Thursday 21 February 2013

မီဒီယာများသို့ အကြောင်းကြားခဲ့သည့် အတွက် ကေအိုင်အေမှ အဓမ္မ ခေါ်ဆောင်ခြင်း ခံရသည့် ပြည်သူများ ပထမဆုံး အကြိမ် အဖြစ် ပြန်လည် လွတ်မြောက်


ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၄ နာရီအချိန်တွင် တန်ဖဲဘုန်းတော်ကြီးမှ ဦးဆောင်ကျင်းပသည့် မြစ်ဆုံ မယ်ေ တာ် ပွဲသို့ လာရောက်သည့် ၇ တန်းကျောင်းသူနှင့် မူကြို ဆရာမအပါအ၀င် ရွာသူရွာသား (၁၆) ဦး အား ကေအိုင်အေ တပ်ရင်း(၄)မှ အဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါသည်။ အဆိုပါ ခေါ်ဆောင်သွား မှုကြောင့် ဘာသာရေး ခေါင်းဆောင်များ၊ ဖမ်းဆီးခံရသူများ၏ မိဘဆွေမျိုးများမှ တပ်မတော် စစ်ကြောင်း သို့ လာရောက် သတင်းပို့ခဲ့သည်။
ထိုသို့ လူသစ်စု အဓမ္မဖမ်းဆီးမှုများကြောင့် ဖားကန့်တစ်ဝိုက်နှင့် မြစ်ကြီးနား မြို့ပေါ်တွင် မကျေနပ်မှု၊ တိုင်ကြားမှုများ ပြင်းထန်စွာ ဖြစ်ပွား ခဲ့သော်လည်း ပြည်တွင်းပြည်ပ မီဒီယာများနှင့် အဖွဲ့အစည်းများမှ ဆောင် ရွက်ခြင်း မရှိသည့်အတွက် မြ၀တီ မီဒီယာမှ တစ်ဆင့် ပြည်တွင်းပြည်ပ ဂျာနယ်များ၊ မီဒီယာများသို့ ဖြစ် စဉ် အသေးစိတ်၊ ဖမ်းဆီးခံရသူ စာရင်းတို့ကို ဓာတ်ပုံ အထောက်အထားများဖြင့် ပေးပို့ခဲ့သည်ဟု မြ၀တီ ၀က်ဆိုဒ်တွင် ၁၅-၂-၂၀၁၃ ရက်နေ့တွင် ဖော်ပြထားပါသည်။
ထိုသို့ ပေးပို့ပြီး ၂ ရက်အကြာ ၁၇-၂-၂၀၁၃ ရက်နေ့တွင် ဖမ်းဆီးခံထားသူများအား ကေအိုင်အေ တပ်ရင်း (၄)မှ ပြန်လွှတ်ပေးခဲ့ပြီး မိမိအစီအစဉ်ဖြင့် ပြန်လာကြရာ ၁၈-၂-၂၀၁၃ ရက်နေ့တွင် ၄င်းတို့၏ နေရပ် များသို့ ပြန်လည် ရောက်ရှိခဲ့ကြကြောင်း ယနေ့ မြ၀တီ ၀က်ဆိုဒ်တွင် ဖော်ပြထားပါသည်။
ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသူများ၏ ပြောကြားချက်အရ ဖေဖော်ဝါရီလ ၁၂ရက် နေ့ နေ့လည် ၂နာရီခွဲ ခန့် တွင် ၎င်းတို့အား သဲဝိုင်သို့ ခြေလျင် ခရီးဖြင့် လည်း ကောင်း၊ သဲဝိုင်မှ လေးအိမ်စုသို့ စက်လှေ ၂စီးဖြင့် လည်း ကောင်း၊ လေးအိမ်စုမှ ချောင်းဆုံသို့ လည်း ကောင်း၊  ချောင်းဆုံမှ ခြေလျင် ခရီးဖြင့် မြေသားလမ်း အ တိုင်း ဂျူဗလီသို့ လည်းကောင်း၊ ဂျူဗလီမှ ကေအိုင်အေ တပ်ရင်း ၄ သို့ လည်းကောင်း အဆင့်ဆင့် ဖမ်းဆီးေ ခါ် ဆောင် သွား ခဲ့ခြင်း ဖြစ်ကြောင်း၊ ၄င်းတို့အား  တဲတစ်လုံး အတွင်းတွင် စု၍ ထိန်းသိမ်းထားပြီး ဖေဖော် ၀ါရီလ ၁၇ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း မြ၀တီ ၀က်ဆိုဒ်တွင် ဖော်ပြထား ပါသည်။
၁ နှစ်ခွဲကျော် ကြာမြင့်သည့် ကေအိုင်အေနှင့် ဖြစ်ပွားသော စစ်ပွဲကာလအတွင်း ကေအိုင်အေ၏ အတင်း အဓမ္မ ဖမ်းဆီးခြင်း ခံရ သည့် ပြည်သူများစွာ ရှိသော်လည်း မီဒီယာများမှ ဖော်ပြရန် ပျက်ကွက် ခဲ့သည့် အတွက် အပြစ်မဲ့ ပြည်သူများ အကျိုးမဲ့ သေကြေပျက်စီးခဲ့ရသည်။ အကြိမ်ကြိမ် ဖမ်းဆီးခံရမှုများ ရှိခဲ့သော် လည်း ယခုအခါတွင်မူ မီဒီယာများသို့ ပေးပို့အကြောင်းကြားခြင်း၊ ဘာသာရေး ခေါင်းဆောင်များနှင့် ဒေသခံများမှ တိုက်တွန်း တောင်းဆိုခြင်းတို့ကြောင့် ပထမဆုံး အကြိမ် ပြန်လည်လွှတ်ပေးခြင်း ဖြစ်သည်ဟု သိရသည်။
ပြည်တွင်း အင်တာနက် သုံးစွဲသူများမှ မြ၀တီ မီဒီယာမှ ထိုကဲ့သို့သော မီဒီယာများထံသို့ သတင်းများ ဖလှယ် ပေးပို့ခြင်းဖြင့် စစ်ပွဲ၏ အခြေအနေမှန်များအား ပြည်သူများ ပိုမို သိရှိနိုင်ကြောင်း ၊ ပြည်တွင်း မီဒီယာများမှ ကေအိုင်အေ၏ လုပ်ရပ်များ ကို ဖော်ပြခြင်း မပြုသည့်အတွက် ပြည်တွင်း စည်းလုံးရေးကို ပျက်ပြားစေခဲ့ ကြောင်း သုံးသပ်ပြောဆိုကြသည်။
oppositeyes

No comments:

Post a Comment