Thursday 6 June 2013

တနင်္သာရီ ကမ်းလွန်ဒေသ ရေနက်ပိုင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်နှစ်ခု ထိုင်းကုမ္ပဏီ PTTEP South Asia Limited လုပ်ကိုင်ခွင့် ရရှိ

offshore-june6
ကန်ပေါက်မြို့နယ်ရှိ သဘာဝဓာတ်ငွေ့ ထိန်းချုပ်ဖြန့်ဖြူးရေး စခန်းကို တွေ့ရစဉ်
တနင်္သာရီတိုင်း ဒေသကြီးရှိ တနင်္သာရီ ကမ်းလွန်ဒေသ ရေနက်ပိုင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်နှစ်ခုကို ထိုင်းကုမ္ပဏီ PTTEP South Asia Limited မှ လုပ်ကိုင်ခွင့်ရ ရှိခဲ့ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
တနင်္သာ ရီကမ်းလွန်ဒေသ ရေနက်ပိုင်း လုပ်ကွက်အမှတ် MD7 နှင့် MD8 တို့တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ် ၀ယ်ယူရောင်းချခြင်း လုပ်ငန်းနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ထွက် ပစ္စည်းများ ထုတ်လုပ်ခြင်း လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရန်အတွက် PTTEP South Asia Limited သို့ လုပ်ကိုင်ဆောင်ရွက်ခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် စွမ်းအင် ၀န်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် ထိုင်းနိုင်ငံ PTTEP South Asia Limited တို့သည် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေး စာချုပ် (Production Sharing Contract-PSC) ကို ချုပ်ဆိုရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း လိုအပ်နေသော ရေနံနှင့် သဘာဝဓာတ်ငွေ့များကို အမြန်ဆုံး ဖြည့်ဆည်းပေးနိုင် ရန် နိုင်ငံတကာ ရေနံကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နေပြီး အမျိုးသားအဆင့် အရန်သယံဇာတ ထားရှိရန်အတွက် မူဝါဒများ ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ရေနံချက် စက်ရုံများ၊ ရေနံဓာတ်ငွေ့ရည် စက်ရုံများ၊ မက်သနော စက်ရုံများနှင့် ဓာတ်မြေသြဇာ စက်ရုံများကို ပုဂ္ဂလိကကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ထို့ပြင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ အကျိုးအမြတ် ပိုမိုရရှိစေရန် ကုန်းတွင်း၊ ကမ်းဝေးရှာဖွေရေး ပိုင်းကို အားစိုက်ဆောင်ရွက်ရန် ပြင်ဆင်နေပြီး ကမ်းလွန်ရေနံ ရှာဖွေရေး လုပ်ငန်းကို အသွင်ပြောင်း ဖွဲ့စည်းရန် ညှိနှိုင်းဆောင်ရွက်နေကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ELEVEN

No comments:

Post a Comment