Monday, 25 February 2013

ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံးရုံးဥက္ကဋ္ဌ အဖြစ် ပြည်ထောင်စုတရား လွှတ်တော်ချုပ် ညွှန်ကြားရေးမှူးချုပ် ဦးမြငြိမ်း အားခန့်အပ်တာဝန်ပေး

ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံးရုံးဥက္ကဋ္ဌ အဖြစ် ပြည်ထောင်စုတရား လွှတ်တော်ချုပ် ညွှန်ကြားရေးမှူးချုပ် ဦးမြငြိမ်း အားခန့်အပ်တာဝန်ပေး
Monday, February 25, 2013 

ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံးရုံးဥက္ကဋ္ဌ အဖြစ် အငြိမ်းစား ပြည်ထောင်စု တရား လွှတ်တော်ချုပ် ညွှန်ကြားရေးမှူးချုပ် ဦးမြငြိမ်း အားခန့်အပ် တာဝန်ပေး အပ်ကြောင်းပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်သည်။

ဖေဖော်ဝါရီ ၂၅ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက က ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌမှ အမည်စာရင်းတင်သွင်းသည့် ဦးမြငြိမ်းအား ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံးရုံးဥက္ကဋ္ဌအဖြစ် အတည်ပြုကြေညာ ခဲ့ခြင်းဖြစ်သည်။


ဓာတ်ပုံ - ယခင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဌ နှင့် အဖွဲ့ဝင်များ (ဓာတ်ပုံ – ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ၀က်ဘ်ဆိုက်)

ဗညားဦး၊မောင်ပိုင် (နေပြည်တော်)
Yangon Media Group
ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံးရုံးဥက္ကဋ္ဌ အဖြစ် အငြိမ်း စား ပြည်ထောင်စု တရားလွှတ်တော်ချုပ် ညွှန်ကြားရေးမှူးချုပ် ဦးမြငြိမ်း အားခန့်အပ်တာဝန်ပေးအပ်ကြောင်းပြည်ထောင်စု လွှတ်တော်က

ဖေဖော်ဝါရီလ ၂၅ ရက်နေ့အတွက် ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း



ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေလဲ လှယ်နှုန်း

အီဂျစ်လွှတ်တော် ရွေးကောက်ပွဲများကို သပိတ်မှောက်ရန် အယ်လ်ဘာရာဒေး တိုက်တွန်း

အီဂျစ်လွှတ်တော် ရွေးကောက်ပွဲများကို သပိတ်မှောက်ရန် အယ်လ်ဘာရာဒေး တိုက်တွန်း
Monday, February 25, 2013 

ဧပြီတွင် ပြုလုပ်ရန် စီစဉ်ထားသော အီဂျစ်လွှတ်တော် ရွေးကောက်ပွဲများကို သပိတ်မှောက်ရန် ထင်ရှားသော အတိုက်အခံ ခေါင်းဆောင်တစ်ဦးဖြစ်သည့် မိုဟာမက်အယ်လ်ဘာရာဒေးက ဖေဖော်ဝါရီ ၂၃ ရက်တွင် Twitter ၌ တိုက်တွန်းရေးသားခဲ့သည်။

အီဂျစ်အတိုက်အခံ အဖွဲ့များ ညွန့်ပေါင်းဖြစ်သော National Salvation Front တွင် ပါဝင်သည့် ခေါင်းဆောင်များအနက် တစ်ဦးအပါအ၀င်ဖြစ်သူ အယ်လ်ဘာရာဒေးသည် ပြီးခဲ့သော သုံးနှစ်ကလည်း ယခုကဲ့သို့ပင်
ရွေးကောက်ပွဲများကို သပိတ်မှောက်ခဲ့ဖူးသူ ဖြစ်သည်။

သို့သော် မွတ်စလင်ဘရားသားဟုဒ် အဖွဲ့၏ Freedom and Justice ပါတီမှ အကြီးတန်းအဖွဲ့ဝင် တစ်ဦးဖြစ်သူ အက်ဆမ်အီရန်က ယင်းကဲ့သို့ သပိတ်မှောက်ရန် အဆိုပြုမှုအပေါ် ဝေဖန်ခဲ့သည်။

ရွေးကောက်ပွဲများတွင် မပါဝင်ခြင်းသည် အုပ်ချုပ်ရေးအာဏာများကို ဒီမိုကရေစီနည်းလမ်းများ မသုံးဘဲ ရယူလို၍ဖြစ်ကြောင်း ပါတီ Facebook တွင် ရေးသားခဲ့သည်။ လွှတ်တော်ရွေးကောက်ပွဲများ ပြုလုပ်ရန် စီစဉ်ထားသော နေရာအများအပြား၌ ပြုလုပ်မည့် ရက်များကို အပြောင်းအလဲ ပြုလုပ်ခဲ့သည့် သမ္မတအမိန့် ဒီဂရီအား နိုင်ငံပိုင် Middle East News အေဂျင်စီက ယင်းနေ့တွင်ပင် ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ - ပေါ့ဆက်မြိ့တွင် သမ္မတမော်ဆီကို ဆန့်ကျင်သူများက အိုးဖုံးများတီးပြီး ဖေဖော်ဝါရီလ ၂၂ ရက်က ဆန္ဒပြနေကြစဉ်

Ref:BBC
Eleven Media Group
ဧပြီတွင် ပြုလုပ်ရန် စီစဉ်ထားသော အီဂျစ် လွှတ်တော် ရွေးကောက်ပွဲ များကို သပိတ်မှောက်ရန် ထင်ရှားသော အတိုက် အခံ ခေါင်းဆောင် တစ်ဦးဖြစ်သည့် မိုဟာမက်အယ်လ်ဘာရာဒေး က ဖေဖော်ဝါရီ ၂၃ ရက်တွင် Twitter ၌ တိုက်တွန်းရေးသားခဲ့သည်။

တရုတ်နိုင်ငံ အင်ခန်ဆမားရှိ ကချင်ဒုက္ခသည်စခန်းတွင် KIA မှ တပ်သားသစ်အဖြစ်ဝင်ရောက်ဖမ်းဆီး

တရုတ်နိုင်ငံ အင်ခန်ဆမားရှိ ကချင်ဒုက္ခသည်စခန်းတွင် KIA မှ တပ်သားသစ်အဖြစ်ဝင်ရောက်ဖမ်းဆီး

KIA တပ်ဖွဲ့များ အခြေချလှုပ်ရှားနေသော ကန်တော်ပန်းရွာနှင့် အခြားရွာများမှ ဒေသခံတွေအနေနဲ့ စစ်ေ ဘး ဒုက္ခသည်အဖြစ် တစ်ဘက်တရုတ်နိုင်ငံ အင်ခန်ဆမားရွာမှဒုက္ခသည်စခန်းမှာ သွားရောက် ခိုလှုံနေကြ ရေ ပမဲ့ KIA တပ်တွေက သူတို့တပ် အင်အားဖြည့်ဖို့လိုတယ်။ မင်းတို့တွေ တပ်ထဲဝင်ရမယ် ဆိုပြီး အဓမ္မလူ သစ်စုေ ဆာင်း ခေါ်ဆောင်သွားတာတွေ ရှိတယ်လို့ သိရပါတယ်။ 

“ကျနော်တို့က ကိုယ့်ရပ်ရွာမှာ မနေရဲလို့ လုပ်ကိုင်စားသောက်ရတာအဆင်မပြေလို့ ထွက်ပြေးလာတဲ့ ဒုက္ခ သည် တွေပါ။ အခုလို ဒုက္ခသည်စခန်းကို ရောက်လာတော့လည်း KIA တပ်က ညဖက်တွေမှာ ရောက်လာ ပြီး အဓမ္မ ဖမ်းဆီးခေါ်ဆောင်တာတွေလုပ်တော့ အေးအေးဆေးဆေး မနေရဘူး။ ၀င်ဖမ်းတဲ့ အချိန်ပါ မ သွားေ အာင် သတိထားပြီး ရှောင်နေရတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလကလည်း (၂) ကြိမ်၊ ဒီလလည်း (၁) ကြိမ်၊ စု စုပေါင်း (၃) ကြိမ်ရှိပြီ၊ သူတို့ KIA က တပ်သားသစ်လိုတယ်ဆိုပြီး ညအချိန်ဝင်ဖမ်းသွားတာ။ တစ်ခါ ဖမ်း ရင် အယောက် (၃၀) လောက်ပါသွားတယ်။ ကျနော်တို့က တရုတ်အစိုးရကိုတော့ တိုင်ထားတယ်။ အခု ထိတော့ တရုတ်အစိုးရကလဲ ဘာမှမဖြေရှင်းပေးဘူး” ဟု အမည်မဖော်လိုသူက ပြောပြသည်။

KIA တပ်အနေနဲ့ အစိုးရနှင့် နိုင်ငံရေးဆွေးနွေးဖို့ ပြင်ဆင်နေပြီး တစ်ဘက်မှ နိုင်ငံရေးအရ တပ်သားသစ် သင် တန်း တက်နေတဲ့ KIA သင်တန်းသားတွေကို မိဘနေရပ်ထံပြန်လွှတ်နေပေမဲ့ တိုက်ပွဲဝင်နိုင် တဲ့အနေ အထား မရှိသူတွေကို ပြန်လွှတ်ပေးခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။ သူတို့တပ်တွေရှိတဲ့ ရွာတွေမှာတော့ အခု အချိန် အထိ အဓမ္မလူသစ်စုဆောင်းတာတွေ ပြုလုပ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

Kachin Daily News

KIA တပ်ဖွဲ့များ အခြေချလှုပ်ရှားနေသော ကန်တော်ပန်းရွာနှင့် အခြား ရွာများမှ ဒေသခံတွေအနေနဲ့ စစ်ေ ဘး ဒုက္ခသည်အဖြစ် တစ်ဘက် တရုတ်နိုင်ငံ အင်ခန်ဆမားရွာမှဒုက္ခသည်စခန်းမှာ သွားရောက်ခိုလှုံနေ

ကမ္ဘာ့ အမြင့်ဆုံး မော်တော် ဆိုင်ကယ်

ပုံမှာမြင်တွေ့ရ တာကတော့ အမေရိကန် နိုင်ငံသား၊ နယူးယောက်မြို့မှ Greg Dunham အမည်ရ အင်ဂျင်နီယာ တစ်ဦးက ဖန်တီး လိုက်တဲ့ကမ္ဘာ့အမြင့်ဆုံး မော်တော် ဆိုင်ကယ် ဖြစ်ပါတယ်။

မွန်ပြည်နယ် စစ်တောင်းမြစ် ကမ်းပါးပြို

မွန်ပြည်နယ် စစ်တောင်းမြစ် ကမ်းပါးပြို

ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၀၁၃

မွန်ပြည်နယ် ကျိုက်ထို မြို့နယ် သိမ်ဇရပ်မြို့ ကနေ အောက်ပိုင်း တစ်မိုင်ခန့် အရှည်ထိ စစ်တောင်းမြစ် ကမ်းပါး ပြိုကျရာကနေ လူနေ အိမ်တွေ၊ လယ်ကွင်းတွေ ရေထဲ ပါနေ တာကြောင့် ဒေသခံ တွေက စိုးရိမ် မူတွေ ရှိနေ ကြပါတယ်။

ခုလို ကမ်းပါးပြို နေတဲ့ အတွက် ခုနှစ်လ ရှစ်လ အတွင်းမှာ သိမ်ဇရပ်မြို့ ကမ်းနား ပိုင်းမှာ တည်ရှိတဲ့ ဆိပ်ကမ်းသာ ရပ်ကွက်နဲ့ ရွာမ ရပ်ကွက်က အိမ်ခြေ ၂၀ဝ နီးပါးခန့် လည်း ရေထဲ ပါကုန်တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းနဲ့ အစီအစဉ်များ ရေစကြို မြစ်ဆုံမှာ ရေကြီး မြေပြို
ကုလားတန် မြစ်ကြောင်းအတွက် လေ့လာဆန်းစစ်မယ်။

ချင်းတွင်းမြစ် ရေခန်းလာပြီ ဆက်စပ်အကြောင်းအရာများ တိုင်းရင်းသားရေးရာ နိုင်ငံတော် အစိုးရ ပိုင်းက ကျပ်ငွေ သိန်းပေါင်း ၂၁၃ သိန်း ချပေးပြီး သစ်သား တိုင်တွေနဲ့ ဂဝံ ကျောက်တွေနဲ့ ထိန်းသိမ်းဖို့ ကြို စား နေတယ်လို့ ပြောပါတယ်။

ဒါပေမယ့်လည်း ခိုင်ခိုင် ခန့်ခန့် မလုပ် နိုင်ဘူး ဆိုရင် တားဆီး နိုင်မယ့် အနေ အထား မရှိဘူးလို့ ဒေသခံ တွေက ပြောပါတယ်။

အိုးအိမ်မဲ့ ဖြစ်သွားတဲ့ မိသားစု တွေကို လည်း အာဏာပိုင် တွေက ပြန် လည် နေရာ ချပေးထား ပေမယ့် အနည်းစု ကိုသာ နေရာ ချပေး နိုင်တဲ့ အတွက် မိသားစု အများ အပြား ကတော့ အခက်အခဲ ဖြစ်နေ တယ်လို့ ဆိုပါတယ်။

သိမ်ဇရပ်မြို့ဟာ အိမ်ခြေ ၄၀ဝ၀ ခန့် ရှိပြီး ခုလို ကမ်းပါး ပြိုနေတဲ့ အတွက် ဒေသခံတွေ အကြားမှာ စိုးရိမ်မူ တွေလည်း တိုးပွား နေကြ တယ်လို့ သိရပါတယ်။

BBC News
ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၀၁၃
မွန်ပြည်နယ် ကျိုက်ထို မြို့နယ် သိမ်ဇရပ်မြို့ ကနေ အောက်ပိုင်း တစ်မိုင် ခန့်အရှည်ထိ စစ်တောင်းမြစ် ကမ်းပါး ပြိုကျရာကနေ လူနေအိမ်တွေ၊ လယ်ကွင်းတွေ ရေထဲပါနေတာကြောင့် ဒေသခံ တွေက စိုးရိမ် မူတွေ

ကားနောက်ခန်းထဲပုန်းကာ စင်ကာပူမှ တရားမဝင်ထွက်ခွာရန် ကြိုစားသော မြန်မာနိုင်ငံသားတစ်ဦးအား ဖမ်းဆီးမိ

ကားနောက်ခန်းထဲပုန်းကာ စင်ကာပူမှ တရားမဝင်ထွက်ခွာရန် ကြိုစားသော မြန်မာနိုင်ငံသားတစ်ဦးအား ဖမ်းဆီးမိ
Monday, February 25, 2013 

စင်ကာပူ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များသည် အသက်
၆၁ နှစ် အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦးအား ပြီးခဲ့သည့် ကြာသပတေးနေ့က ဝုဒ်လန်းစစ်ဆေးရေးဂိတ်မှ အဖြတ်တွင် ကားနောက်ခန်းအတွင်း ပုန်းအောင်းလိုက်ပါကာ စင်ကာပူမှ တရားမဝင်ထွက်ခွာရန် ကြိုစားသော မြန်မာနိုင်ငံသားတစ်ဦးအား ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ကားနောက်ခန်းထဲ ပုန်းအောင်းလိုက်ပါခဲ့သည့် ယင်းမြန်မာနိုင်ငံ
သားနှင့် အတူ ယဉ်မောင်းဖြစ်သူ မလေးရှားလူမျိုးတစ်ဦးကိုလည်း
အတူဖမ်း ဆီးထားကြောင်း စင်ကာပူ လူဝင်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဂိတ်များအာဏာပိုင်အဖွဲ့ ICA က ပြောကြားသည်။

၎င်းတို့ စီးနင်းလာသော ကားမှာ မလေးရှားတွင် မှတ်ပုံတင် ထားသောကားဖြစ်ပြီး စစ်ဆေးရေးဂိတ်သို့ နံနက် ၁၂ နာရီကျော် အချိန် ဖြတ်သန်း လာစဉ် ဖမ်းဆီးရမိခြင်းဖြစ်သည်။

ယခုအခါ ၎င်းတို့နှစ်ဦးစလုံးကို တရားမဝင်ထွက်ခွာမှုဖြင့် ရဲက စုံစမ်းစစ်ဆေးနေသည်။ ICA ကလည်းအဖွဲ့သည် စင်ကာပူတွင်
နေခိုင်ခွင့်သက် တမ်း ကျော်လွန်ကာနေထိုင်သော နိုင်ငံခြားသား
များ၏ နိုင်ငံတွင်းသို့ အဝင်၊အထွက်များကို သေချာစစ်ဆေးနေ
ကြောင်း ပြောကြားသည်။

Ref: Asiaone
The Myanma Age

စင်ကာပူ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များသည် အသက် ၆၁ နှစ် အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦးအား ပြီးခဲ့သည့် ကြာသပတေးနေ့က ဝုဒ်လန်းစစ်ဆေးရေးဂိတ်မှအဖြတ်တွင် ကားနောက်ခန်းအတွင်း ပုန်းအောင်း လိုက်ပါကာ စင်ကာပူမှ တရားမဝင်ထွက်ခွာရန် ကြိုစားသော မြန်မာနိုင်ငံသားတစ်ဦးအား ဖမ်းဆီးမိခဲ့ကြောင်း သိရ သည်။

Sunday, 24 February 2013

မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော် တွင် တရားသူကြီးများ တရားရေး အရာရှိများ ကျမ်းသစ္စာ ဆိုပွဲကျင်းပ

Photo: မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော် တွင် တရားသူကြီးများ တရားရေး အရာရှိများ ကျမ်းသစ္စာ ဆိုပွဲကျင်းပ
Sunday, February 24, 2013 

မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ တရားသူကြီး များ ၊ တရားရေး အရာရှိများ ကျမ်းသစ္စာ ဆိုပွဲ အခမ်းအနားကို ၂၂-၂-၂၀၁၃ ရက်နေ့ နံနက်
 ၉ နာရီတွင် မန္တလေးတိုင်း ဒေသကြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျင်းပသည့် ကျမ်းသစ္စာ ဆိုပွဲတွင် မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးစိုးသိန်း က အမှာ စကား ပြောကြား၍ ခရိုင် တရားရုံး နှင့် မြို့နယ် တရားရုံး တို့မှ တရားသူကြီး ၁၂၁ ဦး၊ မန္တလေးတိုင်း ဒေသကြီး တရား လွှတ်တော်မှ တရားရေး အရာရှိ ၇ ဦး ၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ် မှ တရားရေး အရာရှိ ၁၀ ဦး ၊ စုစုပေါင်း ၁၃၈ ဦးတို့က မန္တလေးတိုင်း ဒေသကြီး တရား လွှတ်တော် တရားသူကြီး ချုပ် ဦးစိုးသိန်း ၏ ရှေ့မှောက် တွင် ကျမ်းသစ္စာ ဆိုကြသည်။

ယင်းနောက် ပြည်ထောင်စု တရား လွှတ်တော်ချုပ် ၌ တိုင်းဒေသကြီး / ပြည်နယ် တရား လွှတ်တော်များ ၊ ခရိုင် တရားရုံး များ၏ စတုတ္တ အကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး အတွေ့အကြုံ နှင့် မှာကြားချက် များကို ထပ်ဆင့် ရှင်းလင်း ဆွေးနွေးသည့် အခမ်းအနား အား ဆက်လက် ကျင်းပ ခဲ့ကြောင်း သိရှိရသည်။

The Myawady Daily
မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ တရားသူကြီး များ ၊ တရားရေး အရာရှိများ ကျမ်းသစ္စာဆိုပွဲအခမ်းအနားကို ၂၂-၂-၂၀၁၃ ရက်နေ့ နံနက်၉ နာရီတွင် မန္တလေးတိုင်း ဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကရင်ငြိမ်းချမ်းရေးအဖွဲ့ တစ်ဖွဲ့မှ အဖွဲ့ဝင်များ မင်းမဲ့စရိုက် ဆန်ဆန် လုပ်ဆောင်ခဲ့မှုအား အချိန်မီထိန်းသိမ်းနိုင်ခဲ့

Photo: ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကရင်ငြိမ်းချမ်းရေးအဖွဲ့ တစ်ဖွဲ့မှ အဖွဲ့ဝင်များ မင်းမဲ့စရိုက် ဆန်ဆန် လုပ်ဆောင်ခဲ့မှုအား အချိန်မီထိန်းသိမ်းနိုင်ခဲ့
Sunday, February 24, 2013 

၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် အစိုးရနှင့်အပစ်အခတ်ရပ်ဆဲရေး လက်မှတ်ရေးထိုးထားသော KNU/ KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ    (ဗိုလ် ထိန်မောင်) အဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိ စောဝင်းမြင့် ဦးဆောင်သော
အဖွဲ့ဝင် ၁၈ ဦးသည် မင်းမဲ့စရိုက် ဆန်ဆန်ဖြင့် ခွင့်ပြုချက်မရဘဲ လက်နက်ခဲယမ်းများအားယူဆောင်လာပြီး တာဝန်ထမ်းဆောင်
နေသော ပြည်သူ့ ဝန်ထမ်းနှစ်ဦးအား ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်
သွားခဲ့သော ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ KNU/ KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ   (ဗိုလ်ထိန်မောင်)
အဖွဲ့မှ စောဝင်းမြင့် ဦးစီး ၂၀ ဦးခန့်သည် ခွင့်ပြုချက်မရဘဲ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ တရားမဝင် လက်နက် ခဲယမ်းများနှင့် လက်ပစ်ဗုံးများ သယ်ဆောင်လာပြီး ဝင်ရောက်လာကြောင်း၊ ဒေသခံ
ပြည်သူများမှ တာဝန်ရှိသူ များအား သတင်းပို့ခဲ့ပြီး တာဝန်ရှိ သူများမှ 
၎င်းတို့အားသွားရောက်တွေ့ဆုံပြီး လက်နက်များယူလာ၍ မရကြောင်း 
ရှင်းလင်းပြောဆိုပြီး ပါလာသော လက်နက်ခဲယမ်းများကို အပ်နှံစေခဲ့ကြောင်း၊ ထို့ပြင် ၎င်းတို့အဆင်ပြေ စေရန်အတွက် ပုသိမ်မြို့မှတာဝန် ရှိသူများနှင့်
တွေ့ဆုံပေးခဲ့ကြောင်း သိရှိရသည်။ 

၎င်းအဖွဲ့သည် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့တွင် ယာဉ်လေးစီးဖြင့် ပုသိမ်-ရန်ကုန်ကားလမ်းအတိုင်းထွက်ခွာခဲ့ပြီး ကန်ကြီးထောင့်မြို့ လမ်းဆုံတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင် (၁) ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် (၁) ဦးတို့အား အတင်းအဓမ္မ ကားပေါ်သို့ဆွဲတင်ကာဖမ်းဆီး ခေါ်ဆောင်သွားပြီး ၎င်းဝန်ထမ်း(၂)ဦးအား အသက်ရှင်လျက် ပြန်လိုချင်ပါက ၎င်းတို့ထံမှ
သိမ်းဆည်းထားသော လက်နက်များအားပြန်ပေးရန် ဆက်သွယ်ပြောကြား
ခဲ့ကြောင်း သိရှိရသည်။ ၎င်းအဖွဲ့အင်အား ၁၈ ဦးနှင့် ကား ၃ စီးအား အင်းတိုင်မြို့တွင် တာဝန်ရှိသူများမှ တားဆီးနိုင်ခဲ့ပြီး ဖမ်းခေါ်သွားသော
နိုင်ငံ့ဝန်ထမ်း(၂)ဦးအား ပြန်လည် ကယ်တင်နိုင်ခဲ့ကြောင်းသိရှိရသည်။

“ အခြေအနေကတော့ တော်တော်ဆိုးပါတယ်။ ငြိမ်းချမ်းရေးအဖွဲ့
အမည်ခံပြီး မြို့ပေါ်မှာလာပြီး သောင်းကျန်းနေတယ်။ တစ်ကယ့်မင်းမဲ့ စရိုက်ဆန်ဆန်ပါပဲ။ နိုင်ငံ့ဝန်ထမ်း(၂)ဦး ဓါးစာခံအဖြစ်ဖမ်းလာတယ်။ ပြီးတော့ လုံခြုံရေးတပ်ဖွဲ့တွေက သူတို့ကားတွေတားတော့ သူတို့ကို
မလွှတ်ပေးရင် ဘေးနားမှာရပ်ထားတဲ့ ဓါတ်ဆီတင်ကားကို မီးရှို့မယ်လို့
လည်း ခြိမ်းခြောက်တယ်၊ ဒါပေမယ့် တာဝန်ရှိသူတွေ ရောက်လာပြီး 
အခြေ အနေကို ထိန်းသိမ်းလိုက်နိုင်ပါတယ်ဟု ” ၎င်းယာဉ်တန်းအား တားဆီးရာတွင် ပါဝင်ခဲ့သူ ယာဉ်ထိန်းရဲ တစ်ဦးမှ ပြောကြားခဲ့သည်။ 

ငြိမ်းချမ်းရေးလက်မှတ်ထိုးထားတဲ့ အဖွဲ့တွေအနေနဲ့ လက်အောက်
ငယ်သားတွေကို စနစ်တကျ ထိန်းသိမ်း သင့်ပါတယ်။ အခုဟာက အထက်ကခေါင်းဆောင်ကမသိဘူး အောက်ကတပ်သားတွေက ကိုယ့် သဘောကိုယ်ဆောင်ပြီး လုပ်ချင်တာလုပ်နေကြတယ်ဟု ကရင်နယ်ခြား
စောင့်တပ်မှ တပ်မှူးတစ်ဦးကလည်း ပြောကြားခဲ့သည်။

၎င်း ကိစ္စနှင့်ပတ်သက်၍ KNU/ KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ (ဗိုလ် ထိန်မောင်) အဖွဲ့မှ ဆက်ဆံရေးတာဝန်ခံအား မေးမြန်းခဲ့ရာ ဥပဒေချိုးဖောက်
ခဲ့သော စောဝင်းမြင့်နှင့် အဖွဲ့အားပြန်ရောက်လာပါက ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ယခုဖြစ်စဉ်တွင် ခေါင်းဆောင်ဖြစ်သော ဗိုလ်မှူးအဆင့်ရှိ စောဝင်းမြင့်ဆိုသူသည် ယခင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့
ဝင်တစ်ဦးဖြစ်ပြီး ငွေကြေးအလွဲသုံးစားမှုဖြင့် ခွင့်မဲ့ ပျက်ကွက် ဖြစ်ပွား
ခဲ့သဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထောင်ချထုတ်ပယ်ခဲ့ကြောင်း၊ ထောင်မှ
ထွက်ပြီးနောက် KNU/ KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ(ဗိုလ် ထိန်မောင်)
အဖွဲ့သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း ဆက်ဆံရေး တာဝန်ခံမှ
ပြောကြားခဲ့သည်။

KNU/ KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ (ဗိုလ် ထိန်မောင်)အဖွဲ့သည်
KNU အဖွဲ့ထံမှ(၂၀၀၇)ခုနှစ်တွင် ခွဲထွက်ခဲ့ပြီး ယခင် အစိုးရဟောင်းနှင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးသောအဖွဲ့တစ်ဖွဲ့ဖြစ်ပြီး၊ ယခု အစိုးရသစ် လက်ထက် ၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလတွင် ပြည်နယ်အဆင့်( ၁ ) ကြိမ်ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေး လက်မှတ် ရေးထိုးထားသော အဖွဲ့ဖြစ်သည်။

၎င်းအဖွဲ့သည် တပ်ဖွဲ့ဝင်အင်အား ၅၀၀ ကျော်ခန့်ရှိပြီး ကရင်ပြည်နယ် ထို့ကော်ကိုး၊ မဲလဒေသတွင် အခြေချကာ ထိုင်းနိုင်ငံမှမှောင်ခိုပစ္စည်း
များအား အကောက် ကောက်ခံခြင်း၊ လိုင်စင်မဲ့ကားများအား တင်သွင်းခြင်း၊ သစ်ခိုးထုတ်ခြင်း စသည့် လုပ်ငန်းများလုပ်ကိုင်နေသော အဖွဲ့တစ်ဖွဲ့
ဖြစ်ကြောင်း သိရသည်။

သန်းနိုင်

သတင်းအား မေးလ်ဖြင့် ပေးပို့လာသော ကိုသန်းနိုင်အား ကျေးဇူး 
တင်ရှိပါသည်။
၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းနှင့် ဧရာဝတီ တိုင်းဒေသကြီးအတွင်းတွင် အစိုးရနှင့် အပစ်အခတ်ရပ်ဆဲရေး လက်မှတ်ရေးထိုးထားသော KNU/ KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ (ဗိုလ် ထိန်မောင်) အဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိ စောဝင်းမြင့် ဦးဆောင်သော အဖွဲ့ဝင် ၁၈ ဦးသည် မင်းမဲ့စရိုက် ဆန်ဆန်ဖြင့်ခွင့်ပြုချက်မရဘဲ လက်နက်ခဲယမ်းများအားယူဆောင်လာပြီး တာဝန် ထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်းနှစ်ဦးအား ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သော ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖိတ်ခေါ်သည့်နေရာများကို အဓိကဦးစားပေးလုပ်ဆောင်ပေးသွားမည့်  မိုးပွင့် ၅ လာပြီ

Photo: ဖိတ်ခေါ်သည့်နေရာများကို အဓိကဦးစားပေးလုပ်ဆောင်ပေးသွားမည့် 
မိုးပွင့် ၅ လာပြီ
Sunday, February 24, 2013 

မန်းတိုင်းဒေသကြီးအတွင်း ဧပြီလ ၁ရက်နေ့မှ၊ မေလ ၃၁ရက်နေ့
အထိ နိုင်ငံသားစိစစ်ရေးကဒ်ပြား နှစ်သောင်းကျော် ပြုလုပ်ပေးမည့်
မိုးပွင့် ၅အစီအစဉ် လာမည်ဖြစ်ကြောင်း မန်းတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ သိရသည်။

ယခုမိုးပွင့်၅အစီအစဉ်တွင် ဖိတ်ခေါ်သည့်နေရာများကို အဓိကဦး စားပေးလုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး ယခင်မိုးပွင့်အစီစဉ်များတွင် ဌာနအစီအစဉ်ဖြင့်သာ သွားရောက်လုပ် ဆောင်ပေးခြင်းဖြစ်ပြီး မိုးပွင့်၁တွင် နှစ်သိန်းကျော်၊ မိုးပွင့်၂တွင် ၇၈၀၀၀ကျော်၊ မိုးပွင့် ၃တွင်လေးသောင်းကျော်၊ မိုးပွင့်လေးတွင် သောင်းသောင်းခွဲကျော်
နိုင်ငံသားစိစစ်ရေးကဒ်ပြားများကို စိစစ်ထုတ်ပေးခဲပြီးဖြစ်ကြောင်း မန်း တိုင်းလူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ ဦးစီးမှူး ဦးသောင်းဇော်က ပြောသည်။ 

သတင်း-ဖိုးလပြည့်၊ဓာတ်ပုံ -သက်နိင်
Popular Myanmar News Journal
မန်းတိုင်းဒေသကြီးအတွင်း ဧပြီလ ၁ရက်နေ့မှ၊ မေလ ၃၁ရက်နေ့ အထိ နိုင်ငံသားစိစစ်ရေးကဒ်ပြား နှစ်သောင်းကျော် ပြုလုပ်ပေးမည့် မိုးပွင့် ၅အစီအစဉ် လာမည်ဖြစ်ကြောင်း မန်းတိုင်းလူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ဦးစီးဌာနမှ သိရသည်။

Saturday, 23 February 2013

ဖရိုဖရဲ အနာဂတ် ရန်ကုန်မြို့တော်လား

ရန်ကုန်မြို့ စင်္ကာပူပုံစံ ဖြစ်မလား၊ ဘန်ကောက်လို ဖြစ်မလား (ဓာတ်ပုံ – ဧရာဝတီ)


ရန်ကုန်မြို့ကို စင်္ကာပူပုံစံအတိုင်း ပြန်ဆောက်လို ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆိုပြီး ဘန်ကောက်က မိုးပျံရထားတွေ၊ မိုးပျံလမ်းတွေပါ ထည့် စိတ်ကူးခဲ့သည်။

ပို့ဆောင်ရေးဝန်ကြီးဌာနပိုင် အသုံးမပြုတော့သည့် လေယာဉ်တစ်စီးအား အများပြည်သူ ကြည့်ရှုနိုင်ရန် ပြည်သူ့ရင်ပြင်အတွင်း ပြသထားမည်

feb23-general-6
ပို့ဆောင်ရေးဝန်ကြီးဌာနမှ လွှဲပြောင်းပေးခဲ့သည့် လေယာဉ်အား ပြည်သူ့ရင်ပြင်အတွင်း ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ်
ပို့ဆောင်ရေး ၀န်ကြီးဌာနပိုင် ပြေးဆွဲအသုံးပြုခြင်း မရှိတော့သည့် ခရီးသည်တင် လေယာဉ်တစ်စီးအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ လွှဲပြောင်းပေးခဲ့ရာ ယင်းလေယာဉ်ကို ပြည်သူ့ရင်ပြင်အတွင်း ထားရှိကာ အများပြည်သူ ကြည့်ရှုနိုင်ရန် ပြသထားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဘုန်းတော်ကြီး Desmond Tutu မြန်မာနိုင်ငံလာမည်

               တောင်အာဖရိကနိုင်ငံသား နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူး။

တောင်အာဖရိကနိုင်ငံက Nobel ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး Desmond Tutu ဟာ ဖေဖော် ဝါရီလ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့ကျရင် ရန်ကုန်မြို့ အမေရိကန်Center မှာ စကားပြောဖို့ရှိပါတယ်။ အရပ်သားအခွင့်အရေးနဲ့ လူ့အခွင့်အရေးတွေအတွက် တက်တက်ကြွကြွ လှုပ်ရှားဆောင်ရွက်ခဲ့သူ ဘုန်းတော်ကြီး Desmond Tutu ဟာ Semester At Sea လို့ခေါ်တဲ့ ကမ္ဘာပတ်ပြီး ပညာသင်ယူတဲ့ သင်္ဘောကြီးနဲ့ ရန်ကုန်မြို့ကို တနင်္လာနေ့မှာ ရောက်ရှိလာမှာဖြစ်ပါတယ်။ သင်္ဘောပေါ်မှာ အမေရိကန်ပြည်ထောင်စုတက္ကသိုလ်တွေ

Friday, 22 February 2013

ရန်ကုန် ယူနိုက်တက် တိုက်စစ်မှူး ကျော်ကိုကို မြန်မာဘောလုံး ပရိသတ်ကြီးကို အနူးအညွတ် တောင်းပန်


 
  ရန်ကုန် ယူနိုက်တက် တိုက်စစ်မှူး ကျော်ကိုကိုက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် ကိစ္စများနှင့် ပတ်သက်၍ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် အပါအဝင် တာဝန်ရှိသူများနှင့် မြန်မာဘောလုံး ပရိသတ်ကြီးကို အနူးအညွတ် တောင်းပန်လိုကြောင်း မီဒီယာများ နှင့် တွေ့ဆုံသည့် အချိန်တွင် ပြောကြားသည်။ ကျော်ကိုကိုသည် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့က ဖြစ်ခဲ့သည့်

ကျော်ကိုကိုနှင့် မီဒီယာများ တွေ့ဆုံနိုင်ရန် စီစဉ်နေ




ပဏာမ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းမှ ထုတ်ပယ်ခြင်းခံရသော တိုက်စစ်မှူးကျော်ကိုကိုအား မီဒီယာများနှင့် တွေ့ဆုံပေးရန်အတွက် စီစဉ်နေကြောင်း ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း အမှုဆောင်အရာရှိချုပ်က ပြောသည်။

၈၂ နိုင်ငံသားဥပဒေ နိုင်ငံတကာ အဆင့်မီသင့်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်၊ မဖြစ်ခွင့်ကို နိုင်ငံတော်နှ င့် နိုင်ငံသားများက အဓိက ဆုံးဖြတ်ရမည်ဖြစ်သော်လည်း ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေသည် နိုင်ငံတကာအဆင့်မီသင့် ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံ၏ ပထမဆုံး၊ အဟော့ဆုံး အတွင်းခံဝတ် ပြပွဲကြီးမှ ဓာတ်ပုံများ


ဒီဝတ်စုံနဲ့ ပတ်သက်ပြီး ပရိသတ်တွေဘက်ကလည်း အမျိုးမျိုးသော ဝေဖန်မှုတွေတော့ ရှိမှာပဲလေ။ ဒါပေမဲ့ ဒါက မြန်မာပြည်မှာ ပထမဆုံးလုပ်တဲ့ အဆန်းအပြားပွဲ ဖြစ်နေတော့လေ။ ဒါကလည်း International နဲ့ မီအောင် လုပ်ဖြစ်နေတာ ဆိုတော့ ကောင်းပါတယ် ဟု ဆိုကြတဲ့ ပွဲလေးပါ။

Thursday, 21 February 2013

တိုက်စစ်မှူးကျော်ကိုကိုအား လက်ရွေးစင်အသင်းမှထုတ်ပယ်



ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကိုသည် နည်းပြ၏သင်ကြားမှုများကို အကြိမ်ကြိမ် ဝေဖန်ပုတ်ခတ်မှုများ ပြုလုပ်ခဲ့သည့်အပြင် အသင်း၏အုပ်ချုပ်သူနှင့် နည်းပြအဖွဲ့ဝင်များအပေါ် ရိုင်းပြစွာပြုမှုများ လုပ်ဆောင်ခဲ့သည့်အတွက် ဖေဖော်ဝါရီ ၂၀ ရက်တွင် ပဏာမမြန်မာ့လက်ရွေးစင်အသင်းမှ ထုတ်ပယ်လိုက်ကြောင်း သတင်းရရှိသည်။

မြန်မာပြည် လူကုန်ကူးမှု တိုက်ဖျက်ရေး ပညာပေး ကြေငြာ ဝေဖန်ခံရ

  
 လူကုန်ကူးမှု့တိုက်ဖျက်ရေး ကို  မူးယစ်ဆေး ၀ါးရောင်းဝယ်မှု တိုက်ဖျက်ရေးကဲ့သို့  လေးထား  ဆောင်ရွက် လာကြရာ မြန်မာပြည်တွင်လည်း အင်တိုက် အားတိုက် ဆောင်ရွက်လာသည် ကို မီဒီယာမှ တဆင့်တွေ့ရသည်၊လူကုန်ကူးမှု့ တိုက်ဖျက်ရေးတွင်တာဝန်ရှိသူ အစိုးရ အဖွဲ့အစည်းများမှ

မီဒီယာများသို့ အကြောင်းကြားခဲ့သည့် အတွက် ကေအိုင်အေမှ အဓမ္မ ခေါ်ဆောင်ခြင်း ခံရသည့် ပြည်သူများ ပထမဆုံး အကြိမ် အဖြစ် ပြန်လည် လွတ်မြောက်


ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၄ နာရီအချိန်တွင် တန်ဖဲဘုန်းတော်ကြီးမှ ဦးဆောင်ကျင်းပသည့် မြစ်ဆုံ မယ်ေ တာ် ပွဲသို့ လာရောက်သည့် ၇ တန်းကျောင်းသူနှင့် မူကြို ဆရာမအပါအ၀င် ရွာသူရွာသား (၁၆) ဦး အား ကေအိုင်အေ တပ်ရင်း(၄)မှ အဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါသည်။ အဆိုပါ ခေါ်ဆောင်သွား မှုကြောင့် ဘာသာရေး ခေါင်းဆောင်များ၊ ဖမ်းဆီးခံရသူများ၏ မိဘဆွေမျိုးများမှ တပ်မတော် စစ်ကြောင်း သို့ လာရောက် သတင်းပို့ခဲ့သည်။