နေပြည်တော် ဧပြီ ၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်
နိုင်ငံတော်သမ္မတ ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတများဖြစ်ကြ သည့် ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးလှဋ္ဌေးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Lu Zhi နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက နေပြည်တော်လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးတင် နိုင်သိန်း၊ ဦးသန်းဋ္ဌေး၊ ဒေါက်တာကံဇော်နှင့် ဒေါက်တာမြင့်အောင်၊ ဒုတိယ ဝန်ကြီး ဒေါက်တာ ဝင်းမြင့်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါသွားကြသည်။
(နိုင်ငံတော်သမ္မတရုံး)
No comments:
Post a Comment