Sunday 25 May 2014

ငြိမ်းချမ်းရေးလိုချင်လျှင် အမှန်တကယ်ရိုးသားရန်လိုကြောင်း သူရဦးရွှေမန်းပြောကြား

ပြည်ထောင်စု အစိုးရအဖွဲ့နှင့် တိုင်းရင်းသား အဖွဲ့အစည်းများအကြား ဆွေး နွေးလျက်ရှိသော ပြည်တွင်းငြိမ်း ချမ်းရေးလိုချင်လျှင် အမှန် တကယ်ရိုးသားရန်လိုအပ် ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကပြောကြားသည်။
‘‘ငြိမ်းချမ်းရေးကိုလိုချင်ရင် တကယ်ရိုးသားဖို့လိုတယ်’’ ဟု နေပြည်တော်ဇေယျာသီရိမြို့နယ် မှ အုပ်ချုပ်ရေးအဖွဲ့အစည်းဝင် များ၊ တက္ကသိုလ်ပါမောက္ခချုပ် များ၊ ကျောင်းသား၊ ကျောင်းသူ များ၊ ရပ်မိရပ်ဖများနှင့် မေလ ၂၄ ရက်တွင်တွေ့ဆုံရာ၌ သူရ ဦးရွှေမန်းက ထိုကဲ့သို့ပြောကြား ခဲ့ခြင်းဖြစ်သည်။ထို့အပြင် ငြိမ်းချမ်းရေးရရှိ ရန်ကြိုးစားရာတွင်လည်း ပါးစပ် ဖြင့်ပြောနေရုံနှင့်မလုံလောက် ကြောင်း ၎င်းကဆက်လက်ပြော ကြားသည်။ ‘‘ငြိမ်းချမ်းရေးကို ပါးစပ်နဲ့လိုချင်လို့မရဘူး။ တချို့ က ငြိမ်းချမ်းရေးကိုပါးစပ်နဲ့လိုချင်ပြီး လက်တွေ့မှာအခုလိုနေခြင်း ဟာ သူတို့အတွက်ပိုပြီးအကျိုးရှိ တယ်ဆိုတဲ့ပုံစံမျိုးတွေရှိတယ်’’ဟု ၎င်းကပြောကြားခဲ့သည်။
တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးကြိုးစားရာ၌ မူမတူ ခြင်း၊ ပါတီကွဲခြင်းကို ရန်သူကဲ့ သို့သဘောထားလျှင်လည်း မှား လိမ့်မည်ဖြစ်ကြောင်း ယခင်က လည်း လွဲခဲ့၊ မှားခဲ့ကြောင်း သူရ ဦးရွှေမန်းကပြောကြားသည်။


တစ်ဆက်တည်းတွင်လည်း တွေ့ဆုံပွဲတက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံရေးတွင်စိတ်ဝင်စားရန် တိုက်တွန်းခဲ့သည်။ ‘‘နိုင်ငံရေးကို အရေးမထားရင် ကျွန်တော်တို့နိုင်ငံ ကြာလေ ကြာလေ နောက်ကျလေ ဒီလိုဖြစ်သွားမယ်’’ဟူ၍ပြောကြား ခဲ့သည်။
ထို့အပြင် နိုင်ငံရေး၊ နိုင်ငံ့ အရေးကို စိတ်ပိုဝင်စားရုံသာမက လွှတ်တော်ကိုလည်း စိတ်ဝင်စား ရန်လိုအပ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များကိုလည်း အ ကဲဖြတ်ဖို့လိုအပ်ကြောင်း ၎င်း ကဆက်လက်ပြောကြားသည်။

ရေဆင်းစိုက်ပျိုးရေးတက္က သိုလ်အားကစားခန်းမတွင် ပြု လုပ်ခဲ့သော အထက်ပါတွေ့ဆုံပွဲ သို့ တက်ရောက်လာသည့် ပြည် သူများကိုလည်း မေးခွန်းများဆွေး နွေးမေးမြန်းခွင့်ပြုခဲ့သည်။
အဆိုပါတက္ကသိုလ်မှ မဟာ ဘွဲ့ကျောင်းသားတစ်ဦးက ပြည် တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက် ပြီး မေးမြန်းခဲ့ရာ လွှတ်တော်နာယက ကပြန်လည်ဆွေးနွေးဖြေကြားခဲ့ခြင်းဖြစ်သည်။
ညှိနှိုင်းတိုင်ပင်ဆွေးနွေးနိုင် သောလူတွေဖြစ်ပါလျက် ဘာ ကြောင့်ငြိမ်းချမ်းရေးမရသေးလဲ ဆိုသည့်မေးခွန်းနှင့်ပတ်သက်၍ ‘‘ဘာဖြစ်လို့လူတွေဖြစ်ပြီး ဒီလိုမလုပ်နိုင်လဲဆိုတာက လူတွေဖြစ်နေလို့ပါပဲ’’ဟု နာယကက ပြောကြားခဲ့သည်။

7Day Daily

No comments:

Post a Comment