Tuesday, 27 May 2014

ကမ္ဘာ့အ၀ဆုံး မက္ကဆီကို အမျိုးသား ကွယ်လွန်

Photo: ကမ္ဘာ့အ၀ဆုံး မက္ကဆီကို အမျိုးသား ကွယ်လွန်
Tuesday, May 27, 2014

ခုတင်ပေါ်တွင် ထိုင်နေရင်း လေ့ကျင့်ခန်းလုပ်နေသည့် မန်နူယ်အူရီဘီကို လွန်ခဲ့သော ၆ နှစ်က တွေ့ရစဉ်
မက္ကဆီကိုစီးတီး- ကမ္ဘာ့ကိုယ်အလေးချိန် အများဆုံး လူစာရင်းတွင် ပါဝင်ခဲ့သော မက္ကဆီကိုအမျိုးသား မန်နူယ်အူရီဘီသည် အသက် (၄၈) နှစ်အရွယ် မေလ ၂၆ ရက်၌ ကွယ်လွန်ခဲ့သည်။

၂၀၀၆ ခုနှစ်တွင် ကိုယ်အလေးချိန် ပေါင် ၁၂၃၀ ဖြင့် ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့သော မန်နူရယ်အူရီဘီသည် ကိုယ်အလေးချိန် ၈၆၇ ပေါင်ခန့်အထိ လျှော့ချခဲ့သည်။

မန်နူရယ် အူရီဘီ သေဆုံးမှုကို မွန်တားရေးမြို့ရှိ Nuevo Leon ကျန်းမာရေးဌာန အရာရှိတစ်ဦးက အတည်ပြုပေးခဲ့သည်။

အူရီဘီသည် ကိုယ်တိုင်လမ်းမလျှောက်နိုင်တော့၍ နှစ်ပေါင်းများစွာ ခုတင်ပေါ်၌သာ နေခဲ့ရသည်။ နှလုံးခုန်သံမမှန်သောကြောင့် မေလ ၂ ရက်တွင် ၎င်းကို အရေးပေါ်ဌာနနှင့် ပြည်သူ့ကာကွယ်ရေးအလုပ်သမားများက ၀န်ချီစက်ဖြင့် သယ်မ၍ ဆေးရုံသို့ ပို့ခဲ့ခြင်းဖြစ်သည်။

အူရီဘီသေဆုံးရသည့် အကြောင်းရင်းကို ဆရာဝန်များက တရားဝင်ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း ၎င်းသည် နှလုံးရောဂါအပြင် အသည်းရောဂါလည်း ရှိသည်ဟု သိရသည်။

၎င်းသည် ၂၀၀၈ ခုနှစ်တွင် ကလောက်ဒီယာဆောလစ်ဆိုသူနှင့် လက်ထပ်ခဲ့သည်။

အူရီဘီသည် ဆယ်ကျော်သက်အရွယ်တွင် ကိုယ်အလေးချိန် ပေါင် ၂၅၀ ကျော်ရှိပြီးနောက်ပိုင်းတွင် ၎င်း၏ခန္ဓာကိုယ်သည် ပူဖောင်းကဲ့သို့ ဖောင်းကားလာခဲ့သည်။

၂၀၀၂ ခုနှစ်မှစ၍ ၎င်းသည် အိပ်ရာမှ မထနိုင်တော့ဘဲ အစာစားရန်နှင့် သန့်ရှင်းရေးတို့အတွက် မိခင်နှင့်သူငယ်ချင်းများအပေါ် မှီခိုခဲ့ရသည်။

7DAY DAILY
ခုတင်ပေါ်တွင် ထိုင်နေရင်း လေ့ကျင့်ခန်းလုပ်နေသည့် မန်နူယ်အူရီဘီကို လွန်ခဲ့သော ၆ နှစ်က တွေ့ရစဉ်
မက္ကဆီကိုစီးတီး- ကမ္ဘာ့ကိုယ်အလေးချိန် အများဆုံးလူစာရင်းတွင်ပါဝင်ခဲ့သော မက္ကဆီကိုအမျိုးသား မန်နူယ် အူရီဘီ သည် အသက် (၄၈) နှစ်အရွယ် မေလ ၂၆ ရက်၌ ကွယ်လွန်ခဲ့သည်။

ရဲတပ်ဖွဲ့၏ သတင်းထိမ်ချန်မှုများ ဆက်လက် မဖြစ်ပွားစေရန် ဥရောပသမဂ္ဂ ကူညီမည်

Photo: ရဲတပ်ဖွဲ့၏ သတင်းထိမ်ချန်မှုများ ဆက်လက် မဖြစ်ပွားစေရန် ဥရောပသမဂ္ဂ ကူညီမည်
Tuesday, May 27, 2014

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ နေ့စဉ် ဖြစ်ပွားလျက် ရှိသော မှုခင်းဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းမီဒီယာများကို သတင်း ထိမ်ချန်မှုများ အပေါ် ဆက်လက် မဖြစ်ပွားစေရန် ဥရောပသမဂ္ဂ (EU) က သတင်းထောက်များကို ကူညီပေးသွားမည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ (EU) မှ ပြည်သူ့ဗဟိုပြု ရဲလုပ်ငန်းစဉ် သင်တန်းတာဝန်ခံ Mr. David Hamiltonက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးတွင် မေလ ၂၉ ရက် နံနက်ပိုင်းက ပြည်တွင်းရှိ သတင်းမီဒီယာ အချို့နှင့် အဆိုပါ တာဝန်ခံတို့ တွေဆုံရာ ရဲတပ်ဖွဲ့နှင့် မီဒီယာများအကြား ပြောဆို ဆက်ဆံရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို မေးမြန်းခဲ့ကြောင်း၊ အပတ်စဉ်ထုတ် ဂျာနယ်များနှင့် နေ့စဉ် သတင်းစာများတွင် သတင်းထောက်များက မူခင်းသတင်းများ ရေးသားဖော်ပြရာ၌ တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ မူခင်းသတင်းများကို ထိမ်ချန်မှုတို့ကြောင့် အများပြည်သူကို သတင်းအချက်အလက် ဖြန့်ဝေရာတွင် အခက်အခဲများ ရှိကြောင်း သတင်းထောက်များက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ယခုနှစ် မတ်လမှ စတင်ကာ မှုခင်းသတင်းများနှင့် ပတ်သက်၍ တပ်မတော်မှ ကျူးလွန်သည့် အမှုအခင်းများ၊ အစိုးရဌာနဆိုင်ရာများနှင့် ပတ်သက်သည့် အမှုအခင်းများ၊ ရဟန်းသံဃာများနှင့် ပတ်သက်သော အမှုအခင်းများ အပြင် ဘာသာရေး၊ လူမျိုးရေး ပါဝင်သည့် သတင်းများကို မဖော်ပြနိုင်စေရန် ထိန်းချုပ် ကန့်သတ်ခဲ့သည်။

မှုခင်းအချို့တွင် သတင်းကွင်းဆက် ဖော်ထုတ်ရန် ကျန်ရှိသော အမှုများနှင့် အချို့ မှုခင်းများမှာ နစ်နာသူ ကာယကံရှင် မိသားစုမှ သတင်းမထုတ်ပြန်ပါရန် မေတ္တာရပ်ခံ တင်ပြထားခြင်းများကြောင့် ရဲလုပ်ငန်း ပြည့်စုံစွာ ဆောင်ရွက်ပြီးပါက မီဒီယာများသို့ သတင်းထုတ်ပြန်ပေးလျက် ရှိကြောင်း မတ်လက ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ရှင်းလင်း ထုတ်ပြန်ခဲ့သည်။ 

အများပြည်သူကို သတင်းအချက်အလက်များ ဖြန့်ဝေပေးလျက် ရှိသော သတင်းမီဒီယာများနှင့် ရဲတပ်ဖွဲ့ဝင်တို့ အကြား ဆက်ဆံရေး ပြေပြစ်စေရန်နှင့် သတင်းများကို ထိန်းချုပ်ကန့်သတ်မှုများ မဖြစ်ပေါ်စေရန် ရဲတပ်ဖွဲ့ဝင်များကို ဥရောပသမဂ္ဂက သင်တန်းပေးမည် ဖြစ်ကြောင်း၊ သင်တန်းဖွင့်လှစ်မည့် အသေးစိတ် အချက်အလက်ကိုမူ ဥရောပသမဂ္ဂ (EU) မှ ပြည်သူ့ဗဟိုပြု ရဲလုပ်ငန်းစဉ် သင်တန်းတာဝန်ခံ Mr. David Hamilton က လက်တလောတွင် ပြောကြားခြင်း မရှိသေးပေ။

“သတင်းမီဒီယာတွေနဲ့ ရဲတပ်ဖွဲ့တွေ ဆက်ဆံရေး ကောင်းလာအောင် အီးယူအဖွဲ့က သင်တန်းဖွင့်ပေးမယ် ဆိုတာ အင်မတန် ကောင်းပါတယ်။ ရဲတပ်ဖွဲ့ဘက်က သတင်းထိမ်ချန်ထားမှုက အားနည်းချက်ကို သိမှာ စိုးလို့လား။ သက်ဆိုင်ရာ အထက်လူကြီးတွေက ထိမ်ချန်ထားခိုင်းတာလား ဆိုတာ ခန့်မှန်းရ ခက်ပါတယ်။ သတင်းပြီးရင် ရဲတပ်ဖွဲ့အနေနဲ့ ၁၀၀ ရာခိုင်နှုန်း သတင်းထိန်ချန်မှုတွေ ပွင့်လင်းမြင်သာမှုတွေ ရှိလာရင် သတင်းမီဒီယာသမားတွေ အတွက် ပိုကောင်းပါတယ်” ဟု မြန်မာဂျာနယ်လစ် ကွန်ရက်မှ အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း နေ့စဉ် ဖြစ်ပွားနေသော မှုခင်းများမှာ အမှု ၂၀ နှင့် အမှု ၅၀ ကျော်အထိ ဖြစ်ပွားလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က မတ်လ ၂ ရက်နေ့မှ မေလ ၂၅ ရက်နေ့အထိ အမှုပေါင်း သုံးမှုနှင့် ငါးမှု အတွင်းသာ ထုတ်ပြန်သည်။

The Voice Weekly
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ နေ့စဉ် ဖြစ်ပွားလျက် ရှိသော မှုခင်းဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းမီဒီယာများကို သတင်း ထိမ်ချန်မှုများ အပေါ် ဆက်လက် မဖြစ်ပွားစေရန် ဥရောပသမဂ္ဂ (EU) က သတင်းထောက်များကို ကူညီပေးသွားမည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ (EU) မှ ပြည်သူ့ဗဟိုပြု ရဲလုပ်ငန်းစဉ် သင်တန်းတာဝန်ခံ Mr. David Hamiltonက ပြောကြားသည်။

ဧရာဝတီ မြစ်ဆုံစီမံကိန်း နှစ်ဖက်အစိုးရ သဘောမတူညီလျှင် ဖျက်သိမ်းနိုင်ဟု တရုတ်ကောင်စစ်ဝန်ချုပ် ပြောကြား

Photo: ဧရာဝတီ မြစ်ဆုံစီမံကိန်း နှစ်ဖက်အစိုးရ သဘောမတူညီလျှင် ဖျက်သိမ်းနိုင်ဟု တရုတ်ကောင်စစ်ဝန်ချုပ် ပြောကြား
Tuesday, May 27, 2014

 တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အတွက်ဟု ဆိုထားသော မြန်မာနိုင်ငံ၏ အသက်သွေးကြော ဧရာဝတီမြစ်ဆုံ တွင် လက်ရှိ အစိုးရသစ် သက်တမ်းအတွင်း ရပ်ဆိုင်းထားသည့် မြစ်ဆုံ လျှပ်စစ်ဓာတ်အား စီမံကိန်းအတွက် ချုပ်ဆိုထားသော စာချုပ်ကို တရုတ်နှင့် မြန်မာနိုင်ငံ နှစ်ဖက်အစိုးရ သဘောတူညီချက် မရရှိပါက ဖျက်သိမ်းနိုင် ကြောင်း မန္တလေးမြို့တော် အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် ရုံးမှ ကောင်စစ်ဝန်ချုပ် Wang Yu က ပြောကြားသည်။

မန္တလေးမြို့တော်ရှိ တရုတ်ကောင်စစ်ဝန်ချုပ် ရုံးတွင် ကောင်စစ်ဝန်နှင့် မန္တလေး မီဒီယာများ တွေ့ဆုံစဉ် မီဒီယာများက တရုတ်နိုင်ငံ အနေနှင့် ဧရာဝတီ မြစ်ဆုံစီမံကိန်း ဆက်လက် အကောင်အထည်ဖော်ရန် ရှိမရှိ မေးမြန်းစဉ် ၎င်းက အထက်ပါအတိုင်း ပြန်လည် ဖြေကြားသွားခြင်း ဖြစ်သည်။

မြန်မာအစိုးရနှင့် မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်မည့် China Power Investment (CPI) ကုမ္ပဏီတို့အကြား ချုပ်ဆိုထားသည့် ဧရာဝတီ မြစ်ဆုံစီမံကိန်း စာချုပ်ကို ရပ်ဆိုင်းခြင်း၊ မရပ်ဆိုင်းခြင်း ကိစ္စများသည် ယင်းကုမ္ပဏီကသာ ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပြီး နှစ်ဖက်အစိုးရက ဆက်လက် အကောင်အထည်ဖော်ရန် သဘောတူညီမှု မရလျှင် စီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းနိုင်ကြောင်း တရုတ်ကောင်စစ် ဝန်ချုပ်က ပြတ်သားစွာ ပြောဆိုသည်။

“ဒီစီမံကိန်းကို ကန့်ကွက်နေတာက သဘာဝပတ်ဝန်းကျင် ထိခိုက်မှာ စိုးတဲ့အတွက် ကန့်ကွက်နေတာလို့ သိထားတယ်။ ဒီစီမံကိန်း အကောင်အထည် ဖော်နိုင်ရင် အနည်းဆုံး မန္တလေးမှာ မီးမပျက်တော့ဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါ မြစ်ဆုံစီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်မည် ဆိုပါက မြစ်ဆုံ ဝန်းကျင်တွင် ရေလွှမ်းဧရိယာ ကျယ်ပြန့်သွားမည် ဖြစ်သဖြင့် သဘာဝပတ်ဝန်းကျင်နှင့် အဏုဇီဝများ ပျက်စီးဆုံးရှုံးနိုင်ခြင်း၊ ကချင်ဒေသ တစ်ခုလုံး ထိခိုက် ပျက်စီးသွားနိုင်ပြီး ဧရာဝတီ မြစ်ရိုးတစ်လျှောက် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်လာနိုင်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။

“ဒီစာချုပ်ကို အစိုးရနှစ်ဖက်က သဘောမတူလို့ အပြီးတိုင် ဖျက်သိမ်းလို့သာ ရတယ်ဆိုရင် ဒါဟာ မင်္ဂလာသတင်းပါပဲ။ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းသွားဖို့သာ အဓိကပါ” ဟု မန္တလေးမြို့အခြေစိုက် စိမ်းရောင်စို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ဆိုသည်။

ဧရာဝတီ မြစ်ဆုံစီမံကိန်းကို တပ်မတော်အစိုးရက ရေးဆွဲခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တက်ရောက်လာသည့် အရပ်သားအစိုးရက ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းကြောင်း သဝဏ်လွှာ ပေးပို့ခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ စုံစမ်းသိရှိရသည်။

မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို CPI နှင့် အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလက လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပြီး လူထု၏ ကန့်ကွက်မှုကြောင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်ရှိအစိုးရ လက်ထက်တွင် စီမံကိန်း ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကြေညာခဲ့သည်။

ဧရာဝတီမြစ်ဆုံတွင် ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၁၅ ခုနှစ်တွင် ပြန်လည် အကောင်အထည် မဖော်လိုရေး ကန့်ကွက်ဆန္ဒပြမှုများကို တရားဝင် လုပ်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားဟောင်းများ အစည်းအရုံးအဖြစ် မှတ်ပုံတင်မည် ဖြစ်ကြောင်း အဆိုပါ အစည်းအရုံး အထွေထွေအတွင်းရေးမှူး ဦးရဲထွဋ်ခေါင်က မေလ ၂၂ ရက်နေ့တွင် ပြောကြားထားသည်။

The Voice Weekly
 တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အတွက်ဟု ဆိုထားသော မြန်မာနိုင်ငံ၏ အသက်သွေးကြော ဧရာဝတီမြစ်ဆုံ တွင် လက်ရှိ အစိုးရသစ် သက်တမ်းအတွင်း ရပ်ဆိုင်းထားသည့် မြစ်ဆုံ လျှပ်စစ်ဓာတ်အား စီမံကိန်းအတွက် ချုပ်ဆိုထားသော စာချုပ်ကို တရုတ်နှင့် မြန်မာနိုင်ငံ နှစ်ဖက်အစိုးရ သဘောတူညီချက် မရရှိပါက ဖျက်သိမ်းနိုင် ကြောင်း မန္တလေးမြို့တော် အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် ရုံးမှ ကောင်စစ်ဝန်ချုပ် Wang Yu က ပြောကြားသည်။

သူနဲ့ရှေ့ဆက်ဖို့မဖြစ်နိုင်တော့ဘူးလို့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်မိနိုင်တဲ့ အချက် (၅)ချက်

Photo: သူနဲ့ရှေ့ဆက်ဖို့မဖြစ်နိုင်တော့ဘူးလို့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်မိနိုင်တဲ့ အချက် (၅)ချက်
Tuesday, May 27, 2014

လူအမျိုးမျိုး  စိတ်အထွေထွေမို့ ကိုယ်ချစ်ရသူ၊ ကိုယ်နဲ့တွဲနေတဲ့ ကိုယ့်ရည်းစားမှာလည်း ကိုယ်မကြိုက်တဲ့ အမူအကျင့်၊ စိတ်နေစိတ်ထားတွေ ရှိနိုင်ပါတယ်။ နှစ်ဦးသား တစ်ဦးနဲ့တစ်ဦး ဘယ်လိုမှမဖြစ်နိုင်တော့ဘူးလို့ တွေးမိတဲ့အခါ သုံးသပ်မိလေ့ရှိတဲ့ အချက်လေးတွေ ရှိပါတယ်။ အဲ့ဒါတွေကတော့

၁။သူနဲ့ဆို ဘာလုပ်လုပ် ပြောဆိုခံနေရတာပဲ။
သူနဲ့ဆို ကိုယ်လုပ်နိုင်တယ်လို့ ထင်တဲ့အရာတွေတောင် မလုပ်နိုင်တော့လောက်အောင် ဖြစ်လာတယ်။ ယုံကြည်ချက်မရှိတော့ဘူး။ တစ်ခုခုလုပ်လိုက်တိုင်းလည်း ကိုယ့်ကို စသလိုလို၊ နောက်သလိုလိုနဲ့ လှောင်ပြောင်နေတော့တာပဲ။ အဆိုးဆုံးကတော့ ကိုယ့်ချစ်သူဖြစ်ပြီး ကိုယ့်ကိုအသားကုန် ဝေဖန်တာမျိုးကိုပဲ။

၂။သူကပဲအမှန်၊ သူကပဲအကောင်း။
နှစ်ယောက်ပြဿနာဖြစ်ပြီဆို ကိုယ့်ဘက်က ဘယ်တော့မှ ဖြေရှင်းခွင့်မရဘူး။ သူအမှန်ဆိုတာချည်းပဲ။ ရန်မဖြစ်တဲ့အချိန် ကိုယ်တစ်ခုခုခံစားနေရပြီဆိုရင်လည်း သူဘယ်တော့မှ နားထောင်ပေးလေ့ မရှိဘူး။ နှစ်သိမ့်ပေးဖို့ဆိုတာကလည်း ဝေးလာဝေးပဲ။ တစ်ဖက်သတ် ဆန်လွန်းတယ်။

၃။သူနဲ့နေရတာ မပျော်တော့ပါဘူး။
တစ်ရက်၊ တစ်ရက် သူနဲ့အတူတူရှိနေရခြင်းကို စိတ်ပျက်လာတယ်။ ငြီးငွေ့တယ်ဆိုတာထက် သည်းမခံနိုင်တော့သလို ခံစားချက်မျိုးကြီး ဖြစ်လာတာ။ ပျော်လည်း မပျော်တော့ပါဘူး။ ဒီလိုမျိုးရှေ့ဆက်ရင် နှစ်ဦးစလုံးအတွက် ပိုဆိုးကုန်တော့မယ်။

၎။သူနဲ့အတူ ရှိနေချိန်တွေ ကိုယ့်အတွက် ဘယ်တော့မှ စိတ်သက်သက်သာသာ မဖြစ်ဘူး။
စကားပြောရင်လည်း ထိန်းထိန်းသိမ်းသိမ်း ပြောနေရတယ်။ မျက်နှာထားကိုလည်း အမြဲပြင်ထားရတယ်။ ကိုယ့်ကိုကိုယ်တော့ ငါချစ်လို့ သူစိတ်ချမ်းသာအောင် နေပေးနေတယ်ပေါ့။ ဘေးက သူငယ်ချင်းတွေ၊ မိသားစုတွေကတောင် မင်းတို့နှစ်ယောက်ကြည့်ရတာ တစ်မျိုးပဲလို့ မေးလာကြပြီ။ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ ရှိချိန်ဆို ကိုယ့်ပုံက တစ်မျိုး၊ သူနဲ့ဆို တစ်မျိုး၊ သူနဲ့ရှိနေချိန်ဆို စိတ်သက်သက်သာသာကို မရှိခဲ့တာပါ။

၅။ကိုယ့်ရဲ့အနာဂတ်ကို ကိုယ်တိုင်ဖန်တီးဖို့၊ ပြောင်းလဲမှုတွေအတွက်လည်း ထိန်းချုပ်ခံထားရသလိုပဲ။
ကိုယ့်ဘာသာကိုယ် တိုးတက်ရာ၊ တိုးတက်ကြောင်းလေး လုပ်ချင်ရင်တောင် သူက မလုပ်စေချင်သလိုလို အမြဲပြောတယ်။ အိပ်မက်တွေ အကောင်အထည်ဖော်မယ်ဆိုရင် လှောင်ပြောင်တော့တာပဲ။ သူ့ဆီက ဘာခွန်အားမှ မရတဲ့အပြင် နင်ပြောင်းလဲလို့ မရပါဘူးဟာ ဆိုတဲ့ အထင်သေးတဲ့ စကားတွေပဲ ရနေခဲ့တာ။

Ref:womenshealthmag.com
Trend Myanmar
လူအမျိုးမျိုး  စိတ်အထွေထွေမို့ ကိုယ်ချစ်ရသူ၊ ကိုယ်နဲ့တွဲနေတဲ့ ကိုယ့်ရည်းစားမှာလည်း ကိုယ်မကြိုက်တဲ့ အမူအကျင့်၊ စိတ်နေစိတ်ထားတွေ ရှိနိုင်ပါတယ်။ နှစ်ဦးသား တစ်ဦးနဲ့တစ်ဦး ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့ တွေးမိတဲ့အခါ သုံးသပ်မိလေ့ရှိတဲ့ အချက်လေးတွေ ရှိပါတယ်။ အဲ့ဒါတွေကတော့

အာဏာသိမ်းခေါင်းဆောင် ထိုင်းဗိုလ်ချုပ်ကြီး ပရာယုချန်အိုချာ ငြိမ်းချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေးကောင်းစီ အကြီးအကဲတာဝန်ယူ

Photo: အာဏာသိမ်းခေါင်းဆောင် ထိုင်းဗိုလ်ချုပ်ကြီး ပရာယုချန်အိုချာ ငြိမ်းချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေးကောင်းစီ အကြီးအကဲတာဝန်ယူ
Tuesday, May 27, 2014

ထိုင်းအာဏာသိမ်းခေါင်းဆောင်သည် လွန်ခဲ့သော သီတင်းပတ်က အာဏာသိမ်းပြီးနောက် မြို့တော် ဗန်ကောက်၌ အခမ်းအနားဖြင့် ထိုင်းဘုရင်၏ထောက်ခံ မှုကို လက်ခံရယူခဲ့သည်။

ဗိုလ်ချုပ်ကြီး ပရာယုချန်အိုချာသည် စစ်ဌာနချုပ်၌ နိုင်ငံကို စစ်တပ်ကတရားဝင်တာဝန်ယူခဲ့သည့် ယင်း အခမ်းအနားသို့ အသက် ၈၆ နှစ်ရှိပြီဖြစ်သော ဘုရင် ဘူမိဘော အဒူယာဒက်ခ်ျ တက်ရောက်နိုင်ခြင်းမရှိပေ။ 

လွန်ခဲ့သောသီတင်းပတ်က ထိုင်းစစ်တပ်က အာဏာ သိမ်းခဲ့သည်။ စစ်ဘက်က လအတန်ကြာ မငြိမ်မသက် ဖြစ်ပြီးနောက် ထိုင်းနိုင်ငံကို တည်ငြိမ်မှုရရှိရန် စီစဉ် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဆန္ဒပြသူများက ဝန်ကြီးချုပ် ရင်လတ်ရှင်နာဝပ်ထရာ ကို ဖြုတ်ချရန်ကြိုးစားရာမှ ခြောက်လကြာ နိုင်ငံရေးလိပ်ခဲ တည်းလည်းဖြစ်ခဲ့ရသည်။ ဆန္ဒပြစဉ်အတွင်း အနည်းဆုံး ၂၈ ဦဦးသေဆုံးကာ ရာနှင့်ချီပြီးဒဏ်ရာများရရှိခဲ့သည်။
ရွေးကောက်တင်မြှောက်ထားသော အစိုးရကို အာဏာသိမ်းမှုကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။ စစ်တပ်က ငါးဦး ထက်ပို၍ စုရုံးသွားလာခြင်းကို ပိတ်ပင်ထားသော်လည်း သီတင်းပတ်ကုန်ပိုင်းက ဗန်ကောက်၌ အာဏာသိမ်း ဆန့်ကျင်ရေးဆန္ဒပြမှုအချို့ရှိခဲ့သည်။

အဖြူရောင်စစ်ဝတ်စုံဝတ်ဆင်ထားသော ဗိုလ်ချုပ်ကြီး ပရာယုက တနင်္လာနေ့နံနက်ပိုင်းတွင် ဘုရင်၏ထောက်ခံ အတည်ပြုမှုကို လက်ခံခဲ့သည်။ နိုင်ငံအတွင်း တရားဥပဒေ စိုးမိုးရန်အလို့ငှာ ဗိုလ်ချုပ်ကြီး ပရာယုချန်အိုချာအား ငြိမ်းချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေး အမျိုးသားကောင်စီ အကြီးအကဲအဖြစ် ခန့်အပ်လိုက်ကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြသည်။

နိုင်ငံ၏ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးသည် အရေးကြီးဆုံးကိစ္စဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးပရာယုက ပြောကြားလိုက်သည်။ ရွေးကောက်ပွဲများကို စောနိုင်သမျှ စောစောကျင်းပပေးမည်ဖြစ်ကြောင်း၊ သို့သော် အချိန် အတိအကျမပြောနိုင်သေးကြောင်း၊ ဆန္ဒပြမှုများ ဆက်လက်ပြုလုပ်နေလျှင် တပ်ကိုအသုံးပြုရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိကြောင်း ၎င်းကပြောကြားသည်။

၎င်းအနေဖြင့် ဝန်ကြီးချုပ်သစ်ရာထူးကို လက်ခံ ထားစဉ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ယာယီရပ်ဆိုင်း ထားသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် မစ္စ ရင်လတ်အပါအဝင် နိုင်ငံရေးထင်ရှားသော ပုဂ္ဂိုလ်များ၊ သတင်းထောက်များ၊ ပညာရှင်များအား ဖမ်းဆီးထိန်းသိမ်း ထားသည်။

ထိုင်းနိုင်ငံတွင် ၂ဝဝ၆ ခုနှစ်ကလည်း ရင်လတ်၏အစ်ကိုဖြစ်သူ သက်ဆင်ရှင်နာဝပ်ထံမှ စစ်တပ်က အလားတူ အာဏာသိမ်းခဲ့သည်။ သက်ဆင်နှင့် ရင်လတ် တို့မောင်နှမသည် ကျေးလက်ပြည်သူများ၏ ထောက်ခံမှုကို ရရှိသူများဖြစ်သည်။ 

ဘီဘီစီ
ထိုင်းအာဏာသိမ်းခေါင်းဆောင်သည် လွန်ခဲ့သော သီတင်းပတ်က အာဏာသိမ်းပြီးနောက် မြို့တော် ဗန်ကောက်၌ အခမ်းအနားဖြင့် ထိုင်းဘုရင်၏ထောက်ခံ မှုကို လက်ခံရယူခဲ့သည်။

အူရီဒူး ဆင်းကတ် သန်း ၃၀ နှင့် သရီးဂျီ ဟန်းဆက်များ ရောင်းချရန် စီစဉ်

Photo: အူရီဒူး ဆင်းကတ် သန်း ၃၀ နှင့် သရီးဂျီ ဟန်းဆက်များ ရောင်းချရန် စီစဉ်
Tuesday, May 27, 2014

အူရီဒူး မြန်မာ(Ooredoo Myanmar)က မိုဘိုင်း ဆင်းကတ် အပြင် သရီးဂျီ ကွန်ရက် (3G Network) လက်ခံ သုံးစွဲနိုင်သည့် အူရီဒူး (Ooredoo) ဟန်းဆက်များကို ဇူလိုင်မှ စက်တင်ဘာ အတွင်း စတင် ရောင်းချသွားရန် စီစဉ်ထားကြောင်း သိရသည်။

“ကျနော်တို့ အနေနဲ့ သရီးဂျီ ကွန်ရက် အတွက် လက်ခံ သုံးနိုင်တဲ့ ဖုန်းဟန်းဆက်တွေကို တင်သွင်းမှာပါ။ တချို့ဖုန်းတွေမှာ သရီးဂျီ လက်ခံနိုင်တာ ရှိပါတယ်၊ တချို့ကတော့ လက်မခံနိုင်သေးပါဘူး၊ လက်မခံနိုင်တဲ့ ဟန်းဆက်တွေ အတွက် ရည်ရွယ် ပါတယ်” ဟု အူရီဒူး မြန်မာ အမှုဆောင် အရာရှိချုပ် Ross Cormack က ဧရာဝတီသို့ ပြောသည်။

အူရီဒူးမှ ဖုန်းဆင်းကတ် စတင် ရောင်းချချိန်တွင် ဖုန်းကတ် သန်း ၃၀ စတင် ဖြန့်ချိသွားရန် စီစဉ်ထားပြီး ဆင်းကတ်များကို လာမည့် ဇူလိုင်မှ စက်တင်ဘာလ အတွင်း စတင် ရောင်းချမည်ဟု မေလ ၂၅ ရက်က ရန်ကုန်မြို့တွင် ကျင်းပသည့် မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ၎င်းက ပြောဆိုသည်။

အိုရီဒူး မြန်မာမှ ဆင်းကတ်နှင့် ဟန်းဆက် တွဲဖက် ရောင်းချနိုင်ရေး အတွက် ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်းက 3G ကွန်ရက် အတွက် အဓိက ကျသော ရေဒီယို နှင့် စက်ပစ္စည်းများ ပံ့ပိုးသူ အနေဖြင့် NSN ကုမ္ပဏီနှင့် မိုဘိုင်း ကွန်ရက် ဖြန့်ကျက်ရန် ZTE ကုမ္ပဏီ တို့ဖြင့် စာချုပ် ချုပ်ဆိုထားကြောင်း သိရသည်။

“အခုက တနိုင်ငံလုံး အတိုင်းအတာ ဆာဗေး ကောက်ယူ နေပါတယ်။ အခုချိန်ထိ ဆာဗေး ကောက်တာ မပြီးသေးဘူး ဖြစ်တဲ့ အတွက် ဘယ်ဈေးနဲ့ ဘယ်လို ရောင်းမလဲ၊ နောက် ဘယ်လို ဝန်ဆောင်မှုတွေ ပေးမလဲ ဆိုတာကို အသေးစိတ် မပြောနိုင်သေးတာပါ၊ နောက် ဒီဟန်းဆက်တွေကို ဘယ်လို ရောင်းမလဲ၊ လူတိုင်း ဝယ်နိုင်အောင် ဘာလုပ်မလဲ ဆိုတာကို မပြောနိုင်သေးပါဘူး”ဟု Ross Cormack က ဆက်ပြောသည်။

အူရီဒူး မြန်မာမှ ဆင်းကတ်များကို ၂၀၁၄ ခုနှစ် ဇူလိုင်မှ စက်တင်ဘာလ အတွင်း စတင် ရောင်းချနိုင်ရန် စီစဉ်ထားကြောင်း၊ ကွန် ရက် ဖြန့်ကျက်နိုင်ရန် ဆက်သွယ်ရေး တာဝါတိုင်ပေါင်း ၄၀၀ ကျော် တည်ဆောက်လျက် ရှိကြောင်း သိရသည်။

“အခု လက်ရှိ တာဝါတိုင် ၁၀၀ ဆောက်ပြီးပါပြီ၊ နှစ်ကုန်ပိုင်းမှာ တာဝါတိုင်ပေါင်း ထောင်ချီ ရှိလာအောင် တည်ဆောက်သွားမှာ ဖြစ် ပါတယ်၊ ရန်ကုန်နဲ့ မန္တလေးမှာ ဒေတာ စင်တာတွေ တည်ဆောက် ပြီးပါပြီ၊ လာမယ့် နှစ်ပတ်လောက် ဆိုရင် နေပြည်တော်က ဒေတာ စင်တာလည်း အသင့် ဖြစ်ပါပြီ”ဟု အူရီဒူး မြန်မာ အမှုဆောင် အရာရှိချုပ် Ross Cormack က ပြောသည်။

သရီးဂျီ ကွန်ရက်ဖြင့် စတင် သုံးစွဲနိုင်မည်ဟု ပြောသော်လည်း ခေါ်ဆိုခနှုန်းထား၊ ကောက်ခံမည့် ပုံစံ၊ ဝန်ဆောင်မှုများကို တရားဝင် ထုတ်ဖော် ပြောဆိုခြင်း မရှိသေးဘဲ ဆာဗေး ကောက်ယူမှုပြီးမှသာ ထုတ်ဖော် ပြောဆိုနိုင်မည် ဖြစ်ကြောင်း Ross Cormack က ဆို သည်။

“အော်ရီဒူး ဆင်းကတ်ကနေ တခြားကွန်ရက်တွေကိုလည်း ချိတ်ဆက် အသုံးပြုနိုင်ဖို့ စီစဉ်နေပါတယ်။ အခုဆို တယ်လီနောကို ချိတ် ဆက် နိုင်ပါပြီ၊ နောက် ဆင်းကတ်မထွက်ခင်မှာ မြန်မာ့ ဆက်သွယ်ရေးကိုပါ ချိတ်ဆက် ဆောင်ရွက်နိုင်ပါမယ်”ဟု ၎င်းက ဆက် ပြောသည်။

3G ကွန်ရက်ကို နေရာဒေသစုံ ပြောဆိုနိုင်ရေး အတွက် ဖိုက်ဘာ ကေဘယ်လိုင်း ၉၀၀ နှင့် ၁၂၀၀ ဆက်သွယ်ရေး လှိုင်းများဖြင့် ဖြန့် ကျက် ချထားပေးမည်ဖြစ်ပြီး ယခင်က အသံ တမျိုးတည်းသာ ရသော နေရာများတွင် သရီးဂျီ ကွန်ရက်အရ အချက်အလက် အပြင် အခြားသော ဝန်ဆောင်မှုများပါ သုံးနိုင်ရန်စီစဉ်ထားကြောင်း သိရသည်။

ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် ဝန်ကြီးဌာန ဒုဝန်ကြီး ဦးသောင်းတင်က “ကုမ္ပဏီတွေကို ဘာမှ ချုပ်ကိုင်ထားတာ မရှိဘူး၊ သူတို့ အော်ပရေတာ လာလျှောက်တုန်းက လိုက်နာရမှာတွေ ရှိတယ်။ ဒါတွေကိုပဲ ဝန်ကြီးဌာနက ကြည့်မယ်။ ကျန်တာက သူတို့ ပေးနိုင်သလောက် ဝန်ဆောင်မှုတွေ ပေးရမယ်။ နိုင်ငံတကာ အတိုင်းပေး ရမယ်။ လျှော့ပေးရမယ် ဆိုတာ မရှိပါဘူး၊ MPT ကြောင့် ကန့်သတ်တာ မရှိဘူး။ MPTလည်း ဝင်ပြိုင်ရမှာပါ။ ဒီလိုတွေ လုပ်ဆောင်ပေးဖို့ ခွင့်ပြုထားတာပါ”ဟု ဧရာဝတီသို့ ပြော သည်။

အူရီဒူး ဆင်းကတ် ဝယ်ယူရာတွင် ကြိုတင်ဝယ်ယူနိုင်မည့် အကြိုရောင်းချမှုပုံစံဖြင့်ရောင်းချမည် မဟုတ်ကြောင်း၊ လက်ရှိမိုဘိုင်းဖုန်း ဆိုင်များတွင် ကောက်ယူမှုမှာ သုံးစွဲမှုဆိုင်ရာ ဆာဗေး ကောက်ယူမှုသာ ဖြစ်ကြောင်း အော်ရီဒူး မြန်မာက ဖြန့်ချိပါက မည်သူမဆို မှတ်ပုံတင် ပြကာ ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သုံးစွဲသူများ၏ ဖုန်းသုံးစွဲမှု လုံခြုံရေးကိုလည်း မပေါက်ကြားစေရန် ထိန်းသိမ်းမည် ဖြစ်ကြောင်း အူရီဒူး မြန်မာ အမှုဆောင်အရာရှိချုပ် Ross Cormack က ပြောသည်။

မြန်မာ့ ဆက်သွယ်ရေးမှ ထုတ်ပြန်ချက်အရ လက်ရှိမြန်မာနိုင်ငံတွင် မိုဘိုင်း အသုံးပြုသူ ဦးရေ ၈ ဒသမ ၈၅ သန်းအထိ ရောက်ရှိလာကြောင်း သိရသည်။

ဧရာဝတီ
အူရီဒူး မြန်မာ(Ooredoo Myanmar)က မိုဘိုင်း ဆင်းကတ် အပြင် သရီးဂျီ ကွန်ရက် (3G Network) လက်ခံ သုံးစွဲနိုင်သည့် အူရီဒူး (Ooredoo) ဟန်းဆက်များကို ဇူလိုင်မှ စက်တင်ဘာ အတွင်း စတင် ရောင်းချသွားရန် စီစဉ်ထားကြောင်း သိရသည်။

KTV နှင့် Club များတွင် လုပ်ကိုင်သူများအတွက် အလုပ်ချိန် တရားဝင် သတ်မှတ်မည်

Photo: KTV နှင့် Club များတွင် လုပ်ကိုင်သူများအတွက် အလုပ်ချိန် တရားဝင် သတ်မှတ်မည်
Tuesday, May 27, 2014 

တရားဝင် အလုပ်ချိန် သတ်မှတ်ပေးခြင်း မရှိသေးသည့် KTV နှင့် Club များတွင် လုပ်ကိုင်နေသည့် အလုပ်သမားများအတွက် အလုပ်ချိန်များကို တရားဝင် သတ်မှတ်ပေးရန် ၁၉၅၁ ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ထည့်သွင်းထားကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောကြားသည်။

၁၉၅၁ ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေတွင် ယခင်က ထည့်သွင်းထားခြင်း မရှိသည့် ကာရာအိုကေခန်းမ (KTV)၊ Club များအပြင် ကိုယ်ခန္ဓာ ကျန်းမာရေးနှင့် အလှပြုပြင်ရေးဆိုင်များ၊ မိတ္တူကူးခြင်းလုပ်ငန်း၊ ကုန်သွယ်ရေး အလုပ်ဌာနများ၊ ဗီဒီယိုပြသရေး၊ ကွန်ပျူတာနှင့် အီလက်ထရွန်နစ် အဆင့်မြင့် ကိရိယာများကို ပြုလုပ်တပ်ဆင်ခြင်း စသည့် အလုပ်များကို ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ထည့်သွင်းထားကြောင်း ၎င်းကဆိုသည်။

၁၉၅၁ ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေကို ပြဋ္ဌာန်းစဉ်က လုပ်ကိုင်နေကြသည့် လုပ်ငန်းများကိုသာ ယင်းဥပဒေတွင် ထည့်သွင်းခဲ့ခြင်း ဖြစ်ပြီး ယခုအချိန်တွင် ခေတ်နှင့် လျော်ညီခြင်း မရှိတော့သဖြင့် အလုပ်အကိုင် အမျိုးစားအသစ်များကို ထပ်တိုး ထည့်သွင်းခြင်း ဖြစ်ကြောင်း ဦးဝင်းရှိန်က ရှင်းပြသည်။

အလုပ်သမားများသည် တစ်ရက်အလုပ်ချိန် ရှစ်နာရီ လုပ်ကိုင်ရမည် ဖြစ်ပြီး ရက်သတ္တတစ်ပတ်လျှင် တစ်ရက်နားခွင့် ရမည်ဖြစ်ကြောင်း၊ အချိန်ပို ခိုင်းစေရာတွင်လည်း အလုပ်သမား သဘောတူမှသာ ခိုင်းစေရမည် ဖြစ်ပြီး ဆိုင်များတွင် တစ်ပတ်လျှင် အချိန်ပို ၁၂ နာရီသာ ခိုင်းစေခွင့် ရရှိမည်ဟု ဥပဒေကြမ်းတွင် ထည့်သွင်းထားကြောင်း ၎င်းကဆိုသည်။

KTV ဆိုင် လုပ်ငန်းရှင် သူဌေးက နေစရိတ်၊ စားစရိတ်ငြိမ်းဖြင့် အကုန်စီစဉ်ပေးကြောင်း၊ အလုပ်ချိန်မှာ ဧည့်သည်ပေါ် မူတည်ကာ နံနက် ၉ နာရီခန့်မှ ည ၁၁ နာရီခန့်အထိ ဖြစ်ကြောင်း မန္တလေးမြို့ရှိ KTV ဆိုင်တွင် လာရောက် အလုပ်လုပ်ကိုင်လျက် ရှိသည့် မြစ်ကြီးနားမှ အသက် ၂၂ ခန့်ရှိ အမျိုးသမီးတစ်ဦးက ပြောကြားသည်။ 

“လခတော့ နည်းတယ်။ လေးသောင်းလောက်ပဲ ရတယ်။ One Section ဝင်မယ်ဆိုရင် အခန်းဝင်တဲ့သူက ကောင်မလေး ခေါ်ချင်ရင် spy တစ်လုံး မှာရတယ်။ ညီမတို့က ၅၀၀ ရတယ်။ ပြီးတော့ One Section ကို ၁၀၀၀ ရတယ်။ နာမည်ကြီး KTV တွေမှာ လုပ်နေတဲ့ ကောင်မလေးတွေက ရာခိုင်နှုန်းနဲ့ ရတယ်။ တချို့ဆိုင်တွေဆို ၁ သောင်းကို ၁၀၀၀ ပြန်ပေးတယ်” ဟု ကချင်တိုင်းရင်းသူလည်း ဖြစ်သူ ၎င်းကဆိုသည်။

အလုပ်ခိုင်းစေရာတွင် အသက်အနည်းဆုံး ၁၃ နှစ် ပြည့်ပြီးသူများကိုသာ ခိုင်းစေခွင့် ရှိကာ ၎င်းတို့ကို ခိုင်းစေရာတွင် ဆရာဝန်၏ ဆေးထောက်ခံချက်ဖြင့် ခိုင်းစေခွင့် ရရှိမည်ဖြစ်ပြီး အလုပ်သမားများကို လစာ ထုတ်ပေးရာတွင်လည်း လဆန်း ၇ ရက်နေ့ထက် နောက်မကျဘဲ ထုတ်ပေးရမည် ဆိုသည့် အချက်များလည်း ထည့်သွင်းထားကြောင်း ဦးဝင်းရှိန်က ပြောကြားသည်။

၁၉၅၁ ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေကို ပြင်ဆင်ရန် ၂၀၁၂ ခုနှစ်မှ စတင်ကာ အလုပ်သမား၊ အလုပ်ရှင် ကိုယ်စားလှယ်များ၊ ILO ကိုယ်စားလှယ်များနှင့်ပါ ဆွေးနွေးနေခြင်း ဖြစ်ကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနထံမှ သိရသည်။

The Voice Weekly
တရားဝင် အလုပ်ချိန် သတ်မှတ်ပေးခြင်း မရှိသေးသည့် KTV နှင့် Club များတွင် လုပ်ကိုင်နေသည့် အလုပ်သမားများအတွက် အလုပ်ချိန်များကို တရားဝင် သတ်မှတ်ပေးရန် ၁၉၅၁ ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ထည့်သွင်းထားကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောကြားသည်။

သယံဇာတပေါတဲ့ မြန်မာနိုင်ငံသား ၉၅ရာနှုန်း တစ်ရက်ဝင်ငွေ ၁၀ဒေါ်လာအောက်သာရှိ

Photo: သယံဇာတပေါတဲ့ မြန်မာနိုင်ငံသား ၉၅ရာနှုန်း တစ်ရက်ဝင်ငွေ ၁၀ဒေါ်လာအောက်သာရှိ
Tuesday, May 27, 2014 

ပွင့်လင်းလာတဲ့ မြန်မာနိုင်ငံဟာ မတုပနိုင်တဲ့ အရင်းအမြစ်တွေရှိ တဲ့နိုင်ငံဖြစ် တယ်လို့ အမေရိကန်အခြေစိုက် Research and Markets ခေါ် ဈေးကွက် သုတေသနအဖွဲ့ ရဲ့ အစီရင်ခံစာ မှာဖေါ်ပြထားပါတယ်။

၂၀၁၁ ခုနှစ်ကစပြီး အပြောင်းအလဲတွေ ပေါ်ပေါက်လာခဲ့တဲ့ မြန်မာနိုင်ငံ ဟာ အမေရိကန် နဲ့ အီးယူတို့ရဲ့ စီးပွားရေးပိတ်ဆို့အရေးယူ မှုတွေ ဖြေလျှော့ပေး မှုနဲ့အတူ စီးပွားရေးအရှိန်အဟုန် တိုးတက်လာ ခဲ့ကြောင်း၊ သဘာဝသယံ ဇာတကြွယ်ဝတဲ့အပြင် ကမ္ဘာ့ ရှေးအကျ ဆုံး ရေနံတူးဖေါ်ခဲ့တဲ့နေရာလည်းဖြစ် ၊ မတူးဖေါ်ရ သေးတဲ့ဓါတ် သတ္တုတွေ အများအပြား ရှိနေတဲ့ဒေသ လည်းဖြစ်ကြောင်း၊ ဒါပေမဲ့ လူမျိုးစုပြဿနာ နဲ့ ဘာသာရေး ပဋိပက္ခတွေ ၊ နိုင်ငံရေးအကြပ်အတည်းတွေ လည်းရှိနေကြောင်း ဖေါ်ပြထားပြီး၊ မြန်မာနိုင်ငံရဲ့ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ ခရီးသွားလုပ်ငန်း ၊ အိမ်ခြံမြေ နဲ့တည်ဆောက်ရေးလုပ်ငန်း၊ စက်မှု နဲ့အသေးစားလုပ်ငန်း စတဲ့ ကဏ္ဍတွေ နဲ့ ပတ်သက်ပြီး အားသာချက်၊ အားနည်းချက်တွေ တင်ပြထား ပါတယ်။

ဒီအတွင်း ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP နဲ့ ကုလအရင်းအနှီး ဖွံ့ဖြိုး တိုးတက်ရေး ရန်ပုံငွေ UNCDF တို့ ပူးပေါင်းကောက်ယူခဲ့တဲ့ MAP ခေါ် သုတေသနအစီရင်ခံစာမှာတော့ မြန်မာနိုင်ငံမှာ အရွယ်ရောက်ပြီးသူ ၉၅ ရာခိုင်နှုန်းရဲ့ တစ်ရက်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာအောက် မှာသာ ရှိတယ်လို့ ဖေါ်ပြပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံမှာ ငွေကြေးဝန်ဆောင်မှုအဆင့် အလွန်နိမ့်ကျနေတယ် လို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ဈေးကွက်ဟာ ငွေသားအပေါ်အလွန်အမင်း မှီခို နေတာကြောင့်၊ စီးပွားရေး လုပ်ကိုင်ဖို့ စရိတ်ကြီးမြင့်နေရကြောင်း၊ ဘဏ်လုပ် ငန်းတွေမှာ စာရွက်စာတမ်းတွေ အများအပြားလိုအပ်နေတာ ၊ ငွေချေးငှား နိုင်ဖို့ အတားအဆီးတွေ၊ စည်းမျဉ်းစည်းကမ်းတွေ များပြား လှတာကြောင့် ဈေး ကွက်တွေ ပေါ်ပေါက်လာဖို့ ခက်ခဲနေကြောင်း ဖေါ်ပြ ထားပါတယ်။

RFA Burmese
ပွင့်လင်းလာတဲ့ မြန်မာနိုင်ငံဟာ မတုပနိုင်တဲ့ အရင်းအမြစ်တွေရှိ တဲ့နိုင်ငံဖြစ် တယ်လို့ အမေရိကန် အခြေစိုက် Research and Markets ခေါ် ဈေးကွက် သုတေသနအဖွဲ့ ရဲ့ အစီရင်ခံစာ မှာဖေါ်ပြထားပါတယ်။

သံလွင်မြစ်ပေါ်တွင် ပထမဆုံးတည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းကို အစိုးရက ပြည်သူအားချမပြဘဲ တရုတ်ကုမ္ပဏီနှင့် အေးရှားဝေါလ်သို့ အပြီးသတ်လုပ်ကိုင်ခွင့်ပြုလိုက်ကြောင်း သိရ

Photo: သံလွင်မြစ်ပေါ်တွင် ပထမဆုံးတည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းကို အစိုးရက ပြည်သူအားချမပြဘဲ တရုတ်ကုမ္ပဏီနှင့် အေးရှားဝေါလ်သို့ အပြီးသတ်လုပ်ကိုင်ခွင့်ပြုလိုက်ကြောင်း သိရ
Tuesday, May 27, 2014 

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် အထက်သံလွင် (ကွမ်းလုံ) ရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်ရန် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သော Hanergy Group Holding Limited နှင့် အေးရှားဝေါလ်ကုမ္ပဏီတို့ကို အပြီးသတ်လုပ်ခွင့်ပြုလိုက်ပြီး မေလတတိယပတ်က သဘောတူစာချုပ်ချုပ်ခဲ့သည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သတင်းရရှိသည်။

Hanergy Group Holding Limited၊ အေးရှားဝေါလ်ကုမ္ပဏီနှင့် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနတို့မှ Joint Venture Agreement ကို လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပြီး နှစ် ၃၀ အထိ (ထပ်တိုးခွင့် ၁၀ နှစ်ပါဝင်သည့်အတွက် နှစ်ပေါင်း ၄၀ အထိ) လုပ်ခွင့်ပေးမည့် BOT စနစ်ဖြင့် လုပ်ကိုင်မည်ဖြစ်ကြောင်း၊ ၁၄၀၀ မဂ္ဂါဝပ်ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းမှ အခမဲ့ဓာတ်အား ၁၀ ရာခိုင်နှုန်း သို့မဟုတ် ၁၅ ရာခိုင်နှုန်းသာ မြန်မာကရမည်ဖြစ်ကြောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရှယ်ယာပိုင်းတွင်လည်း မြန်မာက အခမဲ့ရှယ်ယာ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိသာ ပါဝင်ခွင့်ရမည်ဖြစ်ပြီး Hanergy နှင့် အေးရှားဝေါလ်တို့မှ ၈၅ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ ပါဝင်ခွင့်ရမည်ဖြစ်သည်

ထို့အတွက် တရုတ်ကုမ္ပဏီဘက်ကထွက်ရှိမည့် ဓာတ်အားစုစုပေါင်း၏ ၈၅ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ ရယူမည်ဖြစ်သည်။

ရှယ်ယာပိုင်းတွင်လည်း မြန်မာက အခမဲ့ရှယ်ယာ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိသာ ပါဝင်ခွင့်ရမည်ဖြစ်ပြီး Hanergy နှင့် အေးရှားဝေါလ်တို့မှ ၈၅ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ ပါဝင်ခွင့်ရမည်ဖြစ်သည်။

အကယ်၍ မြန်မာနိုင်ငံမှ အခမဲ့ဓာတ်အားထက် ပိုမိုရယူလိုပါက အခမဲ့ရထားသော ပမာဏအပါအ၀င် ၅၀ ရာခိုင်နှုန်းအထိကို ကုမ္ပဏီထံမှ ၀ယ်ယူသုံးစွဲရမည်ဖြစ်သည်။ (ဥပမာအခမဲ့ဓာတ်အား ၁၀ ရာခိုင်နှုန်းဆိုပါက ၄၀ ရာခိုင်နှုန်းကို သတ်မှတ်သည့်ဈေးဖြင့် မြန်မာနိုင်ငံက ပြန်ဝယ်သုံးရမည်)

အထက်သံလွင် (ကွမ်းလုံ) ရေအားလျှပ်စစ်စီမံကိန်းမှာ သံလွင်မြစ်ပေါ်တွင်တည်ဆောက်မည့် ပထမဆုံး ရေအားလျှပ်စစ်စီမံကိန်းဖြစ်သော်လည်း အစိုးရအနေဖြင့် စာချုပ်ပါအချက်အလက်များ၊ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သည့် အချက်အလက်အသေးစိတ်ကို အများပြည်သူသို့ ချပြခြင်းမပြုမီ ယခုကဲ့သို့ စာချုပ်ချုပ်ဆိုခွင့်ပြုခဲ့ခြင်းလည်းဖြစ်သည်။

အေးရှားဝေါလ်ကုမ္ပဏီသည် တရုတ်ကုမ္ပဏီများဖြင့် ပူးပေါင်းကာ ယခုအထက်သံလွင် (ကွမ်းလုံ) ရေအားလျှပ်စစ်စီမံကိန်းအပါအ၀င် ရေအားလျှပ်စစ်စီမံကိန်းပေါင်း အနည်းဆုံးကိုးခုအထိ ထပ်မံလုပ်ခွင့်ရထားသူဖြစ်သည်။

အေးရှားဝေါလ်ကုမ္ပဏီနှင့် တရုတ်မှ CPI ကုမ္ပဏီတို့ပူးပေါင်း၍ မြစ်ဆုံစီမံကိန်း၊ ချီဖွေ၊ လိုက်ဇာဝူဆောက်၊ ခေါင်လံဖူး၊ ယီနန်၊ ဖီဇော၊ ဂေါလန် ရေအားလျှပ်စစ်မံကိန်းများကို လုပ်ခွင့်ရထားသူဖြစ်သည်။

ယင်းအပြင် အေးရှားဝေါလ်ကုမ္ပဏီသည် Gold Energy ကုမ္ပဏီအမည်ဖြင့်လည်း သောက်ရေခပ် (၂) ရေအားလျှပ်စစ်စီမံကိန်းကို တည်ဆောက်ခွင့်ရခဲ့ပြီး ယခုအခါ နိုင်ငံတော်မှ တစ်ယူနစ် ၇၀ ကျပ်ပေးကာ ၎င်းထံမှ ပြန်လည်ဝယ်ယူနေရပြီဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် တည်ဆောက်ပြီးစီးသည့် ရေအားလျှပ်စစ်စီမံကိန်းပေါင်း ၂၂ ခုရှိပြီး တည်ဆောက်ဆဲစီမံကိန်းပေါင်း ၁၄ ခုရှိကြောင်းနှင့် တည်ဆောက်ရန်အတွက် လက်မှတ်ရေးထိုးပြီးနှင့် လက်မှတ်ရေးထိုးရန် စီစဉ်နေသည့် စီမံကိန်းပေါင်း ၅၀ အထိရှိကြောင်း ထုတ်ပြန်ထားချက်အရ သိရသည်။

ပုဂ္ဂလိကသို့ တည်ဆောက်ခွင့်ပေးမည့် စီမံကိန်းပေါင်း ၅၀ တွင် ၁၀ ပုံတစ်ပုံဖြစ်သော စီမံကိန်း ၅ ခုသာလျှင် ဥရောပနိုင်ငံအချို့ဖြင့် ပူးပေါင်းလုပ်ကိုင်ရန် စီစဉ်ထားပြီး ကျန်ရှိသော ၄၅ ခုတွင် အားလုံးနီးပါးမှာ တရုတ်ကုမ္ပဏီသီးသန့်၊ တရုတ်နှင့်ပူးပေါင်းမည့် ပြည်တွင်းရှိ အေးရှားဝေါလ်၊ ရွှေတောင်၊ IGE ကုမ္ပဏီများကသာ တည်ဆောက်လုပ်ကိုင်ခွင့် ရရှိထားခြင်းဖြစ်သည်။

အေးရှားဝေါလ်ကုမ္ပဏီမှ ကိုးခု၊ IGE ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီများဖြင့် ပူးပေါင်း၍ စီမံကိန်းရှစ်ခု၊ ရွှေတောင်ကုမ္ပဏီမှ တရုတ်ကုမ္ပဏီဖြင့်ပေါင်း၍ စီမံကိန်း ၁၀ ခု၊ အခြားတရုတ်ကုမ္ပဏီများက ၁၂ ခု စုစုပေါင်း စီမံကိန်း ၃၉ ခုအထိ လုပ်ကိုင်ခွင့်ရယူထားကြခြင်းဖြစ်သည်။

ထို့အတွက် စီမံကိန်းပေါင်း ၄၅ ခု၌ ရွှေတောင်၊ IGE ၊ အေးရှားဝေါလ်နှင့် တရုတ်ကုမ္ပဏီများက ၃၉ ခုအထိ တည်ဆောက်လုပ်ကိုင်ခွင့် ရရှိထားပြီး၊ စီမံကိန်းအားလုံးနီးပါးမှာလည်း နှစ်ပေါင်း ၄၀ အထိ ပိုင်ဆိုင်လုပ်ကိုင်ခွင့်ရမည့်စနစ်ဖြင့် လုပ်ခွင့်ရထားကြခြင်းဖြစ်သည်။

စီမံကိန်းအားလုံးနီးပါးသည်လည်း မြန်မာနိုင်ငံမှ အခမဲ့ဓာတ်အား ၁၀ ရာခိုင်နှုန်းသာရရှိပြီး တရုတ်ကုမ္ပဏီများက ၉၀ ရာခိုင်နှုန်းအထိ ရရှိမည်ဖြစ်သည်။

စီမံကိန်းပေါင်းများစွာကို ခွင့်ပြုပေးနေသော်လည်း မြန်မာနိုင်ငံမှ မည်သို့အကျိုးအမြတ်ရမည်၊ မည်သို့ထိခိုက်မည် စသည်တို့ကို အသေးစိတ်ထုတ်ပြန်ပေးခြင်းမရှိပဲ စာချုပ်ချုပ်ဆိုခွင့်ပြုပေးနေခြင်းမျိုးဖြစ်သည်။

လက်ရှိလုပ်ကိုင်ခွင့်ပြုထားသည့် အနေအထားများအရဆိုပါက မြန်မာနိုင်ငံ၏ အနာဂတ်လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးသည့်လုပ်ငန်းမှာ တရုတ်ကုမ္ပဏီများနှင့် ရွှေတောင်၊ IGE ၊ အေးရှားဝေါလ်ကုမ္ပဏီများ၏ လက်ဝယ်တွင်သာရှိမည်ဖြစ်သည်။

Eleven Media Group 

ကရင်ပြည်နယ်အတွင်းရှိ သံလွင်မြစ်တစ်နေရာအား တွေ့ရစဉ်
ကရင်ပြည်နယ်အတွင်းရှိ သံလွင်မြစ်တစ်နေရာအား တွေ့ရစဉ်
သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် အထက်သံလွင် (ကွမ်းလုံ) ရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်ရန် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သော Hanergy Group Holding Limited နှင့် အေးရှားဝေါလ်ကုမ္ပဏီတို့ကို အပြီးသတ်လုပ်ခွင့်ပြုလိုက်ပြီး မေလတတိယပတ်က သဘောတူစာချုပ်ချုပ်ခဲ့သည်ဟု လျှပ်စစ်စွမ်းအား ၀န်ကြီး ဌာနမှ သတင်းရရှိသည်။

ပြန်ပေးဆွဲခံကျောင်းသူ ၂၀၀ ကျော်ထားရာနေရာ Nigeria စစ်တပ် စုံစမ်း သိရှိ

Photo: ပြန်ပေးဆွဲခံကျောင်းသူ ၂၀၀ ကျော်ထားရာနေရာ Nigeria စစ်တပ် စုံစမ်း သိရှိ
Tuesday, May 27, 2014 

 နိုင်ဂျီးရီယားနိုင်ငံမှာ အစ္စလာမ်မစ် စစ်သွေးကြွတွေ ပြန်ပေးဆွဲ ဖမ်းဆီးခံရသူ ကျောင်းသူ ၂၀၀ ကျော် ဘယ်မှာရှိလဲ ဆိုတာကို စစ်တပ်က သိထားပြီလို့ နိုင်ဂျီးရီးယားက ထိပ်တန်းစစ်ဖက် ခေါင်းဆောင်တဦးက ပြောလိုက်ပါတယ်။ ဒါပေမယ့်လို့လည်း သူတို့ကို ကယ်ဖို့ အင်အားသုံးရမှာ အခက်အခဲ ရှိလိမ့်မယ်လို့ ပြောပါတယ်။

စစ်ရေးစီမံချက် လုပ်မယ်ဆိုရင် ပြန်ပေးဆွဲခံရတဲ့ မိန်းကလေးငယ် တွေအတွက် အန္တရာယ်ကြီး တယ်လို့ နိုင်ဂျီးရီယား ကာကွယ်ရေး ဦးစီးချုပ် လေတပ်ဗိုလ်ချုပ်ကြီး Alex Badeh က သတင်းထောက်တွေကို တနင်္လာနေ့က ပြောခဲ့တာပါ။ သူတို့ကို ကယ်ဖို့ ကြိုးပမ်းတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ မိန်းကလေး ငယ်တွေကို သတ်ပစ်သလို ဖြစ်သွားနိုင်တယ်လို့ ပြောပါတယ်။

မိန်းကလေး မိဘများအတွက် သတင်းကောင်းကတော့ သူတို့ဘယ်မှာရှိတယ်ဆိုတာကို သိထားတာဖြစ်ပြီး ထုတ်ဖော်ပြောလို့တော့ မရသေးဘူးလို့ ဗိုလ်ချုပ်ကြီး Badeh က ပြောပါတယ်။ နိုင်ဂျီရီယား မြောက်ပိုင်းက Chibok မြို့ အလယ်တန်းကျောင်းတခုမှာ စာမေးပွဲဖြေနေစဉ် ဧပြီလ လယ်ပိုင်းမှာ ဒီမိန်းကလေးငယ်တွေ ဖမ်းဆီး ပြန်ပေးဆွဲခံရတာဖြစ်ပါတယ်။

ဒီလုပ်ရပ်ကို သူတို့လုပ်တာလို့ Boko Haram စစ်သွေးကြွအဖွဲ့က ၀န်ခံပြောဆိုထားပြီး သူတို့အဖွဲ့က ဖမ်းခံထားရတဲ့လူတွေနဲ့ ဒီမိန်းကလေးတွေကို အလဲအလှယ် လုပ်လိုတယ်ဆိုပြီး ကမ်းလှမ်းထားပါတယ်။ ပျောက်ဆုံးနေတဲ့ ဒီမိန်းကလေးတွေကို မကယ်ထုတ်နိုင်တဲ့အပေါ်မှာတော့ နိုင်ဂျီးရီယားသမ္မတ Goodluck Jonathan နဲ့ သူ့အစိုးရအဖွဲ့ကို ပြည်တွင်းရောပြည်ပကပါ အပြင်းအထန်ဝေဖန်ခဲ့ကြပါတယ်။

မိန်းကလေးငယ်တွေ ပြန်လွတ်လာဖို့အတွက် နိုင်ဂျီးရီယားအစိုးရကို အမေရိကန်ပြည်ထောင်စုအပါအ၀င် နိုင်ငံအတော်များများက အကူအညီတွေ ပေးလျှက်ရှိပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ပြန်ပေးဆွဲခံ နိုင်ဂျီးရီးယား ကျောင်းသူ ၂၀၀ ကျော် ပြန်လွှတ်ပေးဖို့ ဆန္ဒပြနေကြသူ မိဘဆွေမျိုးများ
ပြန်ပေးဆွဲခံ နိုင်ဂျီးရီးယား ကျောင်းသူ ၂၀၀ ကျော် ပြန်လွှတ်ပေးဖို့ ဆန္ဒပြနေကြသူ မိဘဆွေမျိုးများ
နိုင်ဂျီးရီယားနိုင်ငံမှာ အစ္စလာမ်မစ် စစ်သွေးကြွတွေ ပြန်ပေးဆွဲ ဖမ်းဆီးခံရသူ ကျောင်းသူ ၂၀၀ ကျော် ဘယ်မှာ ရှိလဲ ဆိုတာကို စစ်တပ်က သိထားပြီလို့ နိုင်ဂျီးရီးယားက ထိပ်တန်းစစ်ဖက် ခေါင်းဆောင်တဦးက ပြောလိုက်ပါတယ်။ ဒါပေမယ့်လို့လည်း သူတို့ကို ကယ်ဖို့ အင်အားသုံးရမှာ အခက်အခဲ ရှိလိမ့်မယ်လို့ ပြောပါတယ်။

ဂျပန် ကာကွယ်ရေးဦးစီးချုပ် ပထမဆုံးအကြိမ် လာရောက်၊ တပ်မတော်ချင်း ဆက်ဆံရေး ပြန်စမည်

Photo: ဂျပန် ကာကွယ်ရေးဦးစီးချုပ် ပထမဆုံးအကြိမ် လာရောက်၊ တပ်မတော်ချင်း ဆက်ဆံရေး ပြန်စမည်
Tuesday, May 27, 2014 

ဂျပန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး အီဝါဆာကီသည် မြန်မာနိုင်ငံသို့ မေလ ၂၆ ရက်နေ့က ပထမဆုံးအကြိမ် ရောက်ရှိလာပြီး နှစ်နိုင်ငံ တပ်မတော်ချင်း ဆက်ဆံရေး ပြန်လည် စတင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန် ဒုတိယသံအမတ်ကြီး မစ္စတာမာရုယာမက ပြောကြားသည်။

ဂျပန်နိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့ ပူးတွဲ စစ်ဦးစီးချုပ်များ အဖွဲ့၏ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး အီဝါဆာကီသည် ဂျပန် ကာကွယ်ရေးဦးစီးချုပ် တစ်ဦး၏ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်အဖြစ် လေးရက်ကြာ လာရောက်ခြင်း ဖြစ်ပြီး သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း ခရီးစဉ် မှတ်တမ်းအရ သိရသည်။

ဂျပန်-မြန်မာ နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု ကဏ္ဍများတွင် ဆက်ဆံရေးကောင်းများ ရှိထားသော်လည်း ကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှု မရှိဘဲ နှစ်နိုင်ငံ အလုံးစုံ ဆက်ဆံရေး တည်ဆောက်နိုင်ပြီဟု မဆိုနိုင်ကြောင်း၊ တပ်မတော်အစိုးရ လက်ထက်၌ ကန့်သတ်ချက်များ ရှိခဲ့သော်လည်း ယခုအချိန်တွင် တပ်မတော်ချင်း ဆက်ဆံရေးကို ပြန်လည် စတင်နိုင်ပြီ ဖြစ်ကြောင်း မစ္စတာမာရုယာမက ရှင်းပြသည်။
“တပ်မတော်ချင်း ဆက်ဆံရေး ပြန်စပြီ ဆိုပေမယ့် စစ်ရေးကဏ္ဍတော့ မပါဘူး” ဟု ၎င်းကဆိုသည်။

ဗိုလ်ချုပ်ကြီး အီဝါဆာကီသည် မြန်မာနိုင်ငံ ကာကွယ်ရေး တက္ကသိုလ်သို့လည်း သွားရောက်မည် ဖြစ်ပြီး တပ်မတော် တပ်ဖွဲ့များနှင့်လည်း တွေ့ဆုံမည် ဖြစ်ကြောင်း၊ မေလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့မှ တစ်ဆင့် ဂျပန်နိုင်ငံသို့ ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း ခရီးစဉ် အစီအစဉ်တွင် ဖော်ပြထားသည်။

မြန်မာ-ဂျပန် ကာကွယ်ရေးကဏ္ဍ ဆက်ဆံရေးအဖြစ် ၂၀၁၃ ခုနှစ် အောက်တိုဘာလ၌ ဂျပန်ရေကြောင်း ကာကွယ်ရေးတပ်ဖွဲ့မှ လေ့ကျင့်ရေး ရေတပ်သင်္ဘော သုံးစင်း ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ လာရောက်ခဲ့ပြီး ယခုထပ်မံ၍ ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် လာရောက်ခြင်း ဖြစ်သည်။

မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး ရလဒ်အဖြစ် မြန်မာ့တပ်မတော် အနေနှင့် အမေရိကန်ပြည်ထောင်စု အပါအဝင် ဥရောပနိုင်ငံ တပ်မတော် အချို့တို့ နှင့် ဆက်ဆံရေးများ ပြန်လည် စတင်နိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇွန်လအတွင်း ဗြိတိန်ကာကွယ်ရေးဦးစီးချုပ် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခဲ့သလို စစ်ရေးနှင့် မသက်ဆိုင်သော တပ်မတော် လေ့ကျင့်ရေး ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။

မြန်မာ့တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၀ ပြည့်နှစ်တွင် ဂျပန်နိုင်ငံသို့ ရဲဘော်သုံးကျိပ်ကို ဦးဆောင်ပြီး သွားရောက် စစ်ပညာသင်ကြားခဲ့ကာ ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA) ကို စတင် ဖွဲ့စည်းခဲ့သည်။

The Voice Weekly
ဂျပန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး အီဝါဆာကီသည် မြန်မာနိုင်ငံသို့ မေလ ၂၆ ရက်နေ့က ပထမဆုံးအကြိမ် ရောက်ရှိလာပြီး နှစ်နိုင်ငံ တပ်မတော်ချင်း ဆက်ဆံရေး ပြန်လည် စတင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန် ဒုတိယသံအမတ်ကြီး မစ္စတာမာရုယာမက ပြောကြားသည်။

ငွေကြေးနှင့် ဘဏ်လုပ်ငန်းဖွံ့ဖြိုးရေး လုပ်ဆောင်ရမည့်အချက်များ သမ္မတ လွှတ်တော်သို့ပို့ပေး

Photo: ငွေကြေးနှင့် ဘဏ်လုပ်ငန်းဖွံ့ဖြိုးရေး လုပ်ဆောင်ရမည့်အချက်များ သမ္မတ လွှတ်တော်သို့ပို့ပေး
Tuesday, May 27, 2014 

ငွေကြေးနှင့် ဘဏ်လုပ် ငန်းစနစ်ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ဆောင်ရမည့် အချက်များကို နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်နာယကထံ သ၀ဏ် လွှာပေးပို့ထားကြောင်း သတင်းရ ရှိသည်။

မြန်မာနိုင်ငံဗဟိုဘဏ်ဥပ ဒေနှင့် ပတ်သက်၍ နည်းဥပဒေ မပြဋ္ဌာန်းဘဲ စည်းမျဉ်းစည်းကမ်း နှင့် အမိန့်ကြော်ငြာစာများကို သာ အမြန်ဆုံးထုတ်ပြန်၍ ကျင့် သုံးနိုင်ရန် ဆောင်ရွက်နေကြောင်း သ၀ဏ်လွှာတွင်ပါဝင်သည်။
‘‘နည်းဥပဒေက လိုအပ်မှ ထုတ်တာ။ မလိုအပ်ရင် ထုတ်စ ရာမလိုဘူး။ အခုသ၀ဏ်လွှာက လည်း နိုင်ငံတော်သမ္မတက လွှတ်တော်ကို အသိပေးတဲ့ သဘောပါ’’ ဟု ပြည်ထောင်စုလွှတ်တော်မြန် မာနိုင်ငံဘဏ်များနှင့် ငွေကြေး ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မ တီဝင်တစ်ဦးကပြောသည်။ 

နိုင်ငံတော်သမ္မတကပေးပို့ သည့် သ၀ဏ်လွှာတွင် ငွေကြေး နှင့် ဘဏ်လုပ်ငန်းစနစ်ဖွံ့ဖြိုးတိုး တက်ရေးနှင့် ဆက်လက်ဆောင် ရွက်သင့်သည့် လုပ်ငန်းအစီအ စဉ်များ ဖော်ထုတ်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လွှတ်တော်ကော်မတီများ၊ မြန်မာ နိုင်ငံဘဏ်လုပ်ငန်းရှင်အသင်းနှင့် ပြင်ပအဖွဲ့အစည်းများမှ ကျွမ်း ကျင်ပညာရှင်များပါဝင်ဆောင် ရွက်ရန် အကြံပြုထားသည်။
ပြည်တွင်းဘဏ်များနှင့် နိုင်ငံခြားဘဏ်များကို ကြီးကြပ်နိုင်ရန် မြန်မာနိုင်ငံတော်ငွေရေး၊ကြေး ရေးအဖွဲ့အစည်းဥပဒေအသစ် ပြဋ္ဌာန်းနိုင်ရေး နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုနည်းဥပဒေများကို ပြည် တွင်း၊ ပြည်ပပညာရှင်များအကူ အညီရယူရေးဆွဲခြင်း၊ မိုဘိုင်းကုမ္ပ ဏီများကို မိုဘိုင်းဘဏ်ငွေပေး ချေလုပ်ငန်းဆောင်ရွက်ခွင့်ရရှိ ရန် အချင်းချင်းလဲလှယ်သည့် နိုင်ငံခြားသုံးငွေဈေးကွက်ဖြစ်ပေါ် ရေး၊ သွင်းကုန်ထုတ်ကုန် လုပ် ငန်းများကြောင့် ပေါ်ပေါက်ရ သည့် နိုင်ငံခြားငွေလဲလှယ်နှုန်း အမျိုးမျိုးမဖြစ်စေရေးတို့ ဆောင် ရွက်သွားမည်ဟု သ၀ဏ်လွှာတွင် ပါရှိသည်။

7Day DAILY

ရန်ကုန်မြို့ စက်မှု(၁)လမ်းပေါ်ရှိ နိုင်ငံတော်ဗဟိုဘဏ်(ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
ရန်ကုန်မြို့ စက်မှု(၁)လမ်းပေါ်ရှိ နိုင်ငံတော်ဗဟိုဘဏ်(ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
ငွေကြေးနှင့် ဘဏ်လုပ် ငန်းစနစ်ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ဆောင်ရမည့် အချက်များကို နိုင်ငံတော်သမ္မတ က ပြည်ထောင်စုလွှတ်တော်နာယကထံ သ၀ဏ် လွှာပေးပို့ထားကြောင်း သတင်းရ ရှိသည်။

ရန်ကင်းတီတီစီကျောင်း ၀န်ကြီးလက်မှတ်ကိစ္စ သက်ဆိုင်ရာစစ်ဆေးမည်

ရန်ကင်းမြို့နယ်ရှိ စံပြလေ့ကျင့်ရေး အလယ်တန်း ကျောင်း (ရန်ကင်းတီတီစီ) ကျောင်းအပ်လက်ခံမှုနှင့် ပတ် သက်၍ စစ်ဆေးရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ညွှန်ကြားလိုက်ကြောင်း သတင်းရရှိ သည်။

ရန်ကုန်- မန္တလေး အမြန် လမ်းမကြီး၌ ခရီးသွား ပြည်သူများ ဘေးအန္တရာယ် လျော့ပါး စေရေး အတွက် ကြိုတင် ကာကွယ် စစ်ဆေးမှုများ ဆောင်ရွက်

Photo: ရန်ကုန်- မန္တလေး အမြန် လမ်းမကြီး၌ ခရီးသွား ပြည်သူများ ဘေးအန္တရာယ် လျော့ပါး စေရေး အတွက် ကြိုတင် ကာကွယ် စစ်ဆေးမှုများ ဆောင်ရွက်
Tuesday, May 27, 2014

၂ဝ၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ အမြန် လမ်းမကြီး တစ်လျှောက် နေ့စဉ် ယာဉ်စီးရေ ၁၂ဝဝဝကျော်ခန့် ဖြတ်သန်း သွားလာလျက်ရှိရာ ယာဉ်မတော်တဆမှု များလည်း များပြား လာသည်။ ၁- ၁- ၂ဝ၁၄ ရက်မှ ၂၄- ၅- ၂ဝ၁၄ ရက်အထိ အမြန် လမ်းမကြီး တစ်လျှောက် ယာဉ်မတော် တဆမှု ၁၉၇မှု ဖြစ်ပွားခဲ့ပြီး ၈၇ဦး သေဆုံးကာ ၄ဝဝ ဦး ဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါဖြစ်စဉ်များ လျော့နည်းကျ ဆင်းစေရေး အတွက် ကြိုတင် ကာကွယ်ခြင်း အဖြစ် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး ရန်ကုန်တိုင်း ဒေသကြီး အပိုင်းတွင် အမှတ်(၃) လမ်းဆုံ တိုးဂိတ်မှလည်းကောင်း၊ နေပြည်တော် ကောင်စီ ဧရိယာတွင် နေပြည်တော် တိုးဂိတ်မှ လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး အပိုင်းတွင် စကားအင်းတိုး ဂိတ်မှ လည်းကောင်း၊ အမြန်လမ်း ရဲတပ်ဖွဲ့၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ အမြန်လမ်း ပြုပြင် ထိန်းသိမ်းရေး အဖွဲ့၊ ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်း၊ အမြန်လမ်း မီးသတ်တပ်ဖွဲ့ စသည့် ပူးပေါင်း အဖွဲ့များဖြင့် ယာဉ်မောင်း လိုင်စင် စစ်ဆေးခြင်း၊ အရက်သောက်စား မူးယစ် မောင်း နှင်မှု ရှိ/ မရှိ စစ်ဆေးခြင်း၊ ယာဉ်ကြံ့ခိုင်မှု စစ်ဆေးခြင်း၊ ယာဉ်လိုင်စင်၊ လုပ်ငန်းလိုင်စင်များ စစ်ဆေးခြင်း၊ မီးသတ်ဆေးဘူး ပါ/မပါ စစ်ဆေးခြင်း တို့အား နေ့စဉ် ဆောင်ရွက် လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ယာဉ်မောင်းလိုင်စင် မရှိသူ၊ သတ်မှတ် ယာဉ်မောင်းလိုင်စင် မဟုတ်ဘဲ မောင်းနှင်သူ၊ ယာဉ်မောင်းလိုင်စင် အတုဖြင့် မောင်းနှင်သူ၊ ယာဉ် နောက်လိုက် လိုင်စင်မရှိသူ၊ အရက်သေစာ သောက်စား မောင်းနှင်သူ များအား စစ်ဆေးတွေ့ရှိ ခဲ့သဖြင့်၎င်းတို့အား မော်တော်ယာဉ် ဥပဒေ၊ နည်း ဥပဒေများဖြင့် စစ်ဆေး အရေးယူခဲ့သည့် အပြင် ယာဉ်မောင်းလိုင်စင် အတု ကိုင်ဆောင်သူနှင့် အများပြည်သူအား အန္တရာယ် ဖြစ်လောက်အောင် အရက်သေစာ သောက် စား မောင်းနှင်သူ ယာဉ်မောင်းများအား ပြစ်မှုဆိုင်ရာ ဥပဒေဖြင့်ပါ အရေးယူ ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ခရီးသွား လုပ်သား ပြည်သူများအား ဘေးအန္တရာယ် လျော့ပါးစေရေး အတွက် ကြိုတင်ကာကွယ် စစ်ဆေးမှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ သောကြောင့် မေ ၂၁ရက် မှစ၍ မေ ၂၆ရက်အထိ ယာဉ်မတော်တဆ မှုဖြစ်စဉ် များ လျော့ နည်း ကျဆင်း ခဲ့ပြီးဖြစ်ရာ ယာဉ်မတော်တဆမှု ဖြစ်ပွားခြင်း မရှိသည့် ရက်များ ပင်ရှိ လာကြောင်း၊ စိစစ်တွေ့ရှိရသည့် ယာဉ်မောင်းများ/ ယာဉ်လိုင်းများ/ တာဝန်ရှိသူများ အနေဖြင့် ယခုလက်ရှိ အခြေအနေအား ဆက်လက် ထိန်းသိမ်း ကြပ် မတ် ဆောင်ရွက် သွားနိုင်ပါရန် အမြန်လမ်း ရဲတပ်ဖွဲ့မှ နှိုးဆော် တိုက်တွန်း ထားကြောင်း သတင်းရရှိသည်။

မြ၀တီ
၂ဝ၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ အမြန် လမ်းမကြီး တစ်လျှောက် နေ့စဉ် ယာဉ်စီးရေ ၁၂ဝဝဝကျော်ခန့် ဖြတ်သန်း သွားလာလျက်ရှိရာ ယာဉ်မတော်တဆမှု များလည်း များပြား လာသည်။ ၁- ၁- ၂ဝ၁၄ ရက်မှ ၂၄- ၅- ၂ဝ၁၄ ရက်အထိ အမြန် လမ်းမကြီး တစ်လျှောက် ယာဉ်မတော် တဆမှု ၁၉၇မှု ဖြစ်ပွားခဲ့ပြီး ၈၇ဦး သေဆုံးကာ ၄ဝဝ ဦး ဒဏ်ရာ ရရှိခဲ့သည်။

မြန်မာ့ မီးရထား လမ်းပိုင်းများ၌ အသုံးပြုမည့် RBE ရထား တွဲများ ရောက်ရှိ

Photo: မြန်မာ့ မီးရထား လမ်းပိုင်းများ၌ အသုံးပြုမည့် RBE ရထား တွဲများ ရောက်ရှိ
Tuesday, May 27, 2014

မြန်မာ့ မီးရထား လမ်းပိုင်း၌ အားဖြည့် အသုံးပြုမည့် RBE ရထားတွဲ ၂ဝ တင်ဆောင် ထားသော သင်္ဘောသည် ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့ အပြည်ပြည် ဆိုင်ရာ သီလဝါ ဆိပ်ကမ်းသို့ ရောက်ရှိလာရာ အဆိုပါ ရထားတွဲများကို INDUSTRIAL DART သင်္ဘောပေါ်မှ ဆိပ်ကမ်းသို့ စတင်ချယူ ကြသည်။

ယခု ရောက်ရှိလာသော RBE ရထားတွဲများတွင် Air Con ပါ ၁ဝတွဲနှင့် ရိုးရိုးတွဲ ၁ဝတွဲဖြစ်ပြီး ဂျပန်နိုင်ငံ West Corporation ၏ Yokohama နှင့် Muroran ဆိပ်ကမ်း တို့မှ မြန်မာ နိုင်ငံသို့ ပေးပို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ယခင် RBE ရထားများ ဝယ်ယူထားမှု အခြေအနေမှာ ၁၆၆စင်း ရှိပြီဖြစ်ပြီး Air Con တွဲများအနေဖြင့် ရန်ကုန်မြို့ပတ်ရထားလိုင်းတွင် တစ်ဆိုင်းနှင့် ရန်ကုန်- ကျိုက်ထို ကျိုက်ထီးရိုး ဘုရားဖူး ရထားလိုင်းတွင် တစ်ဆိုင်း ပြေးဆွဲလျက်ရှိရာ ပြည်သူလူထု အထူး ကြိုက်နှစ်သက်လျက် ရှိကြောင်းသိ ရသည်။

အခြားသော RBE ရထားတွဲဆိုင်းများကို မြန်မာ့ မီးရထား ခရီးတို တွဲဆိုင်းများတွင် ပြေးဆွဲလျက်ရှိပြီး ယခုရောက်ရှိ လာသော ရထားတွဲဆိုင်း များကိုလည်း ပြည်သူ လူထု ကြိုက်နှစ်သက်သော လမ်းပိုင်း၌ ပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ချယူနေမှု အခြေအနေကို ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဌေး လာရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြား ခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ
မြန်မာ့ မီးရထား လမ်းပိုင်း၌ အားဖြည့် အသုံးပြုမည့် RBE ရထားတွဲ ၂ဝ တင်ဆောင် ထားသော သင်္ဘောသည် ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့ အပြည်ပြည် ဆိုင်ရာ သီလဝါ ဆိပ်ကမ်းသို့ ရောက်ရှိလာရာ အဆိုပါ ရထားတွဲများကို INDUSTRIAL DART သင်္ဘောပေါ်မှ ဆိပ်ကမ်းသို့ စတင်ချယူ ကြသည်။

ဧရာဝတီ မြစ်ဆုံစီမံကိန်း နှစ်ဖက်အစိုးရ သဘောမတူညီလျှင် ဖျက်သိမ်းနိုင်ဟု တရုတ်ကောင်စစ်ဝန်ချုပ် ပြောကြား

Photo: ဧရာဝတီ မြစ်ဆုံစီမံကိန်း နှစ်ဖက်အစိုးရ သဘောမတူညီလျှင် ဖျက်သိမ်းနိုင်ဟု တရုတ်ကောင်စစ်ဝန်ချုပ် ပြောကြား
Tuesday, May 27, 2014

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အတွက်ဟု ဆိုထားသော မြန်မာနိုင်ငံ၏ အသက်သွေးကြော ဧရာဝတီမြစ်ဆုံတွင် လက်ရှိ အစိုးရသစ် သက်တမ်းအတွင်း ရပ်ဆိုင်းထားသည့် မြစ်ဆုံ လျှပ်စစ်ဓာတ်အား စီမံကိန်းအတွက် ချုပ်ဆိုထားသော စာချုပ်ကို တရုတ်နှင့် မြန်မာနိုင်ငံ နှစ်ဖက်အစိုးရ သဘောတူညီချက် မရရှိပါက ဖျက်သိမ်းနိုင်ကြောင်း မန္တလေးမြို့တော် အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် ရုံးမှ ကောင်စစ်ဝန်ချုပ် Wang Yu က ပြောကြားသည်။

မန္တလေးမြို့တော်ရှိ တရုတ်ကောင်စစ်ဝန်ချုပ် ရုံးတွင် ကောင်စစ်ဝန်နှင့် မန္တလေး မီဒီယာများ တွေ့ဆုံစဉ် မီဒီယာများက တရုတ်နိုင်ငံ အနေနှင့် ဧရာဝတီ မြစ်ဆုံစီမံကိန်း ဆက်လက် အကောင်အထည်ဖော်ရန် ရှိမရှိ မေးမြန်းစဉ် ၎င်းက အထက်ပါအတိုင်း ပြန်လည် ဖြေကြားသွားခြင်း ဖြစ်သည်။

မြန်မာအစိုးရနှင့် မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်မည့် China Power Investment (CPI) ကုမ္ပဏီတို့အကြား ချုပ်ဆိုထားသည့် ဧရာဝတီ မြစ်ဆုံစီမံကိန်း စာချုပ်ကို ရပ်ဆိုင်းခြင်း၊ မရပ်ဆိုင်းခြင်း ကိစ္စများသည် ယင်းကုမ္ပဏီကသာ ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပြီး နှစ်ဖက်အစိုးရက ဆက်လက် အကောင်အထည်ဖော်ရန် သဘောတူညီမှု မရလျှင် စီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းနိုင်ကြောင်း တရုတ်ကောင်စစ် ဝန်ချုပ်က ပြတ်သားစွာ ပြောဆိုသည်။

“ဒီစီမံကိန်းကို ကန့်ကွက်နေတာက သဘာဝပတ်ဝန်းကျင် ထိခိုက်မှာ စိုးတဲ့အတွက် ကန့်ကွက်နေတာလို့ သိထားတယ်။ ဒီစီမံကိန်း အကောင်အထည် ဖော်နိုင်ရင် အနည်းဆုံး မန္တလေးမှာ မီးမပျက်တော့ဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါ မြစ်ဆုံစီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်မည် ဆိုပါက မြစ်ဆုံ ဝန်းကျင်တွင် ရေလွှမ်းဧရိယာ ကျယ်ပြန့်သွားမည် ဖြစ်သဖြင့် သဘာဝပတ်ဝန်းကျင်နှင့် အဏုဇီဝများ ပျက်စီးဆုံးရှုံးနိုင်ခြင်း၊ ကချင်ဒေသ တစ်ခုလုံး ထိခိုက် ပျက်စီးသွားနိုင်ပြီး ဧရာဝတီ မြစ်ရိုးတစ်လျှောက် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်လာနိုင်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။

“ဒီစာချုပ်ကို အစိုးရနှစ်ဖက်က သဘောမတူလို့ အပြီးတိုင် ဖျက်သိမ်းလို့သာ ရတယ်ဆိုရင် ဒါဟာ မင်္ဂလာသတင်းပါပဲ။ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းသွားဖို့သာ အဓိကပါ” ဟု မန္တလေးမြို့အခြေစိုက် စိမ်းရောင်စို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ဆိုသည်။

ဧရာဝတီ မြစ်ဆုံစီမံကိန်းကို တပ်မတော်အစိုးရက ရေးဆွဲခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တက်ရောက်လာသည့် အရပ်သားအစိုးရက ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းကြောင်း သဝဏ်လွှာ ပေးပို့ခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ စုံစမ်းသိရှိရသည်။

မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို CPI နှင့် အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလက လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပြီး လူထု၏ ကန့်ကွက်မှုကြောင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်ရှိအစိုးရ လက်ထက်တွင် စီမံကိန်း ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကြေညာခဲ့သည်။

ဧရာဝတီမြစ်ဆုံတွင် ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၁၅ ခုနှစ်တွင် ပြန်လည် အကောင်အထည် မဖော်လိုရေး ကန့်ကွက်ဆန္ဒပြမှုများကို တရားဝင် လုပ်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားဟောင်းများ အစည်းအရုံးအဖြစ် မှတ်ပုံတင်မည် ဖြစ်ကြောင်း အဆိုပါ အစည်းအရုံး အထွေထွေအတွင်းရေးမှူး ဦးရဲထွဋ်ခေါင်က မေလ ၂၂ ရက်နေ့တွင် ပြောကြားထားသည်။

The Voice Weekly
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အတွက်ဟု ဆိုထားသော မြန်မာနိုင်ငံ ၏ အသက်သွေးကြော ဧရာဝတီမြစ်ဆုံတွင် လက်ရှိ အစိုးရသစ် သက်တမ်းအတွင်း ရပ်ဆိုင်း ထားသည့် မြစ်ဆုံ လျှပ်စစ်ဓာတ်အား စီမံကိန်းအတွက် ချုပ်ဆိုထားသော စာချုပ်ကို တရုတ်နှင့် မြန်မာနိုင်ငံ နှစ်ဖက်အစိုးရ သဘောတူညီချက် မရရှိပါက ဖျက်သိမ်းနိုင်ကြောင်း မန္တလေးမြို့တော် အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် ရုံးမှ ကောင်စစ်ဝန်ချုပ် Wang Yu က ပြောကြားသည်။

ထိုင်းအာဏာသိမ်း စစ်ခေါင်းဆောင် ဘုရင်အတည်ပြုချက်ရယူ

Photo: ထိုင်းအာဏာသိမ်း စစ်ခေါင်းဆောင် ဘုရင်အတည်ပြုချက်ရယူ
Tuesday, May 27, 2014

ထိုင်းစစ်တပ် အာဏာသိမ်းခေါင်းဆောင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Prayuth Chan-ocha က တိုင်းပြည်ကို စီမံခန့်ခွဲမယ့် စစ်ကောင်စီ အကြီးအကဲ ရာထူးကို ဘုရင့်ရဲ့ တရားဝင် ထောက်ခံမှုနဲ့ ရယူခဲ့တာလို့ ပြောလိုက်ပါတယ်။

"ကျေးဇူးပြုပြီး စိတ်အေးအေး ထားကြပါ။ ဒါဟာ စစ်တပ်ကောင်းစားဖို့ လုပ်နေတာ မဟုတ်ပါဘူး။ ထိုင်းပြည်သူတွေရဲ့ ဂုဏ်သိက္ခာ နဲ့ အကျိုးကို ကာကွယ်ဖို့ ဖြစ်ပါတယ်။ ကျနော်တို့ ဘယ်လိုမှ ၀င်မပါလို့ မဖြစ်လို့ပါ။ တိုက်ခိုက်မှုတွေ ရပ်ပြီး စေ့စပ်ညှိနှိုင်း အဖြေရှာရေး လုပ်ဆောင်သွားကြရမှာဖြစ်ပါတယ်။" လို့ ဗိုလ်ချုပ်ကြီး Prayuth Chan –ocha ပြောသွားတာပါ။

နိုင်ငံရေး ဆန္ဒပြပွဲတွေ နောက်တကြိမ် ပြန်ပြီး ထကြွလာရင် အင်အားသုံးဖို့ကလွဲလို့ တခြား ရွေးစရာမရှိဘူးလို့လည်း ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ကြီး Prayuth Chan-ocha က ပြောပါတယ်။ တနင်္ဂနွေနေ့က နိုင်ငံတ၀ှမ်းမှာ ဆန္ဒပြသူတွေနဲ့ စစ်တပ်ကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးတဲ့နောက် မစ္စတာ ပရာရွတ်က ခုလို သတိပေးလိုက်တာ ဖြစ်ပါတယ်။

ဒီအတောအတွင်း ထိန်းသိမ်းခံထားရတဲ့ ၀န်ကြီးချုပ်ဟောင်း ယင်းလပ်ရှင်န၀ပ်ကို ပြန်လွှတ်ပေးခဲ့ပေမယ့် လွတ်လွတ်လပ်လပ် သွားလာခွင့် ရှိမရှိ ဆိုတာကိုတော့ အခုချိန်ထိ အတိအကျမသိရသေးပါဘူး။ အလားတူ အတိုက်အခံခေါင်းဆောင် ဆူသက်ပ် သောင်ဆူဘန်ကိုလည်း အမာခံနဲ့ ပြန်လွှတ်ခဲ့ပါတယ်။

မစ္စတာ ပရာရွတ် ၀န်ကြီးချုပ်အဖြစ် ကြေညာခဲ့ပြီး နောက်တနေ့ စနေနေ့မှာ ပြည်သူတွေ ရွေးကောက် တင်မြှောက်ထားတဲ့ အမတ်တချို့ ပါဝင်တဲ့ လွှတ်တော်ကိုလည်း စစ်တပ်က ဖျက်သိမ်းလိုက်ပါတယ်။ ရွေးကောက်ပွဲတွေ အတတ်နိုင်ဆုံး အမြန်ဆုံး ကျင်းပပေးသွားမယ်လို့ မစ္စတာ ပရာရွတ် က ပြောခဲ့ပေမယ့် ဘယ်တော့လဲ ဆိုတာကိုတော့ သူက ပြောမသွားခဲ့ပါဘူး။ တိုင်းပြည် အာဏာသိမ်းလိုက်တဲ့ ထိုင်းစစ်တပ်ကို နိုင်ငံတကာကတော့ ပြစ်တင်ဝေဖန်နေကြပါတယ်။

ကြေးမုံသတင်းစာ
ထိုင်းစစ်တပ် အာဏာသိမ်းခေါင်းဆောင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Prayuth Chan-ocha က တိုင်းပြည်ကို စီမံခန့်ခွဲမယ့် စစ်ကောင်စီ အကြီးအကဲ ရာထူးကို ဘုရင့်ရဲ့ တရားဝင် ထောက်ခံမှုနဲ့ ရယူခဲ့တာလို့ ပြောလိုက်ပါတယ်။

စပြပြချင်းအပတ်မှာတင် စုစုပေါင်းဝင်ငွေ ဒေါ်လာ ၉၁ သန်းရရှိပြီး Godzilla ကို ကျော်ဖြတ်ခဲ့တဲ့ X-Men: Days of Future Past

Photo: စပြပြချင်းအပတ်မှာတင် စုစုပေါင်းဝင်ငွေ ဒေါ်လာ ၉၁ သန်းရရှိပြီး Godzilla ကို ကျော်ဖြတ်ခဲ့တဲ့ X-Men: Days of Future Past
Tuesday, May 27, 2014

သတ္တ၀ါဆိုးတွေနဲ့ ဗီဇပြောင်းလူသားတွေ Box Office ကို ပြန်လည်အုပ်စိုး ပါပြီ။

X-Men နောက်ဆုံးထွက်ဇာတ်ကား Days of Future Past ဟာ ရုံစတင်ချင်းတစ်ပတ်မှာတင် ၀င်ငွေ ဒေါ်လာ ၁.၉ သန်းရှာပေးခဲ့ပြီး Box Office ရဲ့ ထိပ်ဆုံးနေရာကို ရောက်ရှိလာခဲ့ပါတယ်။ အရင် ထိပ်ဆုံးနေရာကို ရယူထားတဲ့ Godzilla ဟာ ၂ ပတ်ရုံတင်အပြီးမှာ ၀င်ငွေ ၃၁.၄ သန်းနဲ့ ဒုတိယနေရာကို ရောက်ရှိသွားပါခဲ့တယ်။ ဒါပေမယ့် X-Men ဇာတ်ကားကို အခွန်ဖြတ်တောက်မှုတွေ ပြုလုပ်ရခြင်းမရှိသေးပါဘူး။

X-Men –Days of Future Past ကို ခန့် မှန်းခြေ၀င်ငွေ ဒေါ်လာသန်းပေါင်း ၁၁၀ လောက်ရဖို့  မျှော်မှန်းထားတယ်လို့ လည်းဆိုပါတယ်။

ဒီအချိန်မှာပဲ Disney ရဲ့ Frozen ဇာတ်ကားဟာ ကမ္ဘာ့ရုပ်ရှင်သမိုင်း တစ်လျှောက် ငါးခုမြောက် ကမ္ဘာ့ဝင်ငွေအများဆုံးဇာတ်ကားနေရာကို ရောက်ရှိလာပြီး ဒေါ်လာ သန်းပေါင်း ၁.၂၁၉ ဘီလီယံ ရရှိခဲ့ပါတယ်။ Frozen ဟာ Disney စတူဒီယိုကပဲ ထုတ်တဲ့  Iron Man 3 ဇာတ်ကားကို ကျော်ဖြတ်ပြီး နံပါတ်ငါး နေရာကို တက်လာခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းတစ်လျှောက် ၀င်ငွေအများဆုံးဇာတ်ကားကတော့ လက်ရှိငွေကြေး တန်ဖိုးနဲ့ တွက်ရင် ၀င်ငွေ ၃ ဘီလီယံကျော်ရရှိခဲ့တဲ့ ၁၉၃၉ ခုနှစ်ထုတ် Gone with the Wind ဇာတ်ကား ဖြစ်ပြီး ဒုတိယနေရာကတော့ ၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ Avatar ဖြစ်ပါတယ်။

Ref: boxoffice
Trend Myanmar  
သတ္တ၀ါဆိုးတွေနဲ့ ဗီဇပြောင်းလူသားတွေ Box Office ကို ပြန်လည်အုပ်စိုးပါပြီ။

အိန္ဒိယ၀န်ကြီးချုပ်သစ် ကျမ်းသစ္စာကျိန်ဆို

Photo: အိန္ဒိယ၀န်ကြီးချုပ်သစ် ကျမ်းသစ္စာကျိန်ဆို
Tuesday, May 27, 2014

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ဆယ်နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ ကွန်ဂရက်ပါတီဟာ ရွေးကောက်ပွဲမှာ BJP ပါတီကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ပါတီခေါင်းဆောင် Narendra Modi ဟာ ဒီကနေ့ တနင်္လာနေ့မှာ ဝန်ကြီးချုပ်သစ် အဖြစ် တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ 

လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ် ချထားတဲ့ ဒီ ကျမ်းသစ္စာကျိန်ဆိုပွဲကို ပါကစ္စတန် ဝန်ကြီးချုပ် Nawaz Sharif အပါအဝင် ကမ္ဘာ့နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ဂုဏ်သရေရှိပုဂ္ဂိုလ်တွေလည်း တက်ရောက်ခဲ့ကြတာပါ။

ပြိုင်ဘက် အိန္ဒိယနဲ့ပါကစ္စတန်တို့ကြား အဆင်မပြေမှုတွေရှိနေချိန်မှာ ပါကစ္စတန်ခေါင်းဆောင်တယောက်က အိန္ဒိယ၀န်ကြီးချုပ်သစ် တရားဝင် ကျမ်းသစ္စာကျိန်ဆိုတဲ့အခမ်းအနားကို ပထမဆုံးအကြိမ် တက်ရောက်ခြင်းလည်း ဖြစ်ပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ်အပြင် သီရိလင်္ကာ၊ အာဖဂန်နစ္စတန်၊ မော်လဒိုက်၊ ဘူတန်၊ နီပေါ နဲ့ Mauritius နိုင်ငံတွေက ခေါင်းဆောင်တွေလည်း ဒီ ကျမ်း သစ္စာ ကျိန်ဆိုပွဲကို တက်ရောက်ကြပါတယ်။ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ကတော့ ဂျပန်နိုင်ငံကို ရောက်နေတဲ့အတွက် သူ့ကိုယ်စား လွှတ်တော်ဥက္ကဋ္ဌ က တက်ရောက်ခဲ့တာပါ။ 

အိန္ဒိယ ခေါင်းဆောင်သစ်အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် အဓိကထား ဆောင်ရွက်သွားမယ့် အခြေအနေကို မကြုံစဖူး တွေ့နေရပါတယ်။ အိန္ဒိယဝန်ကြီးချုပ် ကျမ်းသစ္စာကျိန်ဆိုပွဲကို ပါကစ္စတန်ဝန်ကြီးချုပ် တက်ရောက်လာတာဟာ နျူကလီယား လက်နက်ပိုင်ဆိုင်တဲ့ အိမ်နီးချင်း ၂ နိုင်ငံကြား တင်းမာမှုတွေ လျော့ပါးလာတာကို ပြသတာဖြစ်နိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

အိန္ဒိယဝန်ကြီးချုပ်သစ် Narendra Modi (လယ်) ကျန်းသစ္စာ ကျိန်ဆိုပြီး နောက် တာဝန်လွှဲပြောင်းယူစဉ်
အိန္ဒိယဝန်ကြီးချုပ်သစ် Narendra Modi (လယ်) ကျန်းသစ္စာ ကျိန်ဆိုပြီး နောက် တာဝန်လွှဲပြောင်းယူစဉ်
ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ဆယ်နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ ကွန်ဂရက်ပါတီဟာ ရွေးကောက်ပွဲမှာ BJP ပါတီကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ပါတီခေါင်းဆောင် Narendra Modi ဟာ ဒီကနေ့ တနင်္လာနေ့မှာ ဝန်ကြီးချုပ်သစ် အဖြစ် တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ 

အပစ်ရပ်စာချုပ်မူကြမ်း အချောသပ်နိုင်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ချင်းထံ သွားရောက်ရှင်းလင်းသည့် နည်းလမ်းကိုပါ NCCT စီစဉ်ထား

Photo: အပစ်ရပ်စာချုပ်မူကြမ်း အချောသပ်နိုင်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ချင်းထံ သွားရောက်ရှင်းလင်းသည့် နည်းလမ်းကိုပါ NCCT စီစဉ်ထား
Tuesday, May 27, 2014

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ်မူကြမ်း အချောသပ်ရေးဆွဲနိုင်ရေး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ သဘောထားရယူရန် ထိပ်သီးခေါင်းဆောင်များ ညီလာခံခေါ်ယူသည့် နည်းလမ်း(သို့မဟုတ်) လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ချင်းစီအား သွားရောက်ရှင်းလင်းသည့်နည်း စသည့်နည်းလမ်းနှစ်မျိုးအနက် နည်းလမ်းတစ်မျိုးဖြင့် ဆောင်ရွက်ရန်စဉ်းစားနေသည်ဟု NCCT ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာဆလိုင်းလျန်မှုန်းက မေ ၂၆ ရက်တွင် ပြောကြားသည်။

မူလက တိုင်းရင်းသားခေါင်းဆောင်များ၏ ထိပ်သီးညီလာခံခေါ်ယူပြီး အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ NCCT အဖွဲ့ကိုယ်စားလှယ်များ ပူးပေါင်းရေးဆွဲထားသည့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ်မူကြမ်း (ဒုတိယအဆင့်)ကို ရှင်းပြကာ ယင်းမူကြမ်းကို အချောသပ်ရေးဆွဲနိုင်ရေးအတွက် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ၏ အဆုံးအဖြတ်ရယူသွားမည်ဟု စီစဉ်ထားသော်လည်း အပစ်ရပ်စဲရေးလုပ်ငန်းစဉ် ပိုမိုမြန်ဆန်စွာ လုပ်ဆောင်နိုင်ရေးအတွက် NCCT အဖွဲ့ဝင်များ လူစုခွဲကာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ချင်းစီထံသို့ သွားရောက်ရှင်းလင်းသည့်နည်းကို စဉ်းစားနေခြင်းဖြစ်ကြောင်း သိရသည်။
တကယ်လို့ အစည်းအဝေးခေါ်ဖို့ အချိန်မရဘူးဆိုရင် ကျွန်တော်တို့ NCCT အဖွဲ့တွေ လူခွဲပြီးတော့မှ တစ်ဖွဲ့ချင်းကိုသွားတွေ့မယ်။ ဇွန်လအတွင်းမှာ ကြိုးစားနေပါတယ်။ ကျွန်တော်တို့အနေနဲ့ 
"ကျွန်တော်တို့က ဖြစ်နိုင်လို့ရှိရင် ထိပ်သီးအစည်းအဝေးခေါ်မယ်။ အစည်းအဝေးကနေပြီးမှ ဆုံးဖြတ်ချက်ချမယ်။ တကယ်လို့ အစည်းအဝေးခေါ်ဖို့ အချိန်မရဘူးဆိုရင် ကျွန်တော်တို့ NCCT အဖွဲ့တွေ လူခွဲပြီးတော့မှ တစ်ဖွဲ့ချင်းကိုသွားတွေ့မယ်။ ဇွန်လအတွင်းမှာ ကြိုးစားနေပါတယ်။ ကျွန်တော်တို့အနေနဲ့ အစည်းအဝေးအဖြစ်နဲ့ခေါ်မလား တစ်ဖွဲ့ချင်းတွေ့မလားဆိုပြီးတော့ ကျွန်တော်တို့ စဉ်းစားနေပါတယ်။ ကျွန်တော်တို့အချိန်မရှိတဲ့အပေါ်မှာ မြန်မြန်ဆန်ဆန်လုပ်ဖို့ လိုနေတဲ့အတွက်ကြောင့်ပါ။ သူတို့နဲ့ (အစိုးရနဲ့) မတွေ့ခင် ထိပ်သီးတွေနဲ့တွေ့ဖို့လိုတယ်လေ။ အဲဒီအတွက်ကြောင့် ဘယ်ဟာပိုမြန်မလဲ ကျွန်တော်တို့စဉ်းစားနေတယ်။ နှစ်မျိုးဖြစ်နိုင်တယ်" ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောကြားသည်။

အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့သည် နှစ်ဖက်ပူးတွဲရေးဆွဲသော တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး စာချုပ်တစ်ခုရရှိရန် ညှိနှိုင်းလျက်ရှိရာ ဧပြီလဆန်းက ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် မူကြမ်း(ပထမအဆင့်) ကိုရရှိခဲ့ပြီး မေ ၂၁ရက် မှ ၂၃ရက်အထိ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် မူကြမ်း(ဒုတိယအဆင့်)ကို အတည်ပြုနိုင်ခဲ့ကာ မူကြမ်းအချောသပ်ရေးဆွဲနိုင်ရေးအတွက် လာမည့်ဇွန်လအတွင်း ထပ်မံတွေ့ဆုံရန် နှစ်ဖက်သဘောတူညီခဲ့ကြသည်။

"ဇွန်လမှာတွေ့ဆုံတဲ့အခါ ပိတ်ဆို့နေတဲ့ လိပ်ခဲတည်းလည်းဖြစ်နေတဲ့ အရာအားလုံးကို ဖြေလျှော့ဖို့အတွက်မှာ အခုလက်ရှိအဆင့်မှာ NCCT နဲ့ UPWC ကနေ ဆွေးနွေးလို့ ညှိလို့ရတဲ့အပိုင်းကတော့ ကျွန်တော်တို့ တော်တော်များများ ညှိထားပြီးပြီ။ ကျွန်တော်တို့သဘောထားကိုလည်း သူတို့ကိုပြောပြီးပြီ။ သူတို့သဘောထားကိုလည်း ကျွန်တော်တို့သိပြီးပြီ။ ဆိုတော့ နှစ်ဖက်သော ထိပ်သီးတွေက ဆုံးဖြတ်ချက်ပေးဖို့လိုပါတယ်" ဟု ၎င်းကဆက်လက်ပြောကြားသည်။

တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် အပြုသဘောဆောင် အထောက်အကူပေးနိုင်သော ညီလာခံများ၊ တွေ့ဆုံဆွေးနွေးမှုများအား တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များကြား ပြုလုပ်လိုပါက ကူညီဆောင်ရွက်ပေးသွားမည်ဟု မေ ၂၃ရက်က ပြုလုပ်ခဲ့သည့် အစိုးရနှင့် NCCT တို့၏ ဆွေးနွေးပွဲအပြီး နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် အစိုးရကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ် များအား ပြောကြားသည်။

Eleven Media Group 

မေ ၂၁ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော အစိုးရနှင့် NCCT တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-ဇာလီမြင့်ဦး)
မေ ၂၁ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော အစိုးရနှင့် NCCT တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တွေ့ရစဉ်
တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ်မူကြမ်း အချောသပ်ရေးဆွဲနိုင်ရေး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ် သီးခေါင်းဆောင်များ၏ သဘောထားရယူရန် ထိပ်သီးခေါင်းဆောင်များ ညီလာခံခေါ်ယူသည့် နည်းလမ်း (သို့မဟုတ်) လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ချင်းစီအား သွားရောက်ရှင်းလင်းသည့်နည်း စသည့် နည်းလမ်း နှစ်မျိုးအနက် နည်းလမ်းတစ်မျိုးဖြင့် ဆောင်ရွက်ရန်စဉ်းစားနေသည်ဟု NCCT ခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါက်တာဆလိုင်းလျန်မှုန်းက မေ ၂၆ ရက်တွင် ပြောကြားသည်။