Saturday 25 August 2012

ဦးလနန်၏ ပြောစကားအပေါ် မှတ်တိုင်(၆)စခန်းရဲ့ ရင်နင့်သံများ



ပန်ဝါမြို့နယ်ထဲက မှတ်တိုင်()မှာရှိတဲ့ KIA တပ်စခန်းတစ်နေရာကို သြဂုတ်လအလယ် လောက် က မြန်မာ အစိုးရ စစ်တပ်မှ ၀င်ရောက် တိုက်ခိုက်ပြီး လက်ရှိတွင်လည်း ၀ိုင်းရံထားဆဲရှိတယ်လို့ သတင်းရရှိ ပါတယ်။

KIA ဒုတိယအထွေထွေအတွင်းရေးမှူး ဦးလနန် မှအခုဖြစ်တဲ့ ပန်ဝါ မှတ်တိုင် () တိုက်ပွဲ မှာ မြန်မာအစိုးရစစ်တပ်တွေ ၀ိုင်းတိုက်နေပေမယ့် ကျွန်တော်တို့ KIA ဘက်က ဒဏ်ရာရတာ နှစ်ယောက် တည်း ရှိတယ်လို့သတင်းဌာနတွေကို ပြောသည်။
မှတ်တိုင်ခြောက်စခန်းပေါ်မှာရှိတဲ့ KIA တပ်ဖွဲ့ဝင်တွေဟာ မြန်မာစစ်တပ်မှ ၀ိုင်းရံထားခြင်ခံရတဲ့ အတွက် ဒဏ်ရာရ လူနာတွေကို ဆေးရုံပို့ဖို့ အခက်အခဲတွေဖြစ်နေတဲ့အပြင် တရုတ်အာဏာပိုင်တွေ ကလည်း သူတို့ နယ်ထဲကို ၀င်ရောက်ခွင့်မပြုဘူးလို့ သိရပါတယ်။ တိုက်ပွဲကြောင့် မှတ်တိုင်ခြောက်စခန်းမှ KIA ဒဏ်ရာ ရ တပ်ဖွဲ့ဝင်တွေ တော်တော်များပြားနေပြီး စားနပ်ရိက္ခာအတွက်လည်း အခက်အခဲဖြစ်နေကြ ပါတယ်။
ဒီလိုအခြေအနေစိုးနေတာတောင် ဦးလနန်က ကျွန်တော်တို့ဘက်က ဒဏ်ရာရတာ နှစ်ယောက် တည်း ရှိပါတယ်လို့ သတင်းဌာနတွေကို ပြောတာဟာ တော်တော်ဆိုးတယ်ဗျာ။ အခုဒီမှာက တော်တော် များများ ဒဏ်ရာရနေကြပြီလေ။  ရှေ့တန်းမှာအသက်စွန့်တိုက်ပွဲဝင်နေတဲ့ အဖွဲ့သားတွေကိုတော့ ဆေးကု သဖို့နဲ့ စားနပ်ရိက္ခာအတွက် ဂရုတစိုက်စီစဉ်ထားပေးသင့်တယ်။ NDA(K) အဖွဲ့ဝင်ဟောင်းတွေထဲက ခွဲ ထွက်ပြီး KIA ရဲ့ အသုံးချခံရတာ တော်တော်နောင်တရတယ်ဗျာဟု KIA တပ်ဖွဲ့ဝင် ဗိုလ်ကြီးတစ်ဦး မှ ပြောလာခဲ့ပါတယ်။

No comments:

Post a Comment