Friday 1 November 2013

Facebook ၏ အန္တရာယ်

လူအများစုဟာ Facebook ရဲ့ အန္တရာယ်ကို သတိမမူမိကြဘဲ ဒီလူမှုကွန်ရက်ဆိုက်ထဲမှာ သူတို့ရဲ့ Profile တွေကို ဖန်တီးခဲ့ကြပါတယ်... Facebook ဟာ ကမ္ဘာအနှံကလူတွေကို မိတ်ဆွေဟောင်းတွေ နဲ့ပြန်ဆက် သွယ်နိုင်ဖို့... ပြီးတော့ မိတ်ဆွေသစ်တွေရရှိစေဖို့အတွက် ဆက်သွယ်ပေးတဲ့ ကြားခံစနစ်တစ်ခုအနေနဲ့ လုပ်ဆောင် ပေးနေပါတယ်... ဒါပေမဲ့ ဒီလူမှုကွန်ရက်ဆိုက်ဟာ အကျိုးကျေးဇူးတွေရှိနေသလို အန္တရာယ် တစ်ချို့နဲ့လည်း ဆက်နွယ်ပတ်သက်နေပါတယ်....
Facebook ၏ အန္တရာယ်များကို သိမြင်နားလည်ခြင်း
Facebook ရဲ့ အန္တရာယ်တွေကို သိမြင်နားလည်ထားခြင်းဖြင့် သင့်ကွန်ပျူတာနဲ့ သင့်ကို ကာကွယ်ပေးနိုင် ပါ လိမ့်မယ်... သင့်အနေနဲ့ ဒီလူမှုကွန်ရက်ဆိုက်ကို ရှောင်ကျဉ်နေစရာမလိုပါဘူး... လုံခြုံဘေးကင်းစွာရှိဖို့ ဘာတွေကို လုပ်ရမယ်... ဘာတွေကိုမလုပ်ရဘူးဆိုတာ သိဖို့ပဲလိုပါတယ်...
သင့် Profile (သင်ဘာရေးသည်ကို ဂရုပြုပါ...)
အခုခေတ်အခါမှာ အလုပ်ရှင်တွေ... ကောလိပ်ဝင်ခွင့်လက်ခံမယ့်သူတွေဟာ လျှောက်လွှာရှင်တွေကို Facebook မှာရှာဖွေပြီး သူတို့ခန့်အပ်လက်ခံမယ့်သူတွေရဲ့ အသေးစိတ်အချက်အလက်တွေ ရရှိအောင်လုပ်ဆောင်လေ့ရှိကြပါတယ်... အမြင်မတော်တဲ့ Profile တစ်ခု ဖန်တီးပြုလုပ်ထားမိတယ် ဆိုရင် သင့်ဘဝကိုအဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေကမြင်တွေ့ပြီး... သင့်အနာဂတ်အပေါ် ရိုက်ခတ်လာမှာသေချာပါတယ်....
အလုပ်ရှင်တွေ ကောလိပ်ဝင်ခွင့်လက်ခံမယ့်သူတွေ အမြင်မတင့်တယ်တာမျိုးမဖြစ်အောင် သင့် ကိုယ်သင် ပြသထားချင်တယ်ဆိုရင်တော့ သင့် profile ကို private ထားလိုက်ခြင်းဖြင့် သင်မြင်တွေ့စေချင် တဲ့သူတွေကပဲ မြင်တွေ့စေနိုင်ပါလိမ့်မယ်... နောက်တစ်နည်းကတော့ သင့်ရဲ့ profile ကို public လုပ်ပြီး သင်ဟာဘယ်လို အရည်အချင်းရှိတဲ့သူဖြစ်မှန်းသိသာအောင် ပြန်လည်ဖန်တီးယူ ထားရပါမယ်...
ပုဂ္ဂလိကအချက်အလက်တွေကို Private မှာပဲထားပါ...
တစ်ချို့လူတွေဟာ တခြားသူတွေနဲ့ Websites တွေကို အလွန်အကျွံယုံကြည်တတ်ကြပါတယ်... သူတို့ရေး သားသမျှ ပုဂ္ဂလိကအချက်အလက်တွေကို လူပေါင်းသန်းနဲ့ချီတွေ့ရှိနိုင်ပြီး အဲ့လိုတွေ့နိုင် တဲ့သူတွေ ထဲမှာ ပစ်မှတ်သားကောင်ကိုရှာဖွေနေတဲ့ ဒုစရိုက်သမားတွေလည်း ပါဝင်နေတယ်ဆိုတဲ့ အချက်ကို မေ့နေတတ်ကြ ပါတယ်... လူမှုကွန်ရက်ဆိုက်တွေဟာ ကိုယ်ရေးအချက်အလက် သူခိုးတွေအတွက် မွှေနှောက်ရှာဖွေစရာ မြေပြင် အသစ်ဖြစ်နေတတ်ပါတယ်.... ဘာကြောင့်လဲဆိုတော့ တစ်ချို့လူတွေဟာ သူတို့ရဲ့ အချက်အလက် အမြောက်အမြားကို ရေးသားဖော်ပြထားကြတဲ့အတွက် အဲ့ဒီအချက်အလက်တွေကို အသုံးပြုကာ အဲ့ဒီလူအဖြစ် ပုံမှားရိုက်တာမျိုးတွေလုပ်ဆောင်လာနိုင် ပါတယ်... သင့်ရဲ့ကိုယ်ရေးအချက်အလက်တွေကို တစ်ယောက်ယောက်က ခိုးယူသွားပြီး အဖျက်လုပ်ငန်းတွေ လုပ်ဆောင်လာနိုင်ပါတယ်... သင့်အကြွေးဝယ် ကတ်ကို အကုန်သုံးပစ်တာမျိုးဖြစ်နိုင်သလို သင့်နာမည်နဲ့ ရာဇဝတ်မှုတွေကျူးလွန်တာမျိုးအထိ ဖြစ်လာနိုင် ပါတယ်... ဒီအဖြစ်တွေဟာ နောင်အခါ သင်အလုပ်ရှာလို့မရနိုင်တဲ့အထိ အကျိုးသက်ရောင်မှု ရှိသွားစေနိုင် ပါတယ်... ဒါ့အပြင် ဒုစရိုက်သမားတွေ အကြမ်းဖက်သမားတွေဟာ Facebook လိုမျိုး လူမှုကွန်ရက် ဆိုက်တွေကို ရှာဖွေပြီး သူတိုအတွက် လက်ရှိပစ်မှတ်နဲ့ နောက်ထပ်ပစ်မှတ်တွေရဲ့ အချက်အလက် အသေး စိတ်ကို ရယူလေ့ရှိကြပါတယ်... အနုကြမ်းသမားတစ်ယောက်ဟာ သင့်အချက်အလက်တွေကို တွေ့ရှိခဲ့မယ် ဆိုရင် သင့် page မှာ သင်ဘာတွေရေးနေတယ်ဆိုတာကအစ လိုက်ကြည့်နေမှာဖြစ်ပြီး သင်အခု အိမ်မှာရှိ နေသလား... အလုပ်ထဲမှာရှိနေသလားဆိုတာတွေကိုပါ ရှာဖွေဖော်ထုတ်တာမျိုးအထိ ဖြစ်လာနိုင်ပါတယ်...
သူစိမ်းဟာ သူစိမ်းပါပဲ..
သင်ဟာ လူတစ်ယောက်ကို ပထမဆုံးအကြိမ်အဖြစ် အပြင်မှာတွေ့တဲ့အခါ အဲ့ဒီလူဟာ ဘယ်လိုလူ... ဘာကိုလိုချင်နေတာလဲဆိုတာ သိဖို့ အတော်ခက်ခဲပါလိမ့်မယ်... online လောကမှာလည်း အတူတူပါပဲ... online လောကဆိုတာ သူတို့ရဲ့ဘဝကို အလွန်အကျွံပုံကြီးချဲ့ပျော်မွေ့နေတဲ့သူတွေ... ဒါမှမဟုတ် တကယ့်ဘဝနဲ့ လုံးဝကွဲပြားတဲ့ အခြေအနေတစ်ခုကို ဟန်ဆောင်ဖန်တီးထားတဲ့သူတွေ အတွက် အကောင်း ဆုံးနေရာတစ်ခုဖြစ်ပါတယ်... တကယ်လို့သင်ဟာ Facebook for online dating ကို အသုံးပြုဖို့ စိတ်ဝင် စားတယ်ဆိုရင် သင်ဘယ်သူနဲ့တွေ့ဆုံမယ်... ဘယ်လိုလူတွေကိုပြောဆိုနေတယ် ဆိုတာကို သတိပြုဖို့ လိုပါမယ်... Facebook ရဲ့ ဒီအန္တရာယ်ကတော့ သင့်ကို စိတ်ခံစားမှုအရှုပ်အထွေးတစ်ခုထဲမှာ နှောင်ဖွဲ့ခံ သွားရ စေနိုင်ပါတယ်... ဘာကြောင့်လဲဆိုတော့ သင်က တစ်စုံတစ်ယောက်ကို သင့်အတွက် ပြည့်စုံသင့် တော်တယ်လို့ ထင်ကောင်းထင်နေပါလိမ့်မယ်... ဒါပေမဲ့ သူ ဒါမှမဟုတ် သူမဟာ သင်ထင်သလိုမဟုတ် ကြောင်း တွေ့လာရပါလိမ့်မယ်...
ဆယ်ကျော်သက် ပစ်မှတ် ထားသူတွေကို သတိပြု...
ဆယ်ကျော်သက်ပစ်မှတ်ရှာသူတွေဟာ ဆယ်ကျော်သက် chat room တွေနဲ့ Facebook လိုမျိုး လူမှု ကွန်ရက်ဆိုက်တွေမှာ ကျင်လည်တတ်ကြပါတယ်... အရွယ်ရောက်ပြီးဖြစ်တဲ့ အဲ့လိုလူတွေဟာ ဆယ်ကျော် သက်တွေ ဝင်လေ့ရှိတဲ့ဆိုက်တွေကို ရှာဖွေတတ်ပြီး သူတို့ကိုယ်သူတို့ ဆယ်ကျော်သက်ဟန်ဆောင်ပြီး ပြောဆို ရေးသား တတ်ကြပါတယ်... သူတို့ဟာ ဆယ်ကျော်သက်တွေကို သိအောင် ခင်မင်အောင်ပေါင်း မယ်... ပြီးရင် အပြင်မှာတွေ့ဖို့ ကြိုးစားကြပါလိမ့်မယ်.... များသောအားဖြင့်တော့ အဲဒီကလေးတွေရဲ့ အိမ်မှာ မိဘတွေမရှိတဲ့အချိန်မျိုးကို စီစဉ်တတ်ကြပါတယ်... ဒီလိုအဖြစ်မျိုးဟာ မိဘတွေအတွက် တုန်လှုပ်စရာ သတင်း ဆိုးတွေပါပဲ... ဒါပေမဲ့ အဲ့ဒီလိုမဖြစ်အောင်လည်း စီမံလို့ရပါတယ်... သင့်ကလေးတွေ... ဆယ်ကျော်သက်တွေရဲ့ အင်တာနက်အသုံးပြုမှုကို စောင့်ကြည့်ဖို့လိုပါမယ်... သူတို့မှာ Facebook account ရှိမယ်ဆိုရင် သူတို့ရဲ့ profile ကို သင်ကြည့်ချင်တဲ့အချိန် ဝင်ကြည့်နိုင်အောင် ရှင်းလင်းထားခိုင်းရပါမယ်... သင့်ကလေးတွေ ဝင်မကြည့်နိုင်အောင် တစ်ချို့ဆိုက်တွေကိုလည်း block လုပ်ထားဖို့ လိုပါလိမ့်မယ်....
Facebook မှ ကွန်ပျူတာ Virus များကို download ပြုလုပ်မိခြင်း
Red Herring The Business of Technology (http://www.redherring.com/?s=The+Business +of+Technology) ရဲ့ အဆိုအရ လူမှုကွန်ရက်ဆိုက်တွေမှာ အသုံးပြုနေတဲ့သူတွေရဲ့ ခန့်မှန်း ၈၃ ရာခိုင်နှုန်းဟာ တခြားလူတွေရဲ့ profile ကနေ download လုပ်ကြတယ်လို့ သိရပါတယ်... တကယ်တော့ ဒီဖိုင်တွေဟာ အရင်းအမြစ်မသိတဲ့နေရာက လာကြတာဖြစ်ပြီး တစ်ချို့ဆိုရင် သင့်ကွန်ပျူတာကို ပျက်စီး စေမယ့် ဒါမှမဟုတ် သင်နဲ့ သက်ဆိုင်တဲ့ ပုဂ္ဂလိကအချက်အလက်တွေကို စုဆောင်းရယူမယ့် virus တွေ တောင်ပါနေတတ်ပါတယ်... ပထမအဆင့်အနေနဲ့ ကာကွယ်ရမယ့်နည်းလမ်းကတော့ သင်တကယ်ယုံ ကြည်ရတဲ့သူတွေဆီကပဲ download ချဖို့ဖြစ်ပါတယ်... နောက်တစ်ချက်အနေနဲ့ သင့်ရဲ့ antivirus software ကို အမြဲ up to date ဖြစ်ဖို့နဲ့ online ပေါ်တက်တိုင်း ဖွင့်ထားဖို့ဖြစ်ပါတယ်...
အင်တာနက်စွဲလမ်းမှုပြဿနာ
လူမှုကွန်ရက်ဆိုက်တွေဟာ စိတ်ပျော်ရွှင်မှုနဲ့ စွဲလမ်းမှုကို ဖြစ်စေပါတယ်... မိတ်ဆွေသစ်တွေရမယ်... မိတ်ဆွေဟောင်းတွေနဲ့ ပြန်ဆုံမယ်... ပြီးတော့ စိတ်ဝင်စားစရာနေရာတွေကို နေ့စဉ် နာရီပေါင်းများစွာ လှည့်လည်လေ့လာနေလို့ရပါတယ်... အဲ့ဒီလိုနေရင်းနဲ့ သင့်ရဲ့ အလုပ်စွမ်းဆောင်ရည်တွေကျဆင်း လာတာကို စတင်သတိပြုမိကောင်းပြုမိလာပါလိမ့်မယ်... ဒါမှမဟုတ် အလုပ်မှာ ဒီလိုဆိုက်တွေကို အသုံးပြု ခြင်းကြောင့် သင်အလုပ်လည်း ပြုတ်သွားနိုင်ပါတယ်.... နောက်တစ်ခုက သင်ကကျောင်းသားဆိုရင် စာကျက်တာတွေ... အတန်းတက်တာတွေထက် Facebook မှာ အချိန်ကုန်နေတာက ပိုများနေပါလိမ့် မယ်... အဲ့ဒီအကျိုးဆက်ကြောင့် အမှတ်နည်းတာ... အဆင့်ကျလာတာကိုလည်း ကြုံရလာပါမယ်... Facebook ဟာ သင့်ရဲ့ဘဝကို စပြီး အနှောင့်အယှက်ပေးနေပြီဆိုရင် သင့်မှာ အင်တာနက်စွဲလမ်းမှု တော်တော်ဖြစ်နေပါပြီ... ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့ ဘာအကြောင်းကြောင့်ပဲ အင်တာနက်သုံးသုံး... သုံးဖြစ်တဲ့အချိန်တိုင်း ကိုယ့်ဘာသာပြန်သုံးသပ်ကြည့်ဖို့လိုပါလိမ့်မယ်... အချိန်အပိုင်းအခြားတစ်ခုကြာတိုင်း ပုံမှန်နားပေးရပါမယ်... အလုပ်မလုပ်ဘဲ online တက်လိုက်ဦးမယ်လို့ စိတ်ကူးမယ့်အစား... အလုပ် တစ်ခုပြီးမှ ဆုပေးတဲ့အနေနဲ့ စသုံးတာမျိုးဖြစ်အောင် လုပ်သင့်ပါတယ်... ဒါမှမဟုတ်ရင်တော့ သင့်ကိုယ် သင်ထိန်းချုပ်နိုင်တဲ့ အချိန်ရောက်တဲ့အထိ တစ်ယောက်ယောက်ကို သင် Facebook ထဲ မဝင်နိုင်အောင် block လုပ်ပေးဖို့ အကူအညီတောင်းသင့်ပါတယ်... ဥပမာ password ပြောင်းခိုင်းပြီး ကိုယ့်ကိုပြန်မပြောဘဲ ထားလိုက်တာမျိုးလည်း လုပ်နိုင်ပါတယ်...
Facebook အန္တရာယ် ကင်းစေဖို့...
Facebook အန္တရာယ်ဆိုတာ သင့်ကို ဒီလူမှုကွန်ရက်ဆိုက်ကို အသုံးပြုတာ ရပ်တန့်လိုက်ဖို့ အကြောင်း ပြချက်တွေမဟုတ်ပါဘူး... ဘာကြောင့်လဲဆိုတော့ ဒီလိုအသုံးပြုတာကလည်း သင့်အတွက် အကျိုးအမြတ် ရရှိစေနိုင်လို့ပါပဲ... သင့်အနေနဲ့ အလုပ် ဒါမှမဟုတ် စာသင်ကြားမှုအတွက် အထောက်အပံ့ အကျိုးအမြတ် ရနိုင်ဖို့လည်း သုံးနိုင်ပါတယ်... သက်တောင့်သက်သာအေးအေးလူလူနဲ့လည်း သုံးနိုင်ပါတယ်...သင့်အနေနဲ့ သတိပြုဖို့လိုတာက သင်ဘယ်လိုအသုံးပြုနေတာလဲ..... ပြီးတော့ သတင်းအချက်အလက်တွေကို သင်ဘယ် လောက်ရေးသားခဲ့သလဲ... ဘယ်လောက်ရယူအသုံးပြုခဲ့လဲဆိုတာတွေပါပဲ... online ဆိုတာကလည်း အပြင်လောကအတိုင်းပါပဲ... လူတိုင်းကိုမယုံကြည်ဖို့နဲ့ သံသယရှိတဲ့သူတွေကို စောင့်ကြည့်ဖို့လိုပါတယ်... သင့်အနေနဲ့ ဒီအကြံပြုချက်လေးတွေကို သတိပြုလိုက်နာမယ်ဆိုရင် Facebook ကို သောကကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင်အသုံးပြုနိုင်မှာသေချာပါတယ်....
နှိုင်းရင့်နွေမှ တင်ဆက်သည်...

No comments:

Post a Comment