မြန်မာ့တပ်မတော်
အရာရှိတစ်ဦးနဲ့ မြန်မာကုမ္ပဏီ ၃ ခုကို မြောက်ကိုရီးယားလက်နက်
အရောင်းအ၀ယ် ကိစ္စမှာ ပါဝင်ပတ်သက်မှုနဲ့ အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက
အင်္ဂါနေ့က ပိတ်ဆို့အရေးယူလိုက် ပါတယ်။
Wednesday, 18 December 2013
ဧရာဝတီမြစ်ဝှမ်း သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှု ဒေသခံများ စားဝတ်နေရေး အခက်ကြုံဟုဆို
ဧရာဝတီမြစ်ဝှမ်းအတွင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲမှုများ (ကမ်းပါးပြိုခြင်း၊ ရေကြောင်း ပြောင်းလဲခြင်း) နှင့် လူတို့ဖန်တီးမှုကြောင့် ဖြစ်ပေါ်လာရသော ပတ်ဝန်းကျင်အနေအထားများ (လျှပ်စစ် ရှော့တိုက် ငါးဖမ်းခြင်း၊ သစ်တောပြုန်းတီးခြင်း) တို့ကြောင့် ဒေသခံများ စားဝတ်နေရေး အခက်အခဲများ ကြုံနေကြရသည်ဟု သုတေသနစစ်တမ်းများအရ သိရသည်။
KIO ဌာနချုပ် လိုင်ဇာမြို့တွင် ကချင်အမျိုးသားများ၏ အနာဂတ် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ
ကချင်အမျိုးသားများ၏ အနာဂတ်နှင့် ရှေ့ဆက် နိုင်ငံရေးလုပ်ငန်းစဉ် ရှင်းလင်းရန်နှင့် ဆွေးနွေးတိုင်ပင် ရန်အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်တွင် ကချင်ခေါင်းဆောင်များ လိုင်ဇာမြို့တွင် ဒီဇင် ဘာလ ၁၇ ရက်တွင် စတင် ကျင်းပလျက်ရှိသည်။
ဂျာမန်ဆေးကုမ္ပဏီ မြန်မာနိုင်ငံ၌ ဆေးဝါးစက်ရုံ တည်မည်
ဂျာမန်ဆေးကုမ္ပဏီတစ်ခုဖြစ်သည့်
stadaသည် ရန်ကုန်မြို့၌ စက်ရုံတစ်ခုတည်ဆောက်ကာ၂၀၁၅နောက် ပိုင်းမှစတင်ပြီး
ဆေးဝါးများ ထုတ်လုပ်သွားမည်ဟု ကုမ္ပဏီအမှုဆောင်ချုပ်ဖြစ်သူ Hartmut Retzlaff ၏
ပြောကြားချက်ကို ကိုးကား၍ ရိုက်တာသတင်းတစ်ရပ်တွင် ဒီဇင်ဘာ ၁၅ ရက်က
ဖော်ပြထားသည်။
သန်းခေါင်စာရင်းကောက်မည့်အဖွဲ့ကို PNLO လုံခြုံရေးတာဝန်ယူမည်
လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင်၂၀၁၄ ခုနှစ်အတွင်း ပြည်လုံးကျွတ် သန်းခေါင်စာ ရင်းကောက်ယူမည့်အဖွဲ့၏ လုံခြုံရေးကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က တာဝန်ယူ သွားမည်ဟု တောင်ကြီးမြို့ရှိ PNLO ဆက်ဆံရေးရုံးတာဝန်ခံ ခွန်သောမက်က ဒီဇင်ဘာ ၁၇ရက်တွင် ပြော သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငွေကျပ်သိန်း ၄၀၀ ဖြင့် ကနဦး မ,တည် လှူဒါန်း
![]() |
| ရွှေတောင်စားစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်မှု အောင်ပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် |
တနသာင်္ရီတိုင်း
ဒေသကြီးရှိ ထားဝယ်မြို့ ကျက်သရေဆောင် ရွှေတောင်စား စေတီတော်မြတ်ကြီး၏
လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်မှုအောင်ပွဲ၊ ရှေးဟောင်းသမိုင်းဝင်
ရဟန္တာ သိမ်တော် ကြီး ပြုပြင်မွမ်းမံခြင်းနှင့် ဗုဒ္ဓဘိသေက အနေကဇာတင် မဟာမင်္ဂလာ
အခမ်းအနားကို ဒီဇင်ဘာ ၁၇ ရက် နံနက် ၈ နာရီခွဲက ရွှေတောင်စားစေတီတော်
ရင်ပြင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
သူရိယနေ၀န်းဂျာနယ်နှင့် ပတ်သက်သည့် ပြန်ကြားရေးတောင်းဆိုမှု စာနယ်ဇင်းကောင်စီ လိုက်လျောမည်မဟုတ်
သူရိယနေ၀န်းဂျာနယ်တွင်
ဖော်ပြမှုများသည် စာနယ်ဇင်းကျင့်ဝတ်များနှင့်မညီညွတ်ဘဲ အစိုးရကို ထိ ခိုက်
စေသည်ဟု ဆိုကာ ညှိနှိုင်းဆောင်ရွက်ရန် ပြန်ကြားရေးဝန်ကြီးဌာနက
စာနယ်ဇင်းကောင်စီ(ယာယီ) သို့ အကြောင်းကြားခဲ့သော်လည်း
စာနယ်ဇင်းကောင်စီဘက်မှ ၀င်ရောက်ညှိနှိုင်းပေးမည် မဟုတ်ဟု စာနယ် ဇင်းကောင်စီ
အတွင်းရေးမှူးဦးကျော်မင်းဆွေက ဒီဇင်ဘာ ၁၇ ရက်တွင် မဇ္ဈိမကို ပြော သည်။
ဘယ်သူတွေ ဘာပြောပြော ဦးဇော်ဇော်ကို အဲလိုမျိုးစိတ်ဓာတ်တွေကြောင့် ပိုလေးစားမိတယ်။ ဘောလုံးပွဲပဋိပက္ခတွင် ထိန်းသိမ်းခံရသူများကို ဦးဇော်ဇော်က ခရီးစရိတ်ပေး

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ မြန်မာ နှင့် အင်ဒိုနီရှား ဘောလုံးပွဲအပြီး သုဝဏ္ဏဘောလုံးကွင်း ပြင်ပတွင် ရဲတပ်ဖွဲ့ ဝင်များနှင့် ပဋိပက္ခဖြစ်ပွားခဲ့ရာမှ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော အမျိုးသားကိုးဦးအနက် ရန်ကုန်မြို့တော် တွင် နေထိုင်သူ ရှစ်ဦးကို ခရီးစရိတ် တစ်ဦးလျှင် ကျပ် ငါးသောင်း နှင့် မန္တလေးမှ လာရောက်အားပေးသော အမျိုးသားတစ်ဦကို ခရီးစရိတ် ကျပ်တစ်သိန်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က ခရီးစရိတ်ပေးခဲ့ သည်။
ဂျပန်နိုင်ငံ ခရီးစဉ်မှ သမ္မတဦးသိန်းစိန် ပြန်လည်ရောက်ရှိ
![]() |
| ဂျပန်ခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသည့် သမ္မတ ဦးသိန်းစိန်အား ရန်ကုန်လေဆိပ်၌ တွေ့ရစဉ် |
ဂျပန်နိုင်ငံတွင် ပြုလုပ်သည့် အာဆီယံ-ဂျပန် ဆက်ဆံရေး နှစ်(၄၀)ပြည့် ထိပ်သီးဆွေးနွေးပွဲ တက်ရောက် ပြီးနောက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံမှ ဒီဇင်ဘာ ၁၇ ရက်၊ ညနေ ၅ နာရီအချိန်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန် လည်ရောက် ရှိ လာခဲ့သည်။
တစ်နိုင်ငံလုံး မည်သည့်နေရာတွင်မဆို လျှပ်စစ်ဓာတ်အား ထုတ်လုပ် ခွင့်ပေးရန် ပုဂ္ဂလိကသို့ အဆိုပြုလွှာခေါ်ယူ၊ မြို့နယ် ၈၄ မြို့နယ်အား ပုဂ္ဂလိက ကုမ္ပဏီ ၂၃ ခုသို့ ဓာတ်အားဖြန့်ဖြူးခွင့် ချထားပြီးဖြစ်
တစ်နိုင်ငံလုံး မည်သည့်နေရာတွင်မဆို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခွင့်ပေးရန် ပုဂ္ဂလိကသို့ အဆိုပြု လွှာ ခေါ် ယူမှုအား လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ဒီဇင်ဘာ ၁၇ ရက်က ထုတ်ပြန်ခဲ့သည်။
ထိုင်းနိုင်ငံအတွင်း မတည်ငြိမ်မှုများကြောင့် မြန်မာအလုပ်သမားများ အတွက် နိုင်ငံ ကူး လက်မှတ်နှင့် အထောက်အထားထုတ်ပေးရေး One stop Service အစီအစဉ် ယာယီရပ်ဆိုင်း
![]() |
| ထိုင်းနိုင်ငံ မဟာချိုင်တွင် မြန်မာအလုပ်သမားများအား နိုင်ငံကူးလက်မှတ် များကို မြန်မာအရာရှိများက ထုတ်ပေးနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇောလင်း) |
ထိုင်းနိုင်ငံအတွင်း မတည်ငြိမ်မှုများကြောင့် မြန်မာအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်နှင့် အထောက် အထားများထုတ်ပေးမည့် One stop Service Center ဖွင့်လှစ်မှုကို ယာယီရပ်ဆိုင်း ထားကြောင်း ထိုင်း အခြေစိုက် မဲဆောက်နယ်စပ် အလုပ်သမားများအဖွဲ့မှ ဦးမိုးကြိုးက ပြောကြားသည်။
အင်ဒိုနီးရှားနှင့်ပွဲ မတိုင်မီ အစည်းအဝေး၌ ပတ်ဆောင်ဟွာက အင်ဒိုနီးရှားကို ရှုံးနိမ့်၍ မရဟု ပြောကြားခဲ့ကြောင်း မြန်မာအသင်းအုပ်ချုပ်သူ ဦးစိုးမိုး ပြောကြား
မြန်မာယူ-၂၃
အသင်း၏ အုပ်ချုပ်သူ ဦးစိုးမိုးက တောင်ကိုရီးယားလူမျိုး ပတ်ဆောင်ဟွာ
အနေဖြင့် အုပ်စုအဆင့်၌ Head to Head စည်းမျဉ်းဖြင့် ဆုံးဖြတ်မည်ကို
မသိရှိခဲ့ဟု ပြောကြားခြင်းမှာ မှန်ကန်မှုမရှိဘဲ ယင်းပွဲမတိုင်မီ
ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ ၎င်းကိုယ်တိုင်က အင်ဒိုနီးရှားကို
ရှုံးနိမ့်၍မရကြောင်း သတိပေးခဲ့သည်ဟု ပြောကြားသည်။
သျှမ်းပါတီ ပူးပေါင်းရေး ကမ်းလှမ်းမှု တလပြည့်သော်လည်း တိုးတက်မှု မရှိသေး
ပူးပေါင်းရေးအတွက်
သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD က
သျှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ်ပါတီ SNDP ထံ ကမ်းလှမ်းထားမှု
တလပြည့်ပြီဖြစ်သော်လည်း တိုးတက်မှု မရှိသေး ကြောင်း နှစ် ပါတီလုံးက
ပြောပါသည်။
တပ်သားသစ် ကောက်ယူမှုအား ရှုပ်ချ ဆန္ဒပြရန် သျှမ်းအသိုင်းအဝိုင်း စီစဉ်
ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်း သျှမ်းရွာသားများ တပ်သားသစ် စုဆောင်းခြင်း ခံရမှုအား ရှုပ်ချသည့် အနေဖြင့် ဆန္ဒပြရန် သျှမ်းလူမှုအသိုင်းအဝိုင်းက စီစဉ်နေကြောင်း တိုင်းလိုင် သျှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုး တက်ရေးပါတီက ပြောပါသည်။
Tuesday, 17 December 2013
မိုးကောင်းမြို့နယ်၊ ဆားမှော်နှင့် တောင်နီဒေသများတွင် KIA မှ ဆက်ကြေးကောက်ခံမှုများရှိနေ
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်နှင့် တောင်နီချောင်း
အရှေ့ခြမ်းရှိ တောင်သူလယ်သမားထံမှ တစ်အိမ်ထောင်လျှင် ငွေကျပ် ၅၀၀၀၀ ဆက်ကြေး
ပေးဆောင်ရန် KIA မှ တောင်းဆိုစာများပို့ခဲ့ပြီး ဆက်ကြေးကောက်ခံမှုများ
ရှိနေတယ်လို့ ဆားမှော်ဒေသခံများမှတဆင့် သိရှိရသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွမ်းလုံမြို့တွင် ပြင်းထန်စွာ ပေါက်ကွဲမှုဖြစ်ပွား

ကွမ်းလုံမြို့တွင်
ဒီဇင်ဘာလ (၁၇) ရက်နေ့ မွန်းလွဲ (၁၄း၄၅)နာရီ အချိန်က လားရှိုး-
ကွမ်းလုံလမ်းမပေါ် ခရိုင် သာသာနာရေး ဦးစီးဌာနရုံးနှင့် ဆက်သွယ်ရေး
ရုံးကြားတွင် လေးလုံးထိုး ထော်လာဂျီယာဉ်မှ ပြင်း ထန်သော ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပါသည်။
မြန်မာ-အင်ဒိုနီးရှား ဘောလုံးပွဲမှ ထိန်းသိမ်းထားသည့် လူငယ် (၉)ဦးအား ခံဝန်ချုပ်ဖြင့် ပြန်လွှတ်ပေး
၁၆.၁၂.၂၀၁၃ရက်နေ့ ၁၈၄၅အချိန် အင်ဒိုနီးရှားအသင်းမှ မြန်မာ အသင်းအား (၁-၀)ဖြင့် အနိုင်ရရှိခဲ့ရာ ပရိတ်သတ်အချို့မှ ၎င်းတို့
အားပေးသည့် မြန်မာအသင်း ရှုံးနိမ့်သွားသဖြင့် အားမလို အားမရဖြစ်ပြီး
ဖျက်ဆီးမှုအချို့ပြုလုပ်ခြင်း၊ တာဝန်ရှိလုံခြုံရေးတပ်ဖွဲ့ဝင်များအား
ဆဲဆိုခဲများဖြင့်ပစ်ပေါက်ခဲ့ရာတွင် ပါဝင် သည့် လူငယ်(၉)ဦးအား
လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် ခေတ္တထိန်းသိမ်း
ထားရှိခဲ့ ပါသည်။
မြန်မာအသင်း ရှုံးနိမ့်ခဲ့၍ ဖြစ်ပျက်ခဲ့မှု့ကြောင့် ထိခိုက်ပျက်စီးမှု အားလုံးကို ဘောလုံးအဖွဲ့ချုပ် အကုန်အကျခံ ပြန်လည်ပြုပြင်ပေးမည်

မြန်မာအသင်း
ရှုံးနိမ့်ခဲ့၍ ဖြစ်ပျက်ခဲ့မှု့ကြောင့် ထိခိုက်ပျက်စီးမှု အားလုံးကိုလည်း
ဦးဇော်ဇော် တာဝန်ယူ ထား သည့် ဘောလုံးအဖွဲ့ချုပ်က အကုန်အကျခံ
ပြန်လည်ပြုပြင်ပေးမည်ဟု တာဝန်ရှိသူတို့ထံ ကတိပြု ထားကြောင်း လည်း
အဖွဲ့ချုပ်ထံမှ သိရသည်။
ရှမ်းနီတိုင်းရင်းသား တစ်ရာကျော်ကို ပြန်လွှတ်ပေးရန် KIA ကို ဆန္ဒပြမည်
KIA
က တပ်သားစုဆောင်းရန် အတွက် မန်စီမြို့နယ် အတွင်းမှ ဖမ်းဆီး
ခေါ်ဆောင်သွားသည် ဆိုသော ရှမ်းနီ တိုင်းရင်းသား ၁၀၀ ကျော်ကို ပြန်လွှတ်ပေးရန်
ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် KIO/KIA အဖွဲ့အား ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း
ကချင်ပြည်နယ်အခြေစိုက် ရှမ်းမျိုးနွယ်စုများ အရေး လှုပ်ရှားသူ
ဦးစိုင်းထိန်လင်းက ပြောကြားသည်။
Subscribe to:
Posts (Atom)



