Friday 1 November 2013

အပစ်ရပ်စာချုပ်အတွက် မူကြမ်းလေးခု ရှိနေသဖြင့် မူတစ်ခုတည်းဖြစ်ရန် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောထားကို နိုဝင်ဘာ ၁ ရက် (ယနေ့)တွင် ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချမည်

Photo: အပစ်ရပ်စာချုပ်အတွက် မူကြမ်းလေးခု ရှိနေသဖြင့် မူတစ်ခုတည်းဖြစ်ရန် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောထားကို နိုဝင်ဘာ ၁ ရက် (ယနေ့)တွင် ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချမည်
Friday, November 1, 2013

တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး စာချုပ်အတွက် မူကြမ်းလေးခု ရှိနေသဖြင့် မူတစ်ခုတည်းဖြစ်ရန် ညှိနှိုင်းပြီး တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောထားကို နိုဝင်ဘာ ၁ ရက် (ယနေ့) တွင် ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချမည် ဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ ဘုံသဘောထားကို ဆွေးနွေးနိုင်ရန်အတွက် ဘုံသဘောထား ရေးဆွဲရေး ကော်မတီတစ်ရပ်ကိုလည်း အောက်တိုဘာ ၃၁ ရက် လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ ဒုတိယနေ့တွင် ဖွဲ့စည်း ပြီး ထိုကော်မတီက ဘုံသဘောထား ရေးဆွဲကာ နိုဝင်ဘာ ၁ ရက် ဆွေးနွေးပွဲ၌ တင်ပြရမည် ဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲကို အောက်တိုဘာ ၃၁ ရက်တွင် ဆက်လက်ပြုခဲ့ပြီး ဒုတိယနေ့ ဆွေးနွေးမှုတွင်လည်း အပစ်အခတ် ရပ်စဲရေးအတွက် အဖြေထွက်ခဲ့ခြင်း မရှိသောကြောင့် ကော်မတီဖွဲ့စည်းပြီး ဘုံသဘောထား ရေးဆွဲရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။

လက်ရှိအချိန်တွင် အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်ပြီး အစိုးရက တိုင်းရင်းသား လက်နက်ကိုင်များထံသို့ ပေးပို့သည့် 'ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်း' တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (WGEC) က ရေးဆွဲပြီး ဧပြီလအတွင်းက ထုတ်ပြန်ထားသော Comprehensive Union Peace and Ceasefire Agreement မူကြမ်း၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ရေးဆွဲထားသော တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေးအပေါ် ဘုံသဘောထား ရပ်တည်ချက်နှင့် ၂၀၁၂ ခုနှစ် တိုင်းရင်းသား ညီလာခံက ရေးဆွဲထားသည့် သဘောထားမူကြမ်း အစရှိသဖြင့် မူကြမ်းလေးခု ရှိနေသဖြင့် မူကြမ်းအားလုံး တစ်ခုတည်း ဖြစ်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောထားကို ကော်မတီဖွဲ့ပြီး ရေးဆွဲပြီး ခေါင်းဆောင်များက ဆုံးဖြတ်ချက်ချရန် စီစဉ်ခဲ့ခြင်း ဖြစ်ပါသည်။

''WGEC က ဦးဆောင်ရေးဆွဲထားတဲ့မူ၊ UNFC က ရေးဆွဲထားတဲ့ ဘုံသဘောထား ရပ်တည်ချက်၊ နောက် ဦးလှမောင်ရွှေတို့ ပြင်ဆင်ထားတဲ့ အဲဒီသုံးခုကို ဖတ်လိုက်တော့ ကောင်းတာတွေလည်းပါတယ်။ ပယ်ချင်တာတွေလည်း ပါတယ်။ ဒီနေ့ တစ်ရက်တည်းက မပြီးပြတ်ဘူး။ မပြီးပြတ်တော့ ကောင်းတာတွေယူ၊ မကြိုက်တာပယ်၊ အချောတစ်ခုကို ရေးဖို့ ကော်မတီ ဖွဲ့လိုက်တယ်'' ဟု UNFC ၏ တွဲဖက် အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

ဘုံသဘောထား ရေးဆွဲမည့် ကော်မတီကို တိုင်းရင်းသား လူမျိုးများ ကောင်စီ(ENC) ဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ဦးဆောင်မည်ဖြစ်ပြီး လိုင်ဇာထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်သည့် အဖွဲ့များမှ ကိုယ်စားလှယ် တစ်ဦးစီ ပါဝင်မည်ဟု သိရသည်။ ထိုကော်မတီ၏ သက်တမ်းမှာ တစ်ရက်သာ ကြာမြင့်မည်ဖြစ်ပြီး ကော်မတီက ရေးဆွဲသော တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောထားကို တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များက နိုဝင်ဘာ ၁ ရက်(ယနေ့)တွင် ဆက်လက် ဆွေးနွေးမည် ဖြစ်ပါသည်။

''ဘုံသဘောထားကို ရေးဆွဲပြီးတော့ မနက်ကိုးနာရီမှာ တင်ပြဖို့ ကြိုးစားမယ်။ အဲဒါကို ဒီကခေါင်းဆောင်တွေက အားလုံးပြန်စဉ်းစားပြီးတော့ သူတို့တင်ပြမှာပေါ့။ ဆုံးဖြတ်ချက်ကို သူတို့ချမှတ်မှာ ဖြစ်ပါတယ်'' ဟု ဒုတိယနေ့ ဆွေးနွေးမှု အပြီးတွင် ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောကြားခဲ့သည်။

ဘုံသဘောထားအပေါ် ခေါင်းဆောင်များ၏ ဆွေးနွေးမှု ရလဒ်မှာလည်း အကောင်းဆုံး ဖြစ်မည်ဟု မျှော်လင့်ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။

ထိုကဲ့သို့ ဘုံသဘောထား ရေးဆွဲခြင်းကို KNU နှင့် RCSS တို့အပြင် ကျန်ရှိသော အဖွဲ့အားလုံးက လက်ခံကြောင်း ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ဆက်လက် ပြောကြားခဲ့သည်။

Eleven Media Group 

တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ ဒုတိယနေ့ ကျင်းပနေစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ ဒုတိယနေ့ ကျင်းပနေစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး စာချုပ်အတွက် မူကြမ်းလေးခု ရှိနေသဖြင့် မူတစ်ခုတည်းဖြစ်ရန် ညှိနှိုင်းပြီး တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောထားကို နိုဝင်ဘာ ၁ ရက် (ယနေ့) တွင် ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချမည် ဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသား လက်နက်ကိုင်များ ဘုံသဘောထားကို ဆွေးနွေးနိုင်ရန်အတွက် ဘုံသဘောထား ရေး ဆွဲရေး ကော်မတီတစ်ရပ်ကိုလည်း အောက်တိုဘာ ၃၁ ရက် လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ ဒုတိယနေ့တွင် ဖွဲ့စည်း ပြီး ထိုကော်မတီက ဘုံသဘောထား ရေးဆွဲကာ နိုဝင်ဘာ ၁ ရက် ဆွေးနွေးပွဲ၌ တင်ပြရ မည် ဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲကို အောက်တိုဘာ ၃၁ ရက်တွင် ဆက်လက်ပြုခဲ့ပြီး ဒုတိယနေ့ ဆွေးနွေးမှုတွင်လည်း အပစ်အခတ် ရပ်စဲရေးအတွက် အဖြေထွက်ခဲ့ခြင်း မရှိသောကြောင့် ကော်မတီဖွဲ့စည်းပြီး ဘုံသဘောထား ရေးဆွဲရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။
လက်ရှိအချိန်တွင် အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်ပြီး အစိုးရက တိုင်းရင်းသား လက်နက်ကိုင် များထံသို့ ပေးပို့သည့် 'ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်း' တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (WGEC) က ရေးဆွဲပြီး ဧပြီလအတွင်းက ထုတ်ပြန်ထားသော Comprehensive Union Peace and Ceasefire Agreement မူကြမ်း၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ရေးဆွဲထားသော တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေးအပေါ် ဘုံသဘောထား ရပ်တည်ချက်နှင့် ၂၀၁၂ ခုနှစ် တိုင်းရင်းသား ညီလာခံက ရေးဆွဲထားသည့် သဘောထားမူကြမ်း အစရှိသဖြင့် မူကြမ်းလေးခု ရှိနေသဖြင့် မူကြမ်းအားလုံး တစ်ခုတည်း ဖြစ်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောထားကို ကော်မတီဖွဲ့ပြီး ရေးဆွဲပြီး ခေါင်းဆောင်များက ဆုံးဖြတ်ချက်ချရန် စီစဉ်ခဲ့ခြင်း ဖြစ်ပါသည်။
''WGEC က ဦးဆောင်ရေးဆွဲထားတဲ့မူ၊ UNFC က ရေးဆွဲထားတဲ့ ဘုံသဘောထား ရပ်တည်ချက်၊ နောက် ဦးလှမောင်ရွှေတို့ ပြင်ဆင်ထားတဲ့ အဲဒီသုံးခုကို ဖတ်လိုက်တော့ ကောင်း တာတွေလည်း ပါတယ်။ ပယ်ချင်တာတွေလည်း ပါတယ်။ ဒီနေ့ တစ်ရက်တည်းက မပြီးပြတ်ဘူး။ မပြီးပြတ်တော့ ကောင်းတာတွေယူ၊ မကြိုက်တာပယ်၊ အချောတစ်ခုကို ရေးဖို့ ကော်မတီ ဖွဲ့လိုက်တယ်'' ဟု UNFC ၏ တွဲဖက် အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။
ဘုံသဘောထား ရေးဆွဲမည့် ကော်မတီကို တိုင်းရင်းသား လူမျိုးများ ကောင်စီ(ENC) ဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ဦးဆောင်မည်ဖြစ်ပြီး လိုင်ဇာထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်သည့် အဖွဲ့များမှ ကိုယ်စားလှယ် တစ်ဦးစီ ပါဝင်မည်ဟု သိရသည်။ ထိုကော်မတီ၏ သက်တမ်းမှာ တစ်ရက်သာ ကြာမြင့်မည်ဖြစ်ပြီး ကော်မတီက ရေးဆွဲသော တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောထားကို တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များက နိုဝင်ဘာ ၁ ရက်(ယနေ့)တွင် ဆက်လက် ဆွေးနွေး မည် ဖြစ်ပါသည်။
''ဘုံသဘောထားကို ရေးဆွဲပြီးတော့ မနက်ကိုးနာရီမှာ တင်ပြဖို့ ကြိုးစားမယ်။ အဲဒါကို ဒီကခေါင်းဆောင်တွေက အားလုံးပြန်စဉ်းစားပြီးတော့ သူတို့တင်ပြမှာပေါ့။ ဆုံးဖြတ်ချက်ကို သူတို့ချမှတ်မှာ ဖြစ်ပါတယ်'' ဟု ဒုတိယနေ့ ဆွေးနွေးမှု အပြီးတွင် ဒေါက်တာ ဆလိုင်းလျန်မှုန်း က ပြောကြားခဲ့သည်။
ဘုံသဘောထားအပေါ် ခေါင်းဆောင်များ၏ ဆွေးနွေးမှု ရလဒ်မှာလည်း အကောင်းဆုံး ဖြစ် မည်ဟု မျှော်လင့်ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။
ထိုကဲ့သို့ ဘုံသဘောထား ရေးဆွဲခြင်းကို KNU နှင့် RCSS တို့အပြင် ကျန်ရှိသော အဖွဲ့အားလုံးက လက်ခံကြောင်း ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ဆက်လက် ပြောကြားခဲ့သည်။


Eleven Media Group

No comments:

Post a Comment