Saturday, 20 April 2013

Texas ပေါက်ကွဲမှု အလောင်းတွေ ထပ်တွေ့

Photo: Texas ပေါက်ကွဲမှု အလောင်းတွေ ထပ်တွေ့

Saturday,April20,2013



အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာ ဗုဒ္ဓဟူးနေ့ကဖြစ်ခဲ့တဲ့ ဓာတ်မြေသြဇာ စက်ရုံပေါက်ကွဲမှုဟာ တကယ့်ကို အိပ်မက်ဆိုးကြီး မက်သလိုပဲလို့ တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး Rick Perry က ပြောလိုက်ပါတယ်။



ကယ်ဆယ်ရေးလုပ်သားတွေက ပေါက်ကွဲမှုကြောင့်ဖြစ်ခဲ့တဲ့ အပျက်အစီးတွေ ကြားမှာ အသက်ရှင် ကျန်ရစ်မယ့်သူတွေကို ဆက်လက် ရှာဖွေနေပါတယ်။ ဒီပေါက်ကွဲမှုကြောင့် West ဆိုတဲ့မြို့ အိမ်တွေ နဲ့ စီးပွားရေးလုပ်ငန်းတွေ အတော် များများ ပြိုကျ ပျက်စီးသွားခဲ့ပါတယ်။



အပျက်အစီးတွေကြားမှာ ပိတ်မိနေတဲ့သူ ဘယ်လောက်ရှိမယ်ဆိုတာကတော့ အတိအကျမသိရသေးဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါပေမဲ့ ၁၅ ယောက်လောက် အထိ သေဆုံးနိုင်ပြီး ဒဏ်ရာရသူဟာ ၁၆၀ ကျော် သွားပြီဖြစ်သလို အတော်များများလည်း ပျောက်ဆုံးနေတုန်းပဲ ဖြစ်ပါတယ်။



ကယ်ဆယ်ရေးလုပ်သားတွေဟာ တအိမ်ပြီးတအိမ် လိုက်လံရှာဖွေပြီးတော့ ကယ်ဆယ်တာတွေလုပ်နေတယ်လို့ ရဲအာဏာပိုင်တွေက ပြောပါတယ်။ ၅ ဘလောက် ပတ်ဝန်းကျင်အတွင်းမှာရှိတဲ့ အိမ်ခြေ ၈၀ လောက်ဟာ အတော်လေး ကို ထိခိုက်သွားတာ ဒါမှမဟုတ် လုံးဝ ပျက်စီးသွားခဲ့ပါတယ်။ ဒီပေါက်ကွဲမှုကြောင့် ထိခိုက် သေဆုံးခဲ့ရသူတွေနဲ့ဆိုင်တဲ့ သတင်းတွေ အတော်များများဟာ အတိအကျပြောဖို့ စောလွန်းနေသေးတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ပယ်ရီက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။



West မြို့ကို အမေရိကန်ဗဟိုအစိုးရရဲ့ အရေးပေါ်ပြဿနာဖြေရှင်းရေး အကူ အညီပေးသွားမှာဖြစ်တယ်လို့ သမ္မတအိုဘားမားက အလျှင်အမြန်ပြောကြား ခဲ့တယ်လို့ မစ္စတာ ပယ်ရီက ပြောပါတယ်။



 အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာ ဗုဒ္ဓဟူးနေ့ကဖြစ်ခဲ့တဲ့ ဓာတ်မြေသြဇာ စက်ရုံပေါက်ကွဲမှုဟာ တကယ့်ကို အိပ်မက်ဆိုးကြီး မက်သလိုပဲလို့ တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး Rick Perry က ပြောလိုက်ပါတယ်။ ကယ်ဆယ်ရေးလုပ်သားတွေက ပေါက်ကွဲမှုကြောင့်ဖြစ်ခဲ့တဲ့ အပျက်အစီးတွေ ကြားမှာ အသက်ရှင် ကျန်ရစ်မယ့်သူတွေကို ဆက်လက် ရှာဖွေနေပါတယ်။ ဒီပေါက်ကွဲမှုကြောင့် West ဆိုတဲ့မြို့ အိမ်တွေ နဲ့ စီးပွားရေးလုပ်ငန်းတွေ အတော် များများ ပြိုကျ ပျက်စီးသွားခဲ့ပါတယ်။ အပျက်အစီးတွေကြားမှာ ပိတ်မိနေတဲ့သူ ဘယ်လောက်ရှိမယ်ဆိုတာကတော့ အတိအကျမသိရသေးဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါပေမဲ့ ၁၅ ယောက်လောက် အထိ သေဆုံးနိုင်ပြီး ဒဏ်ရာရသူဟာ ၁၆၀ ကျော် သွားပြီဖြစ်သလို အတော်များများလည်း ပျောက်ဆုံးနေတုန်းပဲ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးလုပ်သားတွေဟာ တအိမ်ပြီးတအိမ် လိုက်လံရှာဖွေပြီးတော့ ကယ်ဆယ်တာတွေလုပ်နေတယ်လို့ ရဲအာဏာပိုင်တွေက ပြောပါတယ်။ ၅ ဘလောက် ပတ်ဝန်းကျင်အတွင်းမှာရှိတဲ့ အိမ်ခြေ ၈၀ လောက်ဟာ အတော်လေး ကို ထိခိုက်သွားတာ ဒါမှမဟုတ် လုံးဝ ပျက်စီးသွားခဲ့ပါတယ်။ ဒီပေါက်ကွဲမှုကြောင့် ထိခိုက် သေဆုံးခဲ့ရသူတွေနဲ့ဆိုင်တဲ့ သတင်းတွေ အတော်များများဟာ အတိအကျပြောဖို့ စောလွန်းနေသေးတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ပယ်ရီက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ West မြို့ကို အမေရိကန်ဗဟိုအစိုးရရဲ့ အရေးပေါ်ပြဿနာဖြေရှင်းရေး အကူ အညီပေးသွားမှာဖြစ်တယ်လို့ သမ္မတအိုဘားမားက အလျှင်အမြန်ပြောကြား ခဲ့တယ်လို့ မစ္စတာ ပယ်ရီက ပြောပါတယ်။ VOA

VOA

Photo: Texas ပေါက်ကွဲမှု အလောင်းတွေ ထပ်တွေ့ Saturday,April20,2013
အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာ ဗုဒ္ဓဟူးနေ့ကဖြစ်ခဲ့တဲ့ ဓာတ်မြေသြဇာ စက်ရုံပေါက်ကွဲ မှုဟာ တကယ့်ကို အိပ်မက် ဆိုးကြီး မက်သလိုပဲလို့ တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး Rick Perry က ပြောလိုက...်ပါတယ်။

Boston ဗုံးခွဲသူကို ဖမ်းမိပြီ


Photo: Boston ဗုံးခွဲသူကို ဖမ်းမိပြီ
Saturday,April20,2013

ဘော့စ်တွန်မာရသွန်ပြေးပွဲမှာ Peessure cooker ကိုအသုံးပြုပြီး ဗုံးခွဲတိုက်ခိုက်ခဲ့သူ အသက် (၁၉) နှစ်အရွယ် Dzhokhar Tsarnaevဘော့စ်တွန်မာရသွန်ပြေးပွဲမှာ Peessure cooker ကိုအသုံးပြုပြီး ဗုံးခွဲတိုက်ခိုက်ခဲ့သူ အသက် (၁၉) နှစ်အ ရွယ် Dzhokhar Tsarnaev
Boston ဗုံးခွဲသူအဖြစ် သံသယရှိသူ ဒုတိယတယောက်ကို လုံခြုံရေး အာဏာပိုင်တွေက တနေ့လုံး ပိုက်စိပ်တိုက် လိုက်လံရှာဖွေ ခဲ့ပြီးနောက် သောကြာနေ့ ညပိုင်းမှာ အရှင်ဖမ်းမိသွားပါပြီ။

Boston မြို့ Watertown ရပ်ကွက်ထဲက အိမ်တအိမ်ရဲ့ခြံထဲမှာထားတဲ့ မော်တော် ဘုတ်ပေါ်မှာ အသက် ၁၉ နှစ်အရွယ် Dzhokhar Tsarnaev ကို ရဲတွေက ဖမ်းမိသွားတာဖြစ်ပါတယ်။

သူမှာ ဒဏ်ရရထားသလားဆိုတာကိုတော့ အခုအချိန်မှာ တိတိကျကျ မသိရသေးပါဘူး။ သူ့ရဲ့အကို Tamerlan ကတော့ ကြာသပတေးနေ့ညပိုင်းက ရဲတွေနဲ့ အပြန်အလှန်ပြစ်ခတ်မှုအတွင်းမှာ သေဆုံးသွားခဲ့ပါတယ်။ 
Dzhokhar A. Tsarnaev Cambridge Rindge နဲ့ Latin အထက်တန်းကျောင်း အောင်စဉ်။
Dzhokhar A. Tsarnaev Cambridge Rindge နဲ့ Latin အထက်တန်းကျောင်း အောင်စဉ်။
VOA
ဘော့စ်တွန်မာရသွန်ပြေးပွဲမှာ Peessure cooker ကိုအသုံးပြုပြီး ဗုံးခွဲတိုက်ခိုက်ခဲ့သူ အသက် (၁၉) နှစ်အရွယ် Dzhokhar Tsarnaevဘော့စ်တွန်မာရသွန်ပြေးပွဲမှာ Peessure cooker ကိုအသုံးပြုပြီး ဗုံးခွဲတိုက်ခိုက်ခဲ့သူ အသက် (၁၉) နှစ်အ ရွယ် Dzhokhar Tsarnaev Boston ဗုံးခွဲသူအဖြစ် သံသယရှိသူ ဒုတိယ တယောက်ကို လုံခြုံရေး အာဏာပိုင်တွေက တနေ့လုံး ပိုက်စိပ်တိုက် လိုက်လံရှာဖွေ ခဲ့ပြီးနောက် သောကြာနေ့ ညပိုင်းမှာ အရှင်ဖမ်းမိသွားပါပြီ။

ရန်ကုန် ဆီဒိုးနားဟိုတယ်ဝင်းအတွင်း အမေရိကန်ဒေါ်လာ သန်း ၈၀ ထပ်မံမြှုပ်နှံကာ ဟိုတယ်သစ် ထပ်မံတည်ဆောက်မည်

w1-11-4-7
ရန်ကုန်မြို့ရှိ ဆီဒိုနားဟိုတယ်ဝင်းအတွင်း အမေရိကန်ဒေါ်လာ သန်း ၈၀ ထပ်မံမြှုပ်နှံ လုပ်ကိုင် မည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်များအရ သိရသည်။
၂၀၁၃ ခုနှစ် ဧပြီလ ၅ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ၏ ၁၂/၂၀၁၃ ကြိမ်မြောက် အစည်းအဝေးတွင် Straits Green-field  Limited (Sedona Hotel Yangon) အား နိုင်ငံတကာအဆင့်မီ ဟိုတယ်နှင့် Service Residenceများပါဝင်သော စီမံကိန်းအဆင့်(၂) လုပ်ငန်း များ လုပ်ကိုင်ခွင့်ကို ခွင့်ပြုပေးခဲ့သည်ဟု သိရှိရသည်။

Friday, 19 April 2013

ဂျပန်တွင် ကမ္ဘာ့အမြန်ဆုံး အင်တာနက်လိုင်း ရပြီ

ဂျပန်တွင် ကမ္ဘာ့အမြန်ဆုံး အင်တာနက်လိုင်း ရပြီ
Friday, April 19, 2013

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ အပြင် အခြား ပြည်နယ် ၆ ခုမှ Google ဖိုက်ဘာ အင်တာနက်လိုင်းထက် ၂ ဆမြန်တဲ့ အင်တာနက် ဆက်သွယ်ရေး စနစ်ကို ဂျပန်မှာ တပ်ဆင်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

Service Provider တော့ Sony ရဲ့  ကုမ္မဏီခွဲဖြစ်တဲ့ So-net က ဖြစ်ပါတယ်။ ဒီတော့ ကမ္ဘာ့အမြန်ဆုံး အင်တာနက်လိုင်းပါပဲ။ 2Gbps downloads, 1Gbps uploads ဆိုတော့ Google က လက်ရှိ အမေရိကန်မှာ ပေးတဲ့ Gigabyte ထက်၂ဆ တောင် သာပါတယ်။

ဈေးကလည်း သက်သာပါတယ်။ တစ်လလုံး သုံးမှ ၅၁ ဒေါ်လာပဲ ကုန်ကျတဲ့အတွက် မြန်မာငွေနဲ့ တွက်ရင် ၄သောင်းခွဲ ဝန်းကျင် လောက်ပါပဲ။ ကနဦးတပ်ဆင်ခ ကတော့ ၅၃၇ ဒေါ်လာ ဖြစ်ပြီး ၂ နှစ်စာချုပ်နဲ့ install ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်။ ဒီတော့ တွက်ကြည့် လိုက်ရင် ထူးထူးခြားခြား ဈေးကြီးသွားခြင်း မရှိပါဘူး။

ဂျပန်နိုင်ငံမှ အင်တာနက်လိုင်းအခြေပြု စီးပွားရေး လုပ်ငန်းများ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်နဲ့ ပြုလုပ်ပေးခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတော့ တစ်ယောက်တည်း 2GBs သုံးရုံတင်မက နောက်ထပ်ပါ လိုင်းထပ်ခွဲ သုံးတာတောင် HD movie ကို စက္ကန့်ပိုင်းအတွင်း ဒေါင်းနိုင်တဲ့ ကော်နက်ရှင် ဖြစ်ပါတယ်။

ဒါကြောင့် So-net ဟာ Google ကိုကျော်လွန်လို့ ကမ္ဘာ့အမြန်ဆုံး အင်တာနက်လိုင်း ထောက်ပံ့တဲ့ service provider အဖြစ် စံချိန် တင်စေခဲ့ကြောင်း သိရပါတယ်။
-
Ref: The Verge
Aung Kham (TSJ team)
TechSpace Journal

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ အပြင် အခြား ပြည်နယ် ၆ ခုမှ Google ဖိုက်ဘာ အင်တာနက်လိုင်းထက် ၂ ဆမြန်တဲ့ အင်တာနက် ဆက်သွယ်ရေး စနစ်ကို ဂျပန်မှာ တပ်ဆင်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

ခရီးကြမ်းမှာ လိုက်ပါနိုင်မယ့် ခေါက်ရိုးကျိုး ပြိုင်စက်ဘီး


ခရီးကြမ်းမှာ လိုက်ပါနိုင်မယ့် ခေါက်ရိုးကျိုး ပြိုင်စက်ဘီး
Friday, April 19, 2013

Mountain Monk ခေါ် Bergmonch လို့ ဂျာမန်လို အမည်ရတဲ့ စက်ဘီး က လိုချင်စရာပါပဲ။

ပုံမှာ မြင်တွေ့ရသလို ခရီးကြမ်းတိုင်းမှာ အတူလိုက်ပါလာနိုင်မှာ ဖြစ် ပါတယ်။ ကျောမှာ လွယ်ထားလို့ လေးမယ်လို့ မထင်ပါနဲ့။ ကာဘွန် ဖိုက်ဘာ၊ အလူမီနီယံ တို့လို ကမ္ဘာ့အပေါ့ပါး အသန်မာဆုံး သတ္တုများကို အသုံးပြုထားပြီး အကြမ်းလည်းခံ၊ မြန်မြန်လည်းသွား တဲ့ ပြိုင်စက် ဘီး ဖြစ်ပါတယ်။

တောင်တက်၊ တောင်ဆင်း၊ ကုန်းမြေ၊ နိမ့်မြင့် ကိုယ်နင်းရင် နင်းနိုင်သလောက် ခရီးရောက် မှာ ဖြစ်ပြီး ယင်းစက်ဘီးကို တောင်တက် သမား၊ တော ခရီးသွား စက်ဘီး ခရေဇီများအတွက် ထုတ်လုပ် ထားခြင်း ဖြစ်ကြောင်း သိရပါတယ်။
--
Techblog
Aung Kham (Stuff Myanmar)

Stuff Myanmar Magazine

Mountain Monk ခေါ် Bergmonch လို့ ဂျာမန်လို အမည်ရတဲ့ စက်ဘီး က လိုချင်စရာပါပဲ။

ပြည့်တန်ဆာတွေကို အကာအကွယ်ပေးဖို့ ဥပဒေပြင်ရမယ်


Photo: ပြည့်တန်ဆာတွေကို အကာအကွယ်ပေးဖို့ ဥပဒေပြင်ရမယ်
Friday, April 19, 2013

မြန်မာပြည်မှာ ပြည့်တန်ဆာ အများအပြား ရှိပါတယ်။ သို့သော်လည်း လက်ရှိဥပဒေတွေအရ ပြည့်တန်ဆာတွေဟာ တရားဝင် ရပ်တည် လုပ်ကိုင်ခွင့် မရှိပါဘူး။ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ကြောင်း စစ်ဆေးတွေ့ရှိရင် ထောင်ကျနိုင်တဲ့အလုပ်ပါ။
သူတို့က ထောင်ကျ မခံနိုင်ပါဘူး။
ဒါကြောင့် ပြဿနာ တက်လာရင် ငွေကြေးပေးပြီး ဖြေရှင်းရတဲ့ နည်းလမ်းကိုလည်း သုံးရတဲ့အတွက် သူတို့ရှာသမျှဟာ ဥပဒေစိုးမိုးရေးအရာရှိကို လုပ်ကျွေးဖို့ ဖြစ်နေတယ်လို့ ဆိုတဲ့အသံလည်း ကြားရမှာပါ။

မြန်မာပြည်မှာ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင် ခွင့်ပြုသင့်ပါသလား၊ သို့မဟုတ် ပြည့်တန်ဆာဆိုင်ရာ ဥပဒေကို ပြင်ဆင်သင့်ပါသလား။
ဒီမေးခွန်းများနဲ့ ပတ်သက်ပြီး နိုင်ငံရေးသမားတချို့ ဖြေကြားထားချက်တွေကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။
(ပြီးခဲ့တဲ့နှစ်က ပြုလုပ်ခဲ့တဲ့ ဆက်သွယ်မေးမြန်းချက်များထဲက ကောက်နုတ်ဖော်ပြလိုက်တာပါ။
လက်ရှိ ဥပဒေက ပြည့်တန်ဆာတွေအတွက် တဘက်သတ် ဖြစ်နေတယ်၊ ဒီဥပဒေကြောင့် သူတို့တွေ ခေါင်းပုံဖြတ်ခံနေရတယ် စသဖြင့် သုံးသပ်ထားကြတာတွေ တွေ့ရမှာ ဖြစ်ပါတယ်။)

တဘက်က မြန်မာ့ရိုးရာယဉ်ကျေးမှု ရှိမယ်၊ တဘက်ကလည်း နစ်နာဆုံးရှုံးရတဲ့ ပြည့်တန်ဆာလုပ်သားတွေ  ရှိမယ်။
အရေးကြီးတာက လူ့အခွင့်အရေး ဆိုတာကို ပြည့်ပြည့်၀၀  အကောင်အထည် ဖော်နိုင်ရင် ဒီကိစ္စတွေက အလိုလို အဆင်ပြေသွားမယ်လို့ မျှော်လင့်ပါတယ်။
စိုင်းသူရိန်ဦး
 ပြည်နယ်လွှတ်တော်အမတ်
နမ့်ဆန်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂

(ပြည့်တန်ဆာလုပ်ငန်းကို ဥပဒေပြဋ္ဌာန်းပြီး လုပ်ကိုင်ခွင့် ပြုတဲ့အခါ) ဥပဒေဘောင်ထဲက လုပ်ရင် ရောဂါတို့၊ ကူးစက်မှုတို့  သက်သာမယ်၊ သူတို့လည်း ပိုက်ဆံများများ ရမယ်။ သူတို့က ဆင်းရဲလို့ လုပ်စားတာ၊ ဒီဘ၀ ကျရောက်တာပေါ့။

(ဥပဒေအရ ခွင့်ပြုလိုက်ရင်  အားသာချက်တွေက)     ကျန်းမာရေးမှာလည်း ကောင်းတယ်။ သူတို့ကို သက်ဆိုင်ရာက စစ်ဆေးလို့ ရတာပေါ့။
နောက်တချက်က သူတို့ လုပ်အားခကို အပြည့်အ၀ ရမယ်။
အခုက မတော်မတရားခေါင်းပုံဖြတ်တာ၊ အဲဒီ ခေါင်းကဖြတ်တာတမျိုး၊ တည်းခိုရိပ်သာတို့ဘာတို့က ဖြတ်တာတမျိုး၊ သူတို့ တကယ့် ငွေကို သူတို့ မရဘူး။ 
သူတို့ လုံခြုံမှုလည်း မရှိဘူး။

(ဥပဒေအရ ခွင့်ပြုလိုက်ရင် အားနည်းချက်တွေက) သိပ်မရှိနိုင်ဘူး။ ဥပဒေမပြုမှ သူတို့ မတော်မတရားတွေ ခံနေရတာ၊ ရာဇ၀တ်မှုတွေ ဖြစ်နေတာ ရှိတယ်။

ဦးခင်မောင်လတ် အမျိုးသားလွှတ်တော်အမတ်
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)


ပြည့်တန်ဆာဥပဒေနဲ့ ပတ်သက်ပြီး သိပ်တော့ မှတ်ချက် မပေးလိုဘူး။ ဘာလို့လဲ ဆိုတော့ နိုင်ငံတော်ကလည်း ပြင်ဆင်ဖို့ အစီအစဉ် ရှိတယ်။
ပြည့်တန်ဆာဥပဒေနဲ့ ပတ်သက်ပြီး ကျနော် သိပ်မကျွမ်းဘူး။
ဦးဒီထွန်းလင်း
ကရင်ပြည်သူ့ပါတီ (KPP) ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်

ဥပဒေပညာရှင်တွေ သုံးသပ်ဖို့ လိုသလို၊ နိုင်ငံတကာမှာ ထုံးတမ်းစဉ်လာတွေ ရှိပါတယ်။
 အမျိုးသမီးတွေအတွက်က သူတို့အတွက် အကာအကွယ်ကတော့ ရှိသင့်ပါတယ်၊ တဖက်သတ်ကြီးလိုဖြစ်နေတာပေါ့နော်။
ဦးသက်ထွန်းမောင်
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်


အခွင့်အရေးချိုးဖောက်ခံနေကြရသူများအတွက် ဥပဒေကို ပြင်ဆင်ဖို့ လိုအပ်နေပြီလို့ ပြောသူက ပြောနေပါပြီ။
ဘယ်အတိုင်းအတာအထိ ပြင်ဆင်မလဲ ဆိုတာကိုတော့ လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ် အတည်ပြုပြီးမှ သိရမှာဖြစ်ပါတယ်။

irrawaddy blog
မြန်မာပြည်မှာ ပြည့်တန်ဆာအများအပြားရှိပါတယ်။ သို့သော်လည်း လက်ရှိဥပဒေတွေအရ ပြည့် တန်ဆာတွေဟာ တရားဝင်ရပ်တည်လုပ်ကိုင်ခွင့် မရှိပါဘူး။ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ကြောင်း စစ်ဆေးတွေ့ရှိရင် ထောင်ကျနိုင်တဲ့အလုပ်ပါ။

တိုင်းမ်မဂ္ဂဇင်း အွန်လိုင်းမဲ မြန်မာတွေ အင်တိုက်အားတိုက် မဲပေး

တိုင်းမ်မဂ္ဂဇင်း အွန်လိုင်းမဲ မြန်မာတွေ အင်တိုက်အားတိုက် မဲပေး
Friday, April 19, 2013

အင်တာနက် သုံးစွဲမှု တစ်ရာခိုင်နှုန်းနှင့် လူဦးရေ နှစ်သိန်းခန့်သာ အင်တာနက် အသုံးပြုနိုင်သေးသော မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြု၍ မဲပေးရသော ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်း ၏ ၂ဝ၁၃ခုနှစ် သြဇာကတ္တိမအရှိဆုံး အွန်လိုင်းမဲ ကောက်ယူမှုတွင် တိုင်းမ် မဂ္ဂဇင်းမှ ရွေးချယ်ထားသော စကာတင် အယောက် ၁၀၀ ထဲမှ နောက်ဆုံးအဆင့် အမေရိကန်ပေါ့ပ်အဆိုကျော် လေဒီဂါဂါနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို မဲပေးခိုင်းခဲ့ရာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်က အနိုင်ရခဲ့သည်။

အင်တာနက် စာမျက်နှာပေါ်ကတဆင့် အကြိမ်အရေအတွက် ကန့်သတ်မထားဘဲ မဲပေးခွင့်ကို TIME မဂ္ဂဇင်းက ခွင့်ပြုထားသောကြောင့် ပြည်တွင်းမှ မြန်မာများနှင့် နိုင်ငံတကာရောက် မြန်မာများသည် ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိရန် ကွန်ပျူတာကို အချက်ပေါင်းများစွာ နှိပ်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မဲပေးမှု စုစုပေါင်း၏ ၆၁% မဲ ရရှိခဲ့ပြီး TIME မဂ္ဂဇင်း၏ The Most Influential People of the Past 10 Years တွင် WINNER အဖြစ် သတ်မှတ်ခံလိုက်ရသည်။

Twitter စာမျက်နှာတွင် Follower ၃၅သန်းကျော်ရှိသော ကမ္ဘာကျော်ပေါ့ပ်အဆိုတော် လေဒီဂါဂါမှာ မဲစုစုပေါင်း၏ ၃၉% သာ ရရှိခဲ့ပြီး မြန်မာနှင့် နိုင်ငံတကာမှ မြန်မာများက ဧပြီ ၁၆ ရက်နဲ့ ၁၇ ရက် နှစ်ရက်စလုံးတွင် “မျိုးချစ်စိတ်”၊ “မခံချင်စိတ်”များ၊ လေဒီဂါဂါကို ရှုံးမည်ကို “စိုးရိမ်”စိတ်များဖြင့် မဲအသည်းအသန်ပေးခဲ့ကြောင်း ဧရာဝတီ သတင်းဋ္ဌာန၏
ဆက်သွယ်မေးမြန်းချက်များတွင် မဲပေးသူတို့က ဆိုသည်။

”ပြိုင်ပွဲကလည်း ဘယ်လောက်နှိပ်နှိပ်ရတယ်ဆိုပြီး ခွင့်ပြုထားတော့ ကျနော်တို့လုပ်နိုင်တာက ကွန်ပျုတာ မောက်စ်လေးကို အဆက်မပြတ်နှိပ်ကြရုံပဲ။ အဲဒီလို မလုပ်လို့ မရတော့ဘူး။ လေဒီဂါဂါမှာ အွန်လိုင်းမန်ဘာ သန်းနဲ့ချီတယ်။ တယောက်တချက်နှိပ်ရုံနဲ့ သာနိုင်တယ်။ ကျနော်တို့ဆီမှာ အွန်လိုင်းသုံးသူ နိုင်ငံတွင်း နှစ်သိန်းကျော်ပဲရှိတာ”ဟု အွန်လိုင်းပုံမှန် သုံးစွဲသူ
ဥက္ကာကိုကိုက ပြောသည်။ ”နည်းပါတယ်။ ကျနော် အချက် သုံးဆယ်ကျော်လောက်ပဲ နှိပ်ခဲ့တယ်”ဟု သူက ဆိုသည်။

ပြန်ကြားရေးဝန်ကြီးဋ္ဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို Vote လုပ်ခဲ့ကြောင်း ၄င်း၏ facebook စာမျက်နှာတွင် ဖော်ပြထားသည်။

ကွန်ပျူတာ စခရင်ကို အချိန်ပြည့်ဖွင့်၍ နာရီပေါင်းများစွာနှိပ်ခဲ့ရခြင်းမှာ ကမ္ဘာပေါ်တွင် နိုင်ငံသစ်တစ်ခုဆီသို့ မျှော်လင့်ချက်အပြည့်နှင့် ပြုပြင်ပြောင်းလဲနေသည်ကို ကမ္ဘာသိအောင် ပြုလုပ်လိုက်ခြင်း ဖြစ်ကြောင်း အသက် ၂၆ နှစ်အရွယ် ကွန်ပျူတာဘွဲ့ရ ကိုဖြိုးက ပြောသည်။ ”တချိန်က ဒေါ်စု ဆန့်ကျင်ဖက် ဒုဝန်ကြီးတယောက်ကတောင် အမကြီး
ဒေါ်အောင်ဆန်းစုကြည်ကို မဲ ပေးတယ်လို့ တရားဝင် ပြောနေတာပဲ” ဟုလည်း ပြောသည်။

လူထု၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုဟု ရန်ကုန်မြို့ နေ အသက် ၂၇ နှစ်အရွယ် ကိုဟန်ထက်ကလည်း ပြောသည်။ ”နှစ်ခါပဲပေးခဲ့တယ်။ ခဏခဏပေးရမှာလည်း မလုံဘူး။ရလဒ်ထွက်လာတော့ ကျေနပ်တယ်။ အန်တီက လေဒီဂါဂါနဲ့တော့ နှိုင်းယှဉ်စရာလားဗျာ။ ဒါပေမဲ့ မဲပေးမှ ရမယ်ဆိုလို့ပေးရတာ”ဟုလည်း ဆိုသည်။

”Vote ခဲ့ပါတယ်။ အမှန်အတိုင်းဖြေရရင် ရေဗူးကို ဘေးမှာ ချတယ်။ ဆာရင် ပေါင်မုန့် စားတယ်။ မထတမ်း Vote ခဲ့တာပါ။ အိပ်လည်း မအိပ်ခဲ့ပါဘူး။ အမေစုကို အရမ်းချစ်ပါတယ်။မြန်မာမလေးဖြစ်ရတာ ဂုဏ်ယူလို့ပါ။ မြန်မာဆိုတာ ကမ္ဘာက သိစေချင်တယ်။ ကောင်းတဲ့ဖက်က သိစေချင်တာပါ”ဟု အသက် ၂၁ အရွယ် ကျောင်းသူ ဆုမြတ်နိုးရတနာကလည်း ပြောသည်။

မဲပေးရာတွင် Voting System ကို သဘောကြကြောင်း၊ ကိုယ်ကြိုက်သောသူကို vote ခွင့် ရရှိလာခဲ့ခြင်းသည် အိပ်မက်တခုဖြစ်ခဲ့ပြီး ယခုအချိန်တွင် အိပ်မက်များ အကောင်အထည် ပေါ်လာခဲ့သောကြောင့် ကျေနပ်ကြောင်း ဆုမြတ်နိုးရတနာက ပြောသည်။ ”အကြိမ်ပေါင်းများစွာ တယောက်ထဲကို vote နေပေမယ့် တခါ click တိုင်းမှာ လက်ကလေးနဲ့တင်မဟုတ်ပဲ စိတ်ရော နှလုံးသားနဲ့ရော vote တာပါ။ တခါ click တိုင်း အမေစုကို ချစ်တဲ့စိတ်နဲ့ vote လိုက်တာပါ။ ငါမြန်မာ။ အမေစု မြန်မာ။ မြန်မာကို ကမ္ဘာက သိရမယ်ဆိုတဲ့ ပြင်းပြတဲ့ နိုင်ချင်စိတ်နဲ့ vote ပါတယ်” ဟုလည်း သူက ဆိုသေးသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အခါ ၂၀ ခန့် ခလုပ်နှိပ်၍ မဲပေးခဲ့ကြောင်း လူငယ် ဘလော့ဂါ ကိုနေဘုန်းလတ်ကလည်း ပြောသည်။ ”ကလစ်ကို အချက်ပေါင်းများစွာ နှိပ်ခဲ့ရတာက သူပေးထားတဲ့ အခွင့်အရေးကို ယူတာ။ တမင်ညစ်တာလည်း မဟုတ်ဘူး။ ကိုယ့်အခွင့်အရေးကို ကိုယ်အသုံးချတာ၊ ပြသနာ မရှိဘူး။ ဒါပေမယ့် တဘက်ကိုတော့ နှိမ့်ချတာ မလုပ်သင့်ဘူး။ လေဒီဂါဂါကို သွားပုတ်ခတ်တာ တွေ့ရတယ်။ ကိုယ်ခေါင်းဆောင်ကို ချစ်လို့ ရတယ်။ သူများကိုတော့ မပုတ်ခတ်သင့်ဘူး”ဟု ကိုနေဘုန်းလတ်က ပြောသည်။

အွန်လိုင်း vote ကို ဒေါ်အောင်ဆန်းစုကြည် မတိုင်မီ Miss International ဆုရရှိခဲ့သူ နန်းခင်ဇေယျာသည်လည်း မြန်မာပရိသတ်ထံမှ ရခဲ့ဖူးသည်။

”vote ခဲ့ပါတယ်။ အကြိမ် ကန့်သတ်မထားလို့  ဘယ်နှစ်ခါ Vote လုပ်လုပ်။ တရားပါတယ်။ လူချစ်လူခင်များမှုကို ယှဉ်တယ်လို့ ထင်ပါတယ်။ သူငယ်ချင်း ဂျပန်တွေလဲ vote ကြပါတယ်။
သူတို့ နိုင်ငံ အထူးဧည့်သည်မို့ပါ’ ‘ဟု ဂျပန်နိုင်ငံတွင် ကျောင်းတက်နေသူ အသက်၂၄ နှစ် အရွယ် မမြရည်ထွေးကလည်း ပြောသည်။

အသက် ၂၅ အရွယ်ရှိ လက်ထောက်ဆရာဝန် ဒေါက်တာမြတ်ကျော်ကျော်ကလည်း အင်တာနက်သုံးနိုင်သူချင်း ယှဉ်ပြီး တခါသာ vote လုပ်ရမည်ဆိုပါက မြန်မာပြည်သူတစ်ဦးအနေဖြင့် စိတ်အားငယ်မိသော်လည်း အကြိမ်ကြိမ် အခါခါမဲပေးခွင့် ရသည့်အတွက် ကိုယ့်ခေါင်းဆောင်ကို အထပ်ထပ်အခါခါ မဲပေးပြီး လေးစားမှုကို ပြသခဲ့ကြောင်း ပြောသည်။

အကြိမ်ကြိမ် မဲပေးရခြင်းကို မကြိုက်ဘဲ လူတယောက်ကို ခိုင်ခိုင်မာမာနှင့် တစ်မဲကို တစ်ကြိမ်သာ မဲပေးခွင့်ကို သဘောကျကြောင်း၊ သို့သော် ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိမှုကို ၀မ်းသာကြောင်း စင်ကာပူနိုင်ငံတွင် MBA တက်နေသူ မအိမွန်မွန်ဦးက ပြောသည်။

Vote လုပ်ခြင်းကို ထပ်ခါတလဲလဲခွင့်ပြုထားခြင်းမှာ Time မဂ္ဂဇင်း မူဝါဒပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကို IP (Internet Protocol) တခုတည်းသာ သတ်မှတ်မဲပေးခွင့်ပြုမည်ဆိုပါက မြန်မာနိုင်ငံတွင် Global Protocol မရှိသောကြောင့် တရားမျှတမှု မရှိနိုင်ကြောင်း မန္တလေးမြို့မှ ကွန်ပျူတာ ပညာရှင် ဦးရဲမြတ်သူက ပြောသည်။ ”တဖက်က စဉ်းစားရင်တော့ လူဘယ်နှစ်ယောက်က ပေးလဲဆိုတဲ့ဟာက ပို အရသာ ရှိတယ်။ လူတယောက်က တစ်သန်းနှိပ်လိုက်လို့ တစ်သန်း ဖြစ်တာနဲ့ လူတစ်သန်းက ပေးတဲ့အရသာနဲ့က တူမှ မတူတာကိုး” ဟု သူက မြင်သည်။

irrawaddy

အင်တာနက် သုံးစွဲမှုတစ်ရာခိုင်နှုန်းနှင့် လူဦးရေ နှစ်သိန်းခန့်သာ အင်တာနက် အသုံးပြုနိုင်သေးသော မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြု၍ မဲပေးရသော ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်း ၏ ၂ဝ၁၃ခုနှစ် သြဇာကတ္တိမအရှိဆုံး အွန်လိုင်းမဲ ကောက်ယူမှုတွင် တိုင်းမ် မဂ္ဂဇင်းမှ ရွေးချယ်ထားသော စကာတင် အယောက် ၁၀၀ ထဲမှ နောက်ဆုံးအဆင့် အမေရိကန်ပေါ့ပ် အဆိုကျော် လေဒီ ဂါဂါနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို မဲပေးခိုင်းခဲ့ရာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်က အနိုင်ရခဲ့သည်။

မွတ်ဆလင်များနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် တိုကျိုတွင် ဘာပြောခဲ့သလဲ


ရခိုင်ဒေသနှင့်မိထ္ထီလာ ဒေသတွင် ဖြစ်ပွားခဲ့သောပဋိပက္ခများနှင့်ပတ်သက်၍ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှ မွတ်ဆလင်များအတွက် အလွန်ဝမ်းနည်းကြောင်း ပြောဆိုခဲ့တယ်လို့ RFA

မူးနေတဲ့ယောင်္ကျားကို သတ်မိလိုက်တဲ့ ရန်ကင်းက ဆရာဝန်မလေး

၁၅-၄-၂၀၁၃ ရက်နေ့ ၀၈၃၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းကလေးဆေးရုံ ၀န်ထမ်းအိမ်ရာနေ ဆရာဝန်ဖြစ်သူ မထက်ထက်ဝင်း(၃၂)နှစ်သည် နေအိမ်တွင် အရက်မူးပြီး အိမ်အသုံး အဆောင်ပစ္စည်းများ

OIC ကိုယ်စားလှယ် လာရောက်ဆွေးနွေးမှာကို လက်မခံ


မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့ OIC ခေါ် အစ္စလာမ်ဘာသာဝင် နိုင်ငံများအဖွဲ့ချုပ်က လာရောက်ဆွေးနွေးလိုပါကြောင်း နိုင်ငံတော် သမ္မတရုံးကို အကြောင်းကြားထားတဲ့ကိစ္စကို မကွေးတိုင်းမြို့နယ် ၈ မြို့နယ်မှာရှိကြတဲ့ သံဃာတော်တွေက ကန့် ကွက်ကြောင်း သမ္မတရုံးကို စာပေးပို့လိုက်ပါတယ်။

ကိုထူးအိမ်သင်ရဲ့ သမီး ငါးဘာသာဂုဏ်ထူးရှင် မိကွန်ထောလေး


မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ရန်ကုန်) က (17.4.2013)နေ့မှာ သူမကို ပညာရည်ချွန်ဆု ချီးမြှင့်ခြင်းခံရပါတယ် ...

Patricia Lun Lun
ကိုထူးအိမ်သင်ရဲ့ သမီး ငါးဘာသာဂုဏ်ထူးရှင် မိကွန်ထောလေး ပေါ့ 

မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ရန်ကုန်) က (17.4.2013)နေ့မှာ သူမကို ပညာရည်ချွန်ဆု ချီးမြှင့်ခြင်းခံရပါတယ် ...

 Patricia Lun Lun

ကိုရီးယားအဆိုတော့ PSY ၏ Gentleman M/V အား တောင်ကိုရီးယား KBS ရုပ်သံလိုင်း ပိတ်ပင်

ကိုရီးယားအဆိုတော့ PSY ၏ Gentleman M/V အား တောင်ကိုရီးယား KBS ရုပ်သံလိုင်း ပိတ်ပင်

Friday, April 19,2013

တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံး ရုပ်သံလိုင်းတစ်ခုဖြစ်သည့် Korean Broadcasting Service (KBS) အနေဖြင့် ကမ္ဘာကျော် ကိုရီးယားအဆိုတော် PSY ၏ Music Video အသစ်ဖြစ်သည့် Gentleman အား ထုတ်လွှင့်ပြသခြင်းမှ ပိတ်ပင်ခဲ့သည်။ 

အကြောင်းမှာ PSY အနေဖြင့် အဆိုပါ M/V ထဲ၌ အများပိုင် ပစ္စည်းများအား ဖျက်ဆီးပြသည့် ရိုက်ကွက်များ ပါဝင်နေခြင်းကြောင့်ဟု ဆိုသည်။ ဥပမာအားဖြင့် ယာဉ်မရပ်ရဟု သတ်မှတ်ကန့်သတ်ထားသည့် ကတော့ချွန်များအား လမ်းလျှောက်ရင်း ကန်ကျောက်ခဲ့သည့် ရိုက်ကွက်မှာ အများပြည်သူအား ပြသရန် မသင့်တော်ဟု KBS မှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ 

Gentleman သည် ကမ္ဘာကျော် Gagnam Style M/V ၏ အဆက်အဖြစ် ပြီးခဲ့သည့် သတင်းပတ်အတွင်းက YouTube ပေါ်၌ စတင်ပြသခဲ့ပြီး တစ်ပတ်အတွင်း ကြည့်ရှုမှုအကြိမ်ပေါင်း ၁၃၉ သန်း ရှိခဲ့သည်။ 

အသက် ၃၉ နှစ်အရွယ် ကိုရီးယားအဆိုတော့ PSY ၏ Gangnam Style M/V သည် ကြည့်ရှုကြိမ်ပေါင်း ၁.၅ ဘီလီယံကျော်ဖြင့် YouTube ပေါ်တွင် သရဖူဆောင်းထားပြီး PSY အားလည်း YouTube ၏ ဘုရင်ဟု ကင်ပွန်းတပ်ထားကြသည်။

 Myanmar Consumer Guide

တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံး ရုပ်သံလိုင်းတစ်ခုဖြစ်သည့် Korean Broadcasting Service (KBS) အနေဖြင့် ကမ္ဘာကျော် ကိုရီးယားအဆိုတော် PSY ၏ Music Video အသစ်ဖြစ်သည့် Gentleman အား ထုတ်လွှင့်ပြသခြင်းမှ ပိတ်ပင်ခဲ့သည်။

Boston ဗုံးခွဲမှု သံသယရှိသူနှစ်ဦး ဓါတ်ပုံ ထုတ်ပြန်

Boston ဗုံးခွဲမှု သံသယရှိသူနှစ်ဦး ဓါတ်ပုံ ထုတ်ပြန်

Friday, April 19, 2013

အမေရိကန်ပြည်ထောင်စု Boston မြို့က မာရသွန်အပြေးပြိုင်ပွဲမှာ တနင်္လာနေ့က ဗုံးပေါက်ကွဲမှုနဲ့ပါတ်သက်ပြီး သံသယရှိသူ ၂ ယောက်ရဲ့ ဓါတ်ပုံတွေကို ဗဟိုအစိုးရ ထောက်လှမ်းရေးဗြူရို FBI က ထုတ်ပြန်လိုက်ပါတယ်၊ ရရှိတဲ့ ဓါတ်ပုံတွေ၊ Video ပုံတွေကို အသေးစိတ်လေ့ လာပြီးတဲ့နောက် မှာ ကျောပိုးအိတ်လွယ်ထားပြီး ဦးထုပ်ဆောင်ထားကြတဲ့ သူ ၂ ယောက်ရဲ့ ဓါတ်ပုံတွေကို FBI က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

သံသယရှိသူ ပထမတယောက်က ဦးထုပ် အမဲရောင်ကို ဆောင်းထားပြီး၊ ဒုတိယတယောက်က ဦးထုပ် အဖြူရောင်ကို ဆောင်းထားကြပါတယ်၊ စားသောက်ဆိုင်တခုရဲ့ အပြင်ဖက် ဒုတိယမြောက် ဗုံးပေါက်ကွဲခဲ့တဲ့နေရာမှာ ဦးထုပ်အဖြူရောင်ဆောင်းထားသူက ကျော်ပိုးအိတ်ကို ချထားခဲ့တယ်လို့ ဒီဗုံးကွဲမှုကို ဦးဆောင် စုံစမ်းနေတဲ့ FBI တာဝန်ရှိသူ Richard ဒီလိုဗီရေး DesLauriers ကပြောပါတယ်။ ဒီလူ ၂ ယောက်လုံးဟာ အင်မတန်မှ အန္တရာယ်ရှိပြီး လုံခြုံရေးအာဏာပိုင်တွေကလွဲလို့ သူတို့ကို မချဉ်းကပ်သင့်ဘူးလို့လဲ စုံစမ်းစစ်ဆေးမှုနဲ့ ပါတ်သက်တဲ့ ကြာသပတေးနေ့ သတင်းစာရှင်းပွဲမှာ FBI တာဝန်ရှိသူက ပြောပါတယ်။

ကြာသပတေးနေ့ အစောပိုင်းတုန်းကတော့ ဗုံးကွဲမှုမှာ သေဆုံး ဒဏ်ရာရသူတွေ အတွက်ပြုလုပ်တဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲကို သမ္မတ Barack Obama တက်ရောက်ခဲ့ပါတယ်၊ Boston မြို့ ဘုရားရှိခိုးကျောင်းတခုမှာ ပြုလုပ်တဲ့ ဆုတောင်းပွဲမှာ သမ္မတက တနိုင်ငံလုံး စည်းလုံးပြခြင်းဟာ အကောင်းဆုံး တုံ့ပြန်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်၊ ဆုတောင်းပွဲအပြီးမှာတော့ Boston ဆေးရုံမှာ ကုသခံနေသူတွေကို သမ္မတအိုဘားမား သွားရောက် အားပေးခဲ့ပါတယ်။

VOA

အမေရိကန်ပြည်ထောင်စု Boston မြို့က မာရသွန်အပြေးပြိုင်ပွဲမှာ တနင်္လာနေ့က ဗုံးပေါက်ကွဲမှုနဲ့ ပါတ်သက်ပြီး သံသယရှိသူ ၂ ယောက်ရဲ့ ဓါတ်ပုံတွေကို ဗဟိုအစိုးရ ထောက်လှမ်းရေးဗြူရို FBI က ထုတ်ပြန်လိုက်ပါတယ်၊ ရရှိတဲ့ ဓါတ်ပုံတွေ၊ Video ပုံတွေကို အသေးစိတ်လေ့ လာပြီးတဲ့နောက် မှာ ကျောပိုးအိတ်လွယ်ထားပြီး ဦးထုပ်ဆောင်ထားကြတဲ့ သူ ၂ ယောက်ရဲ့ ဓါတ်ပုံတွေကို FBI က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ခါးနာခြင်းကို သက်သာစေမည့် အချက် ခုနစ်ချက်

Photo: ခါးနာခြင်းကို သက်သာစေမည့် အချက် ခုနစ်ချက်

၁။ လေ့ကျင့်ခန်း ပြုလုပ်မှု မှန်ကန်ပါစေ

ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်တတ်သူတွေမှာ ခါးနာတဲ့ ပြဿနာဖြစ်ရတာဟာ လေ့ကျင့်မှုပုံစံ မမှန်တာကြောင့်ပါ။ နေ့စဉ် သွေးလည်ပတ်မှု ကောင်းစေတဲ့ လေ့ကျင့်ခန်း၊ သက်သောင့်သက်သာ ဖြစ်စေမယ့် လေ့ကျင့်ခန်း၊ အကြောဆန့် လေ့ကျင့်ခန်းတွေနဲ့ စွမ်းအားပြည့် လေ့ကျင့်ခန်းတွေကို ပုံမှန် လေ့ကျင့်ပေမယ့် ခါးနာနေတယ်ဆိုရင် သင့်လေ့ကျင့်မှုပုံစံ မှားယွင်းနေတာကြောင့်နဲ့ သင့်ခန္ဓာကိုယ်က လေ့ကျင့်မှုပုံစံကို နားမလည်တာကြောင့် ဖြစ်နိုင်ပါတယ်။

၂။ လှုပ်ရှားမှုပုံစံ မှန်ကန်ပါစေ

ထိုင်ခုံပေါ်မှာ ထိုင်ချိန်ပဲဖြစ်စေ၊ ကြမ်းပြင်ပေါ် ထိုင်ချိန်မှာပဲဖြစ်စေ ခါးနေရာကို ဆန့်ထားပြီး ရင်ဖွင့်ကာ ထိုင်ပါ။ ခါးကုန်းပြီး ထိုင်တတ်၊ လမ်းလျှောက်တတ်တဲ့ အကျင့်ကြောင့် သင့်ခါးကို နာကျင်မှု ဖြစ်စေပါတယ်။ ဖုန်းစကားပြောချိန်မျိုးမှာ ခေါင်းနဲ့ပခုံးကြားကို ဖုန်းညှပ်ပြီး စကားပြောတာကြောင့် သင့်ခါးနဲ့ နောက်ကျော နာကျင်မှုကို ဖြစ်စေပါတယ်။

၃။ ကိုယ်အလေးချိန် မှန်ကန်ပါစေ

အရမ်းကို ဝလွန်းတဲ့ ခန္ဓာကိုယ် အလေးချိန်ကြောင့် သင့်ခါးနေရာမှာ ဒဏ်ဖြစ်ပြီး ခါးနာတတ်ပါတယ်။ မှန်ကန်တဲ့ စားသောက်မှုပုံစံအတိုင်း နေထိုင်ရင်း ခန္ဓာကိုယ်အလေးချိန် ထိန်းကာ လေ့ကျင့်ခန်း အကူအညီနဲ့ ခါးနာတာကို သက်သာအောင် ပြုလုပ်နိုင်ပါတယ်။

၎။ ပစ္စည်းသယ်ယူမှု မှန်ကန်ပါစေ

သင်သယ်ယူမယ့် ကုန်ပစ္စည်းရဲ့ အလေးချိန်ဟာ သင့်ခန္ဓာ ကိုယ်အလေးချိန်ရဲ့ သုံးပုံနှစ်ပုံ အများဆုံး ရှိသင့်ပါတယ်။ ဒီ့ထက်လေးတဲ့ အလေးမျိုးကို မမယ်ဆိုရင်တော့ ခါးနာတတ်ပါတယ်။ လေးတဲ့ ပစ္စည်းတွေကို သယ်ယူမယ် ဆိုရင်တော့ အရင်ဆုံး ထိုင်လိုက်ပြီးမှ သယ်ယူမယ့်ပစ္စည်းကို ယူပါ။ ခါးကုန်းပြီး လှမ်းသယ်တာမျိုးကို ရှောင်ပါ။

၅။ ဖိနပ်အနေအထား မှန်ကန်ပါစေ

ဒေါက်မြင့်ဖိနပ် စီးတတ်သူတွေက သင်သွားမယ့် နေရာအနေအထားကို သေချာ နားလည်တတ်ဖို့ လိုပါတယ်။ ဒေါက်မြင့်ဖိနပ် အချိန်ကြာကြာ စီးပြီး လမ်းလျှောက်တာနဲ့ မတ်တတ်ရပ်တာကြောင့် သင့်ခြေထောက်ကို ဒဏ်ဖြစ်စေတဲ့အပြင် သင့်ခါးနေရာကိုပါ နာကျင်မှု ဖြစ်စေပါတယ်။

၆။ အိပ်စက်မှုပုံစံ မှန်ကန်ပါစေ

အမျိုးသမီး အများစု ခါးနာရတဲ့ အကြောင်းရင်းတွေထဲမှာ အိပ်စက်မှုပုံစံ မမှန်တာနဲ့ အိပ်ရာ အနေအထားကြောင့် အများဆုံး ဖြစ်တတ်ပါတယ်။ မွေ့ရာဟာ အရမ်းမာလွန်းတာမျိုး ဆိုရင် သင့်ခါးနေရာကို နာကျင်မှုဖြစ်စေပါတယ်။ အိပ်စက်ချိန်မှာ ပက်လက်အိပ်တာနဲ့ ခေါင်းအုံး အရမ်း မြင့်လွန်းတာကြောင့် ခါးနဲ့ နောက်ကျော နာကျင်တတ်ပါတယ်။ ပက်လက်အိပ်ချိန်မှာ သင့်ခြေထောက် ဒူးခေါင်း အောက်နားမှာ ခေါင်းအုံးတစ်လုံး ခုအိပ်ပါ။

၇။ ဆွေးနွေးမှု မှန်ကန်ပါစေ

ခါးနာတာဟာ သုံးရက်ထက်ပိုပြီး ကြာနေမယ် ဆိုရင်တော့ နားလည်တတ်ကြွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပါ။ သင်နေထိုင်မှုပုံစံနဲ့ ပြောင်းလဲ နေထိုင်သင့်တဲ့ ဘဝနေထိုင်မှု ပုံစံတွေကို လမ်းညွှန်ပေးနိုင်ပြီး တခြား စစ်ဆေးမှုတွေကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။

သဲသဲ
BY GOOD HEALTH

............................................
Copy from ကျန်းမာရေးစာတိုများစုစည်းမှု

၁။ လေ့ကျင့်ခန်း ပြုလုပ်မှု မှန်ကန်ပါစေ

ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်တတ်သူတွေမှာ ခါးနာတဲ့ ပြဿနာဖြစ်ရတာဟာ လေ့ကျင့်မှုပုံစံ မမှန် တာကြောင့်ပါ။ နေ့စဉ် သွေးလည်ပတ်မှု ကောင်းစေတဲ့ လေ့ကျင့်ခန်း၊ သက်သောင့်သက်သာ ဖြစ်စေ မယ့် လေ့ကျင့်ခန်း၊ အကြောဆန့် လေ့ကျင့်ခန်းတွေနဲ့ စွမ်းအားပြည့် လေ့ကျင့်ခန်းတွေကို ပုံမှန် လေ့ ကျင့်ပေမယ့် ခါးနာနေတယ်ဆိုရင် သင့်လေ့ကျင့်မှုပုံစံ မှားယွင်းနေတာကြောင့်နဲ့ သင့်ခန္ဓာကိုယ် က လေ့ကျင့်မှုပုံစံကို နားမလည်တာကြောင့် ဖြစ်နိုင်ပါတယ်။

Thursday, 18 April 2013

လက်နက်ရောင်းဝယ်မှုများမှ လွဲ၍ မြန်မာနိုင်ငံအပေါ် ကျန်ရှိနေသေးသော ပိတ်ဆို့မှုများ အားလုံးကို EU က ရုတ်သိမ်းပေးမည်


မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုသော အားဖြင့် ဥရောပသမဂ္ဂ (EU) က လက်နက်ရောင်းဝယ်မှုများမှလွဲ၍ မြန်မာနိုင်ငံတွင် ကျန်ရှိနေသေးသော ပိတ်ဆို့မှုများ အားလုံး ကို လာမည့်အပတ်အတွင်း ဖယ်ရှားပေးလိမ့်မည်ဟု ဧပြီ ၁၇ ရက်နေ့က EU မှထွက်ရှိလာသော အထောက်အထား တစ်ရပ်အပေါ် ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြခဲ့ပါသည်။

အမေရိကန်ပြည်အတွက် ကံဆိုးမိုးမှောင်ကျတဲ့ ဧပြီလ အဖြစ်အပျက်များ


 ဧပြီလ ၁၅ ရက်နေ့ ဘော်စတွန်မြို့၊ Patriot နေ့အထိမ်းအမှတ် မာရသွန်ပြေးပွဲမှာ အကြမ်းဖက်သူတွေက ဗုံးထောင်လို့ လူ ၃ ဦး သေပြီး လူ ၁၇၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ လူ ၁၂ ဦး ခန့်ဟာ ဒဏ်ရာပြင်းထန်ပါတယ်။ လူအချို့ဟာ သူတို့ ခြေတွေ လက်တွေ ဖြတ်ပစ်ရတဲ့အထိ ထိခိုက်ခဲ့ကြပါတယ်။ အကြမ်းဖက်သမားက ဟင်းချက်တဲ့ ပေါင်းအိုးထဲမှာ သံတွေ၊ ဘောစိတွေ၊ ယမ်းတွေထည့်ပြီး လက်လုပ်ဗုံးနဲ့ အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲသည်အမှု ကို ပြည်နယ် နဲ့ ပြည်ထောင်စုအဆင့်အထိ အင်အားကုန်၊ အာဏာကုန်သုံးပြီး ဖော်ထုတ် စုံစမ်းလျက်ရှိပါတယ်။

မကြာမီရောင်းချမည့် ငွေကျပ် ၁၅၀၀ တန် တန်ဖိုးနည်း ဖုန်းများကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများတွင် မဲနှိုက်ရောင်းချမည်


1500cdmamobilephone-april17

ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်အတွင်း တန်ဖိုးနည်းဖုန်းများ ရောင်းချမည့် အစီအစဉ် ကြေညာ ထားသည်ကို တွေ့ရစဉ်
မကြာမီ ရောင်းချမည့် ငွေကျပ် ၁၅၀၀ တန် တန်ဖိုးနည်း ဖုန်းများကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများတွင် မဲနှိုက်ရောင်းချမည်ဖြစ်ကြောင်း သိရှိရသည်။

ကမ္ဘာ့ဈေးအကြီးဆုံး iPhone 5


 ကမ္ဘာ့ဈေးအကြီးဆုံး iPhone 5

ပုံမှာ ပြထားတဲ့ iPhone 5 ရဲ့  ကာလတန်ဖိုးက ဗြိတိန်ပေါင် ၁၀ သန်း အထက်မှာ ရှိပါတယ်။

ဗြိတိန်အခြေဆိုက် ကျောက်မြတ်ရတနာ အလှဆင်နှင့် ဇိမ်ခံပစ္စည်း ထုတ်လုပ်ရေး ကုမ္မဏီတစ်ခုက ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီဇိုင်နာ ကတော့ Stuart Hughes ဖြစ်ပါတယ်။ Home Button ကို ကမ္ဘာ့ အရှားပါး စာရင်းဝင်တဲ့ အပြစ်အနာဆာမယ့် အနက်ရောင် စိန်တုံးကို အသုံးပြု ထားပါတယ်။ အလေးချိန်ကတော့ 26 cts ရှိပါတယ်။

အခြား ကိုယ်အစိတ်အပိုင်းတွေကိုတော့ စိန်၊ရွှေ အစေ့ပေါင်း ၈၀၀ ကျော်နဲ့ အလှဆင်ပါတယ်။ အလေးချိန်အားဖြင့် ၁၃၅ ဂရမ် မက လေးစေပါတယ်။ ကာဗာအနေနဲ့ မဟုတ်ပဲ၊ iPhone 5 အသားပေါ် အသေ အလှဆင်ထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကြွေကျ ပျက်ဆီးမှာကိုလည်း မစိုးရိမ် ရပါဘူး။

ကာလတန်ဖိုး အားဖြင့် ဗြိတိန်ပေါင် ၁၀ သန်း အထက် တန်ဖိုးရှိတဲ့ ယင်း ဇိမ်ခံ iPhone 5 ကို အမည်မဖော်လိုသူ တရုတ် စီးပွားရေး လုပ်ငန်း ရှင် တစ်ဦးက အော်ဒါမှာ ပြုလုပ်စေခဲ့ခြင်း ဖြစ်ကြောင်း သိရ ပါတယ်။
--
techblog

Aung Kham (Stuff Myanmar)

ပုံမှာ ပြထားတဲ့ iPhone 5 ရဲ့  ကာလတန်ဖိုးက ဗြိတိန်ပေါင် ၁၀ သန်း အထက်မှာ ရှိပါတယ်။
ဗြိတိန်အခြေဆိုက် ကျောက်မြတ်ရတနာ အလှဆင်နှင့် ဇိမ်ခံပစ္စည်း ထုတ်လုပ်ရေး ကုမ္မဏီတစ်ခုက ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီဇိုင်နာ ကတော့ Stuart Hughes ဖြစ်ပါတယ်။ Home Button ကို ကမ္ဘာ့ အရှားပါး စာရင်းဝင်တဲ့ အပြစ်အနာဆာမယ့် အနက်ရောင် စိန်တုံးကို အသုံးပြု ထားပါတယ်။ အလေးချိန်ကတော့ 26 cts ရှိပါတယ်။

ဝန်ကြီးဦးအောင်မင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံ



ဗြိတိန်နိုင်ငံကို ရောက်နေတဲ့ မြန်မာသမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကို ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး ၀ီလျံဟိတ် (William Hague) က တွေ့ဆုံပြီး၊ မြန်မာနိုင်ငံတွင်းမှာ ဆောင်ရွက်နေတဲ့ လူနည်းစု တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။

Boston ဗုံးခွဲမှု အဖမ်းအဆီးသတင်း မဟုတ်မှန်ကြောင်း အာဏာပိုင်တွေ ငြင်းဆို


Boston ဗုံးခွဲမှု အဖမ်းအဆီးသတင်း မဟုတ်မှန်ကြောင်း အာဏာပိုင်တွေ ငြင်းဆို 
( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

တနင်္လာနေ့က Boston မာရသွန်ပြိုင်ပွဲ ဗုံးကွဲမှုနဲ့ ဆက်စပ်ပြီး စုံစမ်းစစ်ဆေးမှုတွေ မှာ ဖြစ်ထွန်းတိုးတက်မှုတွေ ရှိလာပြီလို့ FBI ဗဟိုအစိုးရ ထောက်လှမ်းရေး ဗျူရို က ပြောပါတယ်။
 
ဗုံးကွဲမှုနဲ့ ဆက်နွယ်ပြီးတော့ သင်္ကာမကင်းဖြစ်သူ တဦးကို ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းက မဟုတ်ဘူးလို့တော့ အမေရိကန် လုံခြုံရေး အာဏာပိုင်တွေက ငြင်းဆို ပါတယ်။
 
လုံခြုံရေးကင်မရာမှာတော့ လူတဦးဟာ အမဲရောင် အိတ်တစ်အိတ် သယ်လာပြီး ပေါက်ကွဲမှုဖြစ်တဲ့ နေရာတခုမှာ ချထားခဲ့ပုံရတယ်လို့ စုံစမ်းစစ်ဆေးရေးမှူးတွေက သတင်းဌာနတွေကို ပြောပါတယ်။
 
အနီးအနား ကုန်တိုက်တခုက ရတဲ့ ဗွီဒီယိုကင်မရာ မှတ်တမ်းနဲ့ Boston ရုပ်သံဌာနက ရတဲ့ ဗွီဒီယိုတွေမှာ ဗုံးကွဲမှုကြောင့် သင်္ကာမကင်း ဖြစ်ရသူ ကို ခြေရာခံနိုင်လောက်တဲ့ အရေးကြီးတဲ့ အထောက်အထားတွေ ရခဲ့တယ်လို့ CNN သတင်းမှာ ဖော်ပြပါတယ်။
 
ဗုံးခွဲမှုနဲ့ သင်္ကာမကင်း ဖြစ်သူတဦးကို ဖမ်းထားပြီဆိုတဲ့ သတင်းကြောင့် Boston က ပြည်ထောင်စု တရားရုံးကို သတင်းထောက်တွေ၊ စိတ်ဝင်စားသူတွေ ကြည့်ရှုဖို့ ဗုဒ္ဓဟူးနေ့မှာ စုပြုံလာခဲ့ပါတယ်။
 
ဒီနောက် ပြည်ထောင်စု လုံခြုံရေး အရာရှိတွေက တရားရုံးကနေ လူတွေ ထွက်ခွာဖို့ အမိန့်ထုတ်လိုက်ရပါတယ်။ ဘာကြောင့်လဲဆိုတာ လုံခြုံရေး အာဏာပိုင်တွေက မပြောပေမဲ့၊ New York Times Online သတင်းမှာတော့ ဗုံးကွဲနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုကြောင့် Boston ပြည်ထောင်စု တရားရုံးကနေ လူတွေကို ထွက်ခွာခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
 
Boston မာရသွန်ပြိုင်ပွဲ ဗုံးခွဲမှုနဲ့ပတ်သက်လို့တော့ စုံစမ်းစစ်ဆေးသူတွေဟာ ဗုံးကွဲတဲ့နေရာမှာရှိတဲ့ အပိုင်းအစတွေ အတော်များများကိုတော့ စုဆောင်းပြီး သုံးသပ်နေပါတယ်။ အနီးအနား အဆောက်အဦးတခု အမိုးပေါ်မှာတော့ ဗုံးထောင်ရာမှာ သုံးတယ်လို့ ယူဆရတဲ့ ပေါင်းအိုးရဲ့ အဖုံးတခုကို တွေ့ခဲ့ရပါတယ်။ အခြား ပေါင်းအိုးက သတ္ထုအပိုင်းအစတွေ ၀ါယာကြိုးတွေ ဘတ်ထရီနဲ့ အခြား သံတိုသံစ ပစ္စည်းတွေကိုလည်း ဗုံးကွဲတဲ့နေရာမှာ တွေ့ကြရပါတယ်။ 

http://burmese.voanews.com/content/fbi-still-hunting-for-bomber/1643791.html

တနင်္လာနေ့က Boston မာရသွန်ပြိုင်ပွဲ ဗုံးကွဲမှုနဲ့ ဆက်စပ်ပြီး စုံစမ်းစစ်ဆေးမှုတွေ မှာ ဖြစ်ထွန်းတိုးတက် မှုတွေ ရှိလာပြီလို့ FBI ဗဟိုအစိုးရ ထောက်လှမ်းရေး ဗျူရို က ပြောပါတယ်။