Saturday 6 April 2013

ဗုံးခွဲ တိုက်ခိုက် မည့် သတင်းကြောင့် ဘူးသီးတောင် မြို့ နယ်တွင် အာဏာ ပိုင်များ သတိပေး


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ဗုံးခွဲ တိုက်ခိုက်မည်ဆိုသောသတင်များ ကျယ်ကျယ်ပြန့် ပြန့် ဖြစ်ပေါ်နေပြီး အာဏာပိုင်များမှလည်း ပြည်သူများကို သတိနှင့် နေထိုင် ကြရန် ပြောကြား ထား သည်ဟု သတင်းရရှိသည်။


အစိုးရ တာဝန်ရှိသူများက ပြည်သူများအား သတိပေးထားသဖြင့် ဗုံးခွဲတိုက်ခိုက်မည့် သတင်း မှာ ကောလဟလသတင်းမဟုတ်ပါကြောင်း ဘူးသီးတောင် အမှတ် (၆) ရပ်ကွက်မှ ဒေသခံ တစ်ဦး က ပြော သည်။

“ခုဖြစ်နေတဲ့ သတင်းက ကောလဟလ သတင်းဆိုပီး ပြောလို့ မရဘူး။ အာဏာပိုင်တွေ ကိုယ်တိုင်က လူထုကို သတိထားပြီး နေထိုင်ကြဖို့ပြောထားတဲ့ အတွက် ဒါ ဖြစ်နိုင်ချေ ရှိနေပါတယ်” ဟု သူက ပြော သည်။

လက်ရှိ ရထားသော သတင်းများ အရ ဧပြီ (၆) ရက်နှင့် (၁၁) ရက်နေ့များတွင် မွတ်ဆလင် အကြမ်းဖက် အဖွဲ့ တစ်ခုမှ ဗုံးခွဲတိုက်ခိုက်ရန် အစီအစဉ်ရှိသည်ဆိုသော သတင်းအားရရှိထားကြောင်း အမည်မဖေါ်လိုသူ အစိုးရ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သို့အတွက် လူထုအား စားသတိ၊ လာသတိ ထားရှိကြရန် ဒေသ အာဏာပိုင်များက နီးစပ်ရာမှ တဆင့် သတိပေး ပြောကြားထားကြောင်း သူက ဆိုသည်။

ဘူးသီးတောင်မြို့နယ် ရတပပါတီအဖွဲ့ဝင် တစ်ဦးမှလည်း ဘူးသီးတောင်တွင် ဗုံးခွဲတိုက်ခိုက်မည့် သတင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး ယခုအခါ လူထုအား သတိထားနေထိုင်ကြရန် အာဏာ ပိုင်များက ပြောကြားထားသည်မှာ မှန်ကန်ကြောင်း အတည်ပြု ပြောကြားသည်။

၎င်းပြင် နယ်စပ် တလျှောက်တွင် တပ်မတော်မှ လုံခြုံရေး အစီအမံများကို ယခင်ကထက် တိုးမြှင့် ဆောင် ရွက်နေပြီး နယ်မြေလုံခြုံရေးကိုလည်း အထူးဂရုစိုက်လျှက်ရှိသည်ဟု သူက ဆိုသည်။

Myanmar News International

1 comment:

  1. သင်္ကြန်ရက်များတွင် မြန်မာပြည်သူများ အားလုံး သတိရှိကြဘို့တော့လိုနေပြီ။

    ReplyDelete