး နှင့် အကောက်ခွန်ရုံးလမ်းကြား - ဈေးအထွက်}

( ၀မ်ကောင်းချောင်းမှ စီးလာသောရေများကို တွေ့မြင်ရသည့် ကားလမ်းမဘေးရှိတံတား)

(ခိုင် တည်းခိုခန်း နှင့် မြို့မဈေး မြင်ကွင်း)

မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားအနီးတွင် ရှိသော ခရိုင်လ၀ကရုံးနှင့်ရွှေနန်းတော် ကုန်တိုက်တို့သည် မယ်ဆိုင်ချောင်းနှင့်နီးကပ်သောကြောင့် ထုံးစံအတိုင်း ရေအနည်းအငယ်တက်လာ မှုများရှိခဲ့သည်။ နံနက်ပိုင်း(၆)နာရီခန့်တွင် လှည့်လည်ကြည့်ရှုမှုအရ ရေများကျသွားသည်ကို တွေ့ရှိရသည်။

အထက်ပါ ရေတက်လာမှုများကို 12:45AM မှ 1:40AM ထိ ဓါတ်ပုံမှတ်တမ်းရိုက်ခဲ့ခြင်းဖြစ်ပါသည်။

No comments:

Post a Comment