Thursday 21 February 2013

မြန်မာပြည် လူကုန်ကူးမှု တိုက်ဖျက်ရေး ပညာပေး ကြေငြာ ဝေဖန်ခံရ

  
 လူကုန်ကူးမှု့တိုက်ဖျက်ရေး ကို  မူးယစ်ဆေး ၀ါးရောင်းဝယ်မှု တိုက်ဖျက်ရေးကဲ့သို့  လေးထား  ဆောင်ရွက် လာကြရာ မြန်မာပြည်တွင်လည်း အင်တိုက် အားတိုက် ဆောင်ရွက်လာသည် ကို မီဒီယာမှ တဆင့်တွေ့ရသည်၊လူကုန်ကူးမှု့ တိုက်ဖျက်ရေးတွင်တာဝန်ရှိသူ အစိုးရ အဖွဲ့အစည်းများမှ
ကျူးလွန်သူများကို   ရှာဖွေဖော်ထုတ် အရေးယူခြင်းသာမက ပြည်သူလူထုကိုလည်း ပူးပေါင်းပါဝင်လာအောင်  ပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်နေသည်ကို တွေရပါသည်။
 မြန်မာ နိုင်ငံ   လူကုန်ကူးမှု့တားဆီး တိုက်ဖျက်ရေးဗဟို အဖွဲ့မှ  ပြုလုပ်ထား  ပညာပေးကြောငြာတစ်ခုတွင်  ပါဝင် သရုပ်ဆောင်ထားသည့်  မင်းသား မင်း သမီးများသည်  အဓိပ္ပါယ်မရှိ  လေးလေးနက်နက် မရှိပဲ ဟာသ လုပ် သရုပ်ဆောင်နေတဲ့ ဓါတ်ပုံ ပညာပေးကြေငြာကို မြန်မာပြည် မြို့ကြီးများတွင် တွေ့ရပါသည်။
အဆိုပါကြောငြာသည်  လူကုန်ကူးမှု့ ခံရသော ကလေးသူငယ်၊အမျိုးသမီးများကို သနားကြင်နာ ကိုယ်ချင်းစာလာစေရန် နှင့် လူကုန်ကူးသူများကို ရွံရှာ မုန်းတီးစိတ်များ ပေါ်ပေါက်လာပြီး လူကုန်ကူးမှု့ တိုက်ဖက်ရေး လုပ်ငန်းတွင် အစိုးရ ကို အကူအညီ ပေးလာရန် ဟူသော ရည်ရွယ်ချက် မပေါ်လွင်စေဘဲ   မင်သာမင်းသမီးများ၏  ရယ်ဖြဲဖြဲ ကုန်းကုန်းကွကွ လုပ်နေတာကို ပဲ မြင်ရသဖြင့် အဓိပ္ပါယ်မဲ့ နေကြောင်း ဝေဖန်နေကြပါသည်။
ပြည်သူလူထုကို လူကုန်ကူးမှု့ တိုက်ဖျက်ရေး လုပ်ငန်းတွင်  ပါဝင်ကူညီလာအောင် ပညာပေး ရာတွင်  လူထု ရဲ့ စိတ်နှလုံးကို အမှန်တတကယ် ဆွဲဆောင်နိုင်ရန် လိုအပ်နေကြောင်း ဝေဖန်ခံေ နရပါသည်။
သူများနိုင်ငံများမှ လူကုန်ကူးမှု့ တိုက်ဖျက်ရေး ကြောငြာတွေမှာ ဓါတ်ပုံဟာ မြင်လိုက်တာ နဲ့ ရင်ထဲမှာ  စူးစူး စိုက်စိုက် ထိသွားအောင်၊ ရင်ထဲ စွဲမြဲပြီး လူကုန်ကူးမှု့ အန္တရယ်ကို သိမြင် ကြောက်လန့်  ပြီး ကာကွယ်တားဆီးလို စိတ်ဖြစ်အောင်  ရိုက်ထားတာ၊ မြန်မာပြည်က လူကုန်ကူးမှု့ ကြောငြာကတော့ အဓိက အချက်ဖြစ်တဲ့ လူကုန်ကူးမှု့ အန္တရာယ် ကို  သိမြင် တားဆီးလိုစိတ် ဖြစ်ပေါ်အောင်မဖေါ်ပြနိုင်ပဲ  မင်းသား မင်းသမီး အလှကို ကြေငြာသလို ဖြစ်နေပါတယ်လို့  လူငယ်များမှ   ဝေဖန်နေကြပါသည်။
အဆိုပါ အဓိပ္ပါယ် မရှိတဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ကြေငြာကို ပါရမီကားကွင်း အနီးမှာ တွေ့ဖူးကြောင်း ရိုက်ကူးသူ  ဒါရိုက်တာ အရည်အချင်းမရှိကြောင်းနှင့်  အသစ်ပြန်လည် ရိုက်ကူးသင့်တယ်လို   အဓိပတိ  ယာဉ်လိုင်း စီးနေကြ့  ပြည်သူတစ်ဦးက ဝေဖန်ပါသည်။
 မြန်မာပြည်က ဒါရိုက်တာများသည်  ဆင်ဆာ မရှိတော့   သရဲကား၊စုန်းကားပဲ ရိုက်တတ်ပြီး၊ မင်းသား မင်းသမီးများသည်လည်း   အရှက်မဲ့စွာ  ၀တ်စား သရုပ်ဆောင်လာကြောင်းနှင့်  အနုပညာ စွမ်းရည် မပြနိုင်ပဲ  ခန္ဓာကိုယ် ပဲ ပြတတ်ကြောင်း ဝေဖန်နေကြပါသည်။
မြန်မာ့ သားကောင်းမီဒီယာမှ စီစဉ်တင်ဆက်သည်။
http://www.myanmartharkaung.net/  မှ ကူးယူဖေါ်ပြသည်။

No comments:

Post a Comment