Sunday 29 March 2015

UPWC နှင့် KNPP သဘောတူညီချက်များ ဆက်လက်အကောင်အထည် ဖော်ရန် ဆွေးနွေး


ပြည်ထောင်စု ငြိမ်းချမ်း ရေးဖော်ဆောင်ရေုးလုပ်ငန်း ကော်မတီ(UPWC) နှင့် ကရင်နီ အမျိုးသားတိုက်တက်ရေးပါတီ (KNPP) တို့ မတ်လ ၂၈ ရက်က တွေ့ဆုံ၍ ယခင်နှစ်ဖက် သဘော တူညီချက်များ ဆက်လက်အ ကောင် အထည်ဖော်ရေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
လွိုင်ကော်မြို့တွင် ပြုလုပ်ခဲ့ သော တွေ့ဆုံဆွေးနွေးပွဲသို့ UPWC ဒုဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင် တက်ရောက်ခဲ့ပြီး KNPP မှ ဒုဥက္ကဋ္ဌ ခူးဦးရယ် ဦး ဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

‘‘ယခင်သဘောတူညီချက် တွေ ဘယ်လို အကောင်အထည် ဖော်မလဲဆိုတဲ့ အပိုင်းကိုဆုံးဖြတ် ချက် ခြောက်ခု၊ ခုနစ်ခုလောက် သဘောတူခဲ့တယ်။ အကြမ်း အားဖြစ်ပေါ့။ ကျွန်တော်တို့က ပြန်သုံးသပ်( Review) နေတုန်း ပါပဲ’’ဟု ခူးဦးရယ်က ဆိုသည်။

KNPP သည် ၂၀၁၂ ဇွန် လက အစိုးရနှင့် ပြည်ထောင်စုအ ဆင့် အပစ်အခတ် ရပ်စဲရေး လက် မှတ်ရေးထိုးထားသည်။

အင်အားခြောက်ရာကျော် ရှိမည်ဟု ခန့်မှန်းထားသည့် KNPP သည် ညီညွတ် သော တိုင်း ရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ (UNFC) နှင့်တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးဆိုင် ရာညှိနှိုင်းရေးအဖွဲ့ အဖွဲ့ဝင်လည်းဖြစ်သည်။

UPWC နှင့် KNPP ကိုယ်စားလှယ်အဖွဲ့တို့သည် လွိုင်ကော် မြို့တွင် ပြုလုပ် ခဲ့သော လူငယ်နှင့် ငြိမ်းချမ်းရေးဖိုရမ်သို့လည်း တက် ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

7Day

No comments:

Post a Comment