Friday 22 February 2013

၈၂ နိုင်ငံသားဥပဒေ နိုင်ငံတကာ အဆင့်မီသင့်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်၊ မဖြစ်ခွင့်ကို နိုင်ငံတော်နှ င့် နိုင်ငံသားများက အဓိက ဆုံးဖြတ်ရမည်ဖြစ်သော်လည်း ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေသည် နိုင်ငံတကာအဆင့်မီသင့် ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။


ယနေ့ နေပြည်တော်တွင် ပြည်သူ့လွှတ်တော်အစည်းအဝေးတက်ရောက်နေသော ဒေါ်အောင်ဆန်းစုကြည်ကို ဧရာဝတီသတင်းဌာနက နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်များဖြစ်ကြသည့် အရှေ့တီမောနိုင်ငံ သမ္မတဟောင်း ဂျိုဆေးရာမို့စ် ဟော်တာ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စီးပွားရေးပညာရှင် မိုဟာမက် ယူနွတ်စ်တို့ နှစ်ဦး အမေရိကန် အွန်လိုင်းသတင်းစာ ဟပ်ဖ်တင်တန်ပို့စ်တွင် မြန်မာနိုင်ငံရှိ “ရိုဟင်ဂျာ”များသည် တရားမ၀င် ခိုးဝင်လာသူများ မဟုတ်ကြဘဲ နိုင်ငံသားဖြစ်သင့်ကြောင်းနှင့် ၁၉၈၂ နိုင်ငံသားဥပဒေကို ပြင်သင့်ကြောင်း ရေးသားချက်အပေါ် မည်သို့မှတ်ချက်ပြုချင်ပါသနည်းဟု မေးမြန်းရာ အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

” တိုင်းပြည်တပြည်ရဲ့ နိုင်ငံသားဖြစ်မှု၊ မဖြစ်မှုဆိုတာ ဒီနိုင်ငံကပဲ ဆုံးဖြတ်ရမှာပဲ။ ဒါပေမယ့်လည်း ဆုံးဖြတ်တဲ့နေရာမှာ နိုင်ငံတကာအဆင့်တော့ မီရမှာပေါ့”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်များက ယင်း “ရိုဟင်ဂျာ”များကို မြန်မာနိုင်ငံသား ဖြစ်ပိုင်ခွင့်ပေးခြင်းအားဖြင့် အစွန်းရောက်များ ဖြစ်လာနိုင်မှုကို ရှောင်လွှဲနိုင်မည်ဖြစ်ပြီး မြန်မာ့ဖွံ့ဖြိုးရေးတွင် ၎င်းတို့၏ လုပ်အားကိုလည်း အသုံးချနိုင်ကြောင်း၊ ၎င်းတို့အပေါ် အကြင်နာ မထား ပြုမူဆက်ဆံမှုကို အမြတ်ထုတ်မည့် အကြမ်းဖက်ဝါဒီများနှင့် အစွန်းရောက်ဝါဒီများ၏ အခွင့်မပေးသင့်ကြောင်း၊ အင်အားတောင့်ပြီး တည်ငြိမ်မှုရှိသော ဒီမိုကရက်တစ်မြန်မာနိုင်ငံ ပေါ်ထွန်းရေးသည် ဒေသတွင်းနိုင်ငံများ၏ အကျိုးစီးပွားဖြစ်သည်သာမက ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုပါ အထောက်အကူ ဖြစ်စေကြောင်း ရေးသားထားသည်။

ထို့အပြင် မကြာသေးမီက ရခိုင်နှင့် ကချင်ပြည်နယ်များသို့ လာရောက်ခဲ့သော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တားနားကလည်း ၁၉၈၂ ခုနှစ်နိုင်ငံသား ဥပဒေပြင်ဆင်သင့်သည်ဟု ပြောဆိုချက်အပေါ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ၏ အခြေအနေနှင့် ဆီလျှော်သည်၊ မဆီလျှော်သည်ကို လေ့လာဆုံးဖြတ်ရမည်ဖြစ်သော်လည်း နိုင်ငံတကာ စံချိန်စံညွှန်းများကိုလည်း ထည့်သွင်းစဉ်းစားသင့်ကြောင်းလည်း ပြောသည်။

” နိုင်ငံခြားက ပညာရှင်တွေပြောတဲ့ကိစ္စတွေကို နားထောင်သင့်တယ်၊ လေ့လာသင့်တယ်၊ ကိုယ့်ရဲ့နိုင်ငံနဲ့ ဆီလျှော်သည် မဆီလျှော်သည်ဆိုတော့ နောက်ဆုံးတော့ ကိုယ့်ဟာကိုယ်ဆုံးဖြတ်ရမှာရပေါ့။ အဲဒီတခါတည်းမှာပဲ နိုင်ငံတကာ အဆင့်တော့ မီအောင်လုပ်ရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ရခိုင်ပြည်နယ်မှ စစ်တွေမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်ညိုက ရခိုင်ပြည်နယ်တွင် တိုင်းတပါးသား လူဦးရေ ထိန်းချုပ်ရေး ဆောင်ရွက်ရန် ဒေသန္တရ အမိန့်ထုတ်ပြန်ပေးရန် ရှိ၊ မရှိ မေးမြန်းရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ရခိုင်ပြည်နယ်အတွင်းသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်လာသူများ မ၀င်ရောက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရနှင့် ဒေသဆိုင်ရာ အစိုးရများပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း ရှင်းလင်းပြောဆိုသည်။

“ရခိုင်ပြည်နယ်က တဖက်နိုင်ငံနဲ့ နယ်နမိတ်ချင်း ထိစပ်လျက်ရှိတဲ့အတွက် လုံခြုံရေးဆိုင်ရာကိစ္စတွေ၊ တရားဥပဒေစိုးမိုးရေးကိစ္စတွေ၊ တဖက်နိုင်ငံမှ ဘင်္ဂါလီလူမျိုးများ တရားမ၀င် ၀င်ထွက်နေမှု ထိန်းချုပ်ကာကွယ်ဖို့အတွက်ကို နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေးကွပ်ကဲမှုဌာနချုပ်ကို နယ်မြေ ၉ ခု စခန်း ၂၆ ခုနဲ့ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါတယ်။ ဒီလို ထိန်းချုပ်ဆောင်ရွက်ခဲ့ပေမယ့်လည်း တဖက်နိုင်ငံက ဘင်္ဂါလီလူမျိုးများက ဘင်္ဂလားပင်လယ်အော်ကိုဖြတ်ပြီးတော့ စစ်တွေမြို့အရှေ့ဘက်မှာရှိတဲ့ ဆင်တပ်မှော်မြစ်၊ အာကူးမြစ်၊ ကျွဲကူးမြစ်တို့ကတဆင့်ရေကြောင်းက ခိုးဝင်မှုများရှိလာတဲ့အတွက် စစ်တွေမြို့မှာ နယ်မြေရုံးတရုံးနဲ့ စခန်း ၂ ခု၊ ပေါက်တောမြို့နယ်မှာလည်း နယ်မြေတရုံးနဲ့ စခန်း ၂ ခု စုစုပေါင်း နယ်မြေရုံး ၂ ရုံးနဲ့ စခန်း ၄ ခုကို ၂၀၁၂ ခုနှစ် ၊ ဇူလိုင်လ ၈ ရက်နေ့မှာပဲ ထပ်မံဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ရှင်းပြသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ခုနှစ်နှစ်လယ်ပိုင်းမှစတင်ပြီး မတူညီသော လူမျိုးနှစ်ခုအကြား ပဋိပက္ခများကြောင့် ကလေးများ၊ အမျိုးသမီးများအပါအဝင် ထိခိုက်သေကျေ ဆုံးရှုံးများဖြစ်ပေါ်ခဲ့ပြီး ဒုက္ခသည် တသိန်းကျော်ရှိနေကြောင်း ကုလသမဂ္ဂနှင့် မြန်မာအစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ စတင်ခဲ့ချိန်မှ ပြီးခဲ့သည့်လအထိ မြန်မာဘက်မှ တရားမဝင် ဝင်ရောက်လာ သည့် မြန်မာမွတ်စလင်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဖမ်းဆီးပြန်ပို့သည့် လူဦးရေ ၁ သောင်းကျော်သွားပြီ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ် အရာရှိ၏ အဆိုအရ သိရသည်။ ထို့ပြင် ထိုင်းနိုင်ငံကလည်း ရခိုင်ပြည် မြောက်ပိုင်းမှ မြန်မာမွတ်စလင် ၆၀၀၀ ရောက်လာခဲ့ကြောင်း ဆိုသည်။

ဖေဖော်ဝါရီလဆန်းပိုင်းက နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြန်ပို့ခံရသူ မြန်မာမွတ်စလင်များအား နိုင်ငံသား မဟုတ်သော်လည်း နိုင်ငံမဲ့မဖြစ်စေလို သောကြောင့် မြန်မာနိုင်ငံတွင်း နေထိုင်ခွင့် ပေးထားခြင်းဖြစ်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဦးခင်ရီက ပြောဆိုခဲ့သည်။
ဧရာဝတီ

3 comments:

  1.ြ ငိ မ်း ချ မ်း ေ ရ း ဆ ုရ ထ ာ း တ ဲ့ အ ထ ီး ေ တ ြ
    အ မ ေ တ ြ က ု ိ တ စ ္ ေ က ာ င် မှ မ ထား နဲ့  ကွာ ၊ မာ လီ က အ စွ န်းေ ရာ က်ေ တွ ကို နှို မ် န င်း ေ န တ ဲ့ ေ န ရ ာ က ုုိ ျ မ န်ြ မ န် ပို့  လို က် ကွာ။ ဒ ီ မ ု ိ က ေ ရ စ ီ က ု ိ အ စ ြ န ္း ေ ရ ာ က ္ ေ အ ာ င ္ ေ တ ြ း ေခ ၚ ေ န တ ာ ပ ဲ။ ကို ယ့်  နို င် ငံ ကိုယ့် လူ မျိုး ဆို တာ သ န့် ေ လ ေ က ာ င ္း ေ လ ပဲ။

    ReplyDelete
  2. က င် တာ နား ရဲ့ ချီး ဒု တ် တွေ။ က င်း တာ နား ဟာြ ကီး ကို ပါး စ ပ် ထဲ တ စ်ေ ယာ က် တ လှဲ့  စီြ ငိ မ်ြ ငိ မ်ေ လး စို့ေ နြ က ရ င်ေ ကာ င်း မ ယ်။ အ ဲ ဒ ါ မွ အ ာ း မ ရ ေ သ း၊ မ ၀ ေ သး ရ င် ရို ဟ င်ဂျာ ကုလား လီး ငုံထားြ က ပေါ့။ သူ တို့  စုပ် ခို င်း မှု တ်ခို င်း ချ င်ေ န တာ။

    ReplyDelete
  3. နိုင်ငံတကာ စံဆိုတာကြီးပဲ ပြောနေတယ်။ ကိုယ့်နိုင်ငံမှာ ကိုယ်ပိုင်မူလည်း ရှိသင့်တယ်ဗျ။ သူများတွေကိုပဲ အတုခိုး လုပ်ဖို့ချောင်းမနေနဲ့ ဒေါသထွက်လာပြီး။ အလကားနေ နိုင်ငံတကာ စံနှုန်းဆိုတာတွေပဲ ပြောပြောနေတယ်။ လူလယ်ခေါင်မှာ မရှက်မကြောက်နှမ်းတာကကော နိုင်ငံတကာ စံပဲလား ဗျာ..

    ReplyDelete