Sunday, 25 May 2014

"ယင်လတ် ရှင်နာဝတ်ကို ပြန်လွှတ်လိုက်ပြီ"


ထိုင်းစစ်တပ်က ခေါ်ယူ ထိမ်းသိမ်းထားသော ၀န်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝတ်ကို ယနေ့ ညနေပိုင်းက ပြန်လွှတ်လိုက်ပြီဟု သတင်းရရှိသည်။
သိုသော် ထိုင်းစစ်တပ် အာဏာသိမ်းမှုသည် အခြားသော စစ်အာဏာသိမ်းမှုများ ကဲ့သို့ပင် စာအုပ်ကြီး အတိုင်း ဖြစ်လာနေပြီဟု လေ့လာသူများက ဆိုသည်။ ခန့်မှန်းခဲ့ကြသည့်အတိုင်းပင် ညမထွက်ရ အမိန့်များ၊ စစ်အုပ်ချုပ်ရေး ကြေငြာချက်များ၊ ရုပ်သံမှ စစ်ချီတေး ထုတ်လွှင့်မှုများနောက်တွင် မီဒီယာ ဆင်ဆာနှင့် ဖမ်းဆီးထိမ်းသိမ်းမှုများ ပါလာသည်။နောက်ဆုံးတွင်တော့ အသင့် အနေအထား ရှိနေသော လက်နက် အပြည့်အစုံ ကိုင်ဆောင်ထားသည့် စစ်သားများက နေရာတိုင်း လိုလိုတွင် ရောက်လာခဲ့ပြီ။ ယခု အချိန်တွင် မြို့တွင်း လမ်းထောင့်မှ မက်ဒေါ်နယ်ဆိုင် ရှေ့တွင်ပင် လက်နက်ကိုင် စစ်သားအစောင့် ရှိနေပြီ ဖြစ်သည်။တဖက်ခြမ်းတွင်တော့ ညနေအတွက် စားသောက်စရာ ၀ယ်ရန် တန်းစီနေသော ပြည်သူများ ရှိသည်။ သူတို့ကြားတွင် စစ်အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း အော်ဟစ်ကာ ဆန္ဒ ဖော်ထုတ်ကြသူ လူတစ်စုက တန်းစီစောင့်ကြပ်နေသော စစ်သည်များကို ရင်ဆိုင်လျှက်ရှိသည်။မကြာမီ စစ်တပ်က ထရပ်ကားတစ်စီး ရောက်လာပြီး အသင့်တင်ဆောင်လာသော အသံလွှင့်စက်များဖြင့် စစ်ချီသီချင်းများ ဖွင့်ကာ ဆန္ဒပြသူများ၏ အသံကို ဖုံးလွှမ်းပစ်လိုက်သည်။

အခြေခံဥပဒေပြင်ဆင်ရေးကော်မတီ ၅၉(စ) ကို လက်ရှိအချိန်ထိမဆွေးနွေးရသေး

ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် အရေးကြီးသည့်အကြောင်း အရာများကို ပြင်ဆင်နိုင်ရန် ဦး စားပေးဆွေးနွေးရမည့်မူ ချမှတ် ထားသော်လည်း နိုင်ငံတော်သမ္မ တအရည်အချင်းသတ်မှတ်ချက် တစ်ခုဖြစ်သော ပုဒ်မ ၅၉(စ)ကို လက်ရှိအချိန်ထိ မဆွေးနွေးရသေးကြောင်း ကော်မတီအဖွဲ့ဝင် အချို့ထံမှ သတင်းရရှိသည်။ လက်ရှိအချိန်ထိ ကော်မတီ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်ရမည့်ပုဒ်မပေါင်း ၅၀နီး ပါးဆွေးနွေးပြီးဖြစ်သော်လည်း ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ရန် ဆွေးနွေးနိုင်သည့်အခြေအနေ မ ရောက်သေးကြောင်း ကော်မတီ အဖွဲ့ဝင်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်တစ်ဦးကပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း က ပြုလုပ်ခဲ့သော ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်နိုင်ရေးအကောင် အထည်ဖော်မှုကော်မတီ၏ အ စည်းအဝေးတွင် ပုဒ်မ၄၃၆ကိုပြင် ဆင်ရန် လွှတ်တော်သို့ တင်ပြရာတွင် ထည့်သွင်းသင့်ကြောင်း အဆိုပြုထားသည့် ပုဒ်မတစ်ခု ဖြစ်ကြောင်း နိုင်ငံရေးအသိုင်းအ ၀ိုင်းက ထောက်ပြထားသည်။

ဗဟန်းမြို့နယ်တွင် ဓာတ်ကြိုးပြတ်ကျသဖြင့် နှစ်နှစ်သားအရွယ် ကလေးတစ်ဦးအပါအ၀င် လူလေးဦး ဓာတ်လိုက်ဒဏ်ရာရ

Photo: ဗဟန်းမြို့နယ်တွင် ဓာတ်ကြိုးပြတ်ကျသဖြင့် နှစ်နှစ်သားအရွယ် ကလေးတစ်ဦးအပါအ၀င် လူလေးဦး ဓာတ်လိုက်ဒဏ်ရာရ
Sunday, May 25, 2014

ဗဟန်းမြို့နယ်တွင် ဓာတ်ကြိုးတစ်ကြိုး ပြတ်ကျသဖြင့် နှစ်နှစ်သားအရွယ် ကလေးတစ်ဦးအပါအဝင် လူလေးဦး ဓာတ်လိုက်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၂၃ ရက် ညနေ ၆ နာရီ ခန့်တွင် ဗဟန်းမြို့နယ်၊ ဆရာစံမြောက် အနောက်ရပ်ကွက်၊ မော်လမြိုင်လမ်းရှိ နေအိမ်တစ်အိမ်အတွင်း အသက် (၂ဝ) ကျော်အရွယ် မိန်းကလေးတစ်ဦးမှ နှစ်နှစ်သားအရွယ်က လေးအားချီလျက် နေအိမ်အပြင်သို့ ထွက်လာစဉ် အဆိုပါလမ်းတွင်း သွယ်တန်းထားသော ဓာတ်ကြိုးမှာ ကလေးချီထားသော အမျိုးသမီး၏လက်ပေါ်သို့ ပြုတ်ကျခဲ့ကြောင်း သိရသည်။
ယင်းသို့ ဓာတ်ကြိုးပြုတ်ကျခဲ့သဖြင့် ထိုအမျိုးသမီးမှာ ဓာတ်လိုက်ခဲ့ပြီး ကလေးမှာ ဓာတ်ကြိုးပေါ်သို့ ပြုတ်ကျသွားခဲ့ကြောင်း၊ ယင်းနောက်ကလေး၏ အဘိုးဖြစ်သူနှင့် အဘွားဖြစ်သူမှ ကလေးအား ဝင်ဆွဲစဉ် ယင်းတို့နှစ်ဦးအား ထပ်မံဓာတ်လိုက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ဓာတ်လိုက်ခဲ့သဖြင့် နှစ်နှစ်သားအရွယ်ကလေးမှာ ခန္ဓာကိုယ်တွင် အပူလောင်ဒဏ်ရာများရရှိကာ ရန်ကင်းကလေးဆေးရုံကြီးသို့ တင်ပို့ကုသထားရပြီး အဘိုးဖြစ်သူတွင်လည်း အပူလောင်ဒဏ်ရာများရရှိကာ ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသထားရကြောင်းလည်း သိရသည်။
“ကောင်မလေးက သူ့တူလေးကို ချီပြီး အိမ်ရှေ့ကို ထွက်လာတဲ့အချိန်မှာ ဓာတ်ကြိုးက ကောင်မလေးရဲ့ လက်ပေါ်ကို ပြတ်ကျ တယ်။ နောက်ပြီး ကလေးက ဓာတ်ကြိုးပေါ်ကို လွတ်ကျသွားတယ်။ အဲဒီမှာ ကလေးရဲ့ အဘိုးနဲ့အဘွားက ကလေးကိုဝင်ဆွဲတာမှာ လေးယောက်စလုံးကိုဓာတ်လိုက်တယ်။ ဒါနဲ့လမ်းထဲက ကောင်လေးတစ်ယောက်က လမ်းထိပ်မှာရှိတဲ့ ထရမ်စဖော်မာပုံးက မိန်းခလုတ်ကိုပြေးချလို့ တော်တော်လေး သက်သာသွားတာ။ ကလေးနဲ့ သူ့အဘိုးကတော့ ဒဏ်ရာတော်တော်လေးပြင်းတယ်။ ကောင်မလေး နဲ့ အဘွားဖြစ်သူကတော့ နည်းနည်းပါးပါးပဲ ဒဏ်ရာရသွားတယ်” ဟု အခင်းဖြစ်စဉ်အား မျက်မြင်ကြုံတွေ့ခဲ့သော ကိုအောင်ကျော်ဦး က ပြောကြားသည်။

အဆိုပါ အခင်းဖြစ်ပွားရာလမ်းအတွင်းရှိ ဓာတ်ကြိုးများမှာ နှစ်ကာလကြာနေပြီဖြစ်သောကြောင့် လူတွေကို အန္တရာယ်ဖြစ်နိုင်တဲ့အထိ ဟောင်းနွမ်းနေသဖြင့် လွန်ခဲ့သောတစ်နှစ်ခန့်မှစ၍ ဓာတ်ကြိုးများအား လဲလှယ်ပေးရန် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့သို့စာဖြင့် တင်ပြထားခဲ့သော်လည်း လာရောက်လဲလှယ်ပေးခြင်း မရှိခဲ့ကြောင်း သိရသည်။
“ဒီလိုဖြစ်တာကတော့ ဓာတ်ကြိုးတွေက ဟောင်းနွမ်းနေတယ်။ မကြာခဏလည်း ပြတ်ကျတယ်။ ကျွန်တော်တို့ လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ကိုလည်း ပြုပြင်ပေးဖို့ လွန်ခဲ့တဲ့နှစ်ကတည်းက စာတင်ထားတယ်။
လာရောက်ပြင်ဆင်ပေးခြင်း မရှိခဲ့ပါဘူး။ ခုလိုဖြစ်သွားတော့ လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က ဒုတိယမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရောက်လာပြီးတော့ ပြတ်ကျတဲ့ဓာတ်ကြိုးကိုလည်း လာလဲသွားတယ်။ နောက်ပြီး ဓာတ်လိုက်ခံခဲ့ရတဲ့ မိသားစုကို ငွေကြေးထောက်ပံ့ပေးပါမယ်လို့ ပြောသွားတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဟောင်းနွမ်းနေတဲ့ ဓာတ်ကြိုးတွေအကုန်လုံးကို အမြန်ဆုံး လဲပေးစေချင်ပါတယ်” ဟု ဓာတ်လိုက်ခံခဲ့ရသူများ၏ မိသားစုဝင်တစ်ဦးက ပြောကြားသည်။
ထို့အပြင် ယင်းကဲ့သို့ ထပ်မံဖြစ်ပွားမည်ကိုလည်း စိုးရိမ်နေရကြောင်း အဆိုပါ လမ်းအတွင် နေထိုင်သူများ၏ ပြောပြချက်များ အရသိရသည်။

(အခင်းဖြစ်ပွားခဲ့သည့်လမ်းအတွင်းရှိ ဟောင်းနွမ်းနေသော ဓာတ်ကြိုးများနှင့် အခင်းဖြစ်ပွားရာအိမ်အနီးရှိ ပြတ်ကျခဲ့သော ဓာတ်ကြိုးအား ပြန်လည်လဲလှယ်နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-မြင့်သူ))
Eleven Media Group
(အခင်းဖြစ်ပွားခဲ့သည့်လမ်းအတွင်းရှိ ဟောင်းနွမ်းနေသော ဓာတ်ကြိုးများနှင့် အခင်းဖြစ်ပွားရာအိမ်အနီးရှိ ပြတ်ကျခဲ့သော ဓာတ်ကြိုးအား ပြန်လည်လဲလှယ်နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-မြင့်သူ))
ဗဟန်းမြို့နယ်တွင် ဓာတ်ကြိုးတစ်ကြိုး ပြတ်ကျသဖြင့် နှစ်နှစ်သားအရွယ် ကလေးတစ်ဦးအပါအဝင် လူလေးဦး ဓာတ်လိုက်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၂၃ ရက် ညနေ ၆ နာရီ ခန့်တွင် ဗဟန်းမြို့နယ်၊ ဆရာစံမြောက် အနောက်ရပ်ကွက်၊ မော်လမြိုင်လမ်းရှိ နေအိမ်တစ်အိမ်အတွင်း အသက် (၂ဝ) ကျော်အရွယ် မိန်းကလေးတစ်ဦးမှ နှစ်နှစ်သားအရွယ်က လေးအားချီလျက် နေအိမ်အပြင်သို့ ထွက်လာစဉ် အဆိုပါလမ်းတွင်း သွယ်တန်းထားသော ဓာတ်ကြိုးမှာ ကလေးချီထားသော အမျိုးသမီး၏လက်ပေါ်သို့ ပြုတ်ကျခဲ့ကြောင်း သိရသည်။
ယင်းသို့ ဓာတ်ကြိုးပြုတ်ကျခဲ့သဖြင့် ထိုအမျိုးသမီးမှာ ဓာတ်လိုက်ခဲ့ပြီး ကလေးမှာ ဓာတ်ကြိုးပေါ်သို့ ပြုတ်ကျသွားခဲ့ကြောင်း၊ ယင်းနောက်ကလေး၏ အဘိုးဖြစ်သူနှင့် အဘွားဖြစ်သူမှ ကလေးအား ဝင်ဆွဲစဉ် ယင်းတို့နှစ်ဦးအား ထပ်မံဓာတ်လိုက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တွင် ယာဉ်ကြောကျပ်တည်းမှု အဆိုးဆုံး ၇၉ နေရာရှိ

ရန်ကုန်မြို့တွင် ယာဉ် ကြောကျပ်တည်းမှုအများဆုံးနှင့် စည်းကမ်းမဲ့ယာဉ်မောင်းနှင်မှုအ များဆုံးနေရာမှာ မြို့တွင်းပိုင်း၌ ၇၉ နေရာရှိကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှဒုရဲမှူး ကြီး လင်းထွဋ်က ပြောသည်။ ‘‘ကျွန်တော်တို့အဖွဲ့တွေထဲ က နယ်မြေတွေခွဲပြီး စစ်တမ်း ကောက်ယူချက်တွေအရ ဒီလို နယ်မြေ ၇၉ နေရာ သတ်မှတ်နိုင်ခဲ့ပါတယ်’’ ဟု ဒုရဲမှူးကြီးက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးယာဉ်ထိန်းတပ်ဖွဲ့၏ စစ်တမ်းကောက်ယူချက်များအရ အဆိုပါ ၇၉ နေရာမှာ ခရေပင်လမ်းဆုံ၊ ချော်တွင်းကုန်းလမ်းဆုံ၊ သမိုင်းလမ်းဆုံ၊ အောင်မင်္ဂလာ အဝေးပြေးအနီး၊ ဆရာစံလမ်းမ၊ ရန်ကင်း စင်တာ ရှေ့၊ ကမ္ဘာအေးဘုရားလမ်းပေါ် မှ စက်မှု ၁ လမ်းဆုံ၊ လေးထောင့် ကန်လမ်း၊ တာမွေ ဗလီထိပ်၊ တာ မွေငါးခွဆုံ၊ သုဓမ္မာ၊ ဝေဘာဂီအ နော်ရထာလမ်း အစရှိသော ရန် ကုန်မြို့၏ လမ်းဆုံလမ်းခွ ၇၉ နေရာကို ယာဉ်ကြောကျပ်တည်းမှုနေရာအဖြစ် သတ်မှတ်လိုက် ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးက မေလ ၂၄ ရက်တွင် သတင်း ထုတ်ပြန်သည်။

တရားခံပြေးလာဖမ်းသည့် ရဲနှစ်ဦးကို ရွာသားများ ၀ိုင်းရိုက်ပြီး ရဲကင်း မီးရှို့

တရားခံပြေးလာဖမ်း သော ရဲနှစ်ဦးကို ရွာသားများက ဖမ်းဆီးပြီး ရိုက်နှက်ကာ ရဲကင်း ကို မီးရှို့မှု စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်တွင် ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။
မေလ ၂၂ ရက်ညနေက ဗန်း မောက်မြို့နယ်၊ မန်စီကြီးရဲစခန်း ပိုင် နယ်မြေ လိတ်စောရဲကင်းမှ ရဲတပ်သားနှစ်ဦးသည် ဟော့ယော ကျေးရွာတွင်ရှိနေသည့် တရားခံ ပြေးတစ်ဦးအား သွားရောက်ရှာ ဖွေခဲ့ရာ မတွေ့သဖြင့် ကျေးရွာ အုပ်ချုပ်မှူးနှင့်အတူ ရွာလမ်း အတိုင်းပြန်လာစဉ် အောင်ရွှေ ဆိုသူ ဦးဆောင်သည့် ရွာသား ဆယ်ဦးခန့်က အော်ဟစ်ကာ ၀ိုင်းလာသောကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး၏ အိမ်ထဲတွင် ၀င်ပုန်းခဲ့ရသည်။

ထိုင်းနိုင်ငံတွင် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်မှု ကြီးထွားလာနေ


Photo: ထိုင်းနိုင်ငံတွင် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်မှု ကြီးထွားလာနေ
Sunday, May 25, 2014

ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် တစ်ရက်အကြာတွင် ယင်းကိုဆန့်ကျင်ဆန္ဒပြရန်အတွက် လူပေါင်း ၃ဝဝ ခန့် ဘန်ကောက်မြို့လယ်ကောင်တွင် စုဝေးခဲ့ကြသည်။ ယင်းသည် ထိုင်းနိုင်ငံအကြီးအကဲအသစ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာကို ဆန့်ကျင်သည့် အစောပိုင်းလက္ခဏာရပ်ဖြစ်ပြီး သူ့အနေဖြင့် ပိုမိုကြီးထွားလာသည့် ဆန့်ကျင်မှုများကို ရင်ဆိုင်ရဖွယ်ရှိသည်ဟု ဆိုသည်။

ထုတ်ပြန်ထားသော မာရှယ်လောအရ လူငါးယောက်ထက်ပို၍ စုဝေးခြင်းကို ပိတ်ပင်ထားသော်လည်း ဆန္ဒပြသူများသည် လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ရင်ဆိုင်ခဲ့ကြောင်း သိရသည်။ မေ ၂၂ ရက်က တော်ဝင် ထိုင်းတပ်မတော်ကလပ်ရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်စဉ် ရှပ်နီခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများ ဒါဇင်နှင့်ချီလျက်ကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

လေ့လာသုံးသပ်သူများက ထိုင်းနိုင်ငံအတွက် အကောင်းဆုံးမှာ ပြုပြင်ပြောင်းလဲမှုများနှင့် ရွေးကောက်ပွဲများ အလျင်အမြန်ပြုလုပ်ခြင်းဖြစ်ပြီး အဆိုးဆုံးမှာ စစ်အုပ်ချုပ်ရေး ကြာရှည်ကာ ဆန့်ကျင်ရေးအင်အားစုများ ကြီးထွားလာပြီး အကြမ်းဖက်မှုများ ဖြစ်ပွားလျက် မငြိမ်သက်မှုဝဲဩဃအတွင်းသို့ ထိုင်းနိုင်ငံနစ်မြုပ်သက်ဆင်းရခြင်းဖြစ်သည်ဟု ဆိုသည်။

ယခင်အစိုးရအနေဖြင့် စပါးဝယ်ယူရေးအစီအစဉ် ပျက်ကွက်ခဲ့မှုကြောင့် ထောင်ပေါင်းများစွာသော လယ်သမားများကိုပေးရန် သန်းနှင့်ချီလျက် တင်ရှိနေသောအကြွေးငွေများကို ရှာဖွေရန်အတွက် သူသည် ဗျူရိုကရေစီစနစ်ကို လိုလားကြောင်း ဗိုလ်ချုပ်ကြီး ပရာယွတ်က ပြောကြားခဲ့သည်။

သူက “ကျွန်တော်တို့ စောင့်ဆိုင်းကြရမှာပါ။ လူ့အဖွဲ့အစည်းအတွင်းမှာ အဆင်ပြေညီညွတ်မှုနဲ့ ချစ်ခြင်းမေတ္တာတရားကို  ပြန်လည်ဖန်တီးဖို့ လိုအပ်ပါတယ်” ဟု မေ ၂၃ ရက်က သံတမန်များနှင့် တွေ့ဆုံရာ၌ ပြောကြားခဲ့သည်။ သူက အဓိက ပြုပြင်ပြောင်းလဲရေးအဖြစ် ရွေးကောက်ပွဲစနစ်ကို  ပထမဆုံးပြောင်းလဲရန် လိုအပ်ကြောင်းလည်း အထူးပြုပြောကြားခဲ့သည်။

ထိုင်းအထက်လွှတ်တော်ကို ဖျတ်သိမ်း

အထက်လွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း အာဏာသိမ်းစစ်တပ်က ရုပ်သံမှ ကြေညာခဲ့ပြီး ဥပဒေပြုရေးအာဏာအလုံးစုံကို ဗိုလ်ချုပ်ကြီး ပရာယွတ်ကို ပေးအပ်ခဲ့သည်။ ပရာယွတ်သည် အာဏာသိမ်းမှုနှင့် ပတ်သက်သည့် စာတစ်စောင်ကို ထိုင်းဘုရင်ကြီး ဘူမိဘောအဒူလျာဒက်ပေးပို့ခဲ့ကြောင်း ထိုင်းစစ်တပ်က ပြောကြားခဲ့သည်။  အသက် ၈၆ နှစ်အရွယ် ဘုရင်ကြီးသည် ပရာယွတ်၏ စာကို အသိအမှတ်ပြုခဲ့ကြောင်း စစ်ဘက်က ပြောကြားခဲ့သော်လည်း ထိုင်းဘုရင့်နန်းတော်သည် အာဏာသိမ်းမှုနှင့် ပတ်သက်၍ မည်သည့်ကြေညာချက်ကိုမျှ ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

မေ ၂၄ ရက်က ဘန်ကောက်မြို့ရှိ ဆန္ဒပြပွဲတစ်ခုတွင် ထိုင်းစစ်သားများပေါ်ကျော်၍ မေ၂၄ ရက်က ဘန်ကောက်မြို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြနေကြသူများကို တွေ့ရစဉ် (Photo: AFP)ဆန္ဒပြသူများက စာတန်းများ ကိုင်မြှောက်ပြစဉ်
 Eleven Media Group
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြနေကြသူများကို တွေ့ရစဉ်
ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် တစ်ရက်အကြာတွင် ယင်းကိုဆန့်ကျင်ဆန္ဒပြရန်အတွက် လူပေါင်း ၃ဝဝ ခန့် ဘန်ကောက်မြို့လယ်ကောင်တွင် စုဝေးခဲ့ကြသည်။ ယင်းသည် ထိုင်းနိုင်ငံအကြီးအကဲအသစ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာကို ဆန့်ကျင်သည့် အစောပိုင်းလက္ခဏာရပ်ဖြစ်ပြီး သူ့အနေဖြင့် ပိုမိုကြီးထွားလာသည့် ဆန့်ကျင်မှုများကို ရင်ဆိုင်ရဖွယ်ရှိသည်ဟု ဆိုသည်။

ပြည်သူလူထု သဘောတူညီချက် မပါဝင်ဘဲ ကျောက်ဖြူ-ကူမင်း ရထားလမ်းပိုင်းကို ဖောက်လုပ်မည်မဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

Photo: ပြည်သူလူထု သဘောတူညီချက် မပါဝင်ဘဲ ကျောက်ဖြူ-ကူမင်း ရထားလမ်းပိုင်းကို ဖောက်လုပ်မည်မဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Sunday, May 25, 2014

ပြည်သူလူထု၏ သဘောတူညီချက်မပါဘဲ ကျောက်ဖြူ-ကူမင်း ရထားလမ်းပိုင်းကို ဖောက်လုပ်မည်မဟုတ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက မေ ၂၄ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။

လက်ရှိတွင် တရုတ်နိုင်ငံဘက်နှင့် မြန်မာနိုင်ငံအတွင်းသို့ ဖောက်လုပ်သွားမည့် ရထားလမ်းစီမံကိန်းအတွက် ပဏာမအဆင့်သာ သဘောတူညီချက်ရယူထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ဆက်လက်ပြောကြားသည်။

ကနဦး ရထားပို့ဆောင်ရေးဝန်ကြီးဌာန တာဝန်ရှိသူများ၏ ပြောကြားချက်များတွင်လည်း ကျောက်ဖြူ-ကူမင်း ရထားလမ်းပိုင်းကို ဖောက်လုပ်ရန် ပြန်လည်စိစစ်မှုများ ပြုလုပ်နေပြီးနောက် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ အတိအကျ ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက “ခေတ်စနစ်ကလည်း ဒီဘက်ကို ပြောင်းလာတယ်။ပြည်သူလူထုရဲ့လိုလားချက်၊ လက်ခံမှုနိုင်မှုတွေ မပါဝင်ဘဲ ဒီလမ်းပိုင်းကို ဖောက်လုပ်မှာ မဟုတ်တဲ့အတွက် မစိုးရိမ်ကြပါနဲ”ဟုပြောကြားခဲ့သည်။

ကျောက်ဖြူ-ကူမင်း ရထားလမ်းမှာ တရုတ်နိုင်ငံဘက်မှ ကုန်ကျမည့် စရိတ်အများစုကို ရင်းနှီးဆောက်လုပ်မည်ဖြစ်ပြီး နှစ် ၅ဝ ကြာမြင့်မည်ဖြစ်သော ဘီအိုတီစီမံကိန်းဖြစ်ကြောင်းလည်း MoU စာချုပ်တွင် ဖော်ပြထားကြောင်း သိရသည်။

သို့သော် အဆိုပါ ရထားလမ်းစီမံကိန်းမှာ မြန်မာနိုင်ငံအတွင်းရှိ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့ကို ဖြတ်ကာ ဖောက်လုပ်မည့်စီမံကိန်း ဖြစ်သောကြောင့် နိုင်ငံ၏အချုပ်အခြာအာဏာအပြင် စီမံကိန်းကြောင့် ဆိုးကျိုးရလဒ်များ ထိခိုက်လာနိုင်ကြောင်း လူမှုအဖွဲ့အစည်းများမှ ထောက်ပြဝေဖန်ထားသည့်အပြင် အဆိုပါစီမံကိန်းအတွက် ကန့်ကွက်ဆန္ဒပြမှုများနှင့် နိုင်ငံရေးပါတီအချို့၏ သဘောတူညီမှု မရှိကြောင်း ကြေညာချက်များလည်း ထုတ်ပြန်ထားမှုများ ရှိခဲ့သည်။

တရုတ်နိုင်ငံမှ ရထားလမ်းစီမံကိန်းအပြင် ကားလမ်းကိုပါ ဖောက်လုပ်ရန် မြန်မာနိုင်ငံဘက်မှ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းနေကြောင်း၊ လက်ရှိတွင် ကားလမ်းဖောက်လုပ်ရန် ဖြစ်နိုင်ခြေ အကြိုလေ့လာမှုများ ပြီးစီးနေပြီဖြစ်ကြောင်း၊ ဆောက်လုပ်မှုအပိုင်းနှင့် ပတ်သက်၍ ဆက်လက်ညှိနှိုင်းရန် ကျန်ရှိနေသေးကြောင်း သိရသည်။

ကျောက်ဖြူ-ကူမင်း ရထားလမ်းစီမံကိန်းကို ယခင် ရထားပို့ဆောင်ရေးဝန်ကြီးဟောင်းဖြစ်သူ ဦးအောင်မင်း၊ တာဝန်မှ အနားယူခဲ့သော ဒုတိယသမ္မတ သီဟသူရတင်အောင်မြင့်ဦးတို့ ဦးဆောင်ကာ တရုတ်နိုင်ငံဘက်မှ Chian Railway Engineering Corporation (CREC) တို့နှင့် ၂ဝ၁၁ ခုနှစ် ဧပြီလအတွင်းက နားလည်မှုစာချွန်လွှာ MoU စာချုပ် ရေးထိုးခဲ့ခြင်းဖြစ်ပြီး စီမံကိန်းအတွင်း အမေရိကန်ဒေါ်လာ ဘီလျံ ၂ဝ ခန့် အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။

စာချုပ်ရေးထိုးခဲ့စဉ်တွင် တရုတ်ဘက်မှ သုံးနှစ်အတွင်း အဆိုပါစီမံကိန်းကို အပြီးသတ်လုပ်ဆောင်နိုင်မည်ဟု ကြေညာမှုများရှိခဲ့ပြီး လက်ရှိအချိန်တွင်မှု မြန်မာနိုင်ငံနှင့် လုပ်ငန်းလုပ်ဆောင်ရန် သဘောတူညီချက် MOA  စာချုပ်ရေးထိုးမှု မပြုလုပ်ရသေးကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး မီဒီယာများနှင့်တွေ့ဆုံစဉ်(ဓာတ်ပုံ-အောင်ရဲကို)
Eleven Media Group
ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး မီဒီယာများနှင့်တွေ့ဆုံစဉ်(ဓာတ်ပုံ-အောင်ရဲကို)

ပြည်သူလူထု၏ သဘောတူညီချက်မပါဘဲ ကျောက်ဖြူ-ကူမင်း ရထားလမ်းပိုင်းကို ဖောက်လုပ်မည်မဟုတ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက မေ ၂၄ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ငြိမ်းချမ်းရေးလိုချင်လျှင် အမှန်တကယ်ရိုးသားရန်လိုကြောင်း သူရဦးရွှေမန်းပြောကြား

ပြည်ထောင်စု အစိုးရအဖွဲ့နှင့် တိုင်းရင်းသား အဖွဲ့အစည်းများအကြား ဆွေး နွေးလျက်ရှိသော ပြည်တွင်းငြိမ်း ချမ်းရေးလိုချင်လျှင် အမှန် တကယ်ရိုးသားရန်လိုအပ် ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကပြောကြားသည်။
‘‘ငြိမ်းချမ်းရေးကိုလိုချင်ရင် တကယ်ရိုးသားဖို့လိုတယ်’’ ဟု နေပြည်တော်ဇေယျာသီရိမြို့နယ် မှ အုပ်ချုပ်ရေးအဖွဲ့အစည်းဝင် များ၊ တက္ကသိုလ်ပါမောက္ခချုပ် များ၊ ကျောင်းသား၊ ကျောင်းသူ များ၊ ရပ်မိရပ်ဖများနှင့် မေလ ၂၄ ရက်တွင်တွေ့ဆုံရာ၌ သူရ ဦးရွှေမန်းက ထိုကဲ့သို့ပြောကြား ခဲ့ခြင်းဖြစ်သည်။ထို့အပြင် ငြိမ်းချမ်းရေးရရှိ ရန်ကြိုးစားရာတွင်လည်း ပါးစပ် ဖြင့်ပြောနေရုံနှင့်မလုံလောက် ကြောင်း ၎င်းကဆက်လက်ပြော ကြားသည်။ ‘‘ငြိမ်းချမ်းရေးကို ပါးစပ်နဲ့လိုချင်လို့မရဘူး။ တချို့ က ငြိမ်းချမ်းရေးကိုပါးစပ်နဲ့လိုချင်ပြီး လက်တွေ့မှာအခုလိုနေခြင်း ဟာ သူတို့အတွက်ပိုပြီးအကျိုးရှိ တယ်ဆိုတဲ့ပုံစံမျိုးတွေရှိတယ်’’ဟု ၎င်းကပြောကြားခဲ့သည်။
တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးကြိုးစားရာ၌ မူမတူ ခြင်း၊ ပါတီကွဲခြင်းကို ရန်သူကဲ့ သို့သဘောထားလျှင်လည်း မှား လိမ့်မည်ဖြစ်ကြောင်း ယခင်က လည်း လွဲခဲ့၊ မှားခဲ့ကြောင်း သူရ ဦးရွှေမန်းကပြောကြားသည်။

စစ်တပ်က မီဒီယာကိုထိန်းချုပ်ထား၍ ထိုင်းတွင် ဂျာနယ်လစ်များ ဖုန်း၊ လူမှုကွန်ရက်များဖြင့် သတင်းပို့ခြင်းပြုလုပ်လာ

Photo: စစ်တပ်က မီဒီယာကိုထိန်းချုပ်ထား၍ ထိုင်းတွင် ဂျာနယ်လစ်များ ဖုန်း၊ လူမှုကွန်ရက်များဖြင့် သတင်းပို့ခြင်းပြုလုပ်လာ
Sunday, May 25, 2014

ထိုင်းနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ပိုင်း ညမထွက်ရအမိန့် ထုတ်ထား ပြီး မီဒီယာကို ထိန်းချုပ်မှုများ တင်းကျပ်လာသဖြင့် သတင်းလိုက်ခြင်း နှင့် ပေးပို့ခြင်း၊ ရုပ်သံထုတ်လွှင့် ခြင်းများ မလုပ်နိုင်ဘဲ ဖြစ်နေရာ ထိုင်းပြည်တွင်း သတင်းထောက်အချို့သည် မိုဘိုင်းဖုန်းများ၊ လူမှုကွန်ရက်များမှတစ်ဆင့် ၎င်းတို့ရရှိသော သတင်းများ၊ ဗီဒီယိုဖိုင်များကို ဖြန့်ဝေခြင်း၊ သတင်းပို့ တင်ပြခြင်းများကို လုပ်ဆောင် လာရသည်။

ထိုင်းနိုင်ငံတွင် အာဏာ သိမ်းပြီးနောက် ရုပ်သံလွှင့်ရုံတော် တော်များများကို စစ်တပ်က ထိန်း ချုပ်ထားခဲ့ပြီး ထုတ်လွှင့်မှုများတွင်လည်း စစ်တပ်က အတည်ပြု သည့်၊ ခွင့်ပြုသည့် သတင်းများကို သာ ထုတ်လွှင့်နေရသည်။

‘‘အပြင်မှာ လျှောက်သွားနေ တဲ့ ဂျာနယ်လစ်တစ်ဦးအနေနဲ့ နေရာတစ်ခုကိုရောက်လို့ ဘာတွေဖြစ်နေတယ်ဆိုတာကို လူတွေကို ပြောချင်ပါတယ်။ ပုဂ္ဂိုလ်တစ်ဦး ချင်းအနေနဲ့လည်း ကျွန်တော့်မှာ တွစ်တာ၊ ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်တို့လို လူမှုကွန်ရက်စာမျက် နှာတွေ ရှိပါတယ်။ ဒီတော့ အင် စတာဂရမ် ဗီဒီယိုတွေသုံးပြီး နေ ရာမျိုးစုံကနေ သတင်းပို့ပါတယ်’’ ဟု ဂျာနယ်လစ် သပ်ပနီလတ်ဆရီချိုင်းက ပြောသည်။

ထိုင်းနိုင်ငံတွင် အာဏာ သိမ်းပြီးနောက် သတင်းစီးဆင်းမှု များကို တင်းကျပ်စွာထိန်းချုပ်လာ မှုကြောင့် လူအများကြား လူမှုမီဒီ ယာအသုံးပြုမှုမှာ တစ်ဟုန်ထိုး တက်လာခဲ့သည်။

ယင်းနှင့်အတူ ကောလာဟ လ ပျံ့နှံ့မှုများလည်း ပိုများခဲ့ရာ ဂျာနယ်လစ်များကြား သတင်းမှား များ ပြန့်ပွားလာမှုကို စိုးရိမ်မှုများ လည်း ရှိနေသည်။

‘‘ကျွန်တော်တို့ စိုးရိမ်တဲ့ တကယ့်ပြဿနာက လူမှုမီဒီယာ ပေါ်မှာ ကောလာဟလတွေ ပျံ့နှံ့ နေတာပါ။ ဂျာနယ်လစ်တွေအနေ နဲ့ ကျွန်တော်တို့ ဒါကိုတားဆီးရပါ မယ်။ အခြေအနေကို ပျက်စီးစေ မယ့် သတင်းမှားတွေကို မဖြန့်သင့်ပါဘူး။ သတင်းရေးရင် အချက်အ လက်တွေအပေါ်မှာ မှန်ကန်စွာ ရေးသားရပါမယ်’’ဟု ထိုင်း ဂျာနယ်လစ်တစ်ဦးဖြစ်သည့် ပန် ပမ်လန်လွမ်ကလည်း ပြောသည်။

လက်ရှိတွင်မူ ထိုင်းစစ်တပ် သည် သတင်းစီးဆင်းမှုများ ထိန်းချုပ်ခြင်းဖြင့် နိုင်ငံရေးပဋိပက္ခ များကို ဖြေရှင်းနိုင်မည်ဟု ယုံ ကြည်နေသော်လည်း ထိုနည်းမှာ ရေရှည်တွင် ထိရောက်မှုရှိ၊ မရှိ စောင့်ကြည့်ရမည်ဟု ဆိုထား သည်။

စနေနေ့ ဘန်ကောက်ပို့စ် သတင်းတွင်လည်း ထိုင်း၌ စီအင်န်အင်န် ရုပ်သံထုတ်လွှင့်မှု ပိတ် ပင်ထား၍ ယင်းရုပ်သံက ထိုင်း ပြည်သူများအနေဖြင့် ၎င်းတို့တွင် ဖြစ်ပေါ် ကြုံတွေ့နေရသော သတင်းများအား တွစ်တာကဲ့သို့ လူမှုကွန်ရက်များမှတစ်ဆင့် ပေး ပို့နိုင်ကြောင်း ဖိတ်ခေါ်ထားသည် ကို ပြန်လည်တင်ပြထားသည်။

ထိုင်းစစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်၍ တက်ကြွလှုပ်ရှားသူများ ချီတက်ကန့်ကွက်စဉ်အတွင်း ဘန်ကောက်မြို့လမ်းမတစ်ခုတွင် လုံခြုံရေးယူထားသော စစ်သားများကို မေလ ၂၄ ရက်က တွေ့ရစဉ် (PONGMANAT TASIRI/EPA)
—Ref: CNA/Bangkokpost

7Day Daily
ထိုင်းနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ပိုင်း ညမထွက်ရအမိန့် ထုတ်ထား ပြီး မီဒီယာကို ထိန်းချုပ်မှုများ တင်းကျပ်လာသဖြင့် သတင်းလိုက်ခြင်း နှင့် ပေးပို့ခြင်း၊ ရုပ်သံထုတ်လွှင့် ခြင်းများ မလုပ်နိုင်ဘဲ ဖြစ်နေရာ ထိုင်းပြည်တွင်း သတင်းထောက်အချို့သည် မိုဘိုင်းဖုန်းများ၊ လူမှုကွန်ရက်များမှတစ်ဆင့် ၎င်းတို့ရရှိသော သတင်းများ၊ ဗီဒီယိုဖိုင်များကို ဖြန့်ဝေခြင်း၊ သတင်းပို့ တင်ပြခြင်းများကို လုပ်ဆောင် လာရသည်။

အမြန်လမ်းမကြီးတွင် ရာဇာမင်းခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်စဉ်မှ သေဆုံးသူ ၁၆ ဦးအထိ ရှိလာ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ရာဇာမင်းခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်စဉ်၌ သေ ဆုံးသူ ၁၆ ဦးအထိ ရှိလာပြီး ဆေးကုသခံယူနေသူနှစ်ဦး၏ ကျန်းမာရေးအခြေအနေမှာ အသက်အန္တရာယ် စိုးရိမ်ဖွယ်မရှိတော့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ မေ ၂၄ ရက် ညနေပိုင်းတွင် စုံစမ်းသိရသည်။

Saturday, 24 May 2014

ပြည်ပတွင် စင်ပြိုင်အစိုးရတစ်ရပ် ဖွဲ့စည်းရန် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် စီစဉ်နေ


ညီမဖြစ်သူ ယင်လပ်ဦးဆောင်သောအစိုးရကို ဖြုတ်ချခံရပြီး စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ပြည် ပရောက် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာက အာဏာသိမ်းစစ်တပ်နှင့် စင်ပြိုင်အစိုးရ တစ်ရပ် ကို ပြည်ပတွင် ဖွဲ့စည်းသွားရန် စီစဉ်နေကြောင်း ထုတ်ဖေါ် ပြောကြားခဲ့သည်။

ကန့်ဘလူမြို့နယ်တွင် ကျောက်စိမ်း (၄၂) ပိဿာ (၆၀)ကျပ်သား ဖမ်းဆီးရမိ

Photo: ကန့်ဘလူမြို့နယ်တွင် ကျောက်စိမ်း (၄၂) ပိဿာ (၆၀)ကျပ်သား ဖမ်းဆီးရမိ
Saturday, May 24, 2014

ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ စံပါယ်နံ့သာကျေးရွာတွင် မေ(၂၀)ရက် နံနက်(၅)နာရီခန့်က မြစ်ကြီးနားဘက်မှ ရွှေဘို ဘက်သို့ ယာဉ်မောင်း ဦးရှောက်မျှင် မောင်းနှင်လာသော တိုယိုတာလင်ခရုဇာ အစိမ်းရောင်ပေါ်မှ အဝါ ရောင် တိတ်များဖြင့် ပတ်ထားသော ကျောက်စိမ်းအရိုင်းတုံးဟု ထင်ရသော အလေးချိန် (၄၂)ပိဿာ (၆၀) ကျပ်သား ခန့် သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

အမှုမှာ မေ(၁၉)ရက်က ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ကန့်ဘလူမြို့နယ် ရဲတပ်ဖွဲ့မှူးတို့၏ အနီးကပ် ကြီးကြပ်မှုဖြင့် ခရိုင်ရဲတပ်ဖွဲ့ အထူးဒုစရိုက် နှိမ်နှင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ် ဇော်အောင်ထွန်း၊ ဒုရဲအုပ် အောင်လင်းနှင့်အဖွဲ့၊ စံပါယ်နံ့ သာရဲကင်းမှူးနှင့်အဖွဲ့၊ စစ်မက်ရေးရာ လုံခြုံရေအဖွဲ့မှ တပ်ကြပ် စိုးဋ္ဌေး၊ စံပါယ်နံ့သာကျေးရွာ အုပ်ချုပ် ရေးမှူး၊ တောအုပ် စိုးဝင်းနိုင်တို့နှင့်အဖွဲ့သည် ပူးပေါင်း၍ သက်သေများနှင့်အတူ ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာ ကားလမ်း မိုင်တိုင်အမှတ် (၄၇/၀) စံပါယ်နံ့သာ မောင်းတံဂိတ်၌ တရားမဝင် သယ်ဆောင်လာသည့် သစ် မျှောများနှင့် မသင်္ကာဖွယ်ရာ ယာဉ်များအား စစ်ဆေးရှာဖွေလျှက်ရှိစဉ် မေ (၂၀)ရက် နံနက် (၅)နာရီက မြစ်ကြီး နားမှ ရွှေဘိုဘက်သို့ ယာဉ်မောင် ဦးရှောက်မျှင် (၄၅)နှစ်၊ မောင်းနှင်လာသည်။

ယာဉ်ပေါ်တွင် ဦးခွန်တာမွန် (၅၄)နှစ်၊ ဦးအောင်သန်း (၄၆)နှစ်၊ ဦးမောင်ဆန်း (၄၂)နှစ် တို့ စီးနှင်း လိုက်ပါ လာသော တိုယိုတာလင်ခရုဇာ အစိမ်းရောက်ယာဉ်အမှတ် ၄ဂ/၆၀၉၉ အားစစ်ဆေးရာ အဝါရောင် တိတ်များဖြင့် ပတ်ထားသော ကျောက်စိမ်းအရိုင်းတုံး၊ အကြီးအသေးရောရာ အလေးချိန် (၄၂)ပိဿာခန့် တွေ့ရှိ သိမ်းဆည်း ရမိသည်။

ကန့်ဘလူရဲစခန်းသို့ ခေါ်ဆောင်လာပြီး အမှုဖြင့် ဆက်လက်ရှာဖွေခဲ့ရာ ယာဉ် အနောက်ခန်းအတွင်းမှ ကျောက်စိမ်း အရိုင်းတုံး (၁)ထုပ်၊ အလေးချိန် (၆၀)ကျပ်သားခန့် ထပ်မံတွေ့ရှိ သိမ်းဆည်း ရမိသည်။ ဦးရှောက်မျှင် အပါအဝင် (၄)ဦးတို့အား ကန့်ဘလူရဲစခန်း (ပ)အမှတ် ၁၄၀/၂၀၁၄ မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေ ပုဒ်မ ၄၂(က) အရ ဆက်လက်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar
ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ စံပါယ်နံ့သာကျေးရွာတွင် မေ(၂၀)ရက် နံနက်(၅)နာရီခန့်က မြစ်ကြီးနား ဘက်မှ ရွှေဘို ဘက်သို့ ယာဉ်မောင်း ဦးရှောက်မျှင် မောင်းနှင်လာသော တိုယိုတာလင်ခရုဇာ အစိမ်းရောင်ပေါ်မှ အဝါ ရောင် တိတ်များဖြင့် ပတ်ထားသော ကျောက်စိမ်းအရိုင်းတုံးဟု ထင်ရသော အလေးချိန် (၄၂)ပိဿာ (၆၀) ကျပ်သား ခန့် သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

အခြေခံဥပဒေ ပြင်ဆင်ရေး တပ်မတော်နဲ့ နားလည်မှုယူဖို့ NNDP တိုက်တွန်း

Photo: အခြေခံဥပဒေ ပြင်ဆင်ရေး တပ်မတော်နဲ့ နားလည်မှုယူဖို့ NNDP တိုက်တွန်း
Saturday, May 24, 2014

တပ်မတော်နဲ့ နားလည်မှု မယူနိုင်ရင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်ရဦးမယ်လို့ အမျိုးသားဒီမိုကရေစီပါတီသစ် NNDP ရဲ့ ဥက္ကဌ ဦးသိန်းညွှန့်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီပါတီသစ်ရုံးချုပ်မှာ ပြုလုပ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပါတီရဲ့ သဘောထားကို ရှင်လင်းပွဲမှာ အခုလိုပြောကြားခဲ့တာပါ။

"အခု အခြေခံဥပဒေကို ပြင်ဖို့၊ ဒီမိုကရေစီစံနှုန်းတွေရဖို့၊ လူ့အခွင့်အရေးတွေ တိုးတက်ဖို့ဆိုတာ အမျိုးသားပြန်လည်သင့်မြတ်ရေးရမှပဲ ကျနော်တို့လုပ်လို့ရမယ်၊ အဲဒါအချုပ်ပြောရရင် တပ်မတော်မပါရင် သို့မဟုတ် တပ်မတောနဲ့ နားလည်မှု မယူနိုင်ရင် ကျနော်တို့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ရှေ့တိုးတဲ့အခါမှာ အခက်အခဲတွေ အများကြီးတွေ့ရပါမယ်"

ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ ဒီမိုကရေစီအင်အားစုတွေအကြား သဘောထားကွဲလွဲမှုတွေ ရှိနေတယ်လို့လည်း ပြောခဲ့သလို အမျိုးသား ဒီမိုကရေစီပါတီသစ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ တပ်မတော် ကိုယ်စားလှယ်တွေနဲ့ပါ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

RFA Burmese
တပ်မတော်နဲ့ နားလည်မှု မယူနိုင်ရင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်ရဦးမယ်လို့ အမျိုးသားဒီမိုကရေစီပါတီသစ် NNDP ရဲ့ ဥက္ကဌ ဦးသိန်းညွှန့်က ဒီကနေ့ ပြောကြား လိုက် ပါတယ်။

အလေးအနက်ထားပါ ကျမ်းသစ္စာ

Photo: အလေးအနက်ထားပါ ကျမ်းသစ္စာ
Saturday, May 24, 2014
 
ကျောက်ပန်းတောင်း မှာ မေလ ၂၀ ရက်နေ့က ကာချုပ် ဦးမင်းအောင်လှိုင် ပြောသွားတယ်ဆိုတဲ့ မိန့်ခွန်းတစ်ခုကို Facebook ပေါ်မှာ ဖတ်လိုက်ရတာ ကြောင့် စဉ်းစားမိတာလေးတွေကို ချရေးလိုက်ပါတယ်။ ကာချုပ်ပြောသွားတဲ့ အထဲမှာ မှတ်မှတ်ရရ ဖြစ်သွားတဲ့ အကြောင်းအရာကတော့ “တပ်မတော် သားများဟာ အသက်ခန္ဓာ စွန့်လွှတ် ပေးဆပ်ရမှု များစွာဖြင့် တာဝန် ထမ်းဆောင် ရမည်ကို သိရှိသော်လည်း မိမိသဘောဆန္ဒ အလျောက် တပ်မတော်သို့ ဝင်ရောက်သူများ ဖြစ်ကြောင်း၊ တပ်မတော်သို့ စတင် ဝင်ရောက် စဉ်ကပင် နိုင်ငံတော် အတွက် အသက်ခန္ဓာ စွန့်လွှတ်ရန် အလံကိုင်ကျမ်းကျိန်သစ္စာဆိုရ သကဲ့သို့ နေ့စဉ်သစ္စာ အဓိဋ္ဌာန် လေးချက်ကို ရွတ်ဆိုနေသူများဖြစ်၍ ယင်းသို့ ကျမ်းသစ္စာ ကျိန်ဆို တာဝန်ထမ်းဆောင် နေသူများသည် ဥပဒေအား လေးစား လိုက်နာသူ၊ စည်းကမ်း ကောင်းမွန်သူများ ဖြစ်ရန် လိုကြောင်း” ပြောဆိုခဲ့တဲ့ တာဖြစ်ပါတယ်။
 
စစ်သားတွေက တိုင်းပြည်အတွက် အသက်ခန္ဓာစွန့်လွှတ်ပါမယ်ဆိုပြီး နိုင်ငံတော်အလံကို ကိုင်ကာ ကျမ်းကျိန်ဝင်လာတဲ့အပြင် နေ့တိုင်းလည်း ကျမ်းသစ္စာကျိန်ဆိုနေရတာကြောင့် ဥပဒေကို လေးစားလိုက်နာဖို့နဲ့ စည်းကမ်းကောင်းဖို့ ပိုပြီးလိုအပ်တယ်လို့ ကာချုပ်က ပြောသွားတာပါ။ စစ်သားတွေအပြင် တခြားဝန်ထမ်းတွေရော ကျမ်းကျိန်ရတာရှိလားဆိုပြီး ကျွန်တော် လေ့လာကြည့်တော့ လုံခြုံရေးဝန်ထမ်း ရဲတွေ၊ တရားစီရင်ရေး မဏ္ဍိုင်က တရားသူသကြီးတွေနဲ့ ရှေ့နေတွေ၊ ဥပဒေပြုမဏ္ဍိုင်က လွှတ်တော် အမတ်တွေ လည်း ကျမ်းသစ္စာကျိန်ဆိုရတယ်လို့ သိရပါတယ်။ ဒါပေမယ့် တရားသူကြီးနဲ့ ရှေ့နေတွေက တရားစီရင် အမှုစစ်ချိန်မှသာ ကျိန်ဆိုရပြီး လွှတ်တော် အမတ်တွေကတော့ ၅ နှစ်မှာ တစ်ကြိမ်ပဲ ကျိန်ဆိုရတယ်လို့ သိရပါတယ်။ စစ်သားတွေလိုမျိုး နေ့တိုင်း သစ္စာဆိုရတာမျိုး မရှိသလို သက်ဆိုင်ရာ အကြီးအကဲတွေကလည်း သစ္စာဆိုထားတာကြောင့် ဥပဒေလေးစားလိုက်နာဖို့နဲ့ စည်းကမ်းကောင်းဖို့ သတိပေးတာမျိုးကိုတော့ မတွေ့ရပါဘူး။
 
စဉ်းစားမိတာက စစ်တပ်မှာ ခေါင်းဆောင်ကစပြီး ကျမ်းသစ္စာကျိန်ဆိုတာကို  အလေးအနက်ထားပြီး ကိုယ်တိုင်က ဥပဒေနဲ့ စည်းကမ်းကို လေးစားလိုက်နာ နေပေမယ့် လွှတ်တော်အမတ်တွေက တစ်ခါ ကျမ်းကျိန်ပြီးတော့ မေ့သွား သလို ပါပဲ။ နောက်ပိုင်းမှာ ၎င်းတို့ကိုယ်တိုင်က လေးစားလိုက်နာတာမျိုး မရှိတော့တဲ့အပြင် ဥပဒေမဲ့လုပ်ရပ်တွေကို တဖက်လက်နဲ့ အားပေးနေတာ တွေ တွေ့လာရပါတယ်။ တရားစီရင်ရေး မဏ္ဍိုင်ကတော့ ပြောစရာမလိုအောင် နာမည်ပျက်နေပါတယ်။
 
အသက်နဲ့ ခန္ဓာစွန့်ဖို့ ကျမ်းကျိန်ထားတဲ့ စစ်သားတွေကတောင် ကျန်းသစ္စာကို ဖောက်ဖျက်ရမှာ မကြောက်တာကို တခြားသူတွေအနေနဲ့လည်း ကျိန်ဆို ထားတဲ့ အတိုင်း လေးစားလိုက်နာသင့်ပါတယ်။ ကျမ်းသစ္စာဆိုတယ်ဆိုတာ သာမန် စကားပြောတာမျိုးမဟုတ်ပဲ ကျမ်းစာရွက် (သို့မဟုတ်) ကျမ်းစာအုပ်ကို ကိုင်၍လည်းကောင်း၊ အလံကို ကိုင်၍လည်းကောင်း ကျိန်ဆိုခဲ့ရတာဖြစ်တာ ကြောင့် အလေးအနက်ထားသင့်တဲ့ အပြင် ကျမ်းစူးတယ်ဆိုတဲ့ စကားလည်း ရှိတာကြောင့် အခြား မဏ္ဍိုင်များအနေနဲ့ စစ်တပ်လိုမျိုး သစ္စာစကားကို အလေးထားပြီး ဥပဒေကို လေးစားလိုက်နာသင့်တယ်လို့ ယူဆမိပါတယ်။
 
(အညတရ စာရေးဆရာ တစ်ဦး)
Myanmar Female Soldiers
ကျောက်ပန်းတောင်း မှာ မေလ ၂၀ ရက်နေ့က ကာချုပ် ဦးမင်းအောင်လှိုင် ပြောသွားတယ်ဆိုတဲ့ မိန့်ခွန်း တစ်ခုကို Facebook ပေါ်မှာ ဖတ်လိုက်ရတာ ကြောင့် စဉ်းစားမိတာလေးတွေကို ချရေးလိုက်ပါတယ်။ ကာချုပ်ပြောသွားတဲ့ အထဲမှာ မှတ်မှတ်ရရ ဖြစ်သွားတဲ့ အကြောင်းအရာကတော့ “တပ်မတော် သားများဟာ အသက်ခန္ဓာ စွန့်လွှတ် ပေးဆပ်ရမှု များစွာဖြင့် တာဝန် ထမ်းဆောင် ရမည်ကို သိရှိသော်လည်း မိမိသဘော ဆန္ဒအလျောက် တပ်မတော်သို့ ဝင်ရောက်သူများ ဖြစ်ကြောင်း၊ တပ်မတော်သို့ စတင်ဝင်ရောက်စဉ် ကပင် နိုင်ငံတော် အတွက် အသက်ခန္ဓာ စွန့်လွှတ်ရန် အလံကိုင်ကျမ်းကျိန်သစ္စာဆိုရ သကဲ့သို့ နေ့စဉ် သစ္စာ အဓိဋ္ဌာန် လေးချက်ကို ရွတ်ဆိုနေသူများဖြစ်၍ ယင်းသို့ ကျမ်းသစ္စာ ကျိန်ဆို တာဝန်ထမ်းဆောင် နေသူများ သည် ဥပဒေအား လေးစား လိုက်နာသူ၊ စည်းကမ်း ကောင်းမွန်သူများ ဖြစ်ရန် လိုကြောင်း” ပြောဆိုခဲ့တဲ့ တာဖြစ်ပါတယ်။

ဦးဝီရသူရဲ့ ဖေ့စ်ဘုတ်အကောင့် ပိတ်သိမ်းသွား

Photo: ဦးဝီရသူရဲ့ ဖေ့စ်ဘုတ်အကောင့် ပိတ်သိမ်းသွား
Saturday, May 24, 2014 
 
ဒီနေ့ အွန်လိုင်းပေါ်မှာ လက်ဆင့်ကမ်းပြီး လူပြောများနေကြတာကတော့ မန္တလေး မစိုးရိမ်တိုက်သစ်က ဦးဝီရသူရဲ့ ဖေ့စ်ဘုတ်အကောင့် ကို ပိတ်သိမ်းသွားတဲ့ အသိပေးကြေညာချက်အကြောင်းပါဘဲ။ 

အခုလို ဦးဝီရသူက သူ့ရဲ့ လူမှုကွန်ရက်ဖေ့စ်ဘုတ်အကောင့်ကို ပိတ်သိမ်းရတာဟာ အမျိုး၊ ဘာသာ၊ သာသနာ အကျိုးကို ဆထက်တံပိုး ပိုတိုး လုပ်နိုင်ဖို့အတွက်ဖြစ်တယ်လို့ အသိပေးချက်မှာ ဖော်ပြထားပါ တယ်။ 

ဦးဝီရသူရဲ့ ဖေ့စ်ဘုတ်အကောင့်ကနေ လွန်ခဲ့တဲ့ နှစ်လောက်ကတည်းက ဦးဝီရသူရဲ့ အမြင်တွေ၊ လှုပ်ရှားမှု
တွေ၊ လှုံ့ဆော်တိုက်တွန်းမှုတွေ စဉ်ဆက်မပြတ်ဖော်ပြလာခဲ့ကြတာမှာ နိုင်ငံခြားသတင်းဋ္ဌာနတွေကပါ သတိထား စောင့်ကြည့်လာရတဲ့ ဖေ့စ်ဘုတ်အကောင့်လည်းဖြစ်ပါတယ်။ 

ဦးဝီရသူကို အမေရိကန်အခြေစိုက် တိုင်းမ် မဂ္ဂဇင်းကြီးရဲ့ မျက်နှာဖုံးမှာ အကြမ်းဖက်သမားနဲ့ တင်စားပြီး 
ရေးသားချက်ဟာ အတော်ပွဲဆူခဲ့တဲ့ဖြစ်ရပ်ပါ။ 

ဦးဝီရသူရဲ့ ဖေ့စ်ဘုတ်က လှုံ့ဆော်ရေးသားမှု၊ ခရီးစဉ်တွေနဲ့ တရားပွဲတွေကြောင့် လူမျိုးရေး၊ ဘာသာရေး အဓိကရုန်းတွေဖြစ်ကြရတယ်လို့ တချို့ နိုင်ငံခြားသတင်းဋ္ဌာနတွေက စွပ်စွဲ ရေးသား ကြတာတွေလည်း 
တွေ့ရပါတယ်။  

အခုတလော ဖေ့စ်ဘုတ်အကောင့် ပိတ်သိမ်းသူတွေကတော့ ထင်ရှားတဲ့ သူတွေဖြစ်ပြီး အဆိုတော် မီးမီးခဲ၊ သရုပ်ဆောင် ဆုပန်ထွာရဲ့ ခင်ပွန်း ကိုဥက္ကာကျော် တို့ဖြစ်ပြီး အခုနောက်ဆုံး ဦးဝီရသူ ဖြစ်ပါတယ်။ 

ဧရာဝတီ
ဒီနေ့ အွန်လိုင်းပေါ်မှာ လက်ဆင့်ကမ်းပြီး လူပြောများနေကြတာကတော့ မန္တလေး မစိုးရိမ်တိုက်သစ်က ဦးဝီရသူရဲ့ ဖေ့စ်ဘုတ်အကောင့် ကို ပိတ်သိမ်းသွားတဲ့ အသိပေးကြေညာချက်အကြောင်းပါဘဲ။

ဧရာဝတီတိုင်းဒေသကြီးတွင် စိုက်ပျိုးစရိတ်ချေးငွေများ အပြည့်အဝ ပြန်ဆပ်နိုင်ခြင်း မရှိသေးဟုဆို

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၁၃ ခုနှစ် မိုးစပါးစိုက်ဧက ၂၄၃၀၀၀ အတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၂၄၃ ဒသမ ၅၆ ဘီလီယံနှင့် ဆောင်းစပါး စိုက်ပျိုးစရိတ် ချေးငွေကျပ် ၉၄ ဒသမ ၁၄ ဘီလီယံ ထုတ်ချေး ခဲ့သော်လည်း တောင်သူများထံမှ စိုက်ပျိုးစရိတ်ငွေများအပြည့်အဝ ပြန်လည်ရရှိခြင်း မရှိသေးကြောင်း မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ် တိုင်းဒေသကြီး မန်နေဂျာ ဦးခင်မောင်လွင်က ပြောကြား သည်။

ကြွက်နို့ ပျောက်သည့် သဘာဝဆေးနည်းများ

Photo: ကြွက်နို့ ပျောက်သည့် သဘာဝဆေးနည်းများ
Saturday, May 24, 2014 

ကြွက်နို့ ပေါက်သူများ လိမ်းဆေးအမျိုးမျိုးဖြင့် ကုသသော်လည်း မပျောက်၍ စိတ်ညစ်နေလျှင် အောက်ပါ မြန်မာ့ရိုးရာ သဘာဝဆေးနည်းများဖြင့် ကုသနိုင်ကြပါတယ်။

ဆေးနည်း(၁)
ရေချိုးပြီးခါစ ကြွက်နို့ ရေစိုပြီး နူးနေတဲ့အချိန်မှာ အ၀တ်စသန့်သန့် (သို့မဟုတ်) သန့်ရှင်းသည့် အရာဝတ္ထု တစ်ခုဖြင့်ဖြင့် အနည်းငယ် သွေးစို့လာသည့်အထိ ပွတ်သပ်ပေးပါ။ ကြက်သွန်ဖြူကို လှီးဖြတ်လိုက်ပြီး ၄င်းကြက်သွန်ဖြူ အစေးဖြင့် ကြွက်နို့ပေါ်ကို သုတ်လိမ်းပွတ်တိုက်ပေးပါ။ ကြွက်နို့၏ အမြစ်များ၊ ပိုးများကို ကြက်သွန်ဖြူအစေးမှ တိုက်စားသွားပြီး နောက်တစ်နေ့ဆိုလျှင် တစ်ဖြေးဖြေး ချောက်သွားပြီး အမြစ်ပြတ်ပျေက်ကင်းသွားပါလိမ့်မည်။

ဆေးနည်း(၂)
ဂျင်းတက်ကို ထိပ်ပိုင်းမှ အနည်းငယ် လှီးဖြတ်လိုက်ပြီးလျှင် ၄င်းနေရာကို ထုံးအနည်းငယ် သုတ်လိမ်းပြီး ကြွက်နို့ပေါ်ကို ဖြေးဖြေးချင်း ပွတ်တိုက်ပေးပါ။ ဂျင်းနှင့် ထုံးတို့၏ အပူရှိန်ဖြင့် ကြွက်နို့၏ ပိုးများ အမြစ်ပြတ်သွားပါလိမ့်မည်။

ဆေးနည်း(၃)
စိန်၊ ကနခို၊ ရှားစောင်း၏အစေးတို့ကို အနည်းငယ်စီရောကြိုက်၍ ၄င်းအမှုန့်ဖြင့် ကြွက်နို့ထိပ်ကို အနည်းငယ် ဆွပြီး သုတ်လိမ်းပေးပါ။ တစ်ဖြေးဖြေး ပျောက်ကင်းသွားလိမ့်မည်။

သတိပြုရန်။ ။ အသားထဲကို ပိုးမ၀င်စေရန် သန့်ရှင်းစွာ ပြုလုပ်ပေးရပါမည်။

ကျန်းမာရေးသတင်းများ
ကြွက်နို့ ပေါက်သူများ လိမ်းဆေးအမျိုးမျိုးဖြင့် ကုသသော်လည်း မပျောက်၍ စိတ်ညစ်နေလျှင် အောက်ပါ မြန် မာ့ ရိုးရာ သဘာဝဆေးနည်းများဖြင့် ကုသနိုင်ကြပါတယ်။

ပုဒ်မ ၄၃၆ကိုပြင်ဖို့ ရန်ကုန်မှာ လှုပ်ရှားတက်ကြွသူတွေက ဆန္ဒပြဖို့ပြင်နေပြီ

ပုဒ်မ ၄၃၆အပါအဝင် ဖွဲ့စည်ပုံပြင်ဆင်ပေးရေးအတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်မှာ အရပ်ဖက်အဖွဲ့ အစည်းေ တွ၊ လှုပ်ရှားတက်ကြွသူတွေ အဖွဲ့ပေါင်း ၃၅ဖွဲ့က ဟောပြောပွဲနဲ့အတူ လူထုဆန္ဒပြပွဲတွေ လုပ်ဖို့ ပြင် ဆင်နေကြပါတယ်။ ဒေါပုံအားကစားကွင်းမှာလည်း NLD နဲ့ ၈၈မျိုးဆက်က ပူးတွဲဟောပြောကြ မယ်လို့ ဆိုပါတယ်။

ပျောက်ကွယ်တော့မယ့် ကယန်းကြေးကွင်းပတ် ဓလေ့

Photo: ပျောက်ကွယ်တော့မယ့် ကယန်းကြေးကွင်းပတ် ဓလေ့
Saturday, May 24, 2014 

ပန်ပက်၊ ရွမ်းကူနဲ့ ဒေါကီးလို့ အမည်ရတဲ့ ရွာလေး ၃ ရွာဟာ ကယားပြည်နယ်၊ ဒီမောဆို့မြို့နယ်ထဲက တောင်တန်းတွေပေါ်မှာတည် ရှိပြီး ကယန်း လဟွီ ခေါ် ကြေးခွေပတ် (ကယန်းပဒေါင်) လူမျိုးတွေ နေထိုင်ကြပါတယ်။ အဲဒီ တိုင်းရင်းသားတွေဟာ တိမ်မြုပ် ပျောက်ကွယ် လာနေပြီ ဖြစ်တဲ့ ကြေးကွင်းပတ် ယဉ်ကျေးမှုကို ထိန်းသိမ်း ဝတ်ဆင်နေကြဆဲ လက်ကျန်ကြေးကွင်းပတ် အမျိုးသမီးတချို့ နေထိုင်ကြတဲ့ ရွာလေးတွေလို့လည်း ဆိုနိုင်ပါတယ်။

အဲဒီ ရွာလေးတွေကို ယမန်နှစ် ခရစ္စမတ်ကာလတုန်းက သွားဖြစ်ခဲ့ပါတယ်။ ကယားပြည်နယ် ဆောင်းဥတုရဲ့ အအေး ပိုပုံကလည်း အရိုးထိအောင် စိမ့်ပါတယ်။ တချို့ စာအုပ်တွေမှာ ယကန်း လဝီလို့ ရေးကြတဲ့ ကယန်း လဟွီ တိုင်းရင်းသားတွေ နေထိုင်တဲ့ ပန်ပက်၊ ရွမ်းကူနဲ့ ဒေါကီးရွာတွေနားက တောင်ထိပ်တွေမှာ နံနက် ၁၀ နာရီ လောက် အထိ မြူနှင်းတွေက မစဲသေးပါဘူး။

ညို့မှိုင်းနေတဲ့ တောင်တန်းတွေပေါ်မှာ မြူကြားထဲက ထိုးထွက်နေတဲ့ တောင်ထွတ် တောင်စွယ်တွေဟာ မြင်ရသူအဖို့ သက်ဝင်ပန်းချီကားတချပ် အလားပါပဲ။ ထင်းရှူးပင်တွေ အများအပြား ပေါက်နေတဲ့ တောင်တန်းတွေရဲ့ ဆင်ခြေလျော တွေမှာတော့ ကယန်းလဟွီတွေ ကန်သင်းခတ် ဆင့်ထားတဲ့ လှေခါးထစ် တောင်ယာ စိုက်ခင်းတွေကိုလည်း တွေ့ရပါတယ်။

အဲဒီ လှေခါးထစ်တောင်ယာ စိုက်ခင်းတွေရှိနေတဲ့ တောင်ကုန်းတွေပေါ်ကနေ ကြည့်လိုက်ရင် ဓနိမိုး သက်ငယ်မိုး၊ ဝါးထရံကာ အိမ်တွေထက် သွပ်မိုး၊ ပျဉ်ထောင်အိမ်တွေနဲ့ နှစ်ထပ်တိုက်အိမ်တွေက ပိုများတဲ့ ရွမ်းကူနဲ့ ဒေါကီးရွာလေးတွေကို လှမ်းမြင်နေရပါတယ်။ ရွာအပြင်မှာတော့ ရိုးရာနတ်ပူဇော် ပွဲတွေကျင်းပတဲ့ တံခွန်တိုင်တွေ ကိုလည်း အထင်းသား မြင်နေရပါတယ်။

တံခွန်တိုင်ကြီးတွေနဲ့ တွဲလျက် ရှိနေတဲ့ ဒေါကီး ရွာလေးရဲ့ ရွာလယ်လမ်းဘေး တနေရာမှာတော့ နေပူဆာလှုံရင်း ဂျပ်ခုတ်နေတဲ့ ကြေးကွင်းပတ် အသက် ၅၀ အရွယ် ကယန်း အမျိုးသမီးကြီးတဦးကို တွေ့ရပါတယ်။

ဦးခေါင်းက ဆံမြိတ်တွေကို မျက်ခုံးအထက်မှာ ညီညီညာညာ ညှပ်ထားပြီး ဆံထုံးကိုတော့ အစိမ်းနုရောင်နဲ့ အဝါရောင် ရှိတဲ့ ပဝါစနှစ်ခုနဲ့ ပတ်ထားပါတယ်။ ပခုံးပေါ်ကနေ မေးစေ့အထိ လည်တိုင်တခုလုံးကို ၄ ပိဿာ လောက်ရှိတဲ့ ကြေးခွေနဲ့ ပတ်ထားပြီး ဒူးဆစ်အောက်ကနေ ခြေမျက်စိ အထိလည်း ၂ ပိဿာလောက်ရှိတဲ့ ကြေးခွေတွေ ပတ်ထားပါတယ်။

ဒါတင် မကသေးပါဘူး။ လက်ကောက်ဝတ်မှာလည်း တလက်မလောက် ရှိတဲ့ ငွေရောင် လက်ကောက်တွေကို တဖက် ၄ ကွင်းလောက် ဝတ်ထားပြီး ရိုးရာ ဂျပ်ခုတ်ထည် အင်္ကျီကိုလည်း ဝတ်ထားပါသေးတယ်။ သူရက်လုပ် ထားတဲ့ ပုဝါတွေ၊ လွယ်အိတ်နဲ့ ရိုးရာရက်ထည် တွေကို အိမ်ရှေ့က ဆိုင်ခန်းလေးထဲမှာ ချိတ်ဆွဲထားပါတယ်။ အဲဒီ ဆိုင်ခန်းလေးက အိမ်ကလေးရဲ့ရှေ့ လမ်းမကို မျက်နှာမူပြီး ဖွင့်ထားတဲ့ ဆိုင်ခန်းလေးပါပဲ။ ဒီရွာကို လာလည် ကြတဲ့ နိုင်ငံခြားသားတွေနဲ့ လေ့လာသူတွေကို ရောင်းဖို့ပါ။

ဂျပ်ခုတ်နေတဲ့ ကယန်း အမျိုးသမီးကြီးက ထိုင်းနိုင်ငံက ကြေးပတ်ကယန်းရွာ တွေသွားပြီး အလုပ် လုပ်ခဲ့ ဖူးသူလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာက နိုင်ငံခြားသား ခရီးသွားတွေကို စိတ်ဝင်စား ဆွဲဆောင်ဖို့ ကြေးပတ် ကယန်းတွေကို အခကြေးငွေယူပြီး ပြသတာ တွေ ရှိတယ်လို့ ဆိုပါတယ်။ ကယန်းစကားနဲ့ ထိုင်းစကားပဲ ပြောတတ်တဲ့ ကယန်းကြေးပတ် အမျိုးသမီးကြီးနဲ့ ထိုင်းလိုပဲ စကားပြော ဖြစ်ခဲ့ပါတယ်။

“ငယ်ငယ်ကတည်းက ရိုးရာအရ ဝတ်လာတာ ဆိုတော့ ကြေးခွေမရှိရင်တော့ နေရတာ တခုခုလိုနေ သလိုပဲ။ ကျမလည်ပင်းနဲ့ ခြေထောက်တွေမှာရှိတဲ့ ကြေးခွေတွေက သေတဲ့အထိ ကျမနဲ့ အတူရှိသွားမှာ” လို့ ဂျပ်ခုတ် နေရင်းက ပြောပြပါတယ်။

ရွမ်းကူနဲ့ ဒေါကီးရွာတွေ မှာတော့ ၂ ရွာပေါင်းမှ ကြေးကွင်းပတ်ထားဆဲ အမျိုးသမီး ၁၅ ယောက်လောက်ပဲ ကျန်ရှိပြီး ပန်ပက်ရွာနဲ့ပေါင်းရင် စုစုပေါင်း အယောက် ၂၀ ကျော်လောက်ပဲ ရှိတော့မယ်လို့ ရွမ်းကူရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကိုက ရှင်းပြပါတယ်။ ကြေးကွင်းပတ် အမျိုးသမီး အများစုဟာ အသက်ကြီးပိုင်း အရွယ် ဖြစ်ပြီး လူငယ်ပိုင်းတွေက ရိုးရာပွဲလမ်းသဘင်တွေက လွဲရင်ကျန်တဲ့ အချိန်မှာ ၀တ်ဆင်ခြင်း မပြုကြတော့ဘူး လို့ သိရပါတယ်။

အသက် ၄၀ ကျော်ပြီ ဖြစ်တဲ့ ဦးအောင်ကိုက “ဓလေ့အရဆိုရင် ၈ နှစ်လောက်က စပြီး ပတ်ကြတယ်။ ကျနော်တို့ ၁၆ နှစ်သားလောက်တုန်းက ဆိုရင် မိန်းကလေးတိုင်းလိုလို ကြေးပတ်ကြတယ်၊ အပျိုမတွေ ဆိုရင် ကြေးပတ်မှ လှတယ်၊ ကြေးခွေများများ ပတ်နိုင်မှ ပိုလှတယ်လို့ မြင်ကြတယ်။ ကြေးခွေ မပတ်နိုင်တဲ့သူတွေက ဆင်းရဲလို့ မပတ်နိုင်သူတွေပဲရှိတယ်၊ ကျနော့်မိန်းမ ဆိုရင် ဆင်းရဲတော့ ကြေး မပတ်နိုင်ဘူးလေ” လို့ သူက ရှင်းပြပါတယ်။

ခေတ်ယဉ်ကျေးမှု ဝတ်စားဆင်ယင်မှု တွေကြားမှာ ကူးလူးယှက်နွယ် လာတဲ့ ယခုလို ကာလမှာ ကယန်းလူငယ်တွေ ကြားထဲမှာလည်း ကြေးခွေပတ်ခြင်း ဓလေ့ဟာ စိတ်လွတ်လပ်မှုကို အဟန့်အတား တခုလို ဖြစ်လာနေတယ်လို့ တောင် ပြောဆိုလာကြတယ်လို့ ဆိုပါတယ်။

အသက် ၂၀ ကျော်အရွယ် ဘွဲ့ရပြီးသူ ကယန်းလဟွီ အမျိုးသမီးငယ်တဦးက “ကျောင်းတက်ချိန်၊ အများသူငါ ကြားထဲ သွားတဲ့ အခါတွေ ကျရင် တချို့က ကြေးခွေပတ်ထားတဲ့ ကိုယ့်ကို သီးခြားခွဲထွက်နေတဲ့ လူတဦးလို့ မြင်နေတယ် လို့ ခံစားရတယ်၊ ဒါ ကြောင့် မပတ်ဖြစ်တော့ဘူး။ တံခွန်တိုင် (ကယန်းရိုးရာ ဘာသာရေး) ပွဲတော်နေ့တွေ ဆိုရင်တော့ ကိုယ့်ရိုးရာ နေ့တွေ ဆိုရင်တော့ ပတ်တယ်” လို့ ဆိုပါတယ်။

တချို့ ကယန်းတွေက ကြေးပတ်လိုကြ ပေမယ့် လိုအပ်တဲ့ ကြေးကို မဝယ်နိုင်တာ၊ ကြေးရှားသွားတာ၊ ကြေးပတ် တတ်တဲ့ လူတွေ ထိုင်းနိုင်ငံဘက် ရောက်ကုန်တာ စတာတွေ ကလည်း ကြေးပတ်ကြဖို့ အခက်အခဲတွေနဲ့ ကြုံရစေတဲ့ အကြောင်းအရင်း တွေထဲက အချက်တွေပါ။

ရွမ်းကူရွာသူ ကြေးကွင်းပတ် အသက် ၆၀ ကျော်အရွယ် ကယန်းလဟွီ အမျိုးသမီးကြီး တဦးကတော့ `ကျမက ငယ်ငယ်လေး ကတည်းက ရိုးရာအတိုင်း ကြေးပတ်လာခဲ့တာ၊ အိပ်လည်း ဒီအတိုင်း၊ စားလည်း ဒီအတိုင်းပဲ၊ ကျမ သေတဲ့ အထိ စွန့်လွှတ်မှာ မဟုတ်ဘူး၊ အခု နောက်လူတွေက ဒီဓလေ့ကို စွန့်လွှတ်သွားကြ တာတော့ စိတ် မကောင်းဘူး” လို့ ဆိုပါတယ်။

ရွမ်းကူနဲ့ ဒေါကီးရွာတွေဟာ ၁၉၈၈ မတိုင်မီက ဓနိမိုး၊ သက်ငယ်မိုးပြီး ဝါး၊ သစ် စတာတွေနဲ့ တည်ဆောက် ထားကြတဲ့ အိမ်တွေသာ ရှိခဲ့ပြီး အခု နောက်ပိုင်းမှာတော့ တိုက်အိမ်တွေ ပေါများလာပါတယ်။ နိုင်ငံအတွင်း စီးပွားရေး အဆင်မပြေမှုတွေကြောင့် ထိုင်းနိုင်ငံဘက်ကို ကူးပြောင်း သွားကြပြီး အလုပ်လုပ်ကြတဲ့ ကယန်း တွေဟာ ရတဲ့ လစာတွေကို စုပြီး ရွာမှာ တိုက်အိမ်တွေ ပြန်ဆောက်ကြတာပါ။

ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ နိုင်ငံခြားသားတွေကို အခကြေးငွေယူပြီး ပြသတဲ့ ကယန်းရွာတွေမှာ အလုပ် လုပ်နေ ကြတဲ့ ကြေးပတ်ကယန်းတွေ အများစုဟာ ဒီရွမ်းကူနဲ့ ဒေါကီးရွာတွေက သွားရောက်ပြီး အလုပ် လုပ်ကြသူတွေ ဖြစ်ကြပါတယ်။ ရွမ်းကူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကို ကိုယ်တိုင်လည်း ထိုင်းက ကြေးပတ်ကယန်းရွာ တွေမှာ နှစ်နဲ့ချီပြီး အလုပ်လုပ်ခဲ့ဖူးတယ် လို့ ဆိုပါတယ်။

“ရွာမှာက အလုပ်အကိုင် ကောင်းကောင်း မရှိဘူးလေ။ ဒီမှာ ကျနော်တို့ စိုက်တဲ့ တောင်ယာတွေက ကိုယ်စားဖို့ လောက်ပဲ ရကြတယ်၊ တခြားအလုပ်က မရှိဘူးလေ၊ ထိုင်းမှာက နိုင်ငံခြားသားတွေ လာကြည့်တယ်၊ ကိုယ် ရက်လုပ်ထားတဲ့ အထည်တွေ ဝယ်သွားရင် ပိုက်ဆံ အပိုရတယ်၊ လခကလည်းရတယ်၊ ထိုင်းမှာ အလုပ်လုပ်ရင် တလကို မြန်မာငွေ တသိန်းခွဲလောက် ကျန်တယ်၊ ဒီမှာက အဆင်မပြေကြဘူးလေ” လို့ ဆိုပါတယ်။

ထိုင်းမှာရှိတဲ့ ကယန်းတွေ အတွက် ထိုင်းလုပ်ငန်းရှင်တွေက ကြေးပတ်တတ်တဲ့ သူကို မြန်မာနိုင်ငံကနေ သီးသန့် ခေါ်ယူပေးထား သလို လိုအပ်တဲ့ ကြေးတွေကိုလည်း ရှာဖွေပေးတဲ့ အပြင် ရိုးရာ ရက်ထည်တွေ လုပ်ဖို့ အတွက်လည်း ပံ့ပိုးပေးတာ ကြောင့် သူတို့အတွက် လစာအပြင် အပိုဝင်ငွေ တွေလည်း ရရှိလို့ ပိုအဆင်ပြေတယ် လို့ ပြောပါတယ်။

ထိုင်းက ကယန်းရွာတွေမှာ အလုပ် လုပ်နေကြတဲ့ ရွမ်းကူနဲ့ ဒေါကီးရွာတွေက အမျိုးသမီးတွေ အများစုဟာ ထိုင်းမှာ အလုပ်အကိုင် အဆင်ပြေနေ ကြတာကြောင့် အလုပ်အကိုင် ဖွံ့ဖြိုးမှု အားနည်းနေတဲ့ မြန်မာပြည် နေရပ်ရင်းမှာ ပြန်ပြီး အလုပ် လုပ်ကိုင်ကြဖို့ အခက်အခဲတွေ ရှိနေကြတယ် လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်ထဲမှာ ရှိတဲ့ ကယန်းရွာတွေက အဲဒီ ကြေးကွင်းပတ် အမျိုးသမီးတွေကို နိုင်ငံခြားသား တွေ ကြည့်ရှုဖို့ မနုဿ လှောင်ချိုင့် (Human Zoo) ပုံစံ လုပ်တယ် ဆိုပြီး ဝေဖန်ခံရမှုတွေ ရှိပါတယ်။ အဲဒီ ကိစ္စကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ဆန္ဒဖော်ထုတ် တောင်းဆိုကြဖို့ ပြင်ဆင်ကြ ပါသေးတယ်။

ဒါပေမယ့် အဲဒီလို ကန့်ကွက်တာကို ထိုင်းမှာ ရောက်နေတဲ့ တချို့ ကြေးကွင်းပတ် ကယန်းတွေက မလိုလားကြ ဘူး လို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ထိုင်းဘက်မှာက အလုပ်အကိုင်နဲ့ နေထိုင်စရာတွေက နေရင်းအရပ် မြန်မာနိုင်ငံထက် သာလွန်နေတာကြောင့် လို့ သိရပါတယ်။

ထိုင်းနိုင်ငံက ကယန်းရွာမှာ လုပ်ကိုင်နေတဲ့ ကြေးကွင်းပတ် အမျိုးသမီးတဦးက “ဘယ်သူ မဆို ကိုယ့်မြေ ကိုယ့်လူမျိုးကို ချစ်ကြတာပဲ၊ ဒါပေမယ့် ကိုယ့်ဆီမှာက လုပ်စားကိုင်စားစရာ မရှိတော့ ငတ်နေတယ်လေ။ ဘယ်သူမှ လာမကျွေးနိုင်ဘူး။ ဒါကြောင့် အဆင်ပြေတဲ့ နေရာမှာပဲ စီးပွားရေး အရ သွားလုပ်နေကြရ တာပေါ့၊ အခုချိန် မြန်မာပြည် ပြန်လည်း ဘာအလုပ်မှ မရှိဘူး၊ နွေဆိုရင် သောက်ရေတောင် သောက်စရာ မရှိဘူး၊ ဒီ (ထိုင်း) မှာက ရေမီးအစုံ ရာသီဥတု မရွေး ကျမတို့ကို ထားတယ်၊ ဒီအပေါ်မှာ သာယာနေတာတော့ မဟုတ်ပါ ဘူး၊ မြန်မာပြည်မှာ ကျမတို့ သားသမီးတွေ ငတ်ပြတ်နေတာ ကျမတို့ မကြည့်ရက်ဘူးလေ” လို့ ရှင်းပြပါတယ်။

အခုဆိုရင် ကြေးကွင်းပတ် ကယန်းတွေကို ထိုင်း-မြန်မာ နယ်စပ် မယ်ဟောင်ဆောင် ဒေသမှာတင် မကတော့ဘဲ နိုင်ငံခြားသားတွေ အလာများတဲ့ ချင်းမိုင်နဲ့ ချင်းရိုင် ဒေသတွေမှာပါ ရွာတွေ တည်ပြီး ထားလာကြ ပါတယ်။ သူတို့ရွာတွေထဲကို ဝင်ရောက် လေ့လာလိုတဲ့ နိုင်ငံခြားသားတွေ အနေနဲ့ကတော့ တဦးကို ဘက် ၅၀ဝ (မြန်မာငွေ ကျပ် ၁ သောင်းခွဲခန့်) ဝင်ကြေး ပေးရပါတယ်။

ဒီရွာတွေကို လာရောက် လည်ပတ်ကြတဲ့ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် တွေက ကြေးကွင်းပတ်ကယန်း အမျိုးသမီးတွေကို ထိုင်းနိုင်ငံဖွား ထိုင်းနိုင်ငံသားတွေလို့ ထင်မြင်နေကြတာ ကိုတော့ အဲဒီရွာတွေမှာ အလုပ် လုပ်ကိုင်နေကြတဲ့ ကြေးကွင်းပတ် အမျိုးသမီးတွေ ကိုယ်တိုင်က ကြိုက်နှစ်သက်မှု မရှိကြဘူးလို့ ဆိုပါတယ်။

“ကယန်းအလှ” လို့ အမည်ရတဲ့ ကြေးပတ်ကယန်း လဟွီတွေ အကြောင်းကို ရုပ်ရှင်ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ဦးအောင်ကိုလတ် ကတော့ “ကြေးပတ် ကယန်းတွေဟာ မြန်မာနိုင်ငံက ဖြစ်တယ် ဆိုတာ သက်သေပြချင်လို့” ရိုက်ကူး တင်ဆက်ခဲ့တာ ဆိုပြီး ဧရာဝတီနဲ့ အင်တာဗျူး တခုမှာ ပြောဆိုခဲ့ပါတယ်။

သူ ရိုက်ကူးခဲ့တဲ့ “ကယန်းအလှ” ဇာတ်ကားဟာ ပြီးခဲ့တဲ့ နှစ် မတ်လထဲမှာ မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ဆုဆွတ်ခူးခဲ့သလို မြန်မာနိုင်ငံရဲ့ ၂၀၁၂ ခုနှစ် အကယ်ဒမီဆု ပေးပွဲမှာလည်း အကောင်းဆုံး ရုပ်ရှင်ထူးချွန်ဆုတွေထဲက ရုပ်ရှင် အသံဆုနဲ့ ဓာတ်ပုံဆုတွေ ဆွတ်ခူးနိုင်ခဲ့ပါ တယ်။ ပြီးတော့ မလေးရှား နိုင်ငံမှာ ကျင်းပတဲ့ AIFFA 2013(Asian International Film Festival and Award 2013) ရုပ်ရှင်ပွဲတော်မှာ Special Jury Award ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံက ကယန်းရွာတွေမှာ ကြေးပတ်တဲ့ သူတွေ တိုးပွားလာနေချိန်မှာ နေရင်းရပ် အမိမြေမှာတော့ ကြေးပတ် ကယန်းတွေက တနိုင်ငံလုံးပေါင်းလို့ ကြေးပတ်တဲ့သူ အယောက် ၅၀ တောင် မပြည့်တော့ဘူး လို့ ကယန်းလဟွီ တိုင်းရင်းသားလည်းဖြစ်၊ “ကယန်းလူမျိုး၊ ကယန်းဓလေ့” စာအုပ်ကို ပြုစုရေးသားပြီး ၂၀ဝ၉ ခုနှစ်က အမျိုးသား စာပေဆုရရှိခဲ့သူ ဦးကျော်သန်း (ဖယ်ခုံ) က ရှင်းပြပါတယ်။

“အခုဟာက ကြေးပတ်က ပန်ပက်အုပ်စု (ပန်ပက်၊ ရွမ်းကူ၊ ဒေါကီး) ဘက်မှာ ဆယ်ဂဏန်း လောက်ပဲ ရှိတော့တယ်၊ မိုးဗြဲဘက်မှာ အရင် ၅ ယောက်လောက် ကျန်သေးတယ်။ အခု မရှိတော့ဘူး၊ ဖယ်ခုံမြို့နယ် ထဲမှာတော့ တယောက်စ၊ နှစ်ယောက်စ တော့ ရှိသေးတယ်။ ထိုင်းဘက် ကတော့ဗျာ စီးပွားရေး အရ ခေါ်ပြီး လုပ်တာပေါ့” လို့ သူက ရှင်းပြပါတယ်။

ကယန်းလဟွီ လူမျိုးတွေရဲ့ ကြေးကွင်းပတ် ဓလေ့တွေ ပျောက်လုလု အထိ လျော့ကျလာတာနဲ့ ပတ်သက်ပြီး ကယန်းစာပေ၊ ကယန်းယဉ်ကျေးမှု အဖွဲ့အပါအဝင် ဘက်စုံပါဝင်တဲ့ ကယန်းလူမျိုး အဖွဲ့အစည်း အသီးသီးက လည်း ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြ ပေမယ့် ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ရေရှည် တည်တံ့မယ့် အစီအစဉ်တွေ ကိုတော့ မရေးဆွဲနိုင်ခဲ့ကြ ပါဘူး။

“လျော့နည်း သွားတာတော့ အမှန်ပဲ၊ နည်းသွားတဲ့ အကြောင်းအရင်းက ခန္ဓာကိုယ်မှာ ဝတ်ဆင်ထားတဲ့ ကြေးကလည်း မနည်းဘူး၊ ဒီကြေးတွေရဲ့ အလေးချိန်ကလည်း မနည်းဘူး၊ ဆိုတော့ ခေတ်ကာလတွေ ပြောင်းလာတာနဲ့ ဒါဟာ ခေတ်မညီတော့ဘူး၊ ဝန်ထုပ် ဝန်ပိုးကြီး တခုလို ဖြစ်လာတယ် ဆိုတဲ့ သဘောနဲ့ မပတ်ချင်ကြတာ များတယ်” လို့ ကယန်း စာပေနဲ့ ယဉ်ကျေးမှု ဥက္ကဋ္ဌ ဦးတုတ်ပေါကလည်း ပြောပါတယ်။

ကယန်းမျိုးနွယ်စုတွေ ဖြစ်တဲ့ ကယန်း ကငန်၊ ကယန်း လထာ၊ ကယန်း ဂေခို-ဂေဘား၊ ကယန်းလဟွီ ဆိုတဲ့ ကယန်းမျိုးနွယ်စု ၄ စုထဲမှာ ကယန်းလဟွီ မျိုးနွယ်စုရဲ့ ကြေးပတ်ဓလေ့ဟာ ထင်ရှားခဲ့ပေမယ့် လွတ်လပ်ရေး ရပြီး နောက်ပိုင်းမှာ ကတည်းက ကြေးပတ်တဲ့ ဓလေ့ဟာ တဖြည်းဖြည်း လျော့ကျလာခဲ့တာ ဖြစ်တယ်လို့ ထိုင်း-မြန်မာ နယ်စပ်မှာ အခြေ စိုက်ပြီး မြန်မာ့ ဒီမိုကရေစီ အရေးနဲ့ တိုင်းရင်းသား အရေးတွေ လုပ်ဆောင်နေတဲ့ ကယန်းလဟွီ လူမျိုး ဦးခွန်မာကိုဘန်းက ပြောပါတယ်။

အသက် ၆၀ ကျော်ပြီ ဖြစ်တဲ့ ဦးခွန်မာကိုဘန်းက “အရင်တုန်းက သူ့ အုပ်စုနဲ့သူ တောတောင်ထဲမှာ နေတော့ ဒါကို ဂုဏ်ယူကြတယ် လေ။ ဒုတိယ ကမ္ဘာစစ် ကာလမှာ ဖက်စစ်ဂျပန်နယ်ချဲ့တွေ ကလည်း ကျနော်တို့ နယ်မြေထဲ ဝင်လာတော့ လူစုတွေ ကွဲကုန်တယ်။ တခြားနေရာတွေ ရောက်ကုန်ကြတဲ့ ကျနော်တို့ လူမျိုးတွေက တခြား လူမျိုးတွေနဲ့ ဆက်ဆံလာတဲ့ အခါကျတော့ ဒါတွေဟာ လေး တယ် ဆိုတာမျိုး မြင်လာကြပြီး ကြေးပတ်တာကို စွန့်လွှတ်ခဲ့ကြတယ်၊ အခု ဆိုရင် ကြေးပတ်တဲ့လူ ၁ ရာခိုင်နှုန်းတောင် မပြည့် တော့ ဘူး” လို့ ဆိုပါတယ်။

ဦးခွန်မာကိုဘန်းက ဆက်လက်ပြီးတော့ “ကြေး ပတ်တွေကို စွန့်လွှတ်လိုက်တယ် ဆိုတာက တနည်းအားဖြင့် ကျန်းမာရေး အရပဲ ကြည့်ကြည့် အင်မတန် ကောင်းတဲ့ ပြောင်းလဲမှုတခုပဲ လို့ ကျနော်တော့ အဲဒီလို မြင်တယ်။ သူ့အချိန် သူ့အခါအရ ပြောင်းလဲသွားတာ ဟာလည်း ဝမ်းသာစရာပါ၊ ဒါပေမယ့် နေ့ကြီးရက်မြတ်တွေ ဆိုရင် တော့ ဒီဓလေ့တွေ မပပျောက်ဖို့ အရင်တုန်းက ငါတို့မှာ ဒီလို ဒီဓလေ့တွေ ရှိတယ် ဆိုတာ ထိန်းသိမ်း စောင့်ရှောက်ဖို့တော့ လိုတယ်” လို့ ဆိုပါတယ်။

အခုလက်ရှိ ကြေးကွင်းပတ်နေဆဲ ကယန်းတွေ ကတော့ ကယန်းကြေးပတ်ဓလေ့ရဲ့ နောက်ဆုံး ကြေးကွင်းပတ် မျိုးဆက်တွေ ဖြစ်ဖွယ်ရှိပြီး ထိုင်းနိုင်ငံက မြန်မာနိုင်ငံမှာထက် ကြေးပတ်မယ်တွေ ပိုပြီး ကျန်အောင် ထိန်းသိမ်းသွားနိုင် လိမ့်မယ်လို့ ကယန်းယဉ်ကျေးမှု လေ့လာသူတွေက ပြောပါတယ်။

ကယန်း တိုင်းရင်းသား ခေါင်းဆောင်တွေက ထိုင်းမှာ ရောက်နေကြတဲ့ ကြေးပတ်ကယန်းတွေ မွေးရပ်မြေကို ပြန်လာပြီး နေထိုင်စေ လို တဲ့ ဆန္ဒတွေ ရှိကြပါတယ်။ ဒါပေမယ့် သူတို့ အတွက် ထိုင်းနိုင်ငံမှာ ရရှိနေတဲ့ အလုပ်အကိုင်နဲ့ ဝင်ငွေမျိုးတွေ ဖန်တီးပေးနိုင်ဖို့က ခက်ခဲနေပါတယ်။ အဲဒါ အပြင် လက်ရှိ ကယန်းရွာတွေမှာ ရှိနေတဲ့ ကြေးကွင်းပတ်ကယန်း တွေကတောင် ထိုင်းနိုင်ငံကို သွားရောက် ဖို့ ခြေဦးတပြင်ပြင် လုပ်နေကြပါပြီ။

ဒါ့အပြင် ကြေးပတ် ကယန်းလဟွီတွေနဲ့ ဒေသ တခုတည်းမှာ အတူ နေထိုင်ပြီး လည်တိုင်ကနေ ရင်ညွှန့် အထိ ငွေဒင်္ဂါး ပြားတွေဆွဲတဲ့ ဓလေ့ ရှိတဲ့ ကယန်းကငန် မျိုးနွယ်တွေဟာလည်း ထိုင်းနိုင်ငံက ပြုလုပ် ပေးထားတဲ့ ကယန်းရွာတွေကို သူတို့ စားဝတ်နေရေး နဲ့ အလုပ်အကိုင် ရရှိရေး အတွက် ခြေဦးလှည့်နေကြ ပါပြီ။ ကယန်းကငန်တွေရဲ့ ရိုးရာဓလေ့ ဝတ်စား ဆင်ယင်မှုကလည်း နိုင်ငံခြားသားတွေ အတွက် အထူးတဆန်း ဖြစ်နေတာကြောင့် ထိုင်းစီးပွားရေး လုပ်ငန်းရှင်တွေ ကလည်း ကြေးကွင်းပတ် ကယန်းလဟွီနဲ့ ယကန်းကငန် တိုင်းရင်းသားတွေကို လက်ခံကြိုဆိုလျက် ရှိနေတယ်လို့ သိရပါတယ်။

ဧရာဝတီ

ကြေးကွင်းပတ် ကယန်း လဟွီ အမျိုးသမီး (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)
ကြေးကွင်းပတ် ကယန်း လဟွီ အမျိုးသမီး (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)
ပန်ပက်၊ ရွမ်းကူနဲ့ ဒေါကီးလို့ အမည်ရတဲ့ ရွာလေး ၃ ရွာဟာ ကယားပြည်နယ်၊ ဒီမောဆို့မြို့နယ် ထဲက တောင် တန်းတွေပေါ်မှာတည်ရှိပြီး ကယန်းလဟွီ ခေါ် ကြေးခွေပတ် (ကယန်းပဒေါင်) လူ မျိုးတွေ နေထိုင်ကြပါတယ်။ အဲဒီ တိုင်းရင်းသားတွေဟာ တိမ်မြုပ် ပျောက်ကွယ် လာနေပြီ ဖြစ်တဲ့ ကြေး ကွင်းပတ် ယဉ်ကျေးမှုကို ထိန်းသိမ်း ဝတ်ဆင်နေကြဆဲ လက်ကျန်ကြေးကွင်းပတ် အမျိုးသမီးတချို့ နေ ထိုင်ကြ တဲ့ ရွာလေးတွေလို့လည်း ဆိုနိုင်ပါတယ်။

ဖမ်းဝရမ်း ထုတ်ထားတဲ့ ပဲခူးက တရားသူကြီးဇနီး ၂ နှစ်ကျော်အထိ ရဲတပ်ဖွဲ့ မဖမ်းနိုင်သေး

Photo: ဖမ်းဝရမ်း ထုတ်ထားတဲ့ ပဲခူးက တရားသူကြီးဇနီး ၂ နှစ်ကျော်အထိ ရဲတပ်ဖွဲ့ မဖမ်းနိုင်သေး
Saturday, May 24, 2014

ပဲခူးမြို့နယ် တရားသူကြီးဇနီးတဦးကို အသက် ၁၅ နှစ် အရွယ် အိမ်အကူ အလုပ်သမ တဦးအား ညှဉ်းပန်း နှိပ်စက်မှုတွေနဲ့ တရား ရုံးက ဖမ်းဝရမ်း ထုတ်ထားပေမယ့် ၂ နှစ်ကျော် ကြာတဲ့အထိ မဖမ်းဆီးနိုင်သေးဘူးလို့ သိရပါတယ်။

တရားသူကြီး ဦးအောင်ဖုန်းဝင်းရဲ့ ဇနီး ဒေါ်ဖြူဝင်းသက်က အိမ်အကူ မအေးယုအောင်ကို မီးပူ၊ ဒေါက်ဖိနပ်၊ ဓား၊ ပုလင်း များဖြင့် ၂၀၁၂ ခုနှစ်အတွင်းက လက်ရောက် ကျူးလွန်ခဲ့တာကြောင့် ကာယကံရှင် မိသားစုတွေက ပဲခူးမြို့ အမှတ် (၃) ရဲစခန်းမှာ အမှုဖွင့်ပြီး မြို့နယ် တရားရုံးမှာ ထိခိုက် နာကျင်စေမှု ပုဒ်မ ၃၂၄ နဲ့ တရားစွဲဆိုခဲ့ကြပါတယ်။

တရားရုံးက တရားလိုတွေရဲ့ ထွက်ဆိုချက်တွေကို ရယူပြီးနောက် ဆင့်ခေါ်မှုကို တိမ်းရှောင်နေတဲ့ ဒေါ်ဖြူဝင်းသက်ကို ပုဒ်မ ၅၁၂ နဲ့ ဖမ်းဝရမ်း ထုတ်ခဲ့တာ ဖြစ်ကြောင်း မြို့နယ် တရားရုံးနဲ့ ရဲတပ်ဖွဲ့က ပြောဆို ထားပါတယ်။

ပဲခူးမြို့ အမှတ် (၃) ရဲစခန်းမှူး ဇော်လင်းက“ဒီအမှုက ကျနော် ဒီစခန်းကိုမရောက်ခင်က ဖြစ်ခဲ့တဲ့အမှုလည်း ဖြစ်နေတော့ အများကြီး မသိဘူးဗျ။ ကျနော် ရောက်တော့ တောင်တွင်းကြီးမှာ သူ့အမျိုးသားနဲ့ အတူရှိနေတယ် ကြားလို့ ဒီက ကျော်စွာလင်း ဆိုတဲ့ ဒုရဲအုပ် တယောက်လွှတ်ပြီးတော့ တခါသွားရှာတယ်၊ မတွေ့ခဲ့ဘူး”လို့ ဧရာဝတီကို ပြောပါတယ်။

မအေးယုအောင် အမှုဖြစ်စဉ်တုန်းက ဒဏ်ရာတွေ အကင်းသေအောင် ထိန်းသိမ်းထားတဲ့ အတွက် တရားသူကြီး ဦးအောင်ဖုန်းဝင်း ကိုလည်း တရားစွဲဖို့ ပြင်ဆင်ခဲ့ကြသလို သက်ဆိုင်ရာ အမှတ် (၃) ရဲစခန်းမှူး သိန်းဦး ကိုလည်း အမှုထိန်ချန်မှုနဲ့ တရားစွဲဖို့ တရားလို တွေဘက်က ပြင်ဆင်ခဲ့ကြပြီးနောက် စခန်းမှူးလည်း နေရာပြောင်းရွှေ့ပြီး တာဝန်ထမ်းဆောင် ခဲ့ရပါတယ်။

တရားလိုဘက်က ကူညီဆောင်ရွက်ပေးသူ ရှေ့နေ ဦးအေးမြင့်က“ရဲကလည်းသွားရှာတယ် မတွေ့ခဲ့ဘူး ပြောတယ်။ အပြင်မှာ တွေ့နေရတာက ဒီတရားသူကြီးနဲ့ သူ့မိန်းမက အမြဲတမ်း အဝင်အထွက် ရှိတယ်။ သွားနေ၊ လာနေတယ်”လို့ ဧရာဝတီကို ပြောပါတယ်။

မအေးယုအောင် နှိပ်စက်ခံရမှု သတင်းတွေ ပျံ့နှံ့လာပြီးနောက် ဦးအောင်ဖုန်းဝင်း ပဲခူးကနေ မကွေးတိုင်း တောင်တွင်းကြီးမြို့တရား ရုံး ကို ရွှေ့ပြောင်း သွားခဲ့ရသလို တချိန်တည်းမှာပဲ ဇနီးသည် ဒေါ်ဖြူဝင်းသက်ကို ရဲတွေက ရှာမတွေ့ဘူးလို့ ဆိုပါတယ်။

ဦးအောင်ဖုန်းဝင်းက အမှု ဖြစ်ပွားပြီးကတည်းက ဇနီးသည် ဒေါ်ဖြူဝင်းသက်နဲ့ တရားဝင် ကွာရှင်းပြတ်စဲထားကြောင်း သူနဲ့ အတူ ရှိမနေကြောင်း ဧရာဝတီက ဆက်သွယ် မေးမြန်းရာမှာ ပြောဆို ထားပါတယ်။

“ကျနော်နဲ့ Divorce (တရားဝင် ကွာရှင်းပြတ်စဲထားခြင်း) လုပ်ထားတယ်ဗျ၊ Divorce လုပ်ထားတာ တော်တော် ကြာပြီဗျ၊ ၂၀၁၂ ခုနှစ် ၈ လပိုင်း ကတည်းက ကျနော်နဲ့ မတွေ့ဘူး”လို့ ဦးအောင်ဖုန်းဝင်းက ပြောပါတယ်။

၂၀၁၂ ခုနှစ် မတ်လ ၂၅ ရက်က မီးပူတိုက်ရင်း အိပ်ငိုက်နေတယ်ဆိုပြီး မအေးယုအောင်ရဲ့ လည်ပင်းနဲ့ ရင်ဘတ်တွေကို ဒေါ်ဖြူဝင်း သက်က အရေပြားလွှာများ ပျက်စီးတဲ့အထိ မီးပူနဲ့ကပ်ခဲ့တယ်လို့ အခင်းဖြစ်ပြီးနောက် မအေးယုအောင်က ဧရာဝတီကို ပြောဆိုခဲ့ပါ တယ်။

အဲဒီမတိုင်ခင်က ဒေါ်ဖြူဝင်းသက်က မအေးယုအောင်ရဲ့ ဦးခေါင်းကို ဒေါက်ဖိနပ်၊ ပုလင်းတို့နဲ့ ရိုက်နှက်ထားလို့ ပေါက်ပြဲ ဒဏ်ရာ တွေ နဲ့ ရင်ဘတ်မှာလည်း ကြက်သွန်လှီးဓားနဲ့ ခုတ်ထားတဲ့ ဒဏ်ရာတွေရှိကြောင်း ဆေးစာနဲ့အတူ ပဲခူးတရားရုံးမှာ တရားစွဲဆိုခဲ့တာ ဖြစ်တယ်လို့ မအေးယုအောင်ရဲ့ မိခင် ဒေါ်ကြူကြူက ပြောဆိုခဲ့ပါတယ်။

ရုံးချိန်းရက်တွေမှာ တရားလို ဖြစ်တဲ့ မအေးယုအောင်နဲ့ မိခင်ဒေါ်ကြူကြူတို့ ပဲခူမြို့တရားရုံးကို လာခဲ့ကြပေမယ့် နောက်ပိုင်းမှာ လမ်းစရိတ် မတတ်နိုင်တာကြောင့် မလာရောက်နိုင်တော့ကြောင်း တရားလိုဘက်ကို ကူညီပေးနေတဲ့ ပဲခူးမြို့ခံ ကိုကြည်လင်းက ဧရာဝတီကို ပြောပါတယ်။

“ဖြစ်စေချင်တာကဗျာ၊ တရားသူကြီး အမျိုးသမီးတယောက် အနေနဲ့ တရားခွင်မှာ လေးလေးစားစားနဲ့ လာပြီးရင်ဆိုင်၊ လာရင်ဆိုင် လို့ တရားလိုဘက်က ကျေအေးသွားတယ် ဆိုတာမျိုးပေါ့။ အခုဥစ္စာက တရားသူကြီး တယောက်က ဥပဒေကို လက်တလုံးကြား လုပ်ပြီး ရင်မဆိုင်ဘဲ တိမ်းရှောင် နေတယ် ဆိုတော့ တရားရေးမှာရော ပုဂ္ဂိုလ်ရေးမှာရော ရုပ်ဆိုး လွန်းတာပေါ့ဗျာ”လို့ ကိုကြည် လင်း က ဧရာဝတီကို ပြောပါတယ်။

ဧရာဝတီ

မီးပူနှင့် အကပ်ခံရသည့် မအေးယုအောင် (ဓာတ်ပုံ – Facebook)
မီးပူနှင့် အကပ်ခံရသည့် မအေးယုအောင် (ဓာတ်ပုံ – Facebook)
ပဲခူးမြို့နယ် တရားသူကြီးဇနီးတဦးကို အသက် ၁၅ နှစ် အရွယ် အိမ်အကူ အလုပ်သမ တဦးအား ညှဉ်း ပန်း နှိပ်စက်မှုတွေနဲ့ တရား ရုံးက ဖမ်းဝရမ်း ထုတ်ထားပေမယ့် ၂ နှစ်ကျော် ကြာတဲ့အထိ မဖမ်းဆီးနိုင်သေး ဘူးလို့ သိရပါတယ်။