Wednesday, 20 March 2013

တောင်ကိုရီးယားနိုင်ငံ၏ ကွန်ပျူတာကွန်ရက်များ တုံ့ဆိုင်းနှေးကွေးမှုဖြစ်ပေါ်



တောင်ကိုရီးယား ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများသည် နိုင်ငံ၏ အထင်ကရ လုပ်ငန်းကြီး အချို့ တွင် ကွန်ပျူတာ ချိတ်ဆက်မှု ကွန်ရက်များ တုံ့ဆိုင်းနှေးကွေးသွားသည့် ကိစ္စအပေါ် စုံစမ်းနေကြောင်း သိရှိရ သည်။ တောင်ကိုရီးယား၏ အဓိက သတင်းဌာနအချို့နှင့် ဘဏ်ကြီးများတွင် ကွန်ရက်စနစ်များ တုံ့ဆိုင်း သွားပြီး အသုံးပြုမ ရ ဖြစ်ခဲ့ခြင်းမှာ မည်သည့် အကြောင်းရင်းကြောင့် ဆိုသည်ကို အတိအကျ မသိ ရသေးေ ချ။ အချို့က ယင်းသည် မြောက်ကိုရီးယားက လက်တုံ့ပြန်သော ဆိုင်ဘာတိုက် ခိုက်မှု ဖြစ်နို င်ကြောင်း ခန့်မှန်းထားကြသည်။

မော်တာလက်နက်အသုံးပြုခွင့် အမေရိကန် ပင်တဂွန်စစ်ဌာနချုပ် ပိတ်ပင်



ဝါရှင်တန်၊ မတ်လ ၂၀ ရက်


မရိန်းစစ်သားများ သေဆုံးစေသည့် မတော်တဆမှုနောက်ပိုင်း ယခုဖြစ်စဉ်နှင့် စပ်ဆက် သည့် မော်တာ လက်နက်ကို အမေရိကန်နိုင်ငံ၊ ပင်တဂွန် စစ်ဌာနချုပ်က အသုံးပြုခွင့် ပိတ်ပင် လိုက်ပြီ ဖြစ် သည်။ မော်တာ ကျည်ဆန် တစ်ခု မတော်တဆ ပေါက်ကွဲမှုကြောင့် နီဗားဒါးတွင် ပြုလုပ်နေသည့် စစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန် မရိန်းစစ်သား (၇)ဦး သေဆုံးကာ အများအပြား ဒဏ်ရာ ရရှိခဲ့သည်။ အဆိုပါ တပ်ဖွဲ့များ သည် တောင်ေ ပ်ါဒေသ စစ်ဆင်ရေး အစီအမံများအတွက် လေ့ကျင့်မှု ပြုလုပ်နေခြင်း ဖြစ်သည်။ တနင်္လာနေ့ ညက မတော်တဆမှု ဖြစ်ပွားပြီးသည်နှင့် ပင်တဂွန်က ချက်ချင်း ချဉ်းကပ် အရေးယူရန် ဆုံးဖြတ် ကာ ယင်းမော်တာအမြောက် အသုံးပြုခွင့်ကို တားဆီး ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

ဘင်္ဂါလီလူမျိုး (၈၀) နီးပါးခန့်အား မြိတ်မြို့တွင် ဒုတိယ အကြိမ် ထပ်မံ ဖမ်းဆီးရမိ



ဘင်္ဂလာဒေ့်ရှ် နိုင်ငံမှ တရားမ၀င် ခိုးဝင်လာသော ဘင်္ဂါလီ လူမျိုး (၇၈) ဦးအား ပြည်သူများ၏ သတင်းပေးမှု၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တပ်မတော်(ရေ) ၊ တပ်မတော် (ကြည်း) တို့၏ ပူးပေါင်း ရှာဖွေ ဖမ်းဆီး မှုကြောင့် ၂၀၁၃ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့နေ့ (၁၉) ရက်နေ့များတွင် မြိတ်မြို့နယ် အ တွင်း ထပ်မံ ဖမ်းဆီး ရမိကြောင်း သိရှိရသည်။

မှတ်ပုံမတင်ဘဲ ဆေးကုသည့် နိုင်ငံခြားသား ဆရာဝန်များကို အရေးယူမည်




နေပြည်တော်၊မတ်လ ၂၀ ရက်

မြန်မာနိုင်ငံ ဆေးကောင်စီအမှတ်တံဆိပ်(ဓာတ်ပုံ– မြန်မာနိုင်ငံ ဆေးကောင်စီ)မြန်မာနိုင်ငံတွင် အကြောင်း အမျိုးမျိုးဖြင့်လာရောက် ဆေးကုသပေးသော နိုင်ငံခြားသားဆရာဝန်များအနေဖြင့် မြန်မာနိုင်ငံ ဆေးကောင် စီတွင် မှတ်ပုံတင်ပြီး မကုသပါက ထောင်ဒဏ် ၅ နှစ်နှင့် ငွေဒဏ်များ ချမှတ်နိုင်ကြောင်း နိုင်ငံပိုင် သတင်းစာ များတွင် ကြေညာချက် ထုတ်ပြန်ထားသည်။

တုံကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည်အား တောင်းပန်ထောက်ခံပွဲ ကျင်းပမည်



ရန်ကုန်၊ မတ်လ ၂၀ ရက်

ဒေါ်အောင်ဆန်းစုကြည်ကို တောင်းပန်ထောက်ခံပွဲတစ်ခု တုံကျေးရွာတွင် မကြာမီပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေသခံများ ထံမှသတင်း ရရှိသည်။