ဆီးဂိမ်းစ်ပြိုင်ပွဲ ကျင်းပမည့် နေရာတွင် ပါဝင်သော ငွေဆောင်ကမ်းခြေတွင်
ရဲတပ်ရင်း၊ စီအိုင်ဒီနှင့် အထူးရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၅၀၀ ခန့်ဖြင့်
လုံခြုံရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
Saturday, 2 November 2013
Friday, 1 November 2013
အပစ်အခတ်ရပ်စဲရေး ဘုံသဘောတူညီချက် ယနေ့ဆုံးဖြတ်ချက်ချမည်
ကေအိုင်အိုဌာနချုပ် လိုင်ဇာတွင်ကျင်းပပြုလုပ်သော တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့များ၏ ဆွေးနွေး ပွဲမှတစ်နိုင်ငံလုံးအတိုင်းအတာ
အပစ်အခတ်ရပ်စဲရေး ဘုံသဘောတူညီချက်ကို နိုဝင်ဘာ ၁ ရက် (ယနေ့)
တွင်ထုတ်ပြန်မည်ဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ မှ
အတိုင်ပင်ခံ ဦးခွန်ဆိုင်း က အောက်တိုဘာ ၃၁ ရက် အစည်းအဝေးပြီးနောက်
သတင်းမီဒီယာများကို ပြောသည်။
Facebook ၏ အန္တရာယ်

လူအများစုဟာ Facebook ရဲ့ အန္တရာယ်ကို သတိမမူမိကြဘဲ
ဒီလူမှုကွန်ရက်ဆိုက်ထဲမှာ သူတို့ရဲ့ Profile တွေကို ဖန်တီးခဲ့ကြပါတယ်...
Facebook ဟာ ကမ္ဘာအနှံကလူတွေကို မိတ်ဆွေဟောင်းတွေ နဲ့ပြန်ဆက်
သွယ်နိုင်ဖို့... ပြီးတော့ မိတ်ဆွေသစ်တွေရရှိစေဖို့အတွက် ဆက်သွယ်ပေးတဲ့
ကြားခံစနစ်တစ်ခုအနေနဲ့ လုပ်ဆောင် ပေးနေပါတယ်... ဒါပေမဲ့
ဒီလူမှုကွန်ရက်ဆိုက်ဟာ အကျိုးကျေးဇူးတွေရှိနေသလို အန္တရာယ် တစ်ချို့နဲ့လည်း
ဆက်နွယ်ပတ်သက်နေပါတယ်....
ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် စီးပွားရေး လုပ်ကိုင်ရန် အခက်ခဲဆုံး နိုင်ငံများထဲ၌ ပါဝင်နေ
၂၀၁၄ ခုနှစ်အတွက် အောက်တိုဘာ ၂၉ ရက်က ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည့်
စီးပွားရေး လုပ်ကိုင်ရန် အကောင်းဆုံး နိုင်ငံများ စာရင်းတွင်
မြန်မာနိုင်ငံသည် အောက်ဆုံးနေရာအနီး ရပ်တည်ခဲ့ပြီး စီးပွားရေး လုပ်ကိုင်ရန်
အခက်ခဲဆုံး နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခံရသည်။ အရှေ့တောင်အာရှ
နိုင်ငံများထဲတွင်
အပစ်ရပ်စာချုပ်အတွက် မူကြမ်းလေးခု ရှိနေသဖြင့် မူတစ်ခုတည်းဖြစ်ရန် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောထားကို နိုဝင်ဘာ ၁ ရက် (ယနေ့)တွင် ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချမည်
တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ ဒုတိယနေ့ ကျင်းပနေစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး စာချုပ်အတွက်
မူကြမ်းလေးခု ရှိနေသဖြင့် မူတစ်ခုတည်းဖြစ်ရန် ညှိနှိုင်းပြီး တိုင်းရင်းသား
လက်နက်ကိုင်များ၏ ဘုံသဘောထားကို နိုဝင်ဘာ ၁ ရက် (ယနေ့) တွင် ဆွေးနွေးပြီး
ဆုံးဖြတ်ချက်ချမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ နေ့စဉ်ထွက် အမှိုက်များမှ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားကို ၁ ယူနစ်လျှင် ကျပ် ၁၅၀ ဖြင့် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့မှ ပြန်ဝယ်၍ စက်မှုဇုန်များသို့ အဓိကဖြန့်ဖြူးမည်

ရန်ကုန်မြို့အတွင်း စည်ပင်သာယာမှ အမှိုက်သိမ်းလုပ်ငန်း ဆောင်ရွက်နေသည်ကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ နေ့စဉ်ထွက်ရှိသော အမှိုက်များမှ လျှပ်စစ်ဓာတ်အား
ထုတ်လုပ်ရန်အတွက် ပြည် တွင်းနှင့် ပြည်ပဖက်စပ် ကုမ္ပဏီနှစ်ခုအား
ရွေးချယ်ခဲ့ပြီး ယင်းကုမ္ပဏီများမှ ထွက်ရှိလာသော လျှပ်စစ် ဓာတ်အားကို
တစ်ယူနစ်လျှင် ကျပ် ၁၅၀ ဖြင့် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား
ပေးရေး အဖွဲ့မှ ပြန် ၀ယ်ပြီး စက်မှုဇုန်များသို့ အဓိကပြန်လည်
ဖြန့်ဖြူးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးသန်းလွင်ဦး က
အောက်တိုဘာ ၃၁ ရက်က ပြောကြားသည်။
Thursday, 31 October 2013
တရုတ်နိုင်ငံသို့ တင်ပို့မည့် ကျွန်းနှင့် သစ်မာမျိုးစုံ တန် ၂၀ ကျော် ဖမ်းဆီးရမိ
ကျိုင်းတုံ-မိုင်းလားကားလမ်း ယန်းလှ ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင်
အောက်တိုဘာလ ၂၈ ရက် နံနက် ၄ နာရီ ၂၀ မိနစ်ခန့်က တရုတ်နိုင်ငံသို့ တရားမဝင်
တင်ပို့မည့် ကျွန်း၊ ပိတောက်နှင့် တမလန်း သစ်မာ မျိုးစုံ တန် ၂၀
တင်ဆောင်လာသည့် မော်တော်ယာဉ် နှစ်စီးကို ဖမ်းဆီးရမိကြောင်း
ကျိုင်းတုံမြို့ နယ် သစ်တောဦးစီးမှူး ဦးစိုးလွင်သူက The Voice သို့
ပြောကြားသည်။
လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲသို့ သမ္မတ ဦးသိန်းစိန် သ၀ဏ်လွှာပေးပို့
ကချင် လွတ်မြောက်ရေးအဖွဲ့(KIO) ဌာနချုပ်၌ အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁
ရက်အထိ ပြုလုပ်နေသော တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာ
ထိပ်သီးဆွေးနွေး ပွဲသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သ၀ဏ်လွှာ
ပေးပို့ခဲ့သည်။
လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲ၌ နိုင်ငံရေး ဆွေးနွေးမှု မပြုလုပ်မီ အပစ်ရပ်ကိစ္စကို ဦးစွာဆွေးနွေးခြင်း အစီအစဉ်အား RCSS၊ KNU ကန့်ကွက်

ဦးဟန်ညောင်ဝေ ဆွေးနွေးနေစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာ ထိပ်သီး ဆွေးနွေးပွဲ အစီအစဉ်၌
နိုင်ငံရေး ဆွေးနွေးမှု မပြု လုပ်မီ အပစ်ရပ်ကိစ္စကို ဦးစွာဆွေးနွေးရန်
အစီအစဉ် ချမှတ်ခဲ့ခြင်းအား ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ
(RCSS/SSA)နှင့် ကရင်အမျိုးသား အစည်းအရုံး(KNU) တို့က ကန့်ကွက် ခဲ့ကြသည်။
လျှပ်စစ်ဓာတ်အားခများ ပြန်လည်လျှော့ချ ကောက်ခံရန် လတ်တလောတွင် အစီအစဉ်မရှိသေးကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက မီဒီယာများ၏ မေးမြန်းမှု ကို ဖြေ ကြားနေစဉ်
လျှပ်စစ်ဓာတ်အားခများ ပြန်လည်လျှော့ချ ကောက်ခံရန် လတ်တလောတွင် အစီအစဉ်
မရှိသေးကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးခင်မောင်စိုးက ပြောကြားသည်။
မိတ္ထီလာမြို့ အရှေ့ပြင်ရပ်ကွက် လူစည်ကားရာနေရာတွင် ဗုံးလန့်မှုဖြစ်ပွား

ဗုံးလန့်မှုဖြစ်ပွားသည့်နေရာအား တာဝန်ရှိသူများ ရှင်းလင်းနေစဉ်
အောက်တိုဘာ ၃၀ ရက်နံနက် ၈ နာရီ ခွဲခန့်က မိတ္ထီလာမြို့ အရှေ့ပြင်ရပ်ကွက်
လူစည်ကားရာ လမ်းမဘေးရှိ ၀ါယာကြိုးစများ ထွက်ရှိနေသော ကြွပ်ကြွပ်အိတ်
အနက်ရောင်အိတ်ကို ထရန်စဖာမာအား ကာရံထားသော သံဇကာအတွင်းပိုင်း
အမြင့်လေးပေခန့်တွင် ချိတ်လျက် မသင်္ကာဖွယ်ရာ တွေ့ရှိရသဖြင့် ဗုံးဟုယူဆကာ
ပြည်သူတစ်ဦးမှ သတင်းပေးပို့ခဲ့သဖြင့် သက်ဆိုင်ရာမှ
လာရောက်ရှင်းလင်းပေး ခဲ့ရာ ကြွပ်ကြွပ်အိတ်အတွင်းတွင် ထမင်းဘူး
စားကြွင်းစားကျန်များနှင့် ၀ါယာကြိုးစများ တွေ့ရှိ ခဲ့ရကြောင်း သိရသည်။
မြင်းခြံခရိုင် အတွင်းရှိ ကျေးရွာအချို့တွင် အစာအဆိပ်သင့်မှု ဖြစ်ပွားပြီး ၉၅ ဦး ဆေးကုသမှုခံယူခဲ့ရ

အစာအဆိပ်သင့် လူနာများအား ဆေးကုသပေးနေစဉ်
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် အတွင်းရှိ ကျေးရွာအချို့တွင်
အောက်တိုဘာ ၂၉ ရက်က အလှူပွဲမှ ပြန်လာပြီးနောက် ရွာသူရွာသား
အစာအဆိပ်သင့်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အစာအဆိပ်သင့်မှု
မဖြစ်ပွားခင် တစ်ရက်က ရွှေပေါ်ကျွန်း ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင်
ကိုးတောင်ပြည့် ရွာလုံးကျွတ် ဘုရားပွဲအား အောက်တိုဘာ ၂၈ ရက်က ကျင်းပခဲ့ရာ
အလှူပွဲတွင် စတုဒိသာအဖြစ် ဒံပေါက်နှင့် ကြက်သားကို ဧည်ခံကျွေးခဲ့ကြောင်း
သိရသည်။
Wednesday, 30 October 2013
လိုင်ဇာမှာကတဲ့ အပစ်ရပ်ရေး အကြိုဇာတ်အဖွဲ့ ဇာတ်ခေါင်းမကွဲဖို့လိုပါတယ်

စီးပွားရေးအတွက် ကောင်းမွန်သော ဥပဒေများပေါ်ပေါက်လာရန် ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဆောင်ရွက်သွားရမည်
အပုပ်နံ့ထွက်မှ သိရှိရသည့် စစ်တွေတက္ကသိုလ်ဆရာမတစ်ဦး သေဆုံးမှု
အမေရိကန်လုပ် အော်တိုပစ္စတိုသေနတ်အား လှည့်လည်ရောင်းသူ ဖမ်းဆီးခံရ
ကလေးမြို့နယ်အတွင်း အော်တိုပစ္စတိုသေနတ်တစ်လက် လှည်လည်ရောင်းချနေသူကို
မြို့မ ရဲစခန်းက အောက်တိုဘာ ၂၈ ရက်က ဖမ်းဆီးအရေးယူလိုက်ကြောင်း အဆိုပါ
ရဲစခန်းမှ သိရှိရသည်။
Subscribe to:
Posts (Atom)





