Sunday, 7 April 2013

မြန်မာ့ဆက်သွယ်ရေးလောကထဲဗိုဒါဖုန်းလာတော့မည်

Photo: မြန်မာ့ဆက်သွယ်ရေးလောကထဲဗိုဒါဖုန်းလာတော့မည်
Sunday ,April 07, 2013

ပြီးခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်များ ဆီက မန်ယူအသင်းကိုစပွန်ဆာ  ပေးခဲ့သော ကမ္ဘာအကြီးဆုံးဆက် သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သော  ဗိုဒါဖုန်းကုမ္ပဏီသည်မြန်မာနိုင်ငံ တွင် ဆက်သွယ်ရေးလုပ်ငန်းလုပ် ရန်အတွက် တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်းကာလိုင်စင် ၂ ခုအား လေလံဆွဲရန်ရှိနေသည်ဟု သတင်း ရရှိသည်။
အိုင်ရမ်လူမျိုးကုမ္ပဏီပိုင်ရှင်  များဖြစ်သောMr. Soros နှင့်Denis O’ Brien တို့က “ဆက်သွယ်   ရေးကဏ္ဍဖွံ့ဖြိုးလာမှုက မြန်မာ စီးပွားရေးကို လှုံ့ဆော်ပေးနေသလို  ပါပဲ”ဟု ဆိုသည်။ ကမ္ဘာအချမ်း သာဆုံးပုဂ်္ဂိုလ် (၃၀) တွင် စာရင်း  ပေါက်သောအဆိုပါပုဂ်္ဂိုလ်တို့က   ကန်ဒေါ်လာ ၁၈.၂ ဘီလီယံသုံး စွဲရန်အတွက် ပြင်ဆင်ထားသည်  ဟုသိရသည်။ လာမည့်ဇွန်လအတွင်း ၁၅ နှစ်စာစာချုပ်ကိုရရှိရန်အတွက်  ကြေညာမည်ဟုလည်းဆိုသည်။ “ကမ္ဘာဆက်သွယ်ရေးဈေးကွက်မှာ မြန်မာနိုင်ငံကအသစ်တစ်ခုပါပဲ”ဟု  ၎င်းကဆိုသည်။

 မောင်ယဿ
HotNewsWeeklyပြီးခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်များ ဆီက မန်ယူအသင်းကို စပွန်ဆာ ပေး ခဲ့သော ကမ္ဘာအကြီးဆုံးဆက်သွယ်ရေးကုမ္ပဏီ တစ်ခုဖြစ်သော ဗိုဒါဖုန်းကုမ္ပဏီသည်မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းလုပ် ရန်အတွက် တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်းကာလိုင်စင် ၂ ခုအား လေလံဆွဲရန်ရှိနေသည်ဟု သတင်း ရရှိသည်။

ကိုရီးယား ကျွန်းစွယ် စစ်ပူနေ၍ မြန်မာများ စိုးရိမ်သော်လည်း အိမ်ပြန်မည် မဟုတ်သေး

တောင်နှင့်မြောက် ကိုးရီးယားအကြား တင်းမာမှုများကြောင့် တောင် ကိုးရီးယားနိုင်ငံရှိ မြန်မာနိုင်ငံသားများ လုံခြုံရေးအ တွက် စိုးရိမ်မှု ရှိကြသော်လည်း မိခင်နိုင်ငံသို့ ပြန်မည့် အလားအလာကို မတွေ့ရှိ ရကြောင်း စုံစမ်းသိရှိရသည်။

Saturday, 6 April 2013

သင်္ကန်း ၀တ်ထားသော ဘင်္ဂလီ ၈ ဦးနှင့်အတူ လိုက်ပါပို့ဆောင်သည့် ဘုန်းကြီး တစ်ပါးအား အမ်းမြို့အထွက် စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခြင်းအား အမှုဖွင့်ပြီဟုသိရှိရ



သင်္ကန်း ၀တ်ထားသော ဘင်္ဂလီ ၈ ဦးနှင့်အတူ လိုက်ပါပို့ဆောင်သည့် ဘုန်းကြီး တစ်ပါးအား အမ်းမြို့အထွက် စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခြင်းအား အမှုဖွင့်ပြီဟုသိရှိရ
-----------------------------------------------------
သင်္ကန်း ၀တ်ထားသော ဘင်္ဂလီ ၈ ဦးနှင့်အတူ လိုက်ပါပို့ဆောင်သည့် ဘုန်းကြီး တစ်ပါးအား အမ်းမြို့အထွက် ၊ ပဲပဒုံ စစ်ဆေးရေးဂိတ်တွင် ဧပြီလ ၅ ရက်နေ့ နံနက် ၉း ၃၅ ခန့်အချိန်တွင် ဖမ်းမိခဲ့ကြောင်းသိရသည်။

ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (ပ) ၁၉/၃၆၇ /၂၉၅/၁၁၄ အရ ညနေ ၄း၃၀ တွင် အမ်းမြို့နယ် ရဲစခန်း၌ အမှုဖွင့်အရေး ယူထားကြောင်းသိရသည်။

ကားနံပါတ်မှာ ၅ဃ/၆၃၈၈ ဖြစ်ကြောင်းနှင့် အမှုဖွင့်အရေးယူထားပြီဖြစ်သည်။

အဆိုပါ ဘင်္ဂလီ ၈ ဦးမှာ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာနှင့် ခေါင်းတုတ်ကျေးရွာများမှ ဘင်္ဂလီများဖြစ်ကြောင်းနှင့် ၄င်းတို့အား ကားဖြင့် ပို့ဆောင်ပေးသည့် ဘုန်းကြီးမှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ အင်းအေရွာ ၊ ဇမ္ဗူအေးကျောင်း တိုက် မှ ဦး ကောသိယ၊ သာသနာဝင်အမှတ် ၁၀/ကထန(သ) 002736 ဖြစ်ပြီး ဒရိုင်ဘာမှာ အက်ခူနောင်၊ ၂၄ နှစ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ၁၀/ကထန (နိုင်) 018822 ဖြစ်ကြောင်းသိရသည်။

၎င်းတို့အား ၉၆၉ စကေကာကပ်ထားသည့် CRW ကားအမျိုးအစား ၅ဃ/6388 ဖြင့် ဧပြီလ ၄ ရက်နေ့တွင် ကျောက်တော်မြို့မှ စတင်ခေါ်ဆောင် လာခြင်းဖြစ်ကြောင်းသိရသည်။

ယခုကဲ့သို့ ဘင်္ဂလီများ ပြည်မထဲသို့ မည်မျှထိခိုးဝင်နေခဲ့ကြသည်ကို မသိနိုင် ကြောင်းလည်း ရခိုင်ပြည်သူများက သုံးသပ်ပြောဆိုကြပါသည်။
MTHN(UNIM) ref; by RSV

ZinYawNews
သင်္ကန်း ၀တ်ထားသော ဘင်္ဂလီ ၈ ဦးနှင့်အတူ လိုက်ပါပို့ဆောင်သည့် ဘုန်းကြီး တစ်ပါးအား အမ်းမြို့အထွက် ၊ ပဲပဒုံ စစ်ဆေးရေးဂိတ်တွင် ဧပြီလ ၅ ရက်နေ့ နံနက် ၉း ၃၅ ခန့်အချိန်တွင် ဖမ်းမိခဲ့ကြောင်း သိရ သည်။
ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (ပ) ၁၉/၃၆၇ /၂၉၅/၁၁၄ အရ ညနေ ၄း၃၀ တွင် အမ်းမြို့နယ် ရဲစခန်း၌ အမှုဖွင့်အရေး ယူထားကြောင်းသိရသည်။
ကားနံပါတ်မှာ ၅ဃ/၆၃၈၈ ဖြစ်ကြောင်းနှင့် အမှုဖွင့်အရေးယူ ထားပြီဖြစ် သည်။

ဗုံးခွဲ တိုက်ခိုက် မည့် သတင်းကြောင့် ဘူးသီးတောင် မြို့ နယ်တွင် အာဏာ ပိုင်များ သတိပေး


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ဗုံးခွဲ တိုက်ခိုက်မည်ဆိုသောသတင်များ ကျယ်ကျယ်ပြန့် ပြန့် ဖြစ်ပေါ်နေပြီး အာဏာပိုင်များမှလည်း ပြည်သူများကို သတိနှင့် နေထိုင် ကြရန် ပြောကြား ထား သည်ဟု သတင်းရရှိသည်။

အင်ဒိုနီးရှားမှာ မြန်မာတချို့ သေဆုံးမှု ဖော်ထုတ်အရေးယူဖို့ မြန်မာတောင်းဆို



မကြာသေးခင်တုန်းက မြန်မာနိုင်ငံတွင်း ဖြစ်ပွားခဲ့တဲ့ ဘာသာရေးအခြေခံ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ဆက်နွယ်ပြီး အင်ဒိုနီးရှားနိုင်ငံမှာပါ ပဋိ ပက္ခတွေ ဖြစ်ပွားခဲ့ရာက မြန်မာနိုင်ငံသား ၈ ဦး သေဆုံး သွားပါ တယ်။ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းက ခိုက်ရန်ဖြစ်ပွားမှုအတွင်း လူသေဆုံး တဲ့အထိ ဖြစ်ခဲ့ ရတဲ့ အတွက်လည်း မြန်မာအစိုးရက အဖြစ်မှန် ကို ဖော်ထုတ်ပြီး အရေးယူဖို့ အင်ဒိုနီးရှား အစိုးရ ကို တောင်းဆိုခဲ့တာပါ။

* ကံကောင်းချင်လာပြီ ဆိုမှဖြင့်.... *


* ကံကောင်းချင်လာပြီ ဆိုမှဖြင့်.... *

လူတစ်ယောက်သည် ကံကောင်းချင်လာပြီဆိုလျှင် စိတ်တည်ငြိမ်လာခြင်း၊ စိတ်ရှုပ်ထွေးမှုကင်းကာ စိတ်များကြည်လင်လန်းဆန်းလာခြင်းစသော လက္ခဏာများ ဖြစ်ပေါ်လာလေ့ရှိပါသည် ...။

၎င်းစိတ်ကို ယေဘုယျအားဖြင့် ကောင်းစိတ်ဟု သတ်မှတ်နိုင်ပါသည် ...။

ထိုစိတ်မျိုး ၀င်လာလျှင် 'ငါတော့ ကံကောင်းတော့မယ်၊ ဒီစိတ်ဟာ ကောင်း ကံပြုလုပ်ဖြစ်ဖို့ အကြောင်းခံစိတ်ပေပဲ' ဟု သဘောထားကာ ထိုစိတ် ကို ပျောက်ပျက်မသွားရအောင် ထိန်းထားပြီး ကောင်းမှုတစ်ခုခုကို
ပြုလုပ်ဖြစ်အောင်သာ ကြိုးစားလုပ်ဆောင်ယူရမည် ဖြစ်သည် ...။

ထို့အပြင် အများဆုံး ပြုလုပ်ဖြစ်လေ့ ရှိသည့် လေ့ကျင့်နေစရာ အထူး မလိုသော သမားရိုးကျ မကောင်းကံဘက်သို့ ပြန်ပြောင်းနောက်ကြောင်း
ပြန်မလှည့်မိစေရန်လည်း အထူးသတိထားရန် လိုအပ်ပါသည်။

လှူချင်တန်းချင်စိတ်ပေါက်လာလျှင် 'ငါ ကံကောင်းလာပြီ၊ ဒီကံလေး အထမြောက်အောင် ငါ လှူပေးဦးမှ'၊ သီလဆောက်တည်ချင်စိတ် ပေါက် လာလျှင် 'ငါ ကံကောင်း လာပြီ၊ သီလလေး ဆောက်တည်ပြီး နေဦးမှ'၊

ဘုရားရှိခိုးချင်စိတ် ပေါက်လာလျှင် 'ငါ ကံကောင်းလာပြီ၊ ဘုရားရှိခိုးပြီးတော့ ပူဇော်လိုက်ဦးမှ'၊ ဘာဝနာကမ္မဋ္ဌာန်း ပွါးများချင်စိတ်၊ တရားအားထုတ်ချင်စိတ်
ပေါက်လာလျှင် 'ငါ ကံကောင်းလာပြီ၊ ပွါးများဖြစ်အောင် ပွါးများလိုက်ဦးမှ၊
အားထုတ်ဖြစ်အောင် အားထုတ်လိုက်ဦးမှ' စသည်ဖြင့် ကောင်းကံများအထ
မြောက်အောင်မြင်စေရန် ကြိုးစားလုပ်ဆောင်ရမည် ဖြစ် သည်။ ကောင်းစိတ်
များပေါ်လာပြီး ကောင်းကံများကိုပြုလုပ် အားထုတ်ဖြစ် လျှင် အခွင့်အရေး
ကောင်း၊ အခြေအနေကောင်းများ ရလာပြီဟု မှတ်ယူရ မည်ဖြစ်ပြီး ၎င်းအ
ခွင့်ကောင်း၊ အခြေအနေကောင်းများကို လက်မလွတ်စေ ရန် လွန်စွာ အ
ရေးကြီးပါသည် ...။


~~~ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာရွှင်လန်း ငြိမ်းအေးနိုင်ကြ ပါစေ ~~~
နှလုံးသား၏ ဓမ္မသံစဉ်

လူတစ်ယောက်သည် ကံကောင်းချင်လာပြီဆိုလျှင် စိတ်တည်ငြိမ် လာခြင်း၊ စိတ်ရှုပ်ထွေးမှုကင်းကာ စိတ်များကြည်လင် လန်းဆန်း လာခြင်းစသော လက္ခဏာများ ဖြစ်ပေါ်လာလေ့ရှိပါသည် ...။
၎င်းစိတ်ကို ယေဘုယျအားဖြင့် ကောင်းစိတ်ဟု သတ်မှတ်နိုင်ပါသည် ...။

သံရုံးများအနေဖြင့် ၎င်းတို့၏ သံရုံး ဝန်ထမ်းများကို ရွှေ့ပြောင်းမှုပြုလုပ် ထားရန် မြောက်ကိုရီးယား အစိုးရ က အကြံပြုတိုက်တွန်း


နိုPhoto: Breaking News:
နိုင်ငံအတွင်းရှိ နိုင်ငံတကာ သံရုံးများအနေဖြင့် ၎င်းတို့၏ သံရုံးဝန်ထမ်းများကို ရွှေ့ပြောင်းမှုပြုလုပ်ထားရန် မြောက်ကိုရီးယားအစိုးရက အကြံပြု တိုက်တွန်းလိုက်သည်။ 

သံရုံးများအနေဖြင့် ဧပြီ ၁၀ ရက်နေ့မတိုင်မီ ရွှေ့ပြောင်းမှုများ ပြုလုပ်ထားရန် တိုက်တွန်းကြောင်းနှင့် ထိုရက်နောက်ပိုင်းတွင် သံတမန်များ၏ လုံခြုံရေးအတွက် အာမခံချက် မပေးနိုင်ကြောင်းလည်း မြောက်ကိုရီးယားက သတိပေးပြောကြားသည်။ 

ပြုံယမ်းအစိုးရ၏ ယခု သတိပေး ပြောကြားချက်ကြောင့် ကိုရီးယားကျွန်းဆွယ်တွင် စစ်ရေးတင်းမာမှု ပိုမိုမြင့်တက်လာနေကြောင်း ထင်ရှားစေခဲ့သည်။

နိုင်ငံအတွင်းရှိ နိုင်ငံတကာ သံရုံးများအနေဖြင့် ၎င်းတို့၏သံရုံး ဝန်ထမ်းများကို ရွှေ့ပြောင်းမှုပြုလုပ် ထားရန် မြောက်ကိုရီးယား အစိုးရ က အကြံပြုတိုက်တွန်းလိုက်သည်။
သံရုံးများအနေဖြင့် ဧပြီ ၁၀ ရက်နေ့ မတိုင်မီ ရွှေ့ပြောင်းမှုများ ပြု လုပ်ထားရန် တိုက်တွန်းကြောင်းနှင့် ထိုရက်နောက်ပိုင်းတွင် သံတမန် များ၏လုံခြုံရေးအတွက် အာမခံချက် မပေးနိုင်ကြောင်း လည်း မြောက် ကိုရီးယားက သတိပေးပြောကြားသည်။

" စိတ်ချမ်းသာအောင် နေတတ်တဲ့သူဟာ "


" စိတ်ချမ်းသာအောင် နေတတ်တဲ့သူဟာ "

Boldness: သတ္တိရှိတယ်။ ဆုံးဖြတ်ရဲတယ်။ ပြောရဲတယ်။ လုပ်ရဲတယ်။
Brightness: အသိဉာဏ် တောက်ပြောင်တယ်။
Cheerfulness: ရွှင်လန်းတယ်။
Common sense: ပင်ကိုယ်ဉာဏ်ရှိတယ်။
Confidence: ကိုယ့်ကိုယ်ကို ကိုယ် ယုံကြည်မှုရှိတယ်။
Control: မိမိကိုယ်ကို ထိန်းသိမ်းနိုင်တယ်။ အခြေအနေကို ထိန်းသိမ်းနိုင်တယ်။
Enthusiasm: စိတ်အားထက်သန်တယ်။ တက်ကြွတယ်။
Forgiveness: ခွင့်လွှတ်နိုင်တယ်။
Friendliness: ခင်ခင်မင်မင် ဆက်ဆံတတ်တယ်။
Gratitude: ကျေးဇူးသိတတ်တယ်။ တန်ဖိုးထားတတ်တယ်။ အသိအမှတ်ပြုတယ်။
Joyousness: ကြည်လင်ရွှင်လန်းတယ်။
Kindness: ကြင်နာတတ်၊ ညှာတာတတ်တယ်။
Mental fitness: စိတ်ဓာတ် ကြံ့ခိုင်တယ်။
Optimist: အကောင်းမြင်တယ်။ အဖြစ်ကိုမြင်တယ်။ အပြုသဘောရှိတယ်။
Patience: စိတ်ရှည်တယ်။ စောင့်ထိန်းနိုင်တယ်။
Peacefulness: စိတ်ငြိမ်းချမ်းတယ်။
Power: စိတ်စွမ်းအားကြီးတယ်။
Productiveness: အလုပ်များများလုပ်နိုင်တယ်။
Wisdom: ဉာဏ်ပညာရှိတယ်။
စာအုပ်စာပေ ဒို့ မိတ်ဆွေ

Boldness: သတ္တိရှိတယ်။ ဆုံးဖြတ်ရဲတယ်။ ပြောရဲတယ်။ လုပ်ရဲတယ်။
Brightness: အသိဉာဏ် တောက်ပြောင်တယ်။
Cheerfulness: ရွှင်လန်းတယ်။

KNU ခေါင်းဆောင်တဦး ကားမှောက်လို့ ဒဏ်ရာပြင်းထန်


KNU ခေါင်းဆောင်တဦး ကားမှောက်လို့ ဒဏ်ရာပြင်းထန် 
( ဧရာဝတီ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

ကရင် အမျိုးသား အစည်း အရုံး KNU အဖွဲ့၏ ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန်သည် ယမန်နေ့ မွန်းလွဲပိုင်း ၂ နာရီကျော်ကဖြစ်ပွားခဲ့သည့် မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။ 

ယာဉ်တိမ်းမှောက်မှုကြောင့် ဒုဥက္ကဌနှင့်ယာဉ်မောင်းအပါအ၀င် စီနှင်းလိုက်ပါလာသူများ ၆ ဦး ဒဏ်ရာ ရရှိခဲ့ကြ သည့်နက် ဒုဥက္ကဌမှာ ဘယ်ဘက်လက်ကျိုးပြီး ညာဘက်နံရီုးအချို့လည်းကျိုးသွားခဲ့သည်။ 

ဒဏ်ရာပြင်းထန်သည့်ကျန်အမျိုးသမီး ၂ ဦးအနက်တဦးမှာ ဘယ်ခြေကျိုးသွားကာ ကျန်တဦးမှာခြေ ၂ဘက် စလုံး ကျိုးသွားခဲ့သည်။ ယာဉ်မောင်းအပါအ၀င်ကျန်လူများမှာ ဒဏ်ရာပြင်ထန်မှုမရှိကြောင်းသိရှိရပြီး ၎င်း   
မော်တော်ယာဉ်မှာ ထိုင်း-မြန်မာနယ်စပ်မယ်လမတ်မြို့နယ်ရှိ ကနဲကျုအရပ်ရှိ ကားလမ်းမှ တဆင့် ချောက် ထဲသို့  ထိုးကျသွားခြင်းဖြစ်သည်။ 

 ဒဏ်ရာရရှိသူများသည် မဲဆောက်ဆေးရုံကြီးတွင်ဆေးဝါး ကုသမှုခံယူလျှက်ရှိပြီး ချောက်ထဲမှ ကားကိုပြန် လည် ထုတ်ယူနိုင်ခြင်းမရှိသေးဘဲ ၎င်းယာဉ်မတော်တဆမှုကို ဒေသအပိုင်ရဲဌာနမှအရေးယူထားသည်။ 

KNU ဒုဥက္ကဌနှင့်အဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၇ လက်အောက်ခံ တပ်ရင်း ၂၁ အခြေစိုက် ရာ ခလယ့်ဒေးတပ်စခန်းတွင် ယနေ့ပြုလုပ်သည် ၂၈ နှစ်မြောက် ကရင်အမျိုးသမီးအစည်းအရုံး KWO ၏ နှစ် ပတ်လည်အခမ်းအနားမှအပြန်တွင် ယာဉ်တိမ်းမောက်မှုဖြစ်ပွားခြင်းဖြစ်သည်။ 

ယာဉ်တိမ်းမှောက်ရာနေရာသည် မဲဆောက်မြို့၏မြောက်ဘက်ကီလိုမိတာ ၅၀ ခန့်တွင်ဖြစ်ပြီး မယ်လ မတ်မြို့နယ် နှင့်ထာ့ဆောင်ယမ်းမြို့နယ်အစပ်တွင်တည်ရှိသည်။ 

ပြည်တော်မြင့် ~

http://blog.irrawaddy.org/2013/04/knu.html

ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့၏ ဒုဥက္ကဌ ပဒိုနော် စီဖိုးရာစိန်သည် ယမန်နေ့ မွန်းလွဲပိုင်း ၂ နာရီကျော် ကဖြစ်ပွား ခဲ့သည့် မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာအပြင်း အထန် ရရှိခဲ့သည်။

ကင်ဆာဝေဒနာရှင် (၅)ဦးတွင် ကုထုံးသစ်ခံယူပြီးနောက် ကင်ဆာလုံးဝ ရပ်တန့်သွား


Photo: ကင်ဆာဝေဒနာရှင် (၅)ဦးတွင် ကုထုံးသစ်ခံယူပြီးနောက် ကင်ဆာလုံးဝ ရပ်တန့်သွား
Saturday, April 6, 2013

ကင်ဆာဝေဒနာရှင်ငါးဦးတွင် သူတို့၏ ခုခံအားဆဲလ်များ အားထုတ်ယူ၍ ကင်ဆာတိုက်ထုတ်နိုင်သော ဗီဇများ ပိုမိုပါဝင်စေရန် ပြောင်းလဲပြီး ၄င်းတို့ ခန္ဓာကိုယ်ထဲသို့ ပြန်သွင်းပေးခဲ့ရာ မကြာမီ၌ ကင်ဆာလုံးဝသက်သာလာပြီး ကင်ဆာဆဲလ်များအားလည်း လုံးဝမတွေ့ရှိရတော့ကြောင်း သိရသည်။ 

ယင်းဝေဒနာရှင်များ အားလုံးမှာ သွေးကင်ဆာတစ်မျိုးဖြစ်သော ဘီတာဆဲလ် acute lymphoblastic Leukaemia ဝေဒနာခံစားနေရသူများဖြစ်ကြသည်။ 

ထိုသူအားလုံးမှာ ယခုကုသမှုကို မခံယူမီဓါတုကုထုံးအား ခံယူထားဖူးပြီး ထပ်မံဖြစ်ပွားရာ ကင်ဆာဆဲလ်များက ဓါတုဆေးများနှင့် ယဉ်ပါးနေ၍ ယင်းကုထုံးအား ထပ်မံခံယူရန် မသင့်တော်ပေ။ ထို့ကြောင့် နယူးယော့ခ်ရှိ Memorial Sloan Kettering ကင်ဆာဗဟိုမှ သိပ္ပံပညာရှင်များက လူနာ၏ ပင်ကိုဗီဇထဲသို့ ကင်ဆာတိုက်ထုတ်နိုင်သော ဗီဇများ ထပ်မံထည့်သွင်းကု
သည့် ဗီဇကုထုံးအား တီထွင်ခဲ့ကြသည်။ 

ထိုလူငါးဦးတွင် ရိုးတွင်းချဉ်ဆီထဲသို့ ယင်းဆဲလ်များ အစားသွင်း၍ ကုသပြီး သုံးရက်အကြာမှ စ၍ ရောဂါသက်သာလာကာ ၅ လမှ ၂၄ လ အတွင်း လုံးလုံးပျောက်ကင်းသွားကြောင်း တွေ့ရသည်။ သို့သော် ထိုငါးဦးထဲမှ တစ်ဦးမှာ ကင်ဆာကြော့် မဟုတ်ဘဲ တစ်ခြားရောဂါတစ်မျိုးကြောင့် အသက်ဆုံးခဲ့ကြောင်း သိရသည်။ ယင်းကုထုံးတစ်ခုအဖြစ် လက်ခံရန်
စောသေးသော်လည်း ဖြစ်လာနိုင်ချေ အလွန်များကြောင်း သိရသည်။

ဖိုးသောကြာ
ref: ANI
Health Updates Journal

ကင်ဆာဝေဒနာရှင်ငါးဦးတွင် သူတို့၏ ခုခံအားဆဲလ်များ အားထုတ် ယူ၍ ကင်ဆာတိုက်ထုတ်နိုင်သော ဗီဇများ ပိုမိုပါဝင်စေရန် ပြောင်း လဲပြီး ၄င်းတို့ ခန္ဓာကိုယ်ထဲသို့ ပြန်သွင်းပေးခဲ့ရာ မကြာမီ၌ ကင်ဆာ လုံးဝသက်သာလာပြီး ကင်ဆာဆဲလ်များအားလည်း လုံးဝမတွေ့ရှိ ရတော့ကြောင်း သိရသည်။

ယမကာသမားများ၏ အသည်းပျက်စီးမှုကို ကာကွယ်ပေးနိုင်မည့် ကော်ဖီ


ယမကာသမားများ၏ အသည်းပျက်စီးမှုကို ကာကွယ်ပေးနိုင်မည့် ကော်ဖီ
Saturday, April 6, 2013

ကော်ဖီသောက်သုံးခြင်းသည် ယမကာမှီဝဲမှုကို ခုံမင်သူများ၏ အသည်းပျက် စီးမှုကို ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သုတေသနတစ်ရပ်တွင် ဖော်ပြ ထားသည်။ အဆိုပါ သုတေသနသည် အသက် ၂၅နှစ်မှ ၇၄နှစ်အတွင်းရှိ ဖင်လန်နိုင်ငံသား အမျိုးသား ၁၉၀၀၀ ကျော်တွင် လေ့လာမှုပြုခဲ့ခြင်းဖြစ် သည်။

သုတေသနကို ဦးဆောင်ပြုလုပ်သော University of Tempere မှ သုတေသီ Dr. Onni Niemeta ကတွေ့ရှိမှုအရ ယမကာသောက်သုံးသူများတွင် ကော်ဖီ
က ကောင်းကျိုးဖြစ်ထွန်းမှုရှိကြောင်း လေ့လာမှုတွင် ပါဝင်သူများ၏ သွေးတွင်း
ဝယ် အသည်းအင်ဇိုင်းဖြစ်သော gamma-glutamyl transferase, GGT၏ ပမာဏသည် ယမကာမှီဝဲသူများတွင် မြင့်တက်နေကြောင်း အဆိုပါ အင်ဇိုင်း
များပြားနေခြင်းသည် အချိန်ကြာမြင့်စွာ အရက်သောက်သုံးသူများတွင်အ
သည်းရောဂါဖြစ်စေကြောင်း သိ၇ှိရသည်။

GGT ပမာဏမြင့်တက်ခြင်းသည်ယမကာသာမက ဆေးလိပ်သောက်သုံးခြင်း၊ အသက်အရွယ်အလွန်ခြင်းတို့နှင့်လည်းသက်ဆိုင်နေကြောင်း ဖော်ပြထား
သည်။ ယခုသုတေသနတွင် ကော်ဖီသောက်သုံးခြင်းသည်သာ အသည်းရော
ဂါကို ကာကွယ်နိုင်ခြင်းဖြစ်ပြီး မည်သည့်ကော်ဖီ အမျိုးအစား၊ မည်ကဲ့သို့ ဖော်
စပ်သည်ဆိုခြင်းက သက်ရောက်မှုမရှိကြောင်း ဖော်ထုတ်နိုင်ခဲ့သည်.။

ယခုလေ့လာမှုကို Journal Alcohol and Alcoholism တွင် ပုံနှိပ်ဖော်ပြ
ထားခြင်းဖြစ်သည်။

ငြိမ်းအေး
ref: PTI
Health Updates Journal

ကော်ဖီသောက်သုံးခြင်းသည် ယမကာမှီဝဲမှုကို ခုံမင်သူများ၏ အသည်းပျက်စီးမှုကို ကာကွယ်ပေးနိုင် မည်ဖြစ်ကြောင်း သုတေသန တစ်ရပ်တွင် ဖော်ပြထားသည်။ အဆိုပါ သုတေသနသည် အသက် ၂၅နှစ်မှ ၇၄နှစ်အတွင်းရှိ ဖင်လန်နိုင်ငံသား အမျိုးသား ၁၉၀၀၀ ကျော် တွင် လေ့လာမှုပြုခဲ့ခြင်းဖြစ် သည်။
သုတေသနကို ဦးဆောင်ပြုလုပ်သော University of Tempere မှ သုတေသီ Dr. Onni Niemeta ကတွေ့ရှိမှုအရ ယမကာသောက်သုံး သူများတွင် ကော်ဖီက ကောင်းကျိုးဖြစ်ထွန်းမှုရှိကြောင်း လေ့လာ မှုတွင် ပါဝင်သူများ၏ သွေးတွင်းဝယ် အသည်း အင်ဇိုင်းဖြစ်သော gamma-glutamyl transferase, GGT၏ ပမာဏသည် ယမကာမှီဝဲသူများ တွင် မြင့် တက်နေကြောင်း အဆိုပါအင်ဇိုင်းများပြားနေခြင်းသည် အချိန်ကြာမြင့်စွာ အရက်သောက် သုံး သူများ တွင်အသည်းရောဂါဖြစ်စေကြောင်း သိ၇ှိရသည်။

စက်မှုဇုန်တွေမှာ လျှပ်စစ်မီး ယာယီဖြတ်မည်


Photo: စက်မှုဇုန်တွေမှာ လျှပ်စစ်မီး ယာယီဖြတ်မည်
2013-04-05

လျှပ်စစ်ဓါတ်အားထုတ်လုပ်နေတဲ့ ရတနာသဘာဝဓါတ်ငွေ့ ကမ်းလွန်ပိုက်လိုင်းကို အခုရက်ပိုင်းအတွင်း ပြုပြင်နေတဲ့အတွက် ရန်ကုန်မြို့က စက်မှုဇုန်တွေမှာ ဒီကနေ့ကစပြီး  လာမယ့်ဧပြီလ ၁၃ရက်နေ့အထိ ၉ ရက်ကြာ လျှပ်စစ်ဓါတ်အား ဖြတ်တောက်လိုက်ပြီဖြစ်ပါတယ်။

အခုလို စက်မှုဇုန်ကစက်ရုံတွေမှာ မီးဖြတ်တောက်လိုက်တာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးဌာန ဒုတိယဥက္ကဌ ဦးမောင်မောင်လတ်က RFA ကို အခုလိုပြောပါတယ်။

“စွမ်းအင်ဝန်ကြီးဌာနက ကမ်းလွန်ရတနာသဘာဝဓာတ်ငွေ့ ပိုက်လိုင်းကလွှတ်တဲ့ဟာတွေ မလွှတ်နိုင်ဘူး၊ မလွှတ်နိုင်တော့ သဘာဝဓာတ်ငွေ့ မရတဲ့အခါကျတော့ ဒီမှာရှိတဲ့သဘာဝဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံတွေက မလည်နိုင်ဘူး၊ ၃၀၀ မီဂါဝပ်လောက် သူကလျော့သွားမှာကိုး၊ အကုန်လုံးကလေ၊ အဲဒါကြောင့်မို့ ဒီကာလာအတွင်းမှာလည်း အများပြည်သူကိုလည်း ပြည့်ပြည့်ဝဝပေးနိုင်အောင် နိုင်ငံပိုင်စက်ရုံအလုပ်ရုံတွေ၊ စက်မှုဇုန်တွေပေါ့လေ ဓာတ်အားပေးတာ ရပ်ထားရတယ်၊ ၁၃ ရက်ကျမှ ဓာတ်ငွေ့ကပြန်ရမှာ၊ ရက်ကွက်တွေထဲတော့ မဖြတ်ပါဘူး"

အဲ့ဒီစက်မှုဇုန်တွေကို အရင်နေ့တွေက အလှည့်ကျစနစ်နဲ့ ၁ ရက်ကို ၅ နာရီကြာ လျှပ်စစ်ဓါတ်အားပေးခဲ့ပါတယ်။ ပိုက်လိုင်းကို ပြန်လည်ပြုပြင်ပြီးရင် မူလအတိုင်း အလှည့်ကျစနစ်နဲ့ လျှပ်စစ်ဓါတ်အား ပြန်ပေးသွားမယ်လို့ဆိုပါတယ်။

လျှပ်စစ်မီးဖြတ်မယ်ဆိုတာကိုတော့ နိုင်ငံပိုင်သတင်းစာတွေမှာ တပတ်လောက်အလိုကတည်းက ကြိုတင်အကြောင်းကြားထားပေမယ့် စက်မှုဇုန်တွေအတွက် အစားထိုးဆောင်ရွက်ပေးမယ့် အစီအစဉ်တော့ မရှိဘူးလို့သိရပါတယ်။ ဒါကြောင့်လျှပ်စစ်မီးကို အားကိုးလုပ်ကိုင်နေရတဲ့ သားငါးသိုလှောင်တဲ့ အသေးစားအလတ်စားစက်မှုဇုန်က လုပ်ငန်းရှင်တွေကိုတော့ သိသိသာသာ ထိခိုက်တယ်လို့ လုပ်ငန်းရှင်တွေက ပြောကြပါတယ်။

လျှပ်စစ်ဓါတ်အားထုတ်လုပ်နေတဲ့ ရတနာသဘာဝဓါတ်ငွေ့ ကမ်းလွန် ပိုက်လိုင်းကို အခုရက်ပိုင်းအတွင်း ပြုပြင်နေတဲ့အတွက် ရန်ကုန်မြို့က စက်မှုဇုန်တွေမှာ ဒီကနေ့ကစပြီး လာမယ့်ဧပြီလ ၁၃ရက်နေ့အထိ ၉ ရက်ကြာ လျှပ်စစ် ဓါတ်အား ဖြတ်တောက် လိုက်ပြီဖြစ်ပါတယ်။
အခုလို စက်မှုဇုန်ကစက်ရုံတွေမှာ မီးဖြတ်တောက်လိုက်တာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးဌာန ဒုတိယ ဥက္ကဌ ဦးမောင်မောင်လတ်က RFA ကို အခုလိုပြောပါတယ်။

Friday, 5 April 2013

အိန္ဒိယနိုင်ငံတွင် ဆောက်လက်စတိုက် ပြိုကျမှုကြောင့် လူ ၃၁ ဦး သေဆုံး


အိန္ဒိယနိုင်ငံ၏ အဓိက စီးပွားရေး မြို့တော်ကြီး တစ်ခုဖြစ်သော မွမ်ဘိုင်းတွင် လူနေတိုက်တာ အဆောက် အအုံ တစ်ခု ပြိုကျခဲ့ရာ လူပေါင်း (၃၁)ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အိန္ဒိယ၏ အကြီးဆုံး မြို့ကြီးလည်းဖြစ်သော မွမ်ဘိုင်းတွင် ကြာသပတေးနေ့ မွန်းလွဲပိုင်းက မွမ်းမံ ဆောက် လုပ်နေဆဲ တိုက်တစ်လုံး ပြိုကျခဲ့ခြင်း ဖြစ်သည်။ ရဲများက လူ(၃၁)ဦးထိ အသေအပျောက်ရှိခဲ့ပြီး ယင်းတို့အနက် ကလေး(၁၁)ဦး ပါဝင်ကြောင်း ပြောကြားထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ထွက်ခွာ"



နေပြည်တော် ဧပြီ ၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဟိုင်နန်ကျွန်း ဘိုအောင်းမြို့၌ ကျင်းပမည့် ၂၀၁၃ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုအောင်း ဆွေးနွေးပွဲ တက်ရောက် ရန် နှင့် ချစ်ကြည်ရေးခရီး လည်ပတ်ရန်အတွက် ယနေ့ နံနက် (၉) နာရီ (၁၅) မိနစ် တွင် နေပြည်တော်မှ ဘိုအောင်းမြို့သို့ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း အထူးလေယာဉ်ဖြင့် ထွက်ခွာ သွားသည်။

အင်ဒိုနီးရှားရှိ immigration Detention Centre ဖြစ်စဉ်နှင့်စပ်လျဉ်း၍ မြန်မာအစိုးရမှ ဖြေရှင်းချက်တောင်းဆိုမည်





အင်ဒိုနီးရှားရှိ immigration Detention Centre ဖြစ်စဉ်နှင့်စပ်လျဉ်း၍
=====================================

ဂျာကာတာရှိ မြန်မာသံရုံးက အင်ဒိုနီးရှားအစိုးရ တာဝန်ရှိသူများထံ-

(၁) ဖြစ်စဉ်အမှန်ကို မှန်မှန်ကန်ကန် တရားမျှတစွာ စုံစမ်းဖော်ထုတ်ပေးရန်၊

မြောက်ကိုရီးယားနိုင်ငံ၏လူမှုရေးကွန်ယက်များအား 'Hack'လုပ်ခြင်းခံရ..

Photo: မြောက်ကိုရီးယားနိုင်ငံ၏လူမှုရေးကွန်ယက်များအား 'Hack'လုပ်ခြင်းခံရ..
Friday, April 5, 2013

မြောက်ကိုရီးယားနိုင်ငံ၏လူမှုရေးကွန်ယက်များအား အမည်မသိအဖွဲ့
အစည်းတစ်ခုမှ 'Hack' လုပ်ခြင်းခံခဲ့ရကြောင်းသိရသည်။ Hacker များ၏
လုပ်ရပ်ကြောင့်မြောက်ကိုရီးယား၏ သတင်းဆိုက်(ဒ်)တစ်ခုဖြစ်သော
'Uriminzokkiri' ၏ ထုတ်လွှင့်မှုများ ပြတ်တောက်ခဲ့၍ 'Twitter' နှင့် 'Flicker'
အကောင်းများဖျက်စီးခံခဲ့ရသည်။

တက္ကသိုလ်ကျောင်းသားတစ်သောင်းငါးထောင်တို့၏ Username နှင့် Passwords များကိုလည်း တက္ကသိုလ်ကျောင်းရှိ Database များထဲမှ
ရယူနိုင်ကြောင်း Hackers များမှအခိုင်အမာပြောကြားခဲ့သည်ဟု BBC
သတင်းဌာနတွင်ဖော်ပြထားသည်။

SkyNet TV Browser

မြောက်ကိုရီးယားနိုင်ငံ၏လူမှုရေးကွန်ယက်များအား အမည်မသိအဖွဲ့အစည်းတစ်ခုမှ 'Hack' လုပ်ခြင်းခံခဲ့ရကြောင်းသိရသည်။ Hacker များ၏လုပ်ရပ်ကြောင့်မြောက်ကိုရီးယား၏သတင်းဆိုက်(ဒ်)တစ်ခုဖြစ်သော'Uriminzokkiri' ၏ထုတ်လွှင့်မှု များ ပြတ်ေ တာက် ခဲ့၍ 'Twitter' နှင့် 'Flicker'အကောင်းများဖျက်စီးခံခဲ့ရသည်။

ယုံကြည်မြတ်နိုး ၉၆၉ ဂယက်


ရန်ကုန်မြို့  အလုံလမ်းမရှိ နိုက်ကလပ်တစ်ခုအရှေ့ ၌ ၉၆၉ အမှတ် တံဆိပ်ပါ တက္ကစီကားတစ်စီး ရပ်တန့်လာပြီး   ဒေါက်ဖိနပ် စီးထားသော စကပ်တိုတိုနှင့် မိန်းမပျိုတစ်ဦးမှာ ထိုကားထဲမှ ဆင်းလာ သည်။
 သူမမှာ ၄င်းကလပ်တွင် ကိုယ်ခန္ဓာရင်း၍ စီးပွားရှာနေသော ဝေေ၀ ဟုခေါ် သည့် ညဥ့်ငှက်မလေး တစ်ဦးဖြစ်ပြီး မိသားစုတာဝန်အား တစ်ဦး တည်းထမ်းဆောင်နေရသူလည်း ဖြစ်သည်။ 

နေပြည်တော်အနီးတစ်ဝိုက်ကို ဗဟိုပြု၍ နှစ်ရက်အတွင်း အင်အားအသင့်အတင့်ရှိ ငလျင်သုံးကြိမ်လှုပ်ခတ်



နေပြည်တော် အနီးတစ်ဝိုက်ကို ဗဟိုပြု၍ ဧပြီလ ၃ရက် ညပိုင်းကတစ်ကြိမ်၊ဧပြီ ၄ရက်နေ့ နံနက်တွင် တစ်ကြိမ်၊ ဧပြီ ၄ရက်နေ့ ညပိုင်းတွင်တစ်ကြိမ် စုစုပေါင်း ငလျင်သုံးကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ပြည်ပက လေ့လာတဲ့အဖွဲ့တွေ မပါတဲ့အတွက် ဆွေးနွေးပွဲကို KIO ရက်ရွေ့ဆိုင်း



Photo: ပြည်ပက လေ့လာတဲ့အဖွဲ့တွေ မပါတဲ့အတွက် ဆွေးနွေးပွဲကို KIO ရက်ရွေ့ဆိုင်း

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ တွေ့ဆုံဆွေးနွေးရေးဖို့ ဧပြီလ ၆ ရက်နေ့ မြစ်ကြီးနားမြို့မှာ ချိန်းဆိုထားတာကို ပြည်ပစောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းတွေ မပါဝင်တဲ့အတွက် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ရက်ရွှေ့ဆိုင်းလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ တရုတ်နဲ့ ကုလသမဂ္ဂတို့က ကိုယ်စားလှယ်တွေပါဝင်ဖို့ ပန်ကြားထားပေမယ့် အဆင့်သင့်မဖြစ်သေးတာကြောင့် ၆ ရက်နေ့မှာ မတက်ရောက်နိုင်တဲ့အတွက် သင်္ကြန်ပွဲတော်ပြီးမှ ပြန်လည်တွေ့ဆုံဖို့ အစိုးရဘက်ကို မနေ့က အကြောင်းကြားစာ ပေးပို့ထားတယ်လို့ KIO ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းက RFAကို ပြောပါတယ်။

အစိုးရနဲ့ ကေအိုင်အိုတို့ နောက်ဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့တာက တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ပြီးခဲ့တဲ့မတ်လ ၁၁ ရက်နေ့ကဖြစ်ပြီး အဲဒီအချိန်က သဘောတူညီချက်တချို့ကို ပူးတွဲထုတ်ပြန်နိုင်ခဲ့ပြီး နှစ်ဖက်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ စုစုပေါင်း ၁၂ ကြိမ်ထက်မနည်းရှိပြီလို့ သိရပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ တွေ့ ဆုံဆွေးနွေးရေးဖို့ ဧပြီလ ၆ ရက်နေ့ မြစ်ကြီးနားမြို့မှာ ချိန်းဆို ထား တာကို ပြည်ပစောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းတွေ မပါဝင်တဲ့ အတွက် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ရက်ရွှေ့ဆိုင်း လိုက်ပါ တယ်။
အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ တရုတ်နဲ့ ကုလသမဂ္ဂတို့က ကိုယ်စားလှယ်တွေပါဝင်ဖို့ ပန်ကြားထားပေမယ့် အဆင့်သင့် မဖြစ်သေးတာကြောင့် ၆ ရက်နေ့မှာ မတက်ရောက်နိုင်တဲ့အတွက် သင်္ကြန်ပွဲတော်ပြီးမှ ပြန်လည်တွေ့ဆုံဖို့ အစိုးရဘက်ကို မနေ့က

၁၅၀၀ တန် ဆင်းမ်ကဒ် ဖြန့်ချိရေး ပြည်နယ်တိုင်းဒေသအဆင့် ဆွေးနွေးဆဲ


Photo: ၁၅၀၀ တန် ဆင်းမ်ကဒ် ဖြန့်ချိရေး ပြည်နယ်တိုင်းဒေသအဆင့် ဆွေးနွေးဆဲ

လာမယ့် ဧပြီလ ၂၄ ရက်နေ့မှာ ကျပ် ၁၅၀၀ နဲ့ စတင်ရောင်းချပေးမယ့် မိုဘိုင်းဖုန်း ဆင်းမ်ကဒ်တွေကို ပြည်သူတွေလက်ဝယ်အရောက် ရောင်းချနိင်ဖို့ သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဌာနတို့ ညှိနှိုင်းနေကြပြီဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူတွေလက်ထဲ ဆင်းကဒ် ၃ သိန်းခွဲကို လစဉ် တိုင်းဒေသကြီး အစိုးရအဖွဲ့တွေကနေ ရောင်းချပေးဖို့အတွက် တာဝန်ပေးလိုက်ခြင်းဖြစ်တယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က RFA ကို ပြောပါတယ်။

"တိုင်းဒေသကြီး အစီအစဉ်နဲ့ ဘယ်လိုလုပ်မယ်ဆိုတာလဲ ဆက်သွယ်ရေးနဲ့ ညှိအုံးမှာပါ၊ တိုင်းဒေသကြီး အစီအစဉ်နဲ့လို့တော့ ပြောထားတယ်၊ ကျွန်တော်တို့တွေ လိုအပ်တာကတော့ တကယ်သုံးတဲ့သူတွေလက်ထဲကိုရောက်ဖို့ပဲ ပြောထားတာရှိပါတယ်၊ အဲ့ဒီမှာလုပ်မယ့် အစီအစဉ်တွေကို ပြန်တင်မှာပါ၊ လောလောဆယ်တော့ သူတို့လုပ်မယ့် အစီအစဉ်တွေကို မသိရသေးပါဘူးဗျာ၊ ဆက်သွယ်ရေးလုပ်ငန်းကတော့ လိုင်းအရေအတွက်နဲ့ လူဦးရေအရေအတွက်အပေါ် မူတည်ပြီးတော့ လစဉ်တိုင်းဒေသကြီး အစိုးရဆီကို ခွဲတမ်းနဲ့ပေးသွားမယ်၊ တိုင်းဒေသကြီး အစိုးရတွေက အမှန်တကယ်လိုချင်တဲ့သူတွေလက်ထဲကို ပြန်ပြီးရောင်းချပေးသွားမယ်"

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဆက်သွယ်ရေးဝန်ကြီးကို RFA က ဒီကနေ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာ ခုလိုဆင်းကဒ်တွေကို ပြည်သူတွေလက်ဝယ်အရောက် ဘယ်လိုအစီအစဉ်နဲ့ ဖြန့်ဖြူးမလဲဆိုတာနဲ့ ပတ်သက်ပြီး အစည်းအဝေးလုပ်နေဆဲဖြစ်တဲ့အတွက် အသေးစိတ်မပြောနိုင်သေးကြောင်း တာဝန်ကျအရာရှိတစ်ဦးက ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒီဖုန်းဆင်းမ်ကဒ်တွေကိုတော့ ကနဦးဖုန်းခေါ်ဆိုခ ကျပ် ၃၀၀ ဖြည့်သွင်းပေးထားမှာဖြစ်ပြီး ၁၅ ရက်အတွင်းမှာ ဖုန်းပြောဆိုခ ကျပ် ၅၀၀၀ တန် ငွေဖြည့်ကဒ်ကို ထပ်မံဖြည့်သွင်း အသုံးပြုရမှာဖြစ်ပါတယ်။

တစ်ကယ်လို့ ၁၅ ရက်အတွင်းမှာ ထပ်မံအဖြည့်သွင်းဘူးဆိုရင်တော့ အလိုအလျှောက် ပြန်လည်ပိတ်သိမ်းသွားမှာ ဖြစ်တယ်လို့လည်း နိုင်ငံပိုင် သတင်းမီဒီယာတွေက ဖော်ပြထားတာပါ။

ဖုန်းပြောဆိုခ တစ်မိနစ်ကို ကျပ် ၅၀ သတ်မှတ်ထားပြီး အဝင်ဖုန်းလက်ခံ ပြောဆိုခကိုတော့ ကောက်ခံမှာမဟုတ်ဘူးလို့ သိရပါတယ်။

လာမယ့် ဧပြီလ ၂၄ ရက်နေ့မှာ ကျပ် ၁၅၀၀ နဲ့ စတင်ရောင်း ချပေး မယ့် မိုဘိုင်းဖုန်း ဆင်းမ်ကဒ်တွေ ကို ပြည်သူတွေ လက်ဝယ် အရောက် ရောင်းချနိင်ဖို့ သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရ အဖွဲ့နဲ့ မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဌာနတို့ ညှိနှိုင်းနေကြ ပြီဖြစ် တယ်လို့ သိရပါတယ်။
ပြည်သူတွေလက်ထဲ ဆင်းကဒ် ၃ သိန်းခွဲကို လစဉ် တိုင်းဒေသကြီး အစိုးရ အဖွဲ့တွေကနေ ရောင်းချပေးဖို့အတွက် တာဝန်ပေး လိုက်ခြင်းဖြစ်တယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က RFA ကို ပြောပါတယ်။