Wednesday 7 September 2011

ရောင်တော်ပြန် လွှတ်ကြသူများ


              ဒီကနေ့ သတင်းတပုဒ်ကိုဖတ်မိပါတယ် ။ထိုသတင်းကတော့ လွတ်လပ်သော အာရှအသံ (RFA) သတင်းဌာနမှ အကြီးတန်း သတင်းထောက် ဦးစိန်ကျော်လှိုင်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အစိုး၇ကဖမ်းဆီးပြီး အောင်သပြေ စစ်ကြောရေး စခန်းတွင် စစ်ဆေးခံနေသည်ဟု ဒီမိုက၇က်တစ်မြန်မာ့အသံ (DVB) မှဖော်ပြထားခြင်းပဲဖြစ်ပါတယ်။(တကယ်တော့ ဖမ်းဆီးတာမဖြစ်နိုင်ပါ ခေါ်ယူစစ်ဆေး မေးမြန်းခြင်း လောက်သာဖြစ်နိုင်ပါသည် ။) ထိုဦးစိန်ကျော်လှိုင်ဆိုသူသည် ၀ါ၇င့်စာနယ်စာရင်းသမားတဦး ဖြစ်ပြီး BBC သတင်းဌာနတွင် စီးပွားေ၇းဆိုင်ရာ သတင်းထောက်အဖြစ်လုပ်ကိုင်ခဲ့ပြီး (RFA) သတင်းဌာနသို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့သည်ဟု သိ၇ှိ၇ပါတယ်။ဦးစိန်ကျော်လှိုင်သည် ယခင် ခေတ်ပြိုင်ဂျာနယ်၏ အယ်ဒီတာချုပ် အဖြစ်လည်း တာဝန်ယူခဲ့ပြီး ယခုလက်ရှိ RFA  သတင်းဌာနတွင် မြန်မာစီးပွားရေးနှင့် ပတ်သက်သည့် သုံးသပ်ချက်များကို ရေးသားထုတ်လွှင့်နေပါတယ်လို့ သိရှိ၇ပါတယ်။ ကျွန်တော်အဓိကဆိုလိုချင်သည်မှာ ထိုအကြောင်းအရာကိုမဟုတ်ပါ။ထိုသတင်းနှင့်အတူ ထွက်ပေါ်လာသည်က ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)ခေါင်းဆောင်တဦးဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင်ကိုပါ အစိုးရကဖမ်းဆီးထားပြီး ရန်ကုန် ရေကြည်အိုင်စစ်ကြောရေးစခန်းမှာ စစ်ဆေးနေတယ်လို့ ထွက်ပေါ်လာခြင်းပါဘဲ အစတုန်းကတော့ ဘယ်သူမှ ပဒိုမန်းငြိမ်းမောင် ဘယ်ပျောက်နေမှန်းမသိပါဘူး ။အခုမှ ဦးစိန်ကျော်လှိုင်ပဲ ခေါ်ယူစစ်ဆေးခံရသလို ကြားတော့မှ ပဒိုမန်းငြိမ်းမောင်ပါ ရေကြည်အိုင်မှာ စစ်ဆေးခံနေရတယ် ဖြစ်ပေါ်လာပါတော့တယ်ခင်ဗျာ။
          ထိုကဲ့သို့ကို အတိုက်အခံမီဒီယာများမှာ လူအများစိတ်ဝင်စားအောင် ရောင်တော်ပြန် လွှတ်တတ်ကြပါတယ် ခင်ဗျာ။ သူတို့အတွက်ကလည်း မှန်ပေပါတယ် သတင်းမှန်ဖို့ မမှန်ဖို့က အဓိကမကျပေ။သူတို့သတင်းကို လူအများစိတ်ဝင်စားမယ် ဖတ်မိသည့်အတွက် အစိုးရကိုအကောင်းမမြင်သည့် စိတ်များ ပေါ်ပေါက်လာမည်၊ အစိုးရကို အတိုက်အခံ လုပ်လာမယ်၊ လူထု ဆူပူအုံ့ကြွမှုများ ဖြစ်ပေါ်လာမည်၊ ထို့အတွက် အနောက်နိုင်ငံများ၏ သဘောတကျ ဖြစ်လာပေမည်။ထိုမှသာ ထိုသူတို့အတွက် ဒေါ်လာများရွှင်ကာ ပျော်ပါးသောက်စားနိုင်မည် ဖြစ်ပေသည်။ ဘာပဲဖြစ်ဖြစ် ဘယ်သူသေသေ၊ ငတေမာရင်ပြီးရော စိတ်ဓာတ်၇ှိနေ၍ တော့ မြန်မာနိုင်ငံကြီးတိုးတက်လာမည် မဟုတ်ပေ ။ ထို့အတွက် မိမိကောင်းစားရေးအတွက် ကြည့်မည့်အစား နိုင်ငံကောင်းကျိုး အတွက်တဖက်တလမ်းကနေ ပါဝင်ဆောင်ရွက်မည်ဆိုပါက နတ်လူသာဓုခေါ်နိုင်မည်မှာ မလွှဲဧကန်ပင် ဖြစ်မည်ဖြစ်ကြောင်း ထင်မြင်မိပါတော့တယ် ခင်ဗျာ ။

No comments:

Post a Comment