Thursday, 6 June 2013

ရှေးဟောင်းအမွေအနှစ် အဆောက်အဦး (၂၀၀)ခန့်ကို ဘာသာနှစ်မျိုးဖြင့် သမိုင်းကြောင်းဖော်ပြမည်

Photo: ရှေးဟောင်းအမွေအနှစ် အဆောက်အဦး (၂၀၀)ခန့်ကို ဘာသာနှစ်မျိုးဖြင့် သမိုင်းကြောင်းဖော်ပြမည်

ဇွန်လ ၆ ရက် ၂၀၁၃

ရန်ကုန်မြို့အတွင်းရှိ ရှေးဟောင်းအမွေအနှစ် အဆောက်အဦးများ၏ သမိုင်းကြောင်းကို ကမ္မည်းပြား( blue plaques)များဖြင့် မြန်မာ၊ အင်္ဂလိပ် ဘာသာနှစ်မျိုးရေးသားကာ ဖော်ပြရန်အတွက် Philips ကုမ္ပဏီက ကန်ဒေါ်လာ (၇၅၀၀၀) ကိုလှူဒါန်းမည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Yangon Heritage Trust)မှ ဥက္ကဌ ဒေါက်တာသန့်မြင့်ဦးက ဆိုသည်။
 
“blue plaques တွေတပ်ဆင်ပေးမှာပါ။ အဲဒါမှ လူတွေက ဒါကအထင်ကရနေရာဖြစ်တယ်။ ဒီအဆောက်အဦးက ထိန်းသိမ်းသင့်တဲ့အဆောက်အဦးဖြစ်တယ်ဆိုတာ ကျွန်တော်တို့ပြည်သူပြည်သားတွေ သတိထားမိသွားအောင်   ထောက်ပြချင်တာပါ” ဟု (Yangon Heritage Trust)မှ ဥက္ကဌ ဒေါက်တာသန့်မြင့်ဦးက ပြောသည်။
 
အဆိုပါ ကမ္မည်းပြားများကို ဇွန်လအတွင်း၌ ရှေးဟောင်းအဆောက်အဦး (၂၀၀) ခန့်တွင်  တပ်ဆင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
 
Philips သည် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ယဉ်ကျေးမှုမြို့တော်ဖြစ်သည့် ရန်ကုန်မြို့၏ ဗိသုကာ လက်ရာ အမွေအနှစ်များကို ဖော်ပြနိုင်ရန် ကမ္မည်းပြား( blue plaques)များ တပ်ဆင်ရေးလုပ်ငန်းအတွက် အဆိုပါ အလှူငွေများအား ထည့်ဝင်လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။
 
“ Philips အနေနဲ့ မြန်မာနိုင်ငံမှာ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေး စောင့်ရှောက်တဲ့ စနစ်တွေ တည်ထောင်ပေးဖို့၊ Philips ရဲ့ လူသုံးကုန် ပစ္စည်းတွေနဲ့ လူတွေ ပိုပြီး ကျန်းမာပျော်ရွှင်တဲ့ ဘ၀ နေထိုင်နိုင်စေဖို့ ၊ အရည်အသွေးမြင့် အလင်းပေးမှုစနစ်ဆိုင်ရာ အခြေခံ အဆောက်အအုံကို ကူညီ တည်ထောင်ပေးဖို့ ဖြစ်ပါတယ်” ဟု Philips ၏ အာဆီယံနှင့် ပစိဖိတ်ဒေသဆိုင်ရာ အမှုဆောင်အရာရှိချုပ် Mrs. Harjit Gill က ပြောသည်။
 
Philip ကုမ္ပဏီနှင့် ပူးပေါင်းမည့် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Yangon Heritage Trust) သည် မြို့ပြစီမံကိန်း မူဘောင်အတွင်း ရန်ကုန်မြို့၏ မြို့ပြအမွေအနှစ်များကို အများဆုံး ကာကွယ်စောင့်ရှောက်ရန်ဟူသော ဦးတည်ချက်ဖြင့် ၂၀၁၂ခုနှစ် မတ်လတွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

Myit Makha Mediagroup
ရန်ကုန်မြို့အတွင်းရှိ ရှေးဟောင်းအမွေအနှစ် အဆောက်အဦးများ၏ သမိုင်းကြောင်းကို ကမ္မည်းပြား( blue plaques)များဖြင့် မြန်မာ၊ အင်္ဂလိပ် ဘာသာနှစ်မျိုးရေးသားကာ ဖော်ပြရန်အတွက် Philips ကုမ္ပဏီက ကန်ဒေါ်လာ (၇၅၀၀၀) ကိုလှူဒါန်းမည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (Yangon Heritage Trust)မှ ဥက္ကဌ ဒေါက်တာသန့်မြင့်ဦးက ဆိုသည်။

ပေါင်းလောင်း ဆည်ကြောင့် ကျေးရွာပြောင်းရသူများ နေရာ သစ်တွင် အခက်ကြုံ

Photo: ပေါင်းလောင်းဆည်ကြောင့် ကျေးရွာပြောင်းရသူများ နေရာသစ်တွင် အခက်ကြုံ
Thursday, June 6, 2013

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်က ပေါင်းလောင်းဆည် ရေအားလျှပ်စစ်စီမံကိန်းကြောင့် ရွာဟောင်းကနေ ရွာသစ်ကို ရွှေ့လာရတဲ့ ဒေသခံတွေ ရေမီးအခက်အခဲအပြင် အလုပ်အကိုင်အခက်အခဲ ကြုံနေရပါတယ်။

ပင်လောင်းမြို့နယ် ထိန်ပင်နဲ့ သပြေကုန်းကျေးရွာအုပ်စုထဲက ရွာပေါင်း ၂၃ ရွာဟာ သူတို့နေရင်းရွာ အနောက်ဘက် ၁ မိုင်ကျော်အကွာက တောင်ကုန်း တောင်တန်းတွေပေါ် ပြောင်းရွှေ့နေကြရပြီး အခက်အခဲအမျိုးမျိုးနဲ့ ကြုံနေရတယ်လို့ ကျေးရွာ ရပ်မိရပ်ဖတဦးက ပြောပါတယ်။

“အခု မိုးကလည်း ရွာနေပြီ။ ရွှေ့ပြောင်းဖို့က ပစ္စည်းတွေသယ်ဖို့လည်း လမ်းတွေကလည်း ပျက်နေတယ်။ ကားအခက်အခဲလည်း ရှိတယ်။ ဖျက်ထားတဲ့အိမ်တွေလည်း အကုန်မကယ်နိုင်ဘူး။ လမ်းတွေက သွားလို့မရဘူး၊ ချော်နေတယ်။ တချို့နေရာတွေ ပျက်နေတာရှိတယ်။ ဒီမှာအကုန် ရှုပ်နေတယ်။ ဖျက်တဲ့သူက ဖျက်၊ သယ်တဲ့သူက သယ်။”
အခုလက်ရှိတည်ဆောက်နေတဲ့ အထက်ပေါင်းလောင်းဆည် စီမံကိန်းကြီး ပြီးသွားရင် သူတို့ရွာဟောင်းထဲကို ရေတွေ ၀င်လာတော့မှာဖြစ်တဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေက မနှစ် ဩဂုတ်လကစပြီး ပြောင်းရွှေ့ဖို့ ညွှန်ကြားထား တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီနေ့ထိ မရွှေ့ရသေးတဲ့ ရွာတွေလည်း ကျန်နေသေးတဲ့အတွက် စီမံကိန်းဆိုင်ရာ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့အပတ်က လာရောက်သတိပေးသွားပြီး ရွာထဲရေ၀င်လာရင် တာဝန်မယူကြောင်း၊ ပြောင်းရွှေ့ရေးမှာလည်း အကူအညီမပေးနိုင်ကြောင်း ပြောသွားတယ်လို့ ဆိုပါတယ်။

အခြားရွာသားတဦးကလည်း နေရာဟောင်းက မပြောင်းရင် ဒုက္ခရောက်မှာဖြစ်သလို နေရာသစ်မှာလည်း အခက်အခဲတွေ အများကြီးရှိတယ်လို့ ပြောပါတယ်။

“ရေမီးအစုံဖြစ်စေရမယ်ပြောပေမယ့် ရေတွေမလုံလောက်ဘူး။ မီးကတော့ ထားပါတော့၊ သုံးရေသောက်ရေတောင် လုံလုံလောက်လောက် မရဘူး။ ရေကန်ကြီးလုပ်ပေးတယ်၊ ရေကန်ကလည်း အပေါက်တွေနဲ့ လာထည့်ပေးတာလဲ ရေနောက်တွေ။ ရေနောက်တွေ ဘယ်လိုသောက်သုံးကြမလဲ။”

စီမံကိန်းကြောင့် ပြောင်းရွှေ့ရတဲ့ အိမ်ခြေ ၂ ထောင်ကျော်ရှိပြီး အိမ်ခြေတန်ဖိုးနဲ့ ညီမျှတဲ့ လျော်ကြေးကို အရစ်ကျ ထုတ်ပေးပေမယ့် အိမ်ဆောက်လိုသူ များတာကြောင့် အိမ်ဆောက်ပစ္စည်းနဲ့ လက်သမားခတွေ ဈေးတက်ကုန်ကြောင်း၊ ဒါကြောင့် ရှိတဲ့ငွေနဲ့ လောက်အောင် ဆောက်နေကြကြောင်း၊ ဆုံးရှုံးသွားတဲ့ သီးပင်စားပင်တွေအတွက် ၅ နှစ်စာ လျော်ပေးမယ်လို့ ပြောထားပေမယ့် ရှေ့ဆက် တသက်စာ လုပ်ကိုင်စားသောက်သွားဖို့ စိုက်ပျိုးမြေ အခက်အခဲတွေ ကြုံနေရတယ်လို့ သူက ဆက်ပြောပါတယ်။

အခုပြောင်းရွှေ့လာတဲ့နေရာဟာ တောင်ကုန်း၊ တောင်ကတုံးတွေဖြစ်တဲ့အတွက် မြေဆီလွှာညံ့ဖျင်းပြီး စိုက်ပျိုးရေး ခက်ခဲတာက တကြောင်း၊ အရင်က လယ်ယာဟောင်းဟာလည်း စီမံကိန်းဧရိယာထဲ ပါသွားသလို မပါတဲ့နေရာတွေလည်း အိမ်နဲ့ အင်မတန် အလှမ်းဝေးသွားတယ်လို့ ဆိုပါတယ်။

“တောင်သူလယ်သမားကတော့ လယ်ယာမရှိဘူးဆို ဘာမှမတတ်နိုင်ဘူး။ အခုက တောင်ကုန်းမှာရောက်ရင် လက်ရှိ မြေကွက်၊ ပဲကွက်တို့ ဘာမှမရှိတော့ဘူး။ တောင်ကုန်းမှာ ထင်းခုတ်စားဖို့ အလှမ်းဝေးသွားပြီ။”
ပေါင်းလောင်းစီမံကိန်းကြောင့် လူပေါင်း ၈ ထောင်ကျော် ပြောင်းရွှေ့ရမှာဖြစ်သလို လယ်မြေဧကပေါင်း ၆ ထောင်ကျော် ရေလွှမ်းဧရိယာထဲ ပါမှာဖြစ်တဲ့အတွက် ရွာသားတွေရဲ့ နစ်နာဆုံးရှုံးမှုတွေနဲ့ ပတ်သက်ပြီး ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့က ပြီးခဲ့တဲ့နှစ်က ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲတရပ် လုပ်ခဲ့သလို နိုင်ငံတော်သမ္မတကြီးဆီ လိပ်မူပြီးတော့ စာတစောင် ပေးပို့ခဲ့ပါသေးတယ်။

နေပြည်တော်အရှေ့ဘက်မိုင် ၂၀ ကျော်မှာရှိတဲ့ အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းကို မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ၂၀၀၄ ခုနှစ်က စတင်တည်ဆောက်နေတာဖြစ်ပြီး လာမယ့် ၂၀၁၄ – ၂၀၁၅ ခုနှစ်ထဲ အပြီးသတ်ဖို့ လျာထားကြောင်း၊ အဲဒီစီမံကိန်းကနေ ၁ နှစ်ကို လျှပ်စစ်ဓာတ်အား ပျမ်းမျှ ကီလိုဝပ် နာရီ သန်းပေါင်း ၄၅၄ သန်း ထုတ်ပေးနိုင်မယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

DVB
ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်က ပေါင်းလောင်းဆည် ရေအားလျှပ်စစ်စီမံကိန်းကြောင့် ရွာဟောင်း ကနေ ရွာသစ်ကို ရွှေ့လာရတဲ့ ဒေသခံတွေ ရေမီးအခက်အခဲအပြင် အလုပ်အကိုင်အခက်အခဲ ကြုံနေရပါ တယ်။

၂၀၁၅ သမ္မတရာထူး ယှဉ်ပြိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

Photo: ၂၀၁၅ သမ္မတရာထူး ယှဉ်ပြိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော
Thursday, June 6, 2013

နေပြည်တော်တွင် ယနေ့စတင်ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်၏ စကားဝိုင်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း
စုကြည်က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု အတည်ပြုပြောကြားလိုက်သည်။

တိုင်းပြည်ပွင့်လင်းလာမှုကို မျက်နှာချင်းဆိုင်ရမည်ဖြစ်ပြီး ကြောက်ရွံ့နေ
စရာ မလိုဟုလည်း ပြောသည်။

တပ်မတော်ကို စည်းကမ်းစနစ်တကျဖြင့် ဖွံ့ဖြိုးတိုးတက်စေလိုကြောင်း၊ ဒီမိုကရေစီစနစ်နှင့် သဟဇာတဖြစ်မည့် လက်နက်ကိုင်တပ်အဖြစ် မြင်
လိုကြောင်း ပြောသည်။

သမ္မတရာထူး ရယူရုံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြောင်းလဲလိုသည်
မဟုတ် ဒီမိုကရေစီနည်းမကျသော ဥပဒေများကို ပြောင်းလဲရေး လုပ်ဆောင်မည်ဟုလည်း ဆိုသည်။

အတိတ်ကို အသိအမှတ်ပြုရန် ဆိုသော်လည်း "လက်စားချေရန်"
"တရားစွဲ ခုံရုံးတင်ရန်" လုံးဝ အစီအစဉ်မရှိဟု ပြောဆိုသွားသည်။

ရခိုင်ပြည်ရှိ ပဋိပက္ခများအရေးပြောဆိုရာတွင်လည်း နှစ်ဘက် အသိုင်း
အဝိုင်းမှ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး အဖြေရှာ ရင်ကြားစေ့ရေး၊
တရားဥပဒေ စိုးမိုးရေးနှင့် နိုင်ငံသားဥပဒေကို နိုင်ငံတကာ စံနှုန်းများ
နှင့် ကိုက်ညီစေရေးတို့ကို မီးမောင်းထိုး ပြောဆိုသည်။

ဧရာဝတီblog
နေပြည်တော်တွင် ယနေ့စတင်ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်၏ စကားဝိုင်းတွင် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတရာထူး အတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု အတည်ပြုပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေအရ အားလုံးတန်းတူဖြစ်ရမယ်လို့ ပြောကြား

Photo: ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေအရ အားလုံးတန်းတူဖြစ်ရမယ်လို့
ပြောကြား
Thursday, June 6, 2013

ရခိုင်ပြည်နယ်အစိုးရက မြို့နယ် ၂ ခုမှာရှိတဲ့ မွှတ်စလင်တွေကို မိသားစု
တစ်ခုမှာ သားသမီး ၂ ဦးပဲ မွေးဖွားရမယ်လို့ အမိန့်ထုတ်ပြန်ခဲ့တာဟာ ခွဲခြားမှုတစ်ခုဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်က
ပြောဆိုခဲ့တဲ့အတွက် မကျေနပ်ကြောင်း ပြောဆိုသံတွေ ပေါ်ထွက်နေတာနဲ့ ပတ်သက်ပြီး RFA က မေးမြန်းခဲ့ရာမှာ အခုလို မကျေနပ်မှုတွေပေါ်ပေါက်
မှာကို ကြိုတင်တွက်ဆပြီး ဖြစ်ပါတယ်။

ဒါပေမယ့် တရားဥပဒေအောက်မှာ နိုင်ငံသားအားလုံး တန်းတူရည်တူ အခွင့်အရေးရှိရမှာ ဖြစ်တဲ့အတွက် မိမိအနေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပြောစရာရှိတာကို အမှန်အတိုင်း ပြောရမှာပါပဲလို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

"ဥပဒေတစ်ခုအောက်မှာ အားလုံးကတန်းတူရည်တူဖြစ်ရမယ်၊ အဖွဲ့
အစည်းတစ်ခုပဲဖြစ်ဖြစ်၊ အသိုင်းအဝိုင်းတစ်ခုပဲဖြစ်ဖြစ် သက်သက်ဥပဒေ
တစ်ခုနဲ့ လုပ်တယ်ဆိုတာဟာ ဒါဟာ သာမာန် လူ့အခွင့်အရေးရှုထောင့်
ကကြည့်လို့ရှိရင် မကိုက်ညီဘူး၊ တရားဥပဒေစိုးမိုးရေးနဲ့လည်း မကိုက်ညီဘူး"

RFA က ပုံမှန်ထုတ်လွှင့်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်း
စုကြည် အစီအစဉ်အတွက် ဗုဒ္ဓဟူးနေ့က ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ အမျိုးသမီးများ သားဆက်ခြားမှုအပေါ်သဘောထားကို
မေးမြန်းရာမှာတော့ ဒါဟာအမိန့်တစ်ခုအဖြစ် ထုတ်ပြန်ပြဌာန်းရမယ့် ကိစ္စမဟုတ်ပဲ မိမိတို့အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ဖြစ်တယ်လို့
ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

"ဒီဟာက ရွေးချယ်မှုတစ်ခုဖြစ်ရမယ်၊ အစိုးရအနေနဲ့ ပညာပေးရမယ်၊ ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုလုပ်သင့်တယ်၊ ဘယ်လိုဖြစ်လို့ ဒီလိုလုပ်
သင့်တယ်၊ ဘယ်လိုပုံစံနဲ့ ကိုယ်လုပ်ချင်ရင် လုပ်နိုင်တယ်ဆိုတာ၊ အဲ့လိုပုံစံနဲ့ ပညာပေးသွားပြီးတော့ မိသားစုမှာ သားသမီးဘယ်လောက်ရှိဖို့ ဆုံးဖြတ်
တာက နောက်ဆုံးတော့ မိဘတွေရဲ့ဆုံးဖြတ်မှု ဖြစ်ရမှာပေါ့"

RFA Burmese
ရခိုင်ပြည်နယ်အစိုးရက မြို့နယ် ၂ ခုမှာရှိတဲ့ မွှတ်စလင်တွေကို မိသားစုတစ်ခုမှာ သားသမီး ၂ ဦးပဲ မွေးဖွား ရမယ်လို့ အမိန့်ထုတ်ပြန်ခဲ့တာဟာ ခွဲခြားမှုတစ်ခုဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်း အတွင်း ဒေါ်အောင်ဆန်း စုကြည် က ပြောဆိုခဲ့တဲ့အတွက် မကျေနပ်ကြောင်း ပြောဆိုသံတွေ ပေါ်ထွက်နေတာနဲ့ ပတ်သက်ပြီး RFA က မေးမြန်းခဲ့ရာမှာ အခုလို မကျေနပ်မှုတွေပေါ်ပေါက်မှာကို ကြိုတင်တွက်ဆပြီး ဖြစ်ပါတယ်။

ဒီနယ်မြေ ရချင်တယ်ဆိုရင်တော့ ကျနော်တို့နဲ့ တိုက်ပါ

Photo: “ဒီနယ်မြေ ရချင်တယ်ဆိုရင်တော့ ကျနော်တို့နဲ့ တိုက်ပါ”
Thursday, June 6, 2013

ဝတိုင်းရင်းသားများနေထိုင်သည့်နေရာကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဆင့် တရားဝင် သတ်မှတ်ပေးရန် တောင်းဆိုနေခြင်းဖြစ်ကြောင်း၊ ဗဟိုအစိုးရအုပ်ချုပ်မှုအောက်မှ ခွဲထွက်ရန် ရည်ရွယ်ခြင်း မရှိကြောင်း
UWSA ဝ လက်နက်ကိုင်အဖွဲ့က ပြောသည်။

" ဝဒေသကို ပြည်ထောင်စုကနေ ခွဲထွက်ဖို့ မရည်ရွယ်ပါဘူး " ဟု UWSA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သော UWSP ပါတီ ပြောခွင့်ရ အရာရှိ ဦးဆမ်ခွန်က ဧရာဝတီကို ပြောသည်။

"ဒေသ " ဟူသည်မှာ "ပြည်နယ်"ထက် သေးငယ်သောကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆိုသည်ကို လက်ခံနိုင်ခြင်း မရှိကြောင်း သူက ဆက်ပြောသည်။

ဝဒေသ တောင်ပိုင်းနှင့် ပတ်သက်ပြီး အစိုးရနှင့် ဝ ခေါင်းဆောင်တို့ သဘောထားခြင်း မတိုက်ဆိုင်ကြဟု ဆိုသည်။

“အဲဒီနေရာကနေ ဖယ်မပေးနိုင်ဘူး။ အဲဒီနေရာကို စစ်ပွဲတွေနဲ့ ရင်းပြီး ရထားတာပါ။
ဒီနယ်မြေ ရချင်တယ်ဆိုရင်တော့ ကျနော်တို့နဲ့ တိုက်ပါ။ ဒီအတိုင်းတော့ ကျနော်တို့ ထွက်မသွားနိုင်ပါဘူး” ဟု ဝ အရာရှိက ပြောသည်။

(ငြိမ်းငြိမ်း ရေးသားတဲ့ UWSA Wants Autonomous State, Not Independence www.irrawaddy.org/archives/36522 ကနေ ကောက်နုတ်ဖော်ပြပါတယ်။)

ဧရာဝတီblog
ဝတိုင်းရင်းသားများနေထိုင်သည့်နေရာကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ ပြည်နယ် အဆင့် တရားဝင် သတ်မှတ်ပေးရန် တောင်းဆိုနေခြင်းဖြစ်ကြောင်း၊ ဗဟိုအစိုးရ အုပ်ချုပ် မှုအောက် မှ ခွဲထွက်ရန် ရည်ရွယ်ခြင်း မရှိကြောင်း UWSA ဝ လက်နက်ကိုင်အဖွဲ့က ပြောသည်။

တနင်္သာရီ ကမ်းလွန်ဒေသ ရေနက်ပိုင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်နှစ်ခု ထိုင်းကုမ္ပဏီ PTTEP South Asia Limited လုပ်ကိုင်ခွင့် ရရှိ

offshore-june6
ကန်ပေါက်မြို့နယ်ရှိ သဘာဝဓာတ်ငွေ့ ထိန်းချုပ်ဖြန့်ဖြူးရေး စခန်းကို တွေ့ရစဉ်
တနင်္သာရီတိုင်း ဒေသကြီးရှိ တနင်္သာရီ ကမ်းလွန်ဒေသ ရေနက်ပိုင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်နှစ်ခုကို ထိုင်းကုမ္ပဏီ PTTEP South Asia Limited မှ လုပ်ကိုင်ခွင့်ရ ရှိခဲ့ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Wednesday, 5 June 2013

သွေးလွန်တုတ်ကွေးရောဂါ

Photo: သွေးလွန်တုတ်ကွေးရောဂါ @Dengue Hemorrhagic Fever
Wednesday, June 5, 2013

( မိုးရာသီစတင် ၀င်ရောက်လာသည်နှင့်အမျှ ကလေးငယ်များတွင် သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားမှု များပြားလာပါသည်။ ထို့ကြောင့် သွေးလွန် တုပ်ကွေးနှင့် ပတ်သတ်သော အချက်များအား တင်ပြပေးချင်းဖြစ်ပါသည်။ )
Myanmar Online News Admin Group

သွေးလွန်တုတ်ကွေးရောဂါ ဆိုတာဘာလဲ။
သွေးလွန်တုတ်ကွေးရောဂါ ဆိုသည်မှာ ကလေးများတွင် အဖြစ်များသော ခြင်မှတဆင့် ကူးစက်တတ်သည့် ရောဂါတစ်မျိုး ဖြစ်ပါသည်။ ဖွံ့ဖြိုးဆဲတိုင်းပြည်များတွင် ကလေးများ၏အသက်ကိုအဓိက ဒုက္ခပေးနေသော ရောဂါ တစ်မျိုးလည်း ဖြစ်ပါသည်။ ဖွံ့ဖြိုးပြီးတိုင်းပြည်များတွင်မူ ခြင်မရှိသောကြောင့် မတွေ့ရတော့ပါ။

သွေးလွန်တုတ်ကွေးရောဂါဟာ ဘာ့ကြောင့် ဖြစ်ရတာလဲ။
သွေးလွန်တုတ်ကွေး virus ကြောင့်ဖြစ်ပါသည်။ ယင်း virus သည် ခြင်၏သွေးမှတဆင့်လူ၏ သွေးထဲသို့ကူးစက်ခြင်းဖြစ်ပါသည်။ သွေးလွန်တုတ်ကွေး virus အမျိုးအစား လေး မျိုးရှိပါသည်။

ဘယ်လိုနည်းတွေနဲ့ ကူးစက်တတ်ပါသလဲ။
သွေးလွန်တုတ်ကွေး ရောဂါပိုးကို သယ်ဆောင်ထားသော ခြင်ကိုက်သောကြောင့် ဖြစ်ပါသည်။ Aedes ခြင် အမျိုးအစားဖြစ်ပါသည်။ နေ့ဘက်တွင်ကိုက်တတ်ပြီး နေအိမ်ရှိ အလင်းရောင်ကွယ်သော နေရာများတွင် ပုန်းခိုနေတတ်ပါသည်။


ရောဂါဖြစ်လာရင် ဘာလက္ခဏာတွေ ပြတတ်ပါသလဲ။
သွေးလွန်တုတ်ကွေး ရောဂါတွင် အဆင့် လေးဆင့်ရှိပါသည်။

အဆင့်တစ်သည် သာမန် တုတ်ကွေးမိသကဲ့သို့သာ ဖျားပြီး နေပြန်ကောင်းသွားတတ်သည်။လက်မောင်းတွင် သွေးပေါင်ချိန်တိုင်းသော ကိရိယာဖြင့် ငါးမိနစ်ခန့် ခပ်တင်းတင်း စည်းထားပါက အနီအစက်အပျောက်များ ပေါ်လာသည်ကိုတွေ့ရတတ်ပါသည်။ ၎င်းကို Hess test ဟုခေါ်ပါသည်။

အဆင့်နှစ်တွင် အဖျားပိုကြီးလာသည့်အပြင် coffee ရောင်များ အန်ခြင်း၊ သွားဖုန်း သွေးယိုခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ ၀မ်းမည်းမည်းများသွားခြင်း များဖြစ်တတ်ပါသည်။

အဆင့်သုံးတွင် အထက်ပါ လက္ခဏာများအပြင် ကလေးအရမ်းမှိန်းလာခြင်း၊ သတိလစ်သွားခြင်း၊ ခြေဖျားလက်ဖျားများ အေးစက်လာခြင်း များဖြစ်တတ်ပါသည်။ ၎င်း လက္ခဏာများသည် ကလေးတွင် shock (သွေးလန့်ခြင်း) ရတော့မည့် လက္ခဏာများဖြစ်ပါသည်။

အဆင့်လေးတွင် သွေးပေါင်ချိန်နှင့်သွေးခုန်နှုန်း တိုင်းလို့မရတော့ဘဲ သွေးလန့်ခြင်းအဆင့်သို့ ရောင်သွားတတ်ပါသည်။

အဆင့်လေးဆင့်ရှိသော်လည်း ကလေးတိုင်းတွင် အဆင့်တစ်မှ လေးအထိဖြစ်မည်ဟု မဆိုလိုပါ။ အချို့ကလေးများတွင် အဆင့်တစ်သာဖြစ်၍ အချို့ ကလေးများတွင် အသက်သေဆုံးသည်အထိ ဖြစ်တတ်ပါသည်။ အဆင့်တစ်ရောဂါရှိသောကလေးသည် ရုတ်တရက် အဆင့်သုံး/လေးသို့ ခုန်သွားတတ်ပါသည်။ ထို့ကြောင့် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပါက မပေါ့ဆသင့်ဘဲကလေးငယ်ကို သေသေချာချာ ပြုစုစောင့်ကြည့်ရမည်ဖြစ် ပါသည်။

သွေးလွန်တုတ်ကွေးရောဂါတွင် ကြောက်စရာအကောင်းဆုံးမှာ shock ပင် ဖြစ်ပါသည်။
ကလေးသည် ၅ ရက်မှ ၇ ရက် အထိ ဖျားတတ်ပြီး တုတ်ကွေး၏လက္ခဏာများကို ပြသပါလိမ့်မည်။ shock ရပါက ၃ ရက် မှ ၅ ရက် အတွင်းရတတ်ပြီး မိဘများက ကလေးကိုယ်ပူကျသွားသောကြောင့်
ပေါ့ဆ သွားတတ်ရာ အန္တရာယ်များလှပါသည်။ ကလေးမှာ အမှန်စင်စစ် ကိုယ်ပူကျသွားခြင်းမဟုတ်ဘဲ shock ရသွားခြင်းဖြစ်သောကြောင့် ထိုရက်များတွင် ကလေးကို အထူးဂရုစိုက်ရမည် ဖြစ်ပါသည်။ ကလေးကို စောင့်မကြည့်တတ်ပါက ဆေးရုံသို့သာခေါ်ဆောင်သွားစေလိုပါသည်။


ဘယ်လိုလက္ခဏာတွေပြရင် ကလေးကို ဆေးရုံတင်သင့်ပါသလဲ။
ကလေးကိုယ် အရမ်းပူခြင်း – ကိုယ်ပူရှိန်ကြောင့် ကလေးတက်သွား တတ်ပါသည်။
ကလေး အရမ်းမှိန်းခြင်း – shock ရချင်သောလက္ခဏာဖြစ်ပါသည်။
ကလေးက ကော်ဖီရောင်များအန်ခြင်း၊ ၀မ်းမည်းမည်းများသွားခြင်း
ဖျားပြီး သွားဖုန်းသွေးယြိုခင်းနှာခေါင်းသွေးလျှံခြင်း


ဘယ်အချက်တွေကို ရှောင်ကြဉ်သင့်ပါသလဲ။
ကလေးကိုယ်ပူနေပါက ထူထဲသော အ၀တ်အစားများကို ၀တ်ဆင်ပေးခြင်း – ကိုယ် ပိုပူလာတတ်သည်။
အာဟာရပြည့်ဝအောင်မကျွေးဘဲ ဆန်ပြုတ် ခေါက်ဆွဲပြုတ်သာ ကျွေးခြင်း။
မက်ကလောင်ဖောက်ခြင်း – မက်ကလောင်ဖောက်သော နေရာမှ ရောဂါပိုးဝင်ပြီး သွေးလွန်တုတ်ကွေးရောဂါနှင့် မသေဘဲ သွေးဆိပ်တက်သောကြောင့် သေရသော ကလေးပေါင်း များစွာ ရှိခဲ့ဖူးပါသည်။
အညိုရောင်ရှိသော အစားအစာများ ဥပမာ coffee, milo, ovaltine တို့ကို မတိုက်ကျွေးပါနှင့် – ကလေးသွေးအန်ပါက သွေးအရောင်နှင့် ခွဲခြင်းရခက်ခြင်းကြောင့်ဖြစ်ပါသည်။


သွေးလွန်တုတ်ကွေးရောဂါ မဖြစ်အောင်ကာကွယ်နိုင်ပါသလား။
ကာကွယ်ဆေးမပေါ်သေးပါ။ ထို့ကြောင့် ကလေးကို ခြင်မကိုက်အောင် အတတ်နိုင်ဆုံး ကာကွယ်ရမည် ဖြစ်ပါသည်။

Posted by ဇီဝက (ဆေး-၂)
ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည်
သွေးလွန်တုတ်ကွေးရောဂါ ဆိုတာဘာလဲ။
သွေးလွန်တုတ်ကွေးရောဂါဆိုသည်မှာ ကလေးများတွင်အဖြစ်များသော ခြင်မှတဆင့် ကူးစက်တတ် သည့် ရောဂါတစ်မျိုးဖြစ်ပါသည်။ ဖွံ့ဖြိုးဆဲ တိုင်းပြည်များတွင် ကလေးများ၏အသက်ကိုအဓိက ဒုက္ခပေးနေသော ရောဂါတစ်မျိုးလည်း ဖြစ်ပါသည်။ ဖွံ့ဖြိုးပြီးတိုင်းပြည်များတွင်မူ ခြင်မရှိသောကြောင့် မတွေ့ရတော့ ပါ။

ဆီးရီးယားအစိုးရတပ် သူပုန်တွေကို အပြတ်ချေမှုန်းမယ်လို့ ကြေညာ

Photo: ဆီးရီးယားအစိုးရတပ် သူပုန်တွေကို အပြတ်ချေမှုန်းမယ်လို့ ကြေညာ
Wednesday, June 5, 2013

လက်ဘနွန်နိုင်ငံရှိ Hezbollah တိုက်ခိုက်ရေးသမားတွေ ကို ကျောထောက်နောက်ခံ ပေးနေတဲ့ ဆီးရီးယားတပ်ဖွဲ့တွေက လက်ဘနွန်နယ်စပ်ရှိ မဟာဗျူဟာကျတဲ့ ကူဆာအီမြို့ကို လုံးဝ ပြန်လည်ထိန်းချုပ်နိုင်ပြီ ဖြစ်ပါတယ်။ အဲ့ဒီမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့အတွက် ၃ ပတ်ကြာ ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယားစစ်တပ်က အစိုးရဆန့်ကျင်ရေး အကြမ်းဖက်သမားတွေကို အပြတ်ချေမှုန်းမယ်လို့ နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ဒီကနေ့ ကြေညာလိုက်တာပါ။ တစ်နှစ်ကျော်ကြာ ခြေကုတ် ယူခဲ့တဲ့ ကူဆာအီမြို့ကနေ အတိုက်အခံတပ်ဖွဲ့တွေက ဆုတ်ခွာခဲ့ကြ တယ်လို့ ပြောပါတယ်။

အဲ့ဒီ ကူဆာအီမြို့ဟာ ဒမတ်စကတ်စ်မြို့ကနေ မြေထဲပင်လယ် ကမ်းရိုးတန်းအထိ သွားနိုင်တဲ့ အဝေးပြေးလမ်းမကြီးမှာ တည်ရှိပြီး၊ အတိုက်အခံတပ်ဖွဲ့တွေ လက်ဘနွန်နိုင်ငံကို ၀င်ရောက်နိုင်တဲ့နေ ရာ ဖြစ်ပါတယ်။

ကူဆာအီတိုက်ပွဲမှာ Hezbollah စစ်သွေးကြွတွေ ပါဝင်လာတာကြောင့် ဆီးရီးယားပဋိပက္ခနဲ့ ကျယ်ပြန့်လာနိုင်တာကြောင့် နိုင်ငံတကာက စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။ သမ္မတ အာဆတ်အစိုးရက ကူဆာအီတိုက်ပွဲမှာ နိုင်ငံခြားက တိုက်ခိုက်ရေးသမားတွေ အသုံးပြုနေတဲ့အပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ပြီးခဲ့တဲ့အပတ်က ပြစ်တင်ရှုတ်ချတဲ့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ ဆီးရီးယား အကြပ်အတည်း အဆုံးသတ်ရေး ငြိမ်းချမ်းရေး ညီလာခံတစ်ရပ် ကျင်းပဖို့ ကုလသမဂ္ဂ၊ ရုရှားနဲ့ အမေရိကန် ပြည်ထောင်စုက ကိုယ်စားလှယ်တွေ ဒီကနေ့ ဂျနီဗာမြို့မှာ ဆွေးနွေးနေကြပါတယ်။

ဆီးရီးယားအစိုးရနဲ့ အတိုက်အခံ ပူးပေါင်းပြီး အသွင်ကူးပြောင်းရေး အစိုးတစ်ရပ် ဖွဲ့စည်းနိုင်ဖို့ မျှော်လင့်ချက်နဲ့ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေး ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

ဆီးရီးယားသမ္မတအပေါ် သစ္စာခံတပ်တွေက ကူဆာအီမြို့ လမ်းမတလျှောက် အမျိုးသားအလံကို ကိုင်ဆောင်ပြီး လမ်းလျှောက်လာစဉ် (၅ ဇွန် ၂၀၁၃)
VOA Burmese
ဆီးရီးယားသမ္မတအပေါ် သစ္စာခံတပ်တွေက ကူဆာအီမြို့ လမ်းမတလျှောက် အမျိုးသားအလံကို ကိုင်ဆောင်ပြီး လမ်းလျှောက်လာစဉ် (၅ ဇွန် ၂၀၁၃)
လက်ဘနွန်နိုင်ငံရှိ Hezbollah တိုက်ခိုက်ရေးသမားတွေကို ကျောထောက်နောက်ခံ ပေးနေတဲ့ ဆီးရီးယား တပ်ဖွဲ့တွေက လက်ဘနွန်နယ်စပ်ရှိ မဟာဗျူဟာကျတဲ့ ကူဆာအီမြို့ကို လုံးဝ ပြန်လည်ထိန်းချုပ်နိုင်ပြီ ဖြစ်ပါ တယ်။ အဲ့ဒီမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့အတွက် ၃ ပတ်ကြာ ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

ရိုဟင်ဂျာများကို လက်ခံမည့် တတိယနိုင်ငံမရှိ

နယူးဒေလီ (မဇ္ဈိမ)။   ။ထိုင်းနိုင်ငံတွင် ထိန်းသိမ်းထားရှိသည့် မြန်မာနိုင်ငံမှ ထွက်ပြေးရောက်ရှိ လာကြသော ရိုဟင်ဂျာ ၂,၀၀၀ ခန့်အား ခေါ်ယူလက်ခံမည့် တတိယနိုင်ငံ ရှာဖွေမရနိုင်ဖြစ်နေကြောင်း ထိုင်း အာဏာပိုင်များက အင်္ဂါနေ့တွင် ပြောဆိုလိုက်သည်။

ကရင်ပြည်နယ်အတွင်း ရုံးစိုက်မည့် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များပါတီ ကန့်ကွက်ခံရ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မေတ္တာလင်းမြိုင်ရွာ၌ ဆိုင်းဘုတ်တင်ကာ ရုံးဖွင့်ရန်စီစဉ်နေသော ဦးအေးလွင် ဦးစီးသည့် ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီအား ရွာသူ ရွာသားများက လေးရက်တိုင် ကန့်ကွက်ဆန္ဒပြကြ၍အစီအစဉ် ရုပ်သိမ်းလိုက်ရသည်ဟု ထိုဒေသ နယ်ခြားစောင့် တပ်မှ တာဝန်ကျ အရာရှိက ပြောသည်။

လက်ပံတောင်းအရေးဆောင်ရွက်သူ ၁၅ ဦး ဖမ်းဝရမ်းထုတ်ခံရ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းပေးရေးမှာ ပါဝင်ခဲ့သူ ဒေသခံ ၇ ဦးနဲ့ ကူညီဆောင်ရွက်ပေးနေသူ ၈ ဦးကို ရွှေဘိုမြို့နယ်တရားရုံးက တရားခံပြေး အဖြစ် သတ်မှတ်ပြီး တရား ရင်ဆိုင်ဖြေရှင်းဖို့ သတိပေးကြေညာချက်တစ်စောင်ကို မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ပုရိန်ကုန်းရွာ အဓိကရုဏ်းမှာ လူ ၄ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပုရိန်ကုန်းကျေးရွာမှာ မနေ့က ညနေပိုင်းက အာဏာပိုင်တွေ နဲ့ ဒေသ ခံတွေအကြား အဓိကရုဏ်းဖြစ် ပွားခဲ့ပြီး အာဏာပိုင်တွေရဲ့ သေနတ်ပစ်ဖောက်မှုကြောင့် လူ ၄ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

တိုင်းရင်းသား မဟာမိတ်ပါတီကြီးတခု ထူထောင်မယ် – ဦးစိုင်းအိုက်ပေါင်း

Photo: တိုင်းရင်းသား မဟာမိတ်ပါတီကြီးတခု ထူထောင်မယ် – ဦးစိုင်းအိုက်ပေါင်း
Wednesday, June 05, 2013

၂၀၁၅ ရွေးကောက်ပွဲကျရင် တိုင်းဒေသကြီးတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဖက်ဒရယ်ယူနီယံပါတီလို့ အမည်ပေးထားတဲ့ ပါတီကြီးတခုကို ထူထောင်သွားဖို့ ရှိတယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ဒီဗွီဘီ ကို ပြောပါတယ်။

အချိုးကျ ကိုယ်စားပြုမှုစနစ်နဲ့ ဆောင်ရွက်ဖြစ်ရင် တိုင်းရင်းသားတွေအတွက် နစ်နာတဲ့အတွက် ကြိုတင်ပြင်ဆင်တာလို့ ဆိုပါတယ်။ လက်ရှိတိုင်းရင်းသားတွေရဲ့ ပါတီတွေကို ဖျက်သိမ်းမှာ မဟုတ်ဘဲ သီးခြားကင်းလွတ်တဲ့ တိုင်းရင်းသားပါတီကြီးအဖြစ် ထူထောင်မှာလို့ ပြောပါတယ်။

ဒီကိစ္စကို  ဇွန်လ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့ တောင်ကြီးမှာ ကျင်းပမယ့် တိုင်းရင်းသားပါတီများ စုံညီအစည်းအဝေးမှာ ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ကြမယ်လို့ ဦးစိုင်းအိုက်ပေါင်းက  ပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ တိုင်းရင်းသားတွေ ပူးပေါင်းပြီး ၀င်ပြိုင်မယ်ဆိုတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စီစဉ်ထားမှုကို ရှင်းပြပေးပါ။


“ကျနော်တို့ ဒီလ ၁၁ ရက်၊ ၁၂ ရက်နေ့မှာ တိုင်းရင်းသားညီနောင်များပါတီကနေပြီး အစည်းအဝေးကျင်းပပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲကျရင် တိုင်းရင်းသားတွေ ပူးပေါင်းပြီးတော့ တိုင်းဒေသကြီးမှာ တနည်းအားဖြင့် မြေပြန့်ဒေသ အထွေထွေရွေးကောက်ပွဲမှာ ပူးပေါင်းပြီး ပါဝင်ယှဉ်ပြိုင်ဖို့ အစီစဉ် ရှိပါတယ်။ အဲဒီအစည်းအဝေးမှာ တင်ပြဆွေးနွေးမယ်။ ဆွေးနွေးချက်တွေ အားလုံးက သဘောတူရင် ဆက်လက်အကောင်အထည်ဖော်မယ်။ ကျနော်တို့ရဲ့ ပါတီနာမည်ကို အက်ဖ်ယူပီ ဖက်ဒရယ်ယူနီယံပါတီဆိုပြီး အကြမ်းဖျင်းလျာထားတယ်။”

တိုင်းရင်းသား နိုင်ငံရေးပါတီအသီးသီးဟာ မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေ တခုနဲ့တခု ဆင်တယ်ဆိုမေယ့် မတူကွဲပြားတာတွေရှိတော့ မဟာမိတ်ပါတီကြီးအဖြစ်ပေါင်းဖို့ သီးသန့် မူဝါဒတွေ၊ ရည်ရွယ်ချက်တွေ ချမှတ်ထားတာ ရှိလား။ ထပ်ဆွေးနွေးဖို့ ရှိလား။

“ရှိမှာပါ။ ပြည်နယ်တွေမှာတော့ ရှိရင်းစွဲ တိုင်းရင်းသားပါတီတွေဟာ ၂၀၁၅ မှာ ဆက်လက်ယှဉ်ပြိုင်သွားမှာပေါ့။ တိုင်းရင်းသားညီနောင်တွေ ပူးပေါင်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုပါတီကတော့ တိုင်းဒေသကြီးတွေမှာ ယှဉ်ပြိုင်သွားဖို့ စီစဉ်ထားတာပါ။ အက်ဖ်ယူပီပါတီအနေနဲ့ ပြည်နယ်တွေမှာ မယှဉ်ပြိုင်ပါဘူး။”

တိုင်းဒေသကြီးတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့အစီအစဉ်က ဘာကြောင့် ပေါ်ပေါက်လာတာလဲ။

“ကျနော်တို့က လာမယ့်ပြည်ထောင်စုလွှတ်တော်မှာ ပီအာစနစ်ကို ကျင့်သုံးဖို့ ဆွေးနွေးမယ်။ တကယ်လို့ ပီအာစနစ်ပေါ်ပေါက်လာရင် တိုင်းရင်းသားပါတီတွေအတွက် အခွင့်အရေးဆုံးရှုံးသွားနိုင်တယ်။ ဆုံးရှုံးသွားနိုင်တဲ့ အခွင့်အရေးတွေကို ကုစားဖို့အတွက် ကျနော်တို့ တိုင်းဒေသကြီးတွေမှာ ယှဉ်ပြိုင်ဖို့ စီစဉ်ခြင်းဖြစ်ပါတယ်။ တိုင်းရင်းသားပါတီဆိုတာ ကျနော်တို့ ဗမာတိုင်းရင်းသားညီနောင်တွေလည်း အက်ဖ်ယူပီမှာ ၀င်ရောက်ပါဝင်နိုင်မယ့် အခွင့်အရေးရှိမှာပဲ။ အဲတော့ ပြည်ထောင်စုတိုင်းရင်းသား ညီအစ်ကိုအားလုံး ပါဝင်တဲ့ ပါတီတခု ထူထောင်ဖို့ ကျနော်တို့ ရည်မှန်းထားခြင်းဖြစ်ပါတယ်။”

ပီအာစနစ်ကြောင့် တိုင်းရင်းသားတွေ အခွင့်အရေးဆုံးရှုံးမယ်ဆိုတာ အကျယ်တ၀င့်ရှင်းပြပေးပါလား။

“ပီအာစနစ်ဆိုရင် အချိုးကျဆိုတော့ အခုလက်ရှိ ရွေးကောက်ပွဲစနစ်က နိုင်သူအကုန်လုံးယူဆိုတဲ့ နေရာမှာ သဘောက မြို့နယ်တခုမှာ မဲဆန္ဒပေးနိုင်တဲ့သူ ၁ သိန်းရှိတယ်ဆိုပါတော့၊ ၅၀၀၀၁ ယောက်ရရင် အဲဒီပါတီက နိုင်သွားမှာပဲ။ ဒါပေမယ့် ၄၉၉၉၉ ရရင် အဲဒီပါတီက လွှတ်တော်ကိုယ်စားလှယ်မရဘူး။ တကယ်ပီအာစနစ်ဆိုရင် သူရှုံးပေမယ့် ရှုံးတဲ့နေရာတိုင်းမှာ မဲစာရင်းတွေ ပေါင်းလိုက်ရင် ဘယ်လိုပဲဖြစ်ဖြစ် ပီအာရ်စနစ်အချိုးကျဆိုတော့ လွှတ်တော်ကိုယ်စားလှယ်က သူပဲရမှာလေ။ သဘောက ရှူံးတဲ့ပါတီလည်း အခွင့်အရေးရတယ်။ နိုင်တဲ့ပါတီအတွက်လည်း အခွင့်အရေး အကုန်မရဘူးပေါ့။”

ပီအာရ်စနစ်က လွှတ်တော်မတင်ရသေးဘူး။ တင်ရင် ကျိန်းသေပေါက်ကျမယ်ဆိုတဲ့ သဘောတွက်ထားပြီးသားဆိုတဲ့ သဘောပါလား။

“ကျိန်းသေကျမယ်ဆိုတာတော့ ပြောလို့မရဘူး။ ကျားဖြူပါတီအနေနဲ့ သဘောမတူကြောင်းတော့ လွှတ်တော်မှာ ဆန္ဒထုတ်ဖော်ပြောဆို၊ တင်ပြဆွေးနွေးရမှာပဲ။ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲဆိုတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၁ ကြိမ်ပဲ ကျင်းပရသေးတယ်။ ဒါကို စနစ်တခုထပ်ပြောင်းတယ်ဆိုရင် ပြည်သူလူထုက အတွေ့အကြုံနည်းပါးသေးတယ်လို့ ယူဆတယ်။ ပြည်နယ်တွေမှာ ဆိုရင် စာတတ်မြောက်မှုဟာ သိပ်နည်းပါးသေးတယ်။ မြန်မာစာလဲ သိပ်မတတ်ကြတော့ စောပါသေးတယ်၊ ကျနော်တို့ မထောက်ခံပါဘူး။”

နိုင်ငံရေးပါတီတွေ အသစ်ထူထောင်ပူးပေါင်းမယ်ဆိုရင် ရှိရင်းစွဲပါတီကို ဖျက်သိမ်းရမယ်လို့ ပြဋ္ဌာန်းချက်ရှိတယ်လို့ သိရတယ်။ တိုင်းဒေသကြီးတွေမှာ ၀င်ပြိုင်ဖို့အတွက် တိုင်းရင်းသားပါတီတွေက ပူးပေါင်းမယ်ဆိုရင် သက်ဆိုင်ရာပါတီတွေကို ဖျက်ရမလား၊ မဖျက်ရဘူးလား။ ဘယ်လိုရပ်တည်ပါလဲ။

“လူသစ်တွေနဲ့လုပ်မှာ။ လက်ရှိ ပြည်နယ်တွေမှာရှိတဲ့ ပါတီတွေက လုပ်တာမှမဟုတ်တာ။ လူသစ်တွေနဲ့ ပြန်ဖွဲ့စည်းမှာ၊ ပါတီအသစ်၊ ပါတီဝင်အသစ်တွေနဲ့ဖြစ်မှာပေါ့။”

ဆိုလိုတာက တိုင်းဒေသကြီးတွေမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် တိုင်းရင်းသားပါတီမဟာမိတ်အဖွဲ့ဟာ ရှိရင်းစွဲတိုင်းရင်းသားပါတီက ခေါင်းဆောင်တွေ၊ ပါတီတွေကနေ ထိန်းချုပ်တဲ့အဖွဲ့လို့ ပြောလို့ရလား။

“အဲလိုပြောလို့မရဘူး။ ပါတီအသစ်၊ နာမည်အသစ်နဲ့ ပါတီဝင်အသစ်ဖြစ်လာမယ်လေ။ အမှုဆောင်တွေလည်း အသစ်ဖြစ်မယ်လေ။”

ဒါဆို အန်ကယ် ခွန်ထွန်းဦးနဲ့ နိုင်ငွေသိမ်းတို့ အသစ်မှာ မပါတော့ဘူးပေါ့။

“အသစ်မှာမပါတော့ဘူး။ ကျနော်တို့က ကျားဖြူပါတီဥက္ကဋ္ဌအဖြစ် ပါနေတယ်လေ။”

တိုင်းရင်းသားပါတီတွေကို၊ ၁၁ ရက်နေ့ အစည်းအဝေးတက်မယ့် ပါတီတွေကို ဒီအကြောင်း အကြောင်းကြားပြီပါပြီလား။ ဘယ်လောက် သဘောတူညီချက် ရထားပြီးပြီလဲ။

“မူအားဖြင့်တော့ သဘောတူညီချက် ရထားပြီးသား။ ဒါပေမယ့် ပိုပြီး ကျေကျေလည်လည် ဆွေးနွေးရမှာပေါ့။”

DVB News

ဦးစိုင်းအိုက်ပေါင်း
၂၀၁၅ ရွေးကောက်ပွဲကျရင် တိုင်းဒေသကြီးတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဖက်ဒရယ်ယူနီယံပါတီလို့ အမည်ပေးထားတဲ့ ပါတီကြီးတခုကို ထူထောင်သွားဖို့ ရှိတယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ဒီဗွီဘီ ကို ပြောပါတယ်။

Wikileaks က ပေါက်ကြားခဲ့သမျှ

Photo: Wikileaks က ပေါက်ကြားခဲ့သမျှ
Wednesday, June 05, 2013

နာဂစ်နှင့် အမေရိကန်သံရုံး

ထိုနေ့သည် ပုံမှန် နွေနှောင်းရက် တစ်ခုလိုပင် ဖြစ်သည်။ ထိုနေ့သည် မြန်မာနိုင်ငံသို့ မုန်တိုင်း မဝင်ရောက်လာခင် ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့ အစောပိုင်း ဖြစ်သည်။ ရန်ကုန်မြို့ရှိ လေအေးစက် မလုံလောက်သော အခန်းများအတွက် ပုံမှန်အတိုင်း ပူလောင် အိုက်စပ်နေခဲ့ခြင်းသည် မည်သို့မျှ မထူးခြားသည့်နေ့များ အတိုင်းသာ ဖြစ်သည်။

ဟိုးအဝေး မြစ်ဝကျွန်းပေါ်အောက်ပိုင်းမှ တောင်သူလယ်လုပ်များက ရာသီဥတု၏ ထူးခြားမှုကို ပို၍ အကဲခတ်တတ် ခဲ့မည်လား။ မိုးကောင်းကင်ကို ကြည့်၍ လည်းကောင်း၊ လေလာရာအရပ်နှင့် လေတိုက်ပုံကို ကြည့်၍ လည်းကောင်း ရာသီဥတုကို ဖတ်တတ်လေ့ရှိသော သူတို့သည် ယခုတစ်ကြိမ် တွင်မူ မနက်ဖြန်၏ အတိုင်းအဆကို ကြိုမမြင်နိုင် ကြသူများဖြစ်သည်။ သူတို့ရင်ခွင်ထဲမှ နို့စို့အရွယ် ကလေးများ လာမည့် နာရီပိုင်းတွင် ပြင်းထန်သော ရေစီးကြောင်းထဲ မျောပါ သွားတော့မည်ကို မသိသေးသည့် အချိန် ဖြစ်သည်။ သူတို့ နွေစပါးခင်းများမှ စပါးရွှေဝါတို့သည် ပြင်းထန်သော ရေလုံး ကြီးအောက်တွင် အမှုန်အမွှားမျှ ကုန်းကောက်စရာ မကျန်မည်ကို စိုးစဉ်းမျှ မတွေးရသေးသော ကာလဖြစ်သည်။ မိန်းမတို့သည် ဒိုးတူပေါင်ဖက် သေအတူရှင် အတူပေါင်းရန် ရည်စူးသော ခင်ပွန်းသည်များ မနက်ဖြန် အိမ်ပြန်လာကြမည် မဟုတ်သည်ကို မသိသေးသည့်နေ့ ဖြစ်သည်။ ခင်ပွန်းသည် များသည် နောက်တစ်ရက်တွင် လောကအလယ်၌ မုဆိုးဖိုအဖြစ် သောကဝေနေရမည့် အဖြစ် မရိပ်မိတတ်သေးသော နေ့လည်း ဖြစ်သည်။

ရွာဦး ဘုန်းကြီးသည် ယခုနှစ်ဝါဆိုစရာ ကျောင်းအတွက် ပူပင်စရာ မလိုခဲ့သော နောက်ဆုံးနေ့လည်း ဖြစ်သည်။ ကလေးများသည် သည်လကုန်လျှင် ကျောင်းတက်စရာ ကျောင်းစုတ်ကလေး တစ်ခုတော့ ရှိမြဲရှိမည်ဟု မျှော်လင့်ခဲ့ကြ မည်ပင်။ ထိုနေ့တွင် ကလေးတို့သည် မိဘမဲ့ ဘဝကို နောက်ထပ် ၂၄ နာရီ အတွင်း ကျရောက်တော့မည်ကို ပူပန်စရာ မလိုခဲ့သေး သည့်နှယ်။

ထိုအဖြစ်အပျက်များကို ပြေးမမြင်သော်လည်း ကြိုတင် တွက်ဆနိုင် သူတို့ရှိခဲ့ ကြသည်။ သတင်းအချက်အလက် ရယူမှု၊ ရယူသည့် အချက်အလက် ကို သုံးသပ်နိုင်မှု၊ သုံးသပ်ချက် ရလဒ်အတိုင်း ပြင်ဆင်မှု ဆောက်ရွက်နိုင်သူ တို့မှာ သဘာဝ ဘေးဒဏ်ကို ကာကွယ်ရာတွင် သာစမြဲ။ လယ်ထဲ၊ ချောင်းထဲမှာ ကလေးများ၊ အမေနှင့် အဖေများ၊ အဘိုးအဘွားများသည် နာဂစ်၏ ဘေးဒဏ် ကို မခန့်မှန်းနိုင်ဘဲ စင်းစင်းကြီး ခံသွားကြရချိန်တွင် ဆိုင်ကလုန်း နောက်ဆက်တွဲ ဖြစ်နိုင်ခြေများကို ကြိုတင် ခန့်မှန်းနေခဲ့သော ဌာနကြီးတစ်ခု ရှိခဲ့လေသည်။ ကံအကြောင်း မလှစွာပင် ထိုဌာနကြီးမှ မုန်တိုင်းသတိပေး သတင်းစကားတို့သည် လေဘေး သင့်ခဲ့သော မြို့ငယ် ရွာငယ်တို့ထံ ပျံ့လွင့်ဟန် မရှိပေ။ ထို ဌာနကြီးကား ရန်ကုန်ရှိ အမေရိကန်သံရုံး ပင်တည်း။ ၂၀၁၁ ခုနှစ်ထဲတွင် Wikileaks က ပေါက်ကြားခဲ့သည့် ၂.၅.၂၀၀၈ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော ရန်ကုန်-ဝါရှင်တန် ကြေးနန်းများ အရ နာဂစ်ဘေးကို ပေါ့ပေါ့မထားခဲ့သော သံရုံး၏ ကြိုတင် လှုပ်ရှားမှုများ မှတ်တမ်းကို သိနိုင်ပေသည်။ သမိုင်းထဲမှ အရေးကြီးသည့် သင်ခန်းစာ တစ်ခုကို Wikileaks ကြေးနန်းကို အကြောင်း ပြု၍ လေ့လာ နိုင်ကြသည်ပင်။ အမေရိကန်သံရုံးသည် ထိုနေ့ ရက်စွဲဖြင့် မုန်တိုင်းသတင်း ကြေးနန်းကို ဝါရှင်တန် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနကို သာမက နိုင်ငံတကာ အဖွဲ့အစည်း များဖြစ်ကြသော ကုလသမဂ္ဂနှင့် အာဆီယံ တို့သို့လည်း ဖြန့်ဝေခဲ့သည်။

ကြေးနန်းအမှတ် - 08RANGOON306 _ a 

နာဂစ် ဆိုင်ကလုန်းသည် မြန်မာနိုင်ငံ ဧရာဝတီ မြစ်ဝကျွန်းပေါ်သို့ ဦးတည်နေချေပြီ။ ယနေ့ ၆း၃၀ နာရီ တွင် မုန်တိုင်းသည် ကုန်းတွင်းသို့ ဝင်ရောက်လာတော့ မည်ဟု ခန့်မှန်းရသည်။ နောက်ဆုံးရရှိသော သတင်းများအရ နာဂစ် လမ်းကြောင်းသည် ရန်ကုန်ကို နီးကပ်စွာ ဖြတ်သန်း လိမ့်မည်ဟု ယူဆရသည်။ လေတိုက်နှုန်းသည် တစ်နာရီလျှင် ၁၁၅ မိုင်ခန့် ရှိမည်ဟု ခန့်မှန်းရပြီး ကုန်းတွင်းပိုင်းသို့ ရောက်ရှိလာပြီး အချိန်အနည်းငယ် အကြာတွင် အားနည်းပျက်ပြယ် သွားမည်ဟု မျှော်လင့်ရသည်။ ရန်ကုန်သို့ မုန်တိုင်း ရောက်ရှိချိန်တွင် ပြင်းအားမှာ တစ်နာရီကိုမိုင် ၈၀ ကျော်ခန့် ရှိမည်ဟု တွက်ချက်ကြသည်။ ရန်ကုန်ရှိ အမေရိကန်သံရုံး အနေဖြင့် မုန်တိုင်း အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားပြီး မြစ်ဝကျွန်းပေါ် အနောက်ဘက် ကမ်းရိုးတန်း တစ်လျှောက်ရှိ အပန်းဖြေ ကမ်းခြေစခန်းများသို့ တယ်လီဖုန်းဖြင့် အကြောင်း ကြားထားသည်။ အပန်းဖြေနေသော အမေရိကန် ခရီးသွားများကြား သိနိုင်ရန် ဖြစ်သည်။ အပန်းဖြေစခန်း အတော်များများသည် မိုးဦးကျ ဖြစ်သောကြောင့် မူလကပင် ပိတ်ထားပြီး ဖြစ်သည်။ မြန်မာနိုင်ငံတွင် နောက်ဆုံး ဖြစ်ပေါ်ခဲ့သော မုန်တိုင်း ကြီးကြီးမားမားမှာ ရခိုင်ပြည်နယ်တွင် ၂၀၀၄ ခုနှစ်က တိုက်ခတ်ခဲ့သော မုန်တိုင်း ဖြစ်သည်။ မုန်တိုင်းငယ်များလည်း ဝင်ရောက် လာတတ်ရာ လူ ၁၇ ဦး သေဆုံးပြီး ဒေသခံ ခုနစ်သောင်းခန့် ရေကြီးသည့်ဒဏ်ကို ခံစားခဲ့ရသော ယမန်နှစ်က တိုက်ခတ်ခဲ့သော မုန်တိုင်းသည်လည်း အပါအဝင် ဖြစ်သည်။

မုန်တိုင်းဘေးသင့် ဒေသများတွင်ရှိသော စစ်ဘက်မှ တိုင်းမှူးများသည် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် အတူ ကယ်ဆယ်ရေးနှင့် လုံခြုံရေးကို ဆောင်ရွက်ပေးရန် တာဝန် ယူထားရသည်။ အမေရိကန် စစ်သံမှူးရုံး (DATT) သည် မုန်တိုင်း တိုက်ခတ်မည့် ဒေသများမှ တိုင်းမှူးများနှင့် တိုက်ရိုက် ဆက်သွယ်နိုင်ရေး မြန်မာစစ်ဘက်မှ ဆက်သွယ်ရေးအရာရှိကို ချိတ်ဆက်ပေးရန် အကြောင်းကြားထားရာ ထိုသူက အစဉ်အလာအတိုင်း စာဖြင့် ရေးသား ဆက်သွယ်ရန် လိုအပ်ကြောင်း ပြောကြားသည်။ ယခုအချိန် ထိ DATT သည် အကြောင်း ပြန်စာ မရရှိသေးပေ။ မြန်မာ့ ကြက်ခြေနီအသင်း၏ အဆိုအရ အစိုးရ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနသည် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးများကို မုန်တိုင်း ဝင်ရောက်နိုင်ကြောင်း အကြောင်း ကြားထား ပြီးပြီဟု ဆိုသည်။ မြို့နယ် ထွေအုပ်ရုံးများသည် ကြက်ခြေနီ အပါအဝင် ဒေသခံ NGO များနှင့် ပူးပေါင်း ပြင်ဆင်ရန် ညွှန်ကြားချက် ရရှိထားသည်။မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRC) သည် နိုင်ငံတကာ ကြက်ခြေနီနှင့် လခြမ်းနီ အသင်းများ ဖက်ဒရေးရှင်း (IFRC) ဌာနေကိုယ်စားလှယ် ရုံးခန်းနှင့် ဆက်သွယ်ပြီး ဖြစ်သည်။ မုန်တိုင်း ဖြစ်လာလျှင် IFRC သည် ကုလသမဂ္ဂနှင့် အတူ နိုင်ငံတကာမှ လူသားချင်း စာနာထောက်ထားရေး အကူအညီများ ရရှိနိုင်ရေး တွင် ဦးဆောင် နိုင်မည့်အဖွဲ့ ဖြစ်သည်ဟု မျှော်လင့်ရသည်။ မုန်တိုင်းအရိပ် အရောင်များကြောင့် မေလ ၃ ရက် စနေနေ့တွင် ပြည်တွင်း ပြေးဆွဲနေသည့် လေကြောင်းများ ရပ်နားထားမည် ဖြစ်ကြောင်း သံရုံးက အကြောင်း ကြားစာ ရရှိထားသည်။ ယနေ့ (မေလ၂ရက်) တွင် ရန်ကုန်မှ ပြေးဆွဲသော လေယာဉ် ဟူ၍ မန္တလေးသို့ ထွက်ခွာသော လေယာဉ် တစ်စင်းသာ ရှိသည်။ အစိုးရသည် လေယာဉ် အားလုံးကို မန္တလေးလေဆိပ်သို့ ရွှေ့ပြောင်းထားပြီး ဖြစ်သည်။

ကုလသမဂ္ဂနှင့် ဆက်စပ် လှုပ်ရှားနေသော မိတ်ဖက် အဖွဲ့အစည်းများသည် ယခု စနေ၊ တနင်္ဂနွေတွင် ပြောင်းလဲ ဖြစ်ပေါ်နေသော အခြေအနေများ ကိုမျက်ခြည် မပြတ်ဘဲ စောင့်ကြည့်ခြင်း၊ အထိအခိုက် မည်မျှ ဖြစ်နိုင်သည်ကို သုံးသပ်ခြင်းများ ပြုလုပ်ကာ အချင်းချင်း ဆက်သွယ်နေကြမည် ဖြစ်သည်။ အကယ်၍ လိုအပ်လျှင် မုန်တိုင်းနောက်ပိုင်း အခြေအနေများကို တုံ့ပြန် နိုင်ရန် အရေးပေါ် ပူးပေါင်း ဆောင်ရွက်ရေး အစည်းအဝေးတစ်ရပ်ကို ကျင်းပကြမည် ဖြစ်သည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်သည် အထိနာနိုင်ပြီး ဆုံးရှုံးမှု များသည့် အလျှောက် စပါးအထွက် လျော့ကျ နိုင်ကြောင်း ကုလသမဂ္ဂက ခန့်မှန်း ထားသည်။ ကုလသမဂ္ဂ လက်အောက် အရေးပေါ်ပူးပေါင်း ဆောင်ရွက်ရေး ဌာန၏ ဌာနေ ကိုယ်စားလှယ် Julie Belanger က သံရုံး စီးပွားရေးနှင့် နိုင်ငံရေးဌာန အကြီးအကဲသို့ ယနေ့ ပြောကြားချက် အရ မြန်မာနိုင်ငံ၏ လက်ရှိဆက်သွယ်ရေး အခြေခံ အဆောက်အဦ ချို့ယွင်းချက်နှင့် စစ်အစိုးရ၏ မပွင့်လင်း မှုကြောင့် အရေးပေါ်ဆက်သွယ်ရေး အခြေအနေကို များစွာ တုံ့ဆိုင်းစေနိုင်ပြီး မုန်တိုင်းဒဏ်သင့် ဧရိယာများကို ချဉ်းကပ်ရန်၊ ဘေးဒဏ် သင့်သူများ၏ လိုအပ်ချက်ကို သိနိုင်ရန် ရက်အတန်ကြာ အချိန်ယူ ရဖွယ်ရှိသည်ဟု ခန့်မှန်းကြောင်း သိရသည်။

Belanger က မုန်တိုင်းသည် မြန်မာနိုင်ငံကို အဆိုးဆုံး ဖြစ်နိုင်ခြေရှိသည့် အခြေအနေတွင် ရွေးပြီး ဝင်ရောက်လာသည်ဟု ဆိုသည်။ အဘယ်ကြောင့် ဆိုသော် မေလ ၁၀ ရက်နေ့တွင် ကျင်းပမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကို အတည်ပြုရန် ပြည်သူ့ ဆန္ဒခံယူပွဲ မတိုင်မီ ရက်ပိုင်းတွင် ဝင်ရောက်လာခြင်း ဖြစ်ရာ စစ်အစိုးရ အရာရှိများ၏ တစ်စုံတစ်ခု လွဲချော်သွားမည်ကို ကြောက် ရွံ့သောစိတ်နှင့် အခြေအနေကို ဖုံးကွယ်လိုစိတ်များ အမြင့်ဆုံးသို့ ရောက်ရှိ နေနိုင်သောကြောင့် ဖြစ်သည်။ မုန်တိုင်းသင့် ဒေသများသို့ ကုလ အရာရှိများ အပျက်အစီး အခြေအနေများ စစ်ဆေးဖို့ရာ သွားရောက်မည့် အခြေအနေမျိုး တွင်ပင် စစ်အစိုးရအနေဖြင့် ခွင့်ပြုမိန့် ထုတ်မပေးမည်ကို စိုးရိမ်ရကြောင်း Belanger က ပြောကြားသည်။

မြန်မာအစိုးရသည် အစဉ်အလာအရ နိုင်ငံတကာ အကူအညီများကို ပယ်ချလေ့ ရှိရာ ၂၀၀၄ တွင်လည်း ဆူနာမီနှင့် ပတ်သက်သော အကူအညီများ မယူခဲ့ပေ။ ယမန်နှစ် မုန်တိုင်းများ တွင်လည်း ထိုနည်းတူပင် ဖြစ်သည်။ သို့ရာတွင် Belanger နှင့် မိမိတို့ သံရုံးက လက်ခံသည့် အချက်တစ်ခုမှာ စစ်အစိုးရ အနေဖြင့် ယခုကဲ့သို့ နိုင်ငံရေးအရ အတိမ်းအစောင်း မခံသော ကာလတွင် နိုင်ငံတကာ အကူအညီများ အပေါ် ၎င်းတို့ ထားရှိသော သဘောထားကို ပြောင်းလဲကောင်း ပြောင်းလဲနိုင်သည် ဟူ၍ပင် ဖြစ်သည်။ ဆူနာမီ အပြီးကတည်းက ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို နိုင်ငံခြားသား ဝင်ရောက်ခွင့် ပိတ်ပင်ထား ခဲ့ရာ အခြေအနေကို မျက်ခြည်မပျက် နိုင်စေရန် လောလောဆယ်တွင် သံရုံး အနေဖြင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများနှင့် အတူ ဧရာဝတီတိုင်းကို ဝင်ခွင့် ရထားသော ပြည်တွင်း အဖွဲ့အစည်းတစ်ခု ဖြစ်သည့် ‘မေတ္တာ’ နှင့်ဆက်သွယ် မေးမြန်းလျက် ရှိမည် ဖြစ်သည်။ မုန်တိုင်း နောက်ဆက်တွဲ အပျက်အစီး အခြေအနေများကို ဆက်လက် အကြောင်းကြားပါ ဦးမည်။

The Voice Weekly
နာဂစ်နှင့် အမေရိကန်သံရုံး

“မီးလောင်ကျွမ်းသည့် တရုတ်ကြက်သတ်ရုံအတွင်း လောင်စာ အများ အပြားရှိနေခဲ့”

Photo: “မီးလောင်ကျွမ်းသည့် တရုတ်ကြက်သတ်ရုံအတွင်း လောင်စာ အများ
အပြားရှိနေခဲ့”
Wednesday, June 05, 2013 

မီးလောင်လွယ်သည့် ပစ္စည်းများ သိုမှီးထားခြင်းကြောင့် လူပေါင်း(၁၀၀)
ကျော် သေဆုံးသည်အထိ အခြေအနေမျိုး ကြုံခဲ့ရခြင်းဖြစ်ကြောင်း တရုတ်အာဏာပိုင်များက ကြက်သတ်ရုံ မီးလောင်မှုနှင့် ပတ်သက်ပြီး ပြော
ကြားခဲ့သည်။

တနင်္လာနေ့က တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဂျီလင်းဒေသတွင် သားသတ်ရုံတစ်ခု မီးလောင်ရာ လူပေါင်း(၁၁၉)ဦးထိ သေဆုံးခဲ့ရသည်။

ဒေသဆိုင်ရာ မြို့တော်ဖြစ်သည့် ချန်ချွန်းရှိ တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲ ဂွာဂမ်ဘင်းက ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေအပျောက်
များခြင်းအပေါ် ထွက်ပေါက်နေရာ ချထားမှုဒီဇိုင်း ညံ့ဖျင်းခြင်းနှင့် မီးလောင်နိုင်သော ပစ္စည်းများ စုပုံနေခြင်းတို့ကို ပြစ်တင်ခဲ့သည်။ အဓိကအားဖြင့် အဆောက်အအုံတွင် အသုံးပြုထားသော ပစ္စည်းများ အားလုံးလိုလို လောင်စာအဖြစ် ရှိနေနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

Planet Myanmar Network
မီးလောင်လွယ်သည့် ပစ္စည်းများ သိုမှီးထားခြင်းကြောင့် လူပေါင်း(၁၀၀) ကျော် သေဆုံးသည်အထိ အခြေ အနေမျိုး ကြုံခဲ့ရခြင်းဖြစ်ကြောင်း တရုတ်အာဏာပိုင်များက ကြက်သတ်ရုံ မီးလောင်မှုနှင့် ပတ်သက် ပြီး ပြောကြားခဲ့သည်။

မဲဆောက်တောင်ကျချောင်းရေကြီး၊ မြန်မာကလေး ၂ ဦးသေဆုံး

Photo: မဲဆောက်တောင်ကျချောင်းရေကြီး၊ မြန်မာကလေး ၂ ဦးသေဆုံး
Wednesday, June 05, 2013 

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ်မှာ  မိုးသည်းထန်ပြီး တောင်ကျ
ချောင်းရေကြီး တဲ့အတွက်  မြန်မာကလေးငယ် ၂ ဦး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၃ ရက်နေ့က မဲဆောက်မြို့နယ် အုပ်ချုပ်ရေးရုံး၊ ကယ်ဆယ်ရေး
လုပ်သား၊  အမှတ် ၄ အထူးစစ်တပ်က တာဝန်ရှိသူနဲ့ နယ်မြေခံတွေဟာ
 ရေစီးကြောင်းနဲ့အတူ မျောပါသွားတဲ့ ကလေး ၂ ဦးကို ရှာဖွေတွေ့ရှိခဲ့
တယ်လို့ ထိုင်းသတင်းဌာနမှာ ဖော်ပြသွားပါတယ်။

အဲဒီကလေး ၂ ဦးဟာ  မောင်သီဟကို ၃ နှစ်နဲ့ မောင်ထောလေကို ၅ နှစ်တို့ဖြစ်ပြီး  မဲဆောက်မြို့ ဖရထတ်ဖာဒိုင်ရပ်ကွက်ရှိ အန်ဂျီအိုတခုက ဖွင့်လှစ်ထားတဲ့  နောင်ဗိုကျောင်းတိုက်မှာ ပညာသင်ကြားနေကြောင်း၊  ညနေပိုင်း ကျောင်းဆင်းချိန်မှာ မိုးသည်းထန်ပြီး တောင်ကျချောင်းရေ လျှံတဲ့အတွက် ရေထဲမျောပါသွားခဲ့တာတယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေးအဖွဲ့က ၁၀ နာရီကြာ ရှာဖွေရေး လုပ်ခဲ့ရတယ်လို့ မဲဆောက် ကယ်ဆယ်ရေးဝန်ထမ်းတဦးက ထိုင်းသတင်းဌာနကို ပြောပါတယ်။

မဲဆောက်မြို့ခံတဦး ပြောပြချက်အရ ကလေး ၂ ဦးဟာ ညီအစ်ကိုတွေဖြစ်ပြီး ဇွန် ၃ ရက်နေ့ ညနေပိုင်းမှာ ပျောက်ဆုံးသွားကြောင်း၊ မိဘဖြစ်သူက ကလေးပျောက် တိုင်ကြားတဲ့အတွက် သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့
တွေက ညတွင်းချင်း လိုက်လံရှာဖွေရာမှာ ည၁၁ နာရီလောက် သူတို့နေ
အိမ်နဲ့ ကိုက် ၅၀၀ အကွာမှာ သစ်ပင်နဲ့ ငြိနေတဲ့ ကလေးတဦးရဲ့ အလောင်းကို ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ကလေးတဦးရဲ့ အလောင်းကို ဇွန်လ ၄ ရက် မနက်အစောပိုင်း ရေလွတ်မြောင်း အပေါက်ဝနားမှာ တွေ့ရှိခဲ့တယ်လို့ ထိုင်းဒေးလီးနယူးမှာ ဖော်ပြထားပါတယ်။

မဲဆောက်မြို့နယ်အုပ်ချုပ်ရေးမှူး နိုင်ပရီချာ ကျိုင်ဖိတ်က  သေဆုံးသူ ကလေးတွေအတွက် အသုဘအကူငွေ ဘတ်ငွေ ၁ သောင်းကို  မိဘဖြစ်သူ ဦးဇော်ဝင်းကိုနဲ့ ဒေါ်လှရီတို့ကို ပေးအပ်ခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြ
ပါတယ်။

DVB
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ်မှာ မိုးသည်းထန်ပြီး တောင်ကျ ချောင်းရေကြီး တဲ့အတွက် မြန်မာ ကလေးငယ် ၂ ဦး သေဆုံးခဲ့ပါတယ်။

မန္တလေးမြို့တွင် တရားမဝင် ဆင်ဆာမဲ့ခွေများ ဌားရမ်းရောင်းချနေသော ဆိုင်များကို ၁ဝ ရက်နေ့မှ စတင် ဖမ်းဆီးတော့မည်

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဗီဒီယိုအခြေခံအဖွဲ့(ဗဟို)မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ ဗီဒီယို ဥပဒေများနှင့် ညီညွှတ်မှုမရှိဘဲ တရားမဝင်ဆင်ဆာမဲ့ ဇာတ်ကားများကို ငှားရမ်းခြင်း ဆင်ဆာကပ်ထားခြင်း မရှိသော်လည်း မိမိဆိုင်အမည်နှင့် မြို့နယ်ရေးမှတ်ဖော်ပြထားခြင်းမရှိသော ဇာတ်ကားအချပ်များ ငှားရမ်းခြင်း တို့ကို စစ်ဆေးတွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု မန္တလေးတိုင်း ဗီဒီယို အခြေခံအဖွဲ့က ပြောသည်။

မလေး ရှား တွင် မြန်မာ များ ကို အဖမ်း အဆီးကြမ်း

Photo: မလေးရှားတွင် မြန်မာများကို အဖမ်းအဆီးကြမ်း
Wednesday, June 5, 2013 

မလေးရှားတွင် မြန်မာနိုင်ငံသားများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ယမန်နေ့တွင် မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနက မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီးကို သတိပေးပြီးနောက် ကွာလာလမ်ပူမြို့တွင်
 မြန်မာများကို ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ရက်သတ္တ တပတ်အတွင်း အမည်မသိ လူအုပ်စု၏ တိုက်ခိုက်ခံ
ရမှုကြောင့် မြန်မာနိုင်ငံသား ၃ ဦးထက် မနည်း သေဆုံး၍ ၁၀ ဦးကျော် ဒဏ်ရာ ရရှိခဲ့သည်။

မလေးရှားတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားများ တိုက်ခိုက်
ခံရပြီး ထိခိုက်ဒဏ်ရာ ရရှိခြင်း၊ အသက်ဆုံးရှုံးခြင်း၊ ပစ္စည်းဥစ္စာ ဆုံရှုံးခြင်းတို့ ဖြစ်ပွားမှုအတွက် မလေးရှား သံအမတ်ကြီး မစ္စတာ 
အာမတ်ဖိုင် ဆဲလ်ဘင် မိုဟာမက်အား နိုင်ငံခြားရေး ဒု ၀န်ကြီး ဦးဇင်ယော်က ပြစ်မှုကျူးလွန်သူများကို ချက်ချင်း စုံစမ်းဖော်ထုတ်ပြီး အရေးယူပေးရန်၊ ထိုဖြစ်ရပ်များ ထပ်မံမဖြစ်ပွားရန် မလေးရှား အစိုးရက လိုအပ်သည်များကို အရေးယူ ဆောင်ရွက်ပေးရန် စသည်တို့ကို သတိထောက်လွှာ ပေးပို့၍ အကြောင်းကြားခြင်း ဖြစ်သည်။

ယင်းသို့ သတိထောက်လွှာ ပေးပို့ပြီးနောက် ယမန်နေ့ညမှ စတင်ကာ တရားဝင် အလုပ်လုပ်နေသည့်မြန်မာများရော တရားမဝင် အလုပ်လုပ်နေသည့် မြန်မာများကိုပါ ဖမ်းဆီးခြင်း ဖြစ်ကြောင်း 
သိရသည်။

“အခု အော်ပရာစီ (ရှောင်တခင် ပိတ်ဆို့ဖမ်းဆီးမှု) တွေကို မလေး 
ရဲတွေ၊ လ၀ကတွေ၊ ရာလာ (ပြည်သူ့စစ်) တွေပါတဲ့ အဖွဲ့တွေက အထူးစီမံချက်နဲ့ မနေ့ညကရော၊ ဒီတမနက်လုံး မြန်မာမှန်သမျှ အထောက်အထား ရှိရှိ၊ မရှိရှိ အကုန် ဖမ်းတယ်။ အဲဒီနေရာက အမည်းရောင်လို့ ပြောနေကြတဲ့ ဆာလာရမ်းဘက်မှာ အဓိက 
လုပ်တာပါ” ဟု မလေးရှားနိုင်ငံရောက် မြန်မာတဦးဖြစ်သူ 
ဦးဝင်းအောင်က ဧရာဝတီကို ပြောသည်။

ယမန်နေ့ညနှင့် ယနေ့ ဖမ်းဆီးမှုများကြောင့် အနည်းဆုံး မြန်မာ 
၁၀၀ ခန့် အဖမ်းခံရကြောင်း၊ ထိုကဲ့သို့ ရှောင်တခင် ဖမ်းဆီးမှုမျိုး 
ယခင်က ရှိခဲ့သော်လည်း ယခု ဖမ်းဆီးမှုမှာ အပြင်းထန်ဆုံး လူဖမ်းပွဲဖြစ်သည်ဟု ကွာလာလမ်ပူရှိ မျက်မြင် မြန်မာတဦးက
 ပြောသည်။

အမည်မဖော်လိုသူ မြန်မာတဦးကလည်း “လုပ်တာကလည်း လူအုပ်လိုက်၊ လုပ်တာလည်း တပုံစံတည်း၊ လုပ်သွားတဲ့ လူတွေကို ဖမ်းရမယ့်အစား သူတို့က မြန်မာမြင်တိုင်း အကုန် ဖမ်းတော့တာပဲ” ဟု ဆိုသည်။

မလေးရှားတွင် လာရောက်နေထိုင် အလုပ်လုပ်နေကြသော ရခိုင်နှင့်
 မြန်မာများ ယခင်က တိုက်ခိုက်မှု အကြိမ်ကြိမ် ခံခဲ့ရသော်လည်း မလေးရှား သတင်းမီဒီယာ တော်တော်များများက မဖော်ပြခဲ့ကြကြောင်းလည်း သူက ဆက်ပြောသည်။

“မနှစ်က ရခိုင်ကိစ္စဖြစ်ပြီး နောက်ပိုင်း ဒီကရခိုင်တွေ၊ မြန်မာတွေဆက်တိုက် တိုက်ခိုက် ခံလာခဲ့ရတာ၊ မြန်မာသံရုံးကလည်း လုံးဝ အားမကိုးရဘူး” ဟု သူက ဆိုသည်။

ဒုတိယ ရဲမင်းကြီး Amar Singh Ishar Singh ကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြရာ၌ မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင်နှင့် မွတ်စလင်များ
 ဖြစ်ပွားမှု ဂယက်က ကွာလာလမ်ပူကို ရိုက်ခတ်ခြင်း ဖြစ်နိုင်ကြောင်း၊ တင်းမာမှုများကို ထိန်းချုပ်ရန် မြန်မာ ၆၀ ခန့်ကို ဖမ်းဆီးထားကြောင်း
 ရေးသားထားသည်။

မလေးရှားနိုင်ငံတွင် တရားဝင် လာရောက် အလုပ်လုပ်ကိုင်သူ မြန်မာ ၃ သိန်းခန့်ရှိပြီး တရားမ၀င် အလုပ်လုပ်နေသူ မြန်မာ ၁ သိန်းခန့်ရှိကြောင်း၊ ထို့အပြင် နိုင်ငံရေးခိုလှုံခွင့်နှင့် ဒုက္ခသည်အဖြစ် ရရှိရန် ရောက်လာသူ ရာနှင့်ချီ၍လည်းရှိကြောင်း သိရသည်။

ဧရာဝတီ
မလေးရှားတွင် မြန်မာနိုင်ငံသားများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ယမန်နေ့တွင် မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနက မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီးကို သတိပေးပြီးနောက် ကွာလာလမ်ပူမြို့ တွင် မြန်မာများကို ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

မန္တလေးမြို့ တွင် စွန့် ပစ် အ မှိုက် မှ လျှပ် စစ် ဓါတ် အား ထုတ် လုပ် ရန် တင် ဒါခေါ်

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ စည်ပင်နယ်နိမိတ်အတွင်းရှိ မြို့နယ် ခြောက်မြို့နယ် မှ နေ့စဉ်ထွက်ရှိနေသော စွန့်ပစ်အမှိုက်များအား လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရန်အတွက် အကျိုးတူ ပူးပေါင်းလိုသော ကုမ္ပဏီများ အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ပြီဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီမှ အမည်မဖေါ်လိုသူ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

မန်း တွင်ကောလာဟလ လုပ်ဆောင် သူ များကိုစုံစမ်းနေ ၄င်းတို့ကို တရားစွဲဆို သွားမည် ဟုဆို

Photo: မန်းတွင်ကောလာဟလလုပ်ဆောင်သူများကိုစုံစမ်းနေ
၎င်းတို့ကိုတရားစွဲဆိုသွားမည်ဟုဆို
Wednesday, June 5, 2013

မန်း၃၅၊၃၆လမ်းရှိအထက(၃)စာသင်ကျောင်းအားယနေ့နံနက်၁၀
နာရီအချိန့်ခန့်ကလူတစ်စုမှအော်ဟစ်သွားသဖြင့်ရုတ်ရုတ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ကျောင်းသားတွေတချို့ကိုသာမိဘတွေအိမ်ပြန်ခေါ်သွားတာ
တချို့ကျောင်းထဲမှာပဲရှိပါသေးတယ် ဟုအဆိုပါကျောင်းအနီး ရပ်ကွက်တွင်နေထိုင်သူ အမျိုးသမီးတစ်ဦးကပြောသည်။

လက်ရှိတွင်မြို့နယ်ရဲမှူး၊ခရိုင်ရဲမှူးသက်ဆိုင်ရာစခန်းမှူးများ
မှာကောလဟာလဖြစ်ပွားခဲ့သောနေရာများကို လိုက်လံ ကြည့်ရှူခြင်း ပြုလုပ်နေ သည်ဟုမန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှရဲမှူးကြီးဦးစိုးငြိမ်းကပြောသည်။

မနက်ကဆိုင်ကယ်၃၊၄စိးနဲ့လူ၎၊၅ယောက်ကအော်သွားတာဘာမှမဖြစ်ပါဘူး၊စုံစမ်းနေတယ်မိလို့သေချာရင်တရားစွဲဆိုသွားမှာပါဟု၎င်းကပြောသည်။ ကောလဟလများမဖြစ်ရန်အတွက်ရပ်ကွက်အသီးသီးရှိကော်မတီအသီးသီးနှင့် ပူပေါင်းကာထိန်းသိမ်းမှူများဖြပြုလုပ်ခြင်း၊ပြည်သူများကောလဟာလမယုံ ရန်ပြောခြင်းများပြုလုပ်မည်ဟုရဲမှူးဦးစိုးငြိမ်းကပြောသည်။ 

လက်ရှိတွင်အမှတ် (၃)စာသင်ကျောင်းရှိကျောင်းသား၊ကျောင်းသူ များအေးချမ်းမှူရှိရန် ကျောင်းတံခါးပေါက်နှစ်ခုလုံးအားပိတ်ထားသည်ဟုအဆိုကျောင်းအနီးတွင်နေထိုင်သူများမှပြောသည်။ကောလဟာလကြောင့်မန္တလေးနည်းပညာတက္ကသိုလ်မှကျောင်းသားအချို့အားမိဘများမှဖုန်းဆက်ခေါ်ယူမှူရှိကြောင်းသိရသည်။

စိုင်းလမင်း
မန်း၃၅၊၃၆လမ်းရှိ အထက(၃) စာသင်ကျောင်းအား ယနေ့နံနက် ၁၀ နာရီအချိန့်ခန့်က လူတစ်စု မှအော် ဟစ် သွားသဖြင့်ရုတ်ရုတ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။