Monday, 30 March 2015

ပြည်သူချစ်သော ပြည်သူ့တပ်မတော်ဆီသို့


အနှစ် (၇၀) မြောက် တပ်မတော်နေ့ အခမ်းအနားကို နေပြည်တော်ရှိ တပ်မတော်နေ့ စစ်ရေးပြကွင်းတွင် ကျင်းပခဲ့ရာ ယခင်နှစ်များနှင့် မတူသော ထူးခြားချက်အချို့ကို တွေ့မြင်ရပေသည်။
ပထမထူးခြားချက်မှာ ယခင့်ယခင်နှစ်များက ကျင်းပသော တပ်မတော်နေ့များကဲ့သို့ လုံခြုံရေး အထူးတင်းကျပ် စစ်ဆေးမှုမျိုး မရှိတော့ဘဲ ဖိတ်ကြားထားသည့် ဧည့်သည်များ စိတ်လက်ပေါ့ပါးစွာ တက်ရောက်နိုင်ခြင်း ဖြစ်သည်။
ဒုတိယထူးခြားမှုမှာ တပ်မတော်အစိုးရ လက်ထက်က တပ်မတော်နှင့် အစိုးရအဖွဲ့တွင် ထိပ်တန်းရာထူးများဖြင့် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အငြိမ်းစား တပ်မတော် အရာရှိကြီးများကို တပ်မတော်တွင် ၎င်းတို့ နောက်ဆုံးထမ်းဆောင်ခဲ့သည့် ရာထူးအတိုင်း စစ်ဝတ်စုံအပြည့်ဖြင့် တက်ရောက်ခွင့်ပြုခြင်း ဖြစ်သည်။

ထမင်းငတ်သေမှာကြောက်နေသော ကာတွန်းဆရာ ကိုရွှေထူး


မြန်မာတိုင်းမ်ဂျာနယ်ရဲ့ မတ်လ ၂၅ ရက်နေ့ထုတ် အတွဲ(၃၆)၊ စာမျက်နှာ ၄၆ တွင်ပါဝင်သော ကာတွန်းပုံဖတ်လိုက်ရတော့ များစွာစိတ်မကောင်းဖြစ်မိပါတယ်။ လက်ရှိလောက်ကိုင်ဒေသမှာ ကျဆုံး သွားတဲ့ တပ်မတော်သားတွေဟာ သူတစ်ပါးတိုင်းပြည်ကို ကျူးကျော်ရန် သွားရောက်တိုက်ခိုက်ခဲ့ခြင်း မဟုတ်ဘဲ မြန်မာ့မြေ၊ မြန်မာ့ရေ၊ မြန်မာ့အချုပ်အခြာအာဏာကို ကာကွယ်ရင်း အသက်ပေးဆပ်ခဲ့ကြ ရခြင်းပဲဖြစ်ပါတယ်။ လောက်ကိုင်ဒေသအတွက် သောင်းကျန်းသူတွေကို တိုက်ခိုက်ရင်း သေဆုံးသွားရတဲ့ အတွက် သူတို့ရဲ့မိသားစုအတွက် ဆုံးရှုံးထိခိုက်နစ်နာရသလို တိုင်းပြည်အတွက်လည်း ကာကွယ်ရေး အင်အားတွေကိုလည်း ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

တပ်မတော်မှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


၂၀၁၅ ခုနှစ် မတ်လ ၂၉ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် တပ်မတော် နယ်မြေရှင်းလင်းရေး စစ်ကြောင်းမှ တာရွှေထန်အနီး နယ်မြေရှင်း လင်းရေး ဆောင်ရွက်စဉ် ခန့်မှန်းမြေပုံညွှန်း (အမ်ဂျီ-၇၃၀၂၇၅) နေရာတွင် အုတ်တံတိုင်းကာရံထားသော လူနေထိုင်ခြင်းမရှိသည့် ခြံဝင်းအတွင်း အလျား ၈၀ ပေ အနံ ၄၀ ပေခန့်ရှိသော နှစ်ထပ်အိမ် ၁ လုံးအား မသင်္ကာဖွယ် အနံ့အသက်များ ရရှိသဖြင့် အသေးစိတ်ရှင်းလင်းခဲ့ရာ မြေညီထပ် ထင်းသိုလှောင်ထားသော အခန်းအတွင်း ထင်းပုံအောက်ရှိ မြေအောက် ခန်းအတွင်း၌ မူးယစ်ဆေးဝါး ချက်လုပ် ရာတွင် အသုံးပြုသော ဆက်စပ် ပစ္စည်းများ တွေ့ရှိရပြီး၊ WY စာတမ်းပါ

ဘုရင့်နောင်ကုန်စည် ဈေးကွက်တွင် ဆန်နှင့်ဆီဈေး အနည်းငယ်မြင့်တက်


ဘုရင့်နောင် ကုန်စည်ဈေးကွက်တွင် ဆန်နှင့်ဆီ ကုန်စည်ဈေးနှုန်းများမှာ အနည်းငယ် မြင့်တက်လျက်ရှိနေကြောင်း ပွဲရုံ များမှ သိရသည်။
ယင်းကဲ့သို့ ဆန်ဈေးမြင့်တက် ရခြင်းမှာ ယခုနှစ်စပါးရိတ်သိမ်းချိန်တွင် မိုးရွာသွန်းမှုများရှိခဲ့ခြင်းကြောင့် စပါးအရည်အသွေး ကျဆင်းခဲ့ ကြောင်း သိရသည်။ ထိုသို့ကျဆင်း ခဲ့မှုကြောင့် စပါးကြိတ်ရာတွင်လည်း အကျိုးအကြေများခဲ့ပြီး ဆန်အထွက် နှုန်းများသဖြင့် ဆန်ချောဈေးမှာ တစ် အိတ်လျှင် ယခင်ထက် ၃၀၀၀ ကျပ်ထိ မြင့်တက်လာကြောင်း ဘုရင့်နောင် ပိတောက်လမ်းရှိ အိုကေဆန်ပွဲရုံမှ ဒေါ်ချိုကပြောသည်။
''အကြမ်းကတော့ ပုံမှန်ပါပဲ။ ဒီရက်မှာ သိပ်မတက်သေးဘူး။ အရင် ရက်ကတက်ထားတဲ့ ဈေးပဲရှိနေတယ်။ ဘာကြောင့်လဲဆိုတော့ အခု နွေဆန်ပေါ်ချိန်ဖြစ်နေတော့ ဈေးကွက် ထဲ ဆန်ပေါနေတယ်။ ဒါပေမဲ့ သင်္ကြန်ရက်ရှိသေးတော့ ဆန်ဈေးတွေက အခုတက်နေတဲ့ဈေး ထက် တော့ အောက်မကျနိုင်ဘူး''ဟု ၎င်း ကပြောသည်။

နိုင်ဂျီးရီးယား ရွေးကောက်ပွဲ ကျင်းပနေစဉ် ဘိုကိုဟာရမ်အဖွဲ့ တိုက်ခိုက်မှုကြောင့် လူ ၄၁ ဦး သေဆုံး


နိုင်ဂျီးရီးယားနိုင်ငံ၏ ရာဇ၀င်တွင် အပြိုင်အဆိုင်အရှိ ဆုံး သမ္မတရွေး ကောက်ပွဲ ကျင်းပ နေစဉ် ဘိုကိုဟာရမ်အဖွဲ့မှ စစ် သွေးကြွများ၏ တိုက်ခိုက်မှုများ အတွင်း လူ ၄၁ ဦး သေဆုံးသွားပြီး နိုင်ငံအရှေ့မြောက် ပိုင်းရှိ မဲရုံ များမှ လူရာပေါင်းများစွာကို ထိတ် လန့်သွားစေခဲ့သည်။
အစ္စလာမ်မစ်အစွန်းရောက် များကို ၎င်းတို့၏ အဓိကအမာခံ နေရာအပါအ၀င် အဓိကဒေသ အားလုံးမှ ရှင်းလင်းထားပြီးဖြစ် သည်ဟု နိုင်ဂျီးရီးယား စစ်တပ်က မတ်လ ၂၇ ရက်တွင် ကြေညာခဲ့ သော်လည်း နိုင်ငံအရှေ့မြောက် ပိုင်း၌ ဘိုကိုဟာရမ်အဖွဲ့က လူနေအိမ်များကို မီးရှို့ပြီး ထွက်ပြေးသူများအား ပစ်သတ်ခဲ့ခြင်းဖြစ် သည်။

ပဲခူးတက္ကသိုလ် ကျောင်းသားတချို့ အကျဉ်းကျ ကျောင်းသားများအတွက် လက်ပတ် အဖြူနှင့်အနက် နှစ်မျိုးပတ်၍ ဝတ်ပြုဆုတောင်းပွဲပြုလုပ်


၂၆-၃-၂၀၁၅ရက်နေ့ မနက် ၁၀:၃၀ အချိန် ပဲခူးတက္ကသိုလ်ရှေ့တွင် စာမေးပွဲဖြေဆိုပြီး ပြန်ထွက်လာသော ကျောင်းသားများအား ကိုမျိုးကိုကိုခိုင် ဦးဆောင်သော ကျောင်းသားအဖွဲ့ မှ လက်ပတ်အဖြူများ လိုက်လံဝေငှ ပတ်ပေးခဲ့သည်။ ထို့နောက်နေ့လယ် ၂:၁၀အချိန်တွင်လည်း စာမေးပွဲ ဖြေဆိုပြီး ပြန်ထွက်လာသော ကျောင်းသားများအား ပဲခူးတက္ကသိုလ် မုဒ်ဦး ရှေ့တွင် လက်ပတ်အနက်များအား ထပ်မံ၍ဝေငှပတ်ပေးခဲ့သည်။

ရွှေပေးသွင်းရန် ကျန်သောကုမ္ပဏီငါးခုကို တရားစွဲမည်ဟု အစိုးရကြေညာ


ရွှေပေးသွင်းရန် ကျန်ရှိ သည့် ကုမ္ပဏီငါးခုမှ အုပ်ချုပ်မှု ဒါရိုက်တာနှင့် ဒါရိုက်တာအဖွဲ့ဝင် များကို တရားစွဲမည်ဟု သတ္တု တွင်းဝန်ကြီးဌာနက မတ်လ ၂၉ ရက်တွင် နိုင်ငံပိုင်သတင်းစာများ ၌ ကြေညာထားသည်။
ရွှေသတ္တုအသေးစားထုတ် လုပ်မှုလုပ်ငန်းကို သတ္တုတွင်းဝန် ကြီးဌာန အမှတ် (၂) သတ္တုတွင်းလုပ်ငန်းနှင့် ကုမ္ပဏီများသည် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စနစ်ဖြင့် လုပ်ဆောင်ခဲ့ပြီး အချို့ကုမ္ပဏီများသည် ရွှေပေးသွင်းရန် ပျက်ကွက်သဖြင့် ယခုကဲ့သို့ တရားစွဲဆိုရန်စီစဉ်ခြင်းဖြစ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာန၏ ကြေညာချက်တွင် ပါရှိသည်။

အီရန်နျူကလီယာအရေး အပြင်းအထန် ဆွေးနွေးနေ


အီရန်ရဲ့ နျူကလီယာအရေး နဲ့ပတ်သက်ပြီး အခြေခံ သဘောတူညီမှု ရလာဖို့ သတ်မှတ်ထားတဲ့ နောက်ဆုံးရက် ဖြစ်တဲ့ မတ်လ ၃၁ ရက် နီးကပ်လာတာ နဲ့ အမျှ အီရန်နဲ့ ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံတို့ အပြင်းအထန် ဆွေးနွေးနေကြပါတယ်။
သက်ဆိုင်ရာ နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေဟာ ဆွစ်ဇာလန်နိုင်ငံ လိုဇန်း မြို့မှာ တွေ့ဆုံနေကြတာ ဖြစ်ပါတယ်။
နှစ်ဘက်စလုံးက အလျှော့ပေး သဘောတူ နိုင်တာတွေကို အပြန်အလှန် စမ်းစစ်နေကြတယ် ဆိုပြီး အမေရိကန် အရာရှိတွေက ပြောပါတယ်။

Sunday, 29 March 2015

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူခံထားရသည့် တောင်ငူခရိုင် ဒုခရိုင်တရားသူကြီးဟောင်း ဦးရွှေမှာ ထွက်ပြေးတိမ်းရှောင်နေ၍ ဖမ်းဝရမ်းထုတ်ကာ တရားခံပြေးအဖြစ် ကြေညာမည်ဟု သိရ


ခရိုင်တရားသူကြီး ၂ ဦးရွှေမှ အမိန့်ချမှတ်သည်ကို မကျေနပ်သောကြောင့် တောင်ငူခရိုင် တရားရုံးရှေ့တွင် အော်ဟစ်ဆူပူမှုများ ဖြစ်ပွားခဲ့ရာ တာဝန်ရှိသူများ ဖြေရှင်းပေးနေသည်ကို ၂၀၁၄ ဇူလိုင် ၁၀ ရက်က တွေ့ရစဉ်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် ၁ ရဲစခန်းတွင် ဇန်နဝါရီ ၂၁ ရက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူခံထားရသည့် တောင်ငူခရိုင်၊ ဒု ခရိုင်တရားသူကြီးဟောင်း ဦးရွှေမှာ ထွက်ပြေးတိမ်းရှောင်နေသောကြောင့် ဖမ်းဝရမ်းထုတ်ကာ တရားခံပြေးအဖြစ် ကြေညာတော့မည် ဖြစ်ကြောင်း နေပြည်တော် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံမှ သိရသည်။

နှလုံးသားတံခါး ဖွင့်ထားပါ


လွမ်းစရာ
လွမ်းစရာလည်း ကောင်းတယ်။ ၀မ်းနည်းစရာလည်း ကောင်းတယ်။ နိဂုံးဆိုတဲ့ ဇာတ်သိမ်းပိုင်းက စက္ကန့်နဲ့အမျှ ရောက်လာတယ်။ မင်းသမီးက သေတော့မှာ။ ဦးနှောက်အသားပိုရောဂါ ဖြစ်ရာကနေ ကင်ဆာအဆင့် (၄) ရောက်နေပြီ။ ဆရာဝန်တွေကလည်း မင်းသမီးကို အိမ်ပြန်ခွင့်ပြုလိုက်ပြီ။ မင်းသမီးကို စွဲစွဲလမ်းလမ်း ချစ်နေပြီး မင်းသမီးနဲ့ပေါင်းရဖို့ ကြိုးစားခဲ့တဲ့ မင်းသား ဘယ်လို ခံစားရမလဲ။ ဘယ်လောက်ခံစားရမလဲ။ ကြည့်နေတဲ့ ပရိသတ်တွေ မျက်ရည်စို့မတတ်ပဲ။ ကျလာတဲ့ မျက်ရည်ကို လူတွေမသိအောင် လက်ဖမိုးနဲ့ ကမန်းကတန်း သုတ်လိုက်ပေမယ့် ကိုယ်လိုပဲ ခံစားနေတဲ့သူနဲ့ မျက်လုံးချင်းဆုံမိတယ်။ သူ့မှာလည်း မျက်ရည်တွေရွှဲလို့ ကျိတ်လွမ်းရတဲ့အလွမ်း။ ပိုလွမ်းတယ်။

မြန်မာ့စီးပွားရေး ပြိုလဲသွားနိုင်သလား . . .


(၁)
၂ဝ၁၅ ခုနှစ် မြန်မာ့စီးပွားရေး အခြေအနေအတွက် စိုးရိမ်ဖွယ်ရာတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေက သတိပေးပြောကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။
မတ် ၂၄ ရက်မှာ တစ်ပြိုင်နက်တည်း ထုတ်ပြန်ခဲ့တဲ့ ADB (အာရှဖွံ့ဖြိုးရေးဘဏ်) နဲ့ ကမ္ဘာ့ဘဏ် အစီရင်ခံစာတွေမှာ ဒီအချက်တွေကို ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ADB ရဲ့ ၂ဝ၁၅ ခုနှစ် အစီရင်ခံစာမှာ မြန်မာ့ငွေကြေး ဖောင်းပွမှုနှုန်း မြင့်မားလာတာကို ဦးတည်ပြီး စိုးရိမ်ဖွယ် စိန်ခေါ်မှု၊ အကျိုးဆက်တွေကို ထောက်ပြပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုဟာ ကြီးမားတဲ့အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ထားဝယ်ဆိပ်ကမ်းစီမံကိန်း ပြန်လည်အသက်ဝင်လာမည်ကို ဒေသခံများစိုးရွံ့


မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းမြို့ဖြစ် သည့်  ထားဝယ်မြို့ တွင် လွန်ခဲ့သော ၂နှစ်ခန့်က သီဟိုဠ်ခြံအသေးစားလေးကို မနုမေနှင့် ခင်ပွန်းတို့ စတင်လုပ်ကိုင်ခဲ့ပါသည်။ သို့သော် လွန်ခဲ့သော ၂ နှစ်ခန့်ကစပြီး သူတို့၏ ဘဝက မအေးချမ်းနိုင်တော့။

ရေနံ၊ သဘာဝဓာတ်ငွေ့ ကုမ္ပဏီများအတွက် ထောက်ပံ့ရေးဆိပ်ကမ်းတစ်ခု တည်ဆောက်ရန်ရှိ


ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေး ကုမ္ပဏီများအား  လိုအပ်သည့် ပစ္စည်းများထောက်ပံ့ပေးမည့် ဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် စင်ကာပူအခြေစိုက်ကုမ္ပဏီတစ်ခုက စီစဉ်နေကြောင်းသတင်းရရှိသည်။

ကမ်းလွန်ရေနံတူးဖော်ရေး ကုမ္ပဏီများအတွက် လိုအပ်သော အရန်ပစ္စည်းများထောက်ပံ့ပေးသည့် ကုမ္ပဏီများမှာ ထိုင်းနှင့် စင်ကာပူနိုင်ငံဆိပ်ကမ်းများတွင်သာရှိပြီး   မြန်မာနိုင်ငံ၌   မရှိ ကြောင်း၊   ထို့ကြောင့်   ထိုကုမ္ပဏီများလိုအပ်နေကြောင်း    မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ညွှန်ကြားရေးမှူး ဦးသန်းထွန်းကပြောသည်။

ဒေဒေါင်းကုမ္ပဏီမှ လယ်ယာသုံးထွန်စက်နှင့်စက်ကိရိယာများ အရစ်ကျစနစ်ဖြင့်ငဖဲမြို့နယ်တွင်ရောင်းချ


မကွေးတိုင်းဒေသကြီး သမဝါ ယမဦးစီးဌာန၏ ကြီးကြပ်လမ်းညွှန် မှုဖြင့် ငဖဲမြို့နယ် သာယာကုန်း ကျေးရွာတွင် ယခုလ ၂၄ ရက် နံနက်က အောင်ဇမ္ဗူလယ်ယာနှင့် အထွေထွေ စီးပွားရေးသမဝါယမ အသင်းမှ အသင်းသားများ၊ပြည်သူ များ စိုက်ပျိုးရေးကဏ္ဍတွင် ထုတ် လုပ်မှုမြှင့်တင်နိုင်ရေးအတွက် ကိုရီးယားနိုင်ငံ(DAEDONG) ဒေဒေါင်းကုမ္ပဏီက လယ်ယာသုံး စက်ကိရိယာများကို အရစ်ကျစနစ် ဖြင့် ပံ့ပိုးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

HIV ဗိုင်းရပ်စ်များ လေးလအတွင်း ဦးနှောက်ထဲသို့ ပျံ့နှံ့သွားနိုင်


အေအိုင်ဒီအက်စ်ရောဂါ ဖြစ်စေနိုင်သည့် HIV ဗိုင်းရပ်စ်ကူးစက်ခံရပြီး နောက် ဗိုင်းရပ်စ်တိုက်ဖျက်ရေး ကုထုံးဖြင့် ကုသမှုခံယူခြင်း မရှိ လျှင် ယင်းဗိုင်းရပ်စ်များ လေးလအတွင်း ဦးနှောက်ထဲသို့ ပျံ့နှံ့ရောက်ရှိသွားနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။
PLOS ဂျာနယ်တွင် ဖော်ပြထားသော ယင်းလေ့လာတွေ့ရှိ ချက်များက HIV  ဗိုင်းရပ်စ်ကူးစက်ခံရမှုကို အစောဆုံးသိရှိနိုင်ရန် ပုံမှန်စစ်ဆေးမှုခံယူရန် အရေးကြီးကြောင်း ဖော်ပြထားသည်။
HIV ဗိုင်းရပ်စ်ကို ထိန်းချုပ်ရန် ဗိုင်းရပ်စ်တိုက်ဖျက်တားဆီးရေး ဆေး (ART)သောက်သုံးမှု မရှိသောရောဂါရှင် သုံးပုံတစ်ပုံသည် နောက်ပိုင်းတွင် HIV ဗိုင်းရပ်စ်နှင့် ဆက်စပ်သော ကျန်းမာရေး ထိခိုက်မှုများ ဖြစ်လာလိမ့်မည်ဟု အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ်မှ အေအိုင်ဒီအက်စ်သုတေသနစင်တာ (CFAR) ညွှန်ကြားရေးမှူး ရော်နယ်ဆ၀န်စထရွန်းက ပြောသည်။

ပို့ကုန်မဟာဗျူဟာသစ်ကြောင့် ကုမ္ပဏီငယ်များအကျိုးဖြစ်ထွန်းဖွယ်ရှိ စီးပွားရေးအသွင်ပြောင်းကဏ္ဍအရှိန်မြှင့်ရန် အာဆီယံစီးပွားရေးကွန်ရက်နှင့်ပိုမိုချိတ်ဆက်မည်


နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းရေးဆွဲခဲ့သောပို့ကုန်မဟာ ဗျူဟာသစ်ကို စတင်ဖော်ဆောင် နိုင်ပါက ပြည်တွင်းရှိကုမ္ပဏီငယ် များအကျိုးဖြစ်ထွန်းစေဖွယ်ရှိကြောင်း နိုင်ငံတကာကုန်သွယ်ရေးစင်တာ ၏သတင်းထုတ်ပြန်တစ်ရပ်တွင်ဖော် ပြသည်။
ပြည်တွင်းရှိ အသေးစားနှင့်အ လတ်စားစီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီငယ်များ ပို့ကုန်တင်ပို့ရာ တွင်အကျိုးဖြစ်ထွန်းစေရန်ရည်ရွယ် ပြီး ပို့ကုန်မဟာဗျူဟာသစ်ကိုရေး ဆွဲခဲ့ခြင်းဖြစ်ကာ နိုင်ငံတကာကုန် သွယ်ရေးစင်တာ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၊ ဂျာမနီနိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီနှင့် မြန်မာ အစိုးရတို့ ပူးပေါင်းရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ရေးဆွဲခဲ့သောပို့ကုန် မဟာဗျူဟာမှာ မြန်မာနိုင်ငံ အတွက် ပထမဆုံးအမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာဖြစ်သည်ဟု လည်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် KNU ဥက္ကဋ္ဌ နေပြည်တော်၌ ယနေ့တွေ့မည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး တို့ နေပြည်တော်၌ ယနေ့ (မတ်လ ၂၉ ရက်) တွေ့ဆုံမည်ဖြစ်ကြောင်း နှစ် ဖက် အဖွဲ့အစည်းများထံမှ သိရသည်။
ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်သော KNU ကိုယ်စားလှယ် အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုနှင့် ပတ်သက်၍ တွေ့ဆုံပွဲ အပြီး၌သာ အသေးစိတ်အချက်အလက်ကို ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း NLD နှင့် KNU ဗဟိုကော်မတီဝင် အချို့က ပြောဆိုသည်။

ဖုန်ကြားရှင်တပ်ဖွဲ့မှ တရုတ်နိုင်ငံသား ကြေးစားစစ်သည် ခုနစ်ဦးကို တစ်သက်တစ်ကျွန်း အမိန့်ချ


လူသတ်မှု၊ ဓားပြမှုများ ကျူးလွန်ခဲ့သည့် ဖုန်ကြားရှင်တပ်ဖွဲ့မှ ကြေးစား စစ်သည်များ ဖြစ်သော တရုတ်နိုင်ငံသား ခုနစ်ဦးကို မတ်လ ၂၆ ရက်နေ့က လားရှိုးခရိုင် တရားရုံးက ထောင်ဒဏ်တစ်သက် တစ်ကျွန်း ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။
“လူသတ်လုယက်မှု ကျူးလွန်ခဲ့သူက ရှစ်ဦး၊ ဒီအထဲမှာ တစ်ယောက်က အသက်က ၁၇ နှစ်ပဲ ရှိသေးတာကြောင့် ထောင်ဒဏ်နှစ်ကြီးတွေပဲ အမိန့်ချခံရတယ်။ ကျန်ခုနစ်ယောက်က တစ်သက်တစ်ကျွန်း ပြစ်ဒဏ်တွေ၊ သာမန်ပြစ်မှုကျူးလွန်ခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်ရာ ရောက်ခဲ့တာကြောင့် ဒီလိုပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချခဲ့တာ” ဟု လားရှိုးခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတစ်ဦးက ပြောကြားသည်။

လက်နက်ကိုင်တိုက်ပွဲများ ချက်ချင်းရပ်တန့်ရန် UNFC တောင်းဆို


ငြိမ်းချမ်းရေး ဆွေးနွေးမှု သည် လက်ရှိအချိန်တွင် အချိန် ကုန် လူပန်းဖြစ်ကာ ပြည်သူတစ် ရပ်လုံး နှင့် ကမ္ဘာ့အသိုင်းအ၀ိုင်း၏ မျှော်လင့်ချက် အလှမ်းကွာဝေး နေဦးမည်ကို စိတ်မကောင်းစွာ မြင်တွေ့နေရပြီး ဖြစ်ပေါ်နေသည့် လက်နက်ကိုင်တိုက်ပွဲများ ချက် ချင်းရပ်တန့်ရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)က လေးနက်စွာ တောင်းဆိုလိုက်သည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မ တီ(UPWC) နှင့် တစ်နိုင်ငံလုံးအ ပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ ဆွေးနွေးစဉ် အကြိမ်တိုင်းတွေ့ဆုံအဖြေရှာ မှု အရှိန်ရလာသည့် ကာလတွင် မမျှော်လင့်သော အခြားပြဿနာ တစ်ခုပေါ်ပေါက်လာပြီး တွေ့ဆုံ ဆွေးနွေးမှု လမ်းကြောင်းကို တစ်ဆို့စေခြင်း (သို့မဟုတ်) လမ်း ကြောင်းပြောင်းသွားစေခြင်း ဖြစ် စေသည့် အစဉ်အလာနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ကို စိတ်မကောင်းစွာ မြင်တွေ့နေရကြောင်း UNFC က မတ်လ ၂၈ ရက်စွဲဖြင့် သဘောထားထုတ်ပြန်သည်။

UPWC နှင့် KNPP သဘောတူညီချက်များ ဆက်လက်အကောင်အထည် ဖော်ရန် ဆွေးနွေး


ပြည်ထောင်စု ငြိမ်းချမ်း ရေးဖော်ဆောင်ရေုးလုပ်ငန်း ကော်မတီ(UPWC) နှင့် ကရင်နီ အမျိုးသားတိုက်တက်ရေးပါတီ (KNPP) တို့ မတ်လ ၂၈ ရက်က တွေ့ဆုံ၍ ယခင်နှစ်ဖက် သဘော တူညီချက်များ ဆက်လက်အ ကောင် အထည်ဖော်ရေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
လွိုင်ကော်မြို့တွင် ပြုလုပ်ခဲ့ သော တွေ့ဆုံဆွေးနွေးပွဲသို့ UPWC ဒုဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင် တက်ရောက်ခဲ့ပြီး KNPP မှ ဒုဥက္ကဋ္ဌ ခူးဦးရယ် ဦး ဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။