Tuesday, 1 January 2013

ကမ္ဘာကို မြင်အောင် ကြည့်တတ်မှ ကမ္ဘာကို တု၍ ကမ္ဘာမှု ပြုနိုင်မည်


ကမ္ဘာကို မြင်အောင် ကြည့်တတ်မှ ကမ္ဘာကို တု၍ ကမ္ဘာမှု ပြုနိုင်မည်

၂၁ ရာစု ကမ္ဘာ့နိုင်ငံ များတွင် ဖွံ့ဖြိုးပြီး နိုင်ငံများ၊ ဖွံ့ဖြိုးဆဲ နိုင်ငံများ၊ ဖွံ့ဖြိုးမှု နောက်ကျနေသော နိုင်ငံများ ဟူ၍ တွေ့ရသည်။ ဖွံ့ဖြိုးပြီး နိုင်ငံများက ဖွံ့ဖြိုး မှု တည်တံ့ ခိုင်မြဲရေး၊ ဖွံ့ဖြိုးဆဲ နိုင်ငံများက ရေရှည် ဖွံ့ဖြိုးရေး၊ ဖွံ့ဖြိုးမှု နောက်ကျနေသော နိုင်ငံများက ဖွံ့ဖြိုးရေး စသည်ဖြင့် ဦးတည်ချက် အမျိုးမျိုး ထားကာ ကြိုးပမ်းနေ ကြသည်။ ထိုသို့ ကြိုးပမ်း ကြရာ၌ နိုင်ငံရေး စနစ်မှာ ဒီမိုကရေစီ စနစ်ဖြစ်ပြီး စီးပွားရေး စနစ်မှာ ဈေးကွက် စီးပွားရေး စနစ် ကျင့်သုံး နေကြသည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု နောက်ကျနေသော နိုင်ငံဖြစ်သဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံအဖြစ် တက်လှမ်း နိုင်ရန် ပြည်သူ့ အတွက် ပြည်သူက ရွေးကောက် တင်မြှောက်သော ပြည်သူ့ အစိုးရဖြစ်သည့်  ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင် ပြောင်း လဲမှု တို့ကို တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ရာ အတိုင်းအတာ တစ်ခုအထိ အောင်မြင်မှုများ ရရှိနေပြီ ဖြစ်သည်။

ဒီမိုကရေစီ ကျင့်စဉ် ထွန်းကားရေးနှင့် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြည်သူများ ပူးပေါင်း ပါဝင် ဆောင်ရွက် လာနိုင်မည့် စီမံအုပ်ချုပ် လုပ်ကိုင် မှု ပြောင်းလဲသွားရန် လိုအပ်ချက် အရ တတိယ အဆင့်အဖြစ် အစိုးရ အဖွဲ့အစည်း ယန္တရား ဖွဲ့စည်း တည်ဆောက်ပုံ ပြောင်းလဲ သွားမည်ဖြစ်သည်။

အစိုးရဌာန အဖွဲ့အစည်း များ၏ စီမံအုပ်ချုပ်မှု စနစ် တိုးတက် ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ ကျင်းပသည့် အခမ်းအနားသို့ တက်ရောက် မိန့်ခွန်း ပြောကြားသည်။ နိုင်ငံတော် သမ္မတက ''အစိုးရဌာန အဖွဲ့အစည်း များ၏ စီမံအုပ်ချုပ်မှု စနစ်တိုးတက် ကောင်းမွန်အောင် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်ကို နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှု အတွက် ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာ တတိယ အဆင့် လုပ်ငန်းအဖြစ် သတ်မှတ် အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း'' ပြောကြားပြီး နိဂုံး ချုပ် ပြောကြားရာ၌ ''တိုင်းပြည်နှင့် လူမျိုး ဂုဏ်သိက္ခာကို ပြန်လည် မြှင့်တင်ရန် လိုအပ်နေပြီ ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံး ပြန် လည် ကောင်းမွန်အောင် စိတ်ဓာတ် ကောင်းကောင်း၊ စည်းကမ်း ကောင်းကောင်း၊ နိုင်ငံ့အကျိုး၊ ပြည်သူ့ အကျိုးကို စေတနာ ကောင်းကောင်းဖြင့် ကောင်း မွန်သော အုပ်ချုပ်မှု စနစ်ရှိသည့် သန့်ရှင်းသော အစိုးရဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါရန်'' တိုက်တွန်းခဲ့သည်။

မိမိနိုင်ငံနှင့် မိမိလူမျိုးတို့ ကမ္ဘာနှင့် ရင်ပေါင် တန်းနိုင်ရေးသည် မိမိတို့ နိုင်ငံသား အားလုံးက  ပတ်ဝန်းကျင် ကမ္ဘာ့ နိုင်ငံများကို ကြည့်တတ် မြင်တတ်ဖို့ လိုသည်။ ကမ္ဘာ့ နိုင်ငံများ၏ ပထဝီ အနေအထား များနှင့် သမိုင်း ကြောင်း၊  ယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊ နိုင်ငံအစိုးရ များ၏ ဖွဲ့စည်းမှုနှင့် ဆောင်ရွက် ချက်များ၊ နိုင်ငံသား များ၏ အခန်းကဏ္ဍ စသည်တို့ကို အာဂမ္မယုတ္တိ၊ သဘာဝယုတ္တိ တို့ဖြင့် ရှုမြင်၍ အကြောင်းအကျိုး၊ အကောင်း အဆိုးတို့ကို ဆန်းစစ်ရမည် ဖြစ်သည်။ တွေ့ရှိချက်များမှ မိမိနိုင်ငံနှင့် လူမျိုးတို့၏ ကောင်းကျိုး အတွက် ဆောင်သင့်သည်ကို ဆောင်၍ ရှောင်သင့်သည်ကို ရှောင်ကြရ မည် ဖြစ်သည်။

သို့ဖြစ်၍ ဖွံ့ဖြိုး တိုးတက်မှု အတွက် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများသည် ပြည်ထောင်စု အစိုးရနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရတို့၏ စွမ်းဆောင်ရည် ထက်မြက်မှုနှင့် ပြည်သူလူထု အတွက် ပြည်သူလူထု ဗဟိုပြု၍ ဆောင်ရွက် ကြရမည်ဖြစ်ရာ ပြည်သူတို့ အနေဖြင့် ကမ္ဘာ့ နိုင်ငံများ၏ ပကတိ အခြေ အနေများကို မြင်အောင် ကြည့်တတ်မှ ကမ္ဘာကို တု၍ ကမ္ဘာမှု ပြုနိုင်ကြမည် ဖြစ်ပေသည်။  

http://www.myawady.net.mm/allnews/editorschoice/item/3066-2012-12-29-09-47-49
၂၁ ရာစု ကမ္ဘာ့နိုင်ငံ များတွင် ဖွံ့ဖြိုးပြီး နိုင်ငံများ၊ ဖွံ့ဖြိုးဆဲ နိုင်ငံများ၊ ဖွံ့ဖြိုးမှု နောက်ကျနေသော နိုင်ငံများ ဟူ၍ တွေ့ရသည်။ ဖွံ့ဖြိုးပြီး နိုင်ငံများက ဖွံ့ဖြိုးမှု တည်တံ့ ခိုင်မြဲရေး၊ ဖွံ့ဖြိုးဆဲ နိုင်ငံများက ရေရှည် ဖွံ့ဖြိုးရေး ၊ ဖွံ့ဖြိုးမှု နောက်ကျနေသော နိုင်ငံများက ဖွံ့ဖြိုးရေး စသည်ဖြင့် ဦးတည်ချက် အမျိုးမျိုး ထားကာ

၂၀၁၃ နှစ်သစ်ကူးပွဲ ကမ္ဘာတ၀ှမ်းမှာဆင်နွှဲ


၂၀၁၃ နှစ်သစ်ကူးပွဲ ကမ္ဘာတ၀ှမ်းမှာဆင်နွှဲ 
Tuesday, 1 January 2013

၂၀၁၃ခုနှစ် နှစ်ကူးနေ့ကို ကမ္ဘာတဝှမ်းမှာ ကြိုဆိုနေကြတာပါ။ အာရှပစိဖိတ်နိုင်ငံတွေဟာ နှစ်သစ်ကို အရင်ဆုံး ကြိုဆိုနိုင်ခဲ့ကြပြီး သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့က ဆိပ်ကမ်းမှာ ခမ်းနားကြီးကျယ်တဲ့ မီးဆိုင်းမီးပန်းတွေကို ထွန်းညှိပြသထားပါတယ်။ 

ဆစ်ဒနီဆိပ်ကမ်းဝန်းကျင်မှာ လာရောက်ပြီး စုဝေးကြသူပေါင်းဟာ တစ်သန်းခွဲလောက်ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ အဲ့ဒီ့ဒေသမှာ
နွေးထွေးတဲ့နွေညဖြစ်တာမို့ လူတွေအတော်များများ အေးအေးချမ်းချမ်းနဲ့ ဆင်နွှဲနေကြပါတယ်။

မီးရှုးမီးပန်းပြပွဲအတွက် ဒေါ်လာသန်းပေါင်း ၆.၉သန်းဖိုး အကုန်အကျခံပြီး
ပြသ ထားတာပါ။ သြစတေးလျနိုင်ငံက နံမည်ကျော် ဂီတပညာရှင် Kylie Minogue  က ဆစ်ဒနီဆိပ်ကမ်းတံတားမှာ တန်ဆာဆင် ထွန်းညှိထားတဲ့ မီးတွေပွင့်လာအောင် ခလုတ်နှိပ်ပေးခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာတော့ တိုကျိုမှာရှိတဲ့ အဆာကူဆာ ဘုရားကျောင်းမှာ ရိုးရာနှစ်သစ်ကူး ပွဲတော်ကျင်းပနေသလို ဂျပန်နိုင်ငံတဝှမ်းက ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေ၊ ရှင်တို ဘုရားကျောင်းတွေမှာ ၂၀၁၃ခုနှစ်အတွက် ကံကောင်းစေဖို့ သန်းနဲ့ချီတဲ့ ဂျပန်လူမျိုးတွေ လာရောက်ဆုတောင်းနေကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကတာမှာတော့ နှစ်သစ်ကူးပွဲတော် ကပွဲခုန်ပွဲ ကျင်းပနေတာမို့ အဓိက အဝေးပြေးလမ်းမကြီးကို ပိတ်ထားပါတယ်။

ဗွီအိုအေ

၂၀၁၃ခုနှစ် နှစ်ကူးနေ့ကို ကမ္ဘာတဝှမ်းမှာ ကြိုဆိုနေကြတာပါ။ အာရှပစိဖိတ်နိုင်ငံတွေဟာ နှစ်သစ်ကို အရင်ဆုံး ကြိုဆိုနိုင်ခဲ့ကြပြီး သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့က ဆိပ်ကမ်းမှာ ခမ်းနားကြီးကျယ်တဲ့ မီးဆိုင်း

လက်အဆစ် ချိုးလျှင်

လက်အဆစ် ချိုးလျှင်
Monday, 31 December 2012

လက်အဆစ် ချိုးခြင်းက အဆစ်ရောင်နာ ဖြစ်နိုင်လားလို့ မေးခွန်းများ ရှိခဲ့ ဖူးပါတယ်။ သို့ပေမယ့် လက်ဆစ်ချိုးခြင်းက အဆစ်ရောင်ခြင်း မဖြစ်နိုင် ပါဘူး။ သို့ပေမယ့် သူ့မှာလည်း ဆိုးကျိုးတော့ ရှိပါတယ်။

လက်ဆစ်ချိုးလို့ အသံမြည်တယ်ဆိုတာ ယင်းအရိုးအဆစ်တွေကြားက တစ်ရှုးများ ပျက်ဆီးသွားခြင်း ဖြစ်ပါတယ်။ လက်ဆစ်တစ်ခါ ချိုးတိုင်း ယင်း အဆစ်တွေကြားက ခြင်ဆီများအပေါ်လည်း သက်ရောက်မှု ရှိပါတယ်။ အဓိက ကတော့ ဆဲလ်တစ်ရှုးများအား သေစေပါတယ်။

နောက်ဆက်တွဲ ဆိုးကျိုးကတော့ ယင်းအဆစ်များ အားနည်းခြင်း ဖြစ်ပါတယ်။ လက်ချိုးတယ်ရယ်လို့မဟုတ်ပဲ ချိုးတဲ့ အဆစ်များအားလုံး ဟာ အကြိမ်ပေါင်း၊ နှစ်ပေါင်းများလာရင် အားနည်းလာပြီး အသက်ကြီးလာရင် လေဖြတ်ဖို့ ပိုအခွင့်အလှမ်းများတယ်လို့ ဆေးပညာရှင်များက ဆိုထားတယ် လို့ သိရပါတယ်။
--
Ref: medic-facts
International news for myanmar

လက်အဆစ် ချိုးခြင်းက အဆစ်ရောင်နာ ဖြစ်နိုင်လားလို့ မေးခွန်းများ ရှိခဲ့ ဖူးပါတယ်။ သို့ပေမယ့် လက်ဆစ်

KIO ခေါင်းဆောင်များ၏ ဆွေမျိုးများ တရုတ်နိုင်ငံဘက်သို့ ပြောင်းရွှေ့ခိုလှုံ

Photo: KIO ခေါင်းဆောင်များ၏ ဆွေမျိုးများ တရုတ်နိုင်ငံဘက်သို့ ပြောင်းရွှေ့ခိုလှုံ

Tuesday, 1 January 2013
KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ၂၉ ရက်နေ့မှစ၍ မငြိမ်မသက်မှုများရှိနေကြောင်း သိရပါသည်။ ဈေးဆိုင်အများစုမှာ ပိတ်ထားပြီး တရုတ်လူမျိုးအများစုမှာ တရုတ်နိုင်ငံသို့ ပြန်သွားပြီး လိုင်ဇာမြို့မှာ ခြောက် ကပ်နေကြောင်း၊ လဂျားယန်တွင် စစ်ပွဲစတင်ဖြစ်ပွားကတည်းက KIA အဖွဲ့ မှ ခေါင်းဆောင်များနှင့် မိသားစုဝင် များမှာ တရုတ်နိုင်ငံသို့ ရှောင်တိမ်းသွားပြီး ဒေသခံပြည်သူများနှင့် ဒုက္ခသည်များအား တရုတ်နယ်စပ်ဖြတ် သန်းခွင့်ကို KIA မှပိတ်ထားသဖြင့် လိုင်ဇာတွင်ကျန်ရစ် သူ ဒေသခံ များမှာ စိတ်သောက ရောက်နေကြသည်။ အခုဆိုရင် KIA ဌာနချုပ်ကိုလည်း လိုင်စင်စခန်း ကို ရွှေ့နေ ပါတယ်။ KIA ခေါင်းဆောင်တွေရော၊ မိသားစု ၀င်တွေရော၊ သူဌေးတွေရော တစ်ယောက်မှ လိုင်ဇာမှာ မရှိတော့ပါဘူး။ အကုန်လုံးတရုတ်ဖက်ကိုကူးကုန်ပါပြီ။ “ကျွန်မတို့ကတော့ ဒီမှာကျန်ခဲ့ပြီး တရုတ်ဘက်ကို လည်း KIA က ကူးခွင့်မပေးတော့ အချုပ်ကျသလို ဖြစ်နေပါ တယ်” ဟု ကချင်အမျိုးသမီး ဒုက္ခသည် တစ်ဦးကဆိုသည်။

ယခုအခါလိုင်ဇာမြို့တွင် ခြောက်ကပ်နေပြီး KIA စစ်သားများပင် သိပ်မတွေ့ရတော့ကြောင်း၊ KIA စစ်သားအားလုံးကို ရှေ့တန်းသို့ ပို့ထားကြောင်း သိရသည်။ လိုင်ဇာအား သဘာဝတံတိုင်းကြီးသဖွယ် ကာရံ ထားသော လဂျားယန်တောင်ကြောမှာ အစိုးရတပ်များက ၃၀-၁၂-၂၀၁၂ ရက်နေ့တွင် သိမ်းပိုက် ခဲ့သောကြောင့် လိုင်ဇာမြို့ရှိဒေသခံများမှာ လုံခြုံမှုမရှိဟု ခံစားလာရသည်။ လဂျားယန်မှ အစိုးရတပ်များ လိုင်ဇာမြို့သို့ ချီတက် သိမ်းပိုက်မည်ဆိုပါက တစ်နာရီအတွင်းရောက်ရှိလာနိုင်ကြောင်း သိရသည်။ သို့သော် အစိုးရတာဝန်ရှိသူများက လိုင်ဇာမြို့အား သိမ်းပိုက်မည်မဟုတ်ကြောင်း ကြေငြာထားခဲ့သည်။

သံလွင်
KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ၂၉ ရက်နေ့မှစ၍ မငြိမ်မသက်မှုများရှိနေကြောင်း သိရပါ သည်။ ဈေးဆိုင်အများစုမှာ ပိတ်ထားပြီး တရုတ်လူမျိုးအများစုမှာ တရုတ်နိုင်ငံသို့ ပြန်သွားပြီး လိုင်ဇာ မြို့မှာ ခြောက် ကပ်နေကြောင်း၊ လဂျားယန်တွင် စစ်ပွဲစတင်ဖြစ်ပွားကတည်းက KIA အဖွဲ့ မှ ခေါင်းဆောင် များနှင့် မိသားစုဝင် များမှာ တရုတ်နိုင်ငံသို့ ရှောင်တိမ်းသွားပြီး ဒေသခံပြည်သူများနှင့် ဒုက္ခသည်များအား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝှမ်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ပြောကြားသည့် နှစ်သစ်ကူးမိန့်ခွန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝှမ်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ပြောကြားသည့် နှစ်သစ်ကူးမိန့်ခွန်း


မိဘပြည်သူများ ခင်ဗျား

ယခုလို နှစ်သစ်ကူး အခါသမယမှာ မိဘပြည်သူတစ်ရပ်လုံး ပျော်ရွင်ခြင်း၊ ငြိမ်းချမ်းခြင်း များနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းမေတ္တာ ပို့သပါတယ်။ ယခုလို ကျွန်တော့ အနေနဲ့ မိဘပြည်သူတို့ကို ရေဒီယိုကနေတစ်ဆင့် တိုက်ရိုက် စကားပြောခွင့်ရတဲ့အတွက် ဝမ်းမြောက် ဝမ်းသာ ဖြစ်မိပါတယ်။ ဒီလို ရေဒီယိုကနေ တစ်ဆင့် ပြည်သူလူထုကြီးကို တိုက်ရိုက် ဆက်သွယ် ပြောကြားရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ လိုအပ်နေတဲ့ ကွက်လပ်တစ်ခုဖြစ်တဲ့ အစိုးရနဲ့ ပြည်သူအကြား တိုက်ရိုက် ဆက်ဆံရေးလမ်းကြောင်းသစ် တစ်ခုကို အစပြုလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အောင်မြင်ဖို့အတွက် အရေးကြီးဆုံး လိုအပ်ချက်တစ်ခုဖြစ်တဲ့ အစိုးရနဲ့ ပြည်သူအကြား အပြန်အလှန် ယုံကြည်မှုကို ကျွန်တော်တို့ ပြန်လည် တည်ဆောက်သွားဖို့ ဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရသစ် တက်ရောက်လာတဲ့ အချိန်ကစတင်ပြီး ပြည်သူလူထုနဲ့ အစိုးရအကြား အပြန်အလှန် ဆက်သွယ်မှုကို ပိုမိုကောင်းမွန်လာစေဖို့၊ ပွင့်လင်းမြင်သာတဲ့ ဆက်သွယ်ရေးလမ်းကြောင်းများ ပေါ်ပေါက်လာစေဖို့ ကြိုးပမ်း ဆောင်ရွက်ခဲ့ပါတယ်။ အခါအခွင့်သင့်တိုင်း ကျွန်တော့အနေနဲ့ ကျွန်တော်တို့ အစိုးရရဲ့ မူဝါဒများ၊ လုပ်ဆောင်ချက်များကို မီဒီယာများကနေတစ်ဆင့် ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ သတင်း အချက်အလက် ပွင့်လင်းမြင်သာမှု အတွက်လည်း ကျွန်တော်အပါအဝင် ကျွန်တော်တို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများအနေနဲ့လည်း သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ကျင်းပပြီး ပြည်သူလူထုထံသို့ သတင်းအချက်အလက်များ စီးဆင်းစေခဲ့ပါတယ်။ အခုလို မီဒီယာမျိုးစုံနဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ ခေတ်ကာလမှာ ရေဒီယိုကို အသုံးပြုတဲ့ ဆက်သွယ်ရေး နည်းလမ်းဟာ ထိရောက်မှု ရှိနေသေးတဲ့အပြင် လက်ရှိမိမိတို့ နိုင်ငံရဲ့ အခြေအနေနဲ့လည်း ကိုက်ညီမှုရှိပြီး တစ်နိုင်ငံလုံးက ပြည်သူအများစု အားထားရတဲ့ သတင်း ဆက်သွယ်ရေးလမ်းကြောင်း ဖြစ်တဲ့အတွက် ရေဒီယိုမိန့်ခွန်းများစတင် ပြောကြားရန် ဆုံးဖြတ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။

ယခင်နှစ်အတွင်း ပြုပြင် ပြောင်းလဲရေး ကိစ္စရပ်များက ဖော်ဆောင်ပေးနိုင်ခဲ့တဲ့ နိုင်ငံရေး ဖြစ်ထွန်းတိုးတက်မှု များကြောင့် ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ပြန်လည် ရှင်သန်စ ပြုခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မိဘပြည်သူများနဲ့ ကျွန်တော်တို့အစိုးရ အထူး သတိပြုရမယ့် ကိစ္စရပ်ကတော့ ပြည်သူတို့ရဲ့ လိုအပ်ချက်တွေနဲ့ အစိုးရယန္တရားရဲ့ ဖြည့်ဆည်းနိုင်စွမ်း အကြားမှာရှိတဲ့ ကွာဟမှုပဲ ဖြစ်ပါတယ်။ ဒီကွာဟမှုကို နည်းနိုင်သမျှ နည်းအောင် ကျွန်တော်တို့ အစိုးရအနေနဲ့ ကြိုးစားရမယ်ဆိုတာ ကျွန်တော့ အနေနဲ့ လေးလေးနက်နက် ယုံကြည်ထားပါတယ်။

ပွင့်လင်းလွတ်လပ်မှုများ မရှိခဲ့ဘဲ အထီးကျန်ဆန်ခဲ့ရတဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ပြုပြင်စရာ၊ ပြောင်းလဲစရာတွေနဲ့ ပြည့်နက်နေတာကို ကျွန်တော်တို့အားလုံး သိရှိကြပါတယ်။ ကျွန်တော်တို့အနေနဲ့ ယခုလို ပြုပြင် ပြောင်းလဲရေးကာလမှာ အကောင်းဆုံး အခြေအနေကို မျှော်လင့်ပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြည်သူတွေ အနေနဲ့ အကောင်းဆုံးမျှော်လင့်တာ သဘာဝကျတဲ့ကိစ္စ ဖြစ်ပါတယ်။ မျှော်လင့်ချက်တွေ အတွက် ဆန္ဒထုတ်ဖော် တောင်းဆိုပိုင်ခွင့်လည်း ရှိကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လူ့အဖွဲ့အစည်း တစ်ရပ်လုံးအတွက် အရေးကြီးဆုံးကတော့ အခုလက်ရှိ ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုများက တစ်ဆင့် သေချာရေရာတဲ့ အနာဂတ်ဖြစ်အောင် တည်ဆောက်ရေးပဲ ဖြစ်ပါတယ်။ လွတ်လပ် ပွင့်လင်းမှု ရှိလာတဲ့ အခြေအနေကို ရင့်ကျက်မှု ရှိရှိနဲ့ တုံ့ပြန်နိုင်မှသာ ကျွန်တော်တို့ရဲ့ တူညီတဲ့ ရည်မှန်းချက်ကို အရောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ အနာဂတ်မှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ဖြေရှင်းတဲ့နေရာမှာ လက်တွေ့ကျမှုကို အခြေခံပြီး အပြုသဘောဆောင်တဲ့ ရှုမြင်မှုမျိုး နှစ်ဦးနှစ်ဖက် ညှိနှိုင်း အဖြေထုတ်တဲ့ နိုင်ငံရေးဓလေ့မျိုး အစွန်းမရောက်တဲ့ အမြင်မျိုး ဖြစ်စေရန် ဝိုင်းဝန်း ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ယခင် ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာကပင် အံ့သြစရာကောင်းလောက်အောင် နိုင်ငံရေး ဖြစ်ထွန်းမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ နေ့စဉ် လူမှုစီးပွားဘဝကို မြှင့်တင်နိုင်ဖို့အတွက် လိုအပ်တဲ့ နိုင်ငံရေးစနစ် တစ်ခုကို ကျွန်တော်တို့အတူ အုတ်မြစ်ချနိုင်ခဲ့ပြီလို့လည်း ဆိုနိုင်ပါတယ်။ လာမယ့်နှစ်တွေမှာ အထွေထွေ ပြုပြင် ပြောင်းလဲမှုများရဲ့ အသီးအပွင့်တွေကို ပြည်သူတစ်ဦးချင်းစီ လက်တွေ့ ခံစားခွင့် ရစေဖို့၊ စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲရေး မူဘောင်နဲ့ စီမံကိန်းများ ချမှတ်ပြီး ဆောင်ရွက်နေပါတယ်။ ရှေ့ဆက် ဆောင်ရွက်မယ့် ကိစ္စရပ်များနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ အစိုးရရဲ့ ရပ်တည်ချက်တွေ၊ လုပ်ဆောင်ချက်တွေကို ပြည်သူလူထုကြီးထံကို စဉ်ဆက်မပြတ် ပြောကြားပေးသွားမှာ ဖြစ်ပါတယ်။

မကြာမီမှာ ကျရောက်တော့မယ့် လွတ်လပ်ရေးနေ့နဲ့ ဆက်စပ်ပြီး ကျွန်တော် တွေးမိတဲ့ အကြောင်းအရာတစ်ခုကို ပြည်သူလူထုကြီးကို မျှဝေလိုပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအနေနဲ့ လွတ်လပ်ရေးရယူစဉ်က စုစည်းနိုင်ခဲ့တဲ့ ညီညွတ်မှု အင်အားအတိုင်း နိုင်ငံသားတစ်ဦးချင်း၊ တစ်ယောက်ချင်းစီကလက်တွဲလုပ်ဆောင်နိုင်မယ် ဆိုပါလျှင် ယခု ကြုံတွေ့နေရတဲ့ အပြောင်းအလဲတွေ၊ စိန်ခေါ်မှုတွေကို မလွဲမသွေ ကျော်လွှားနိုင်မယ် ဆိုတဲ့ အတွေးပဲ ဖြစ်ပါတယ်။ ပြည်သူလူထု အများစု အနေနဲ့လည်း ကျွန်တော်နဲ့ တစ်သဘောတည်း ရှိနေမယ်လို့ ယုံကြည်တဲ့အတွက် ကျွန်တော်တို့နဲ့အတူ လက်တွဲဆောင်ရွက်ဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။


မိဘပြည်သူတစ်ရပ်လုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။ ။


http://www.president-office.gov.mm/briefing-room/news/2012/12/31/id-2267
မိဘပြည်သူများ ခင်ဗျား

ယခုလို နှစ်သစ်ကူး အခါသမယမှာ မိဘပြည်သူတစ်ရပ်လုံး ပျော်ရွင်ခြင်း၊ ငြိမ်းချမ်းခြင်း များနဲ့ ပြည့်စုံ ပါစေ လို့ ဆုတောင်းမေတ္တာ ပို့သပါတယ်။ ယခုလို ကျွန်တော့ အနေနဲ့ မိဘပြည်သူတို့ကို ရေဒီယိုကနေ

အင်း..... နောက်ဆုံးတော့လဲ သူပုန် ဆိုတာ ၊ သူပုန်ပါပဲလေ။

အင်း..... နောက်ဆုံးတော့လဲ သူပုန် ဆိုတာ ၊ သူပုန်ပါပဲလေ။


KIO/KIA အဖွဲ့ ကို တိုင်းရင်းသားတွေရဲ့ အခွင့်အရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့အဖွဲ့လို့ အရင်က စိတ်ထဲမှာ အသိအမှတ်ပြုခဲ့ပါသေးတယ်။

ဒါပေမယ့် ခုနောက်ပိုင်း တဖြည်းဖြည်း သိလာတာက နိုင်ငံရေးခံယူချက် မည်မည်ရရ မရှိတဲ့အဖွဲ့ တစ်ခုဆိုတာပါပဲ။

ဘယ်လို နိုင်ငံရေး လမ်းစဉ်ကို ကိုင်စွဲပြီး တိုက်ပွဲဝင်နေတာလဲ။

(အကယ်၍) ကချင်ပြည်နယ်ကို KIO/KIA အဖွဲ့ လက်ထဲထည့်ပြီး “ ခင်ဗျားတို့ စိတ်ကြိုက် အုပ်ချုပ်ပါ ” ဆိုရင် ၊ ဘယ်လို ဖွဲ့စည်းပုံနဲ့ ၊ ဘယ်လို အုပ်ချုပ်မယ် ဆိုတာမျိုး ရှိရဲ့လား ၊ ကချင်လူထု အကျိုးအတွက် လုပ်ကိုင်ဆောင်ရွက်နေတဲ့အဖွဲ့ ဖြစ်တယ်ဆိုတာ သေချာရဲ့လား ဆိုတဲ့ မေးခွန်းတွေကို မေးခွန်းထုတ်ရပါလိမ့်မယ်။

ငြိမ်းချမ်းရေး ကိစ္စ စဉ်းစားတဲ့နေရာမှာ ကချင်စစ်ဘေးဒုက္ခသည် တစ်သိန်းကျော် အတွက် ဘာလို့ ထည့်မစဉ်းစားနိုင်ရတာလဲ။

KIO/KIA အဖွဲ့ အနေနဲ့ ကိုယ့်လူမျိုး အချင်းချင်းအတွက် အဲဒီကိစ္စတွေကို မစဉ်းစားပေးဘဲ ၊ လက်နက်ကိုင် တိုက်ပွဲဝင်နေတာ ၊ ကချင်လူထုအတွက် လုပ်နေတဲ့ တော်လှန်ရေး ဟုတ်ပါရဲ့လား။

KIO/KIA အဖွဲ့မှ ခေါင်းဆောင်လူကြီးများ၏ ချမ်းသာကြွယ်ဝမှုကို လိုင်ဇာရောက်ဖူးသူတိုင်း သိပါတယ်။

ဒါပေမယ့် သူတို့အနေနဲ့ ကချင်ပြည်နယ် အတွက် ကျန်းမာရေး ၊ ပညာရေး ၊ လူမှုဘ၀ ဖွံ့ဖြိုးစည်ပင်ရေးတွေ အတွက် ဘာများ လုပ်ကိုင်ပေးခဲ့ ပါသလဲ။

လုပ်ခွင့်မရလို့ ဆိုတဲ့ အကြောင်းပြချက် လောက်နဲ့တော့ မလုံလောက်ပါဘူး။


ကချင်ပြည်နယ်ကို အုပ်ချုပ်ပိုင်ခွင့် တောင်းနေသော KIO/KIA အဖွဲ့မှ ခေါင်းဆောင်လူကြီးများခင်ဗျာ...

ကချင်ပြည်နယ်မှာ ကချင်လူမျိုးတွေသာ နေတာမပာုတ်ပါဘူး ၊ လူမျိုးပေါင်းစုံ နေထိုင်တာပါ။

အုပ်ချုပ်ခွင့် လိုချင်တဲ့သူက ပြည်သူကို ဘယ်လိုဆက်ဆံတာလဲ ၊ လက်ခံချင်အောင် လုပ်နေတာလား ၊ လက်မခံချင်အောင် လုပ်နေတာလား။

အစိုးရက ပေးတာ ၊ မပေးတာ အပထား။ ပြည်သူကိုတော့ အရင်မေးကြည့်သင့်ပါတယ်။

အုပ်ချုပ်မဲ့သူတစ်ယောက်က အစိုးရထက်ပိုပြီး ဆိုးရွားလွန်းနေတာ ၊ ဘယ်ပြည်သူက သဘောကျမတုန်း။

သေချာသိချင်ရင် တစ်နိုင်ငံလုံး ဆန္ဒမဲကောက်ြပီး မေးနေ စရာမလိုပါဘူး။

ကချင်ပြည်နယ်မှာ နေတဲ့သူဆီမှာပဲ ၊ ဆန္ဒမဲ အရင် ကောက်ကြည့်ပါဗျာ။

အင်း..... နောက်ဆုံးတော့လဲ သူပုန် ဆိုတာ ၊ သူပုန်ပါပဲလေ။။ ။။

KIO/KIA အဖွဲ့ ကို တိုင်းရင်းသားတွေရဲ့ အခွင့်အရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့အဖွဲ့လို့

KIA အား တရုတ်တို့မှ လက်နက်ငယ်များသာမက လက်နက်ကြီးများပါ ထောက်ပံ့နေ


KIA အား တရုတ်တို့မှ လက်နက်ငယ်များသာမက လက်နက်ကြီးများပါ ထောက်ပံ့နေ

Tuesday, 1 January 2013
၃၀-၁၂-၂၀၁၂ ရက်နေ့တွင် အစိုးရတပ်မှ လဂျားယန်တောင်ကြောရှိ KIA စခန်းများအား သိမ်းပိုက်ခဲ့ရာတွင် တရုတ်နိုင်ငံလုပ် ၁၂၀ မမ စိန်ပြောင်းကြီး ၁ လက်အပါအ၀င် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။ ၁၂၀ မမ စိန်ပြောင်းများသည် ဈေးအလွန်ကြီးမားပြီး လက်နက်မှောင်ခိုများထံမှ ၀ယ်ယူရန်ခက်ခဲသည့် လက်နက်မျိုးဖြစ်ကြောင်း KIA အဖွဲ့တွင် အသုံးပြုလျက်ရှိသော လက်နက်ငယ်နှင့် မိုင်းအားလုံးလိုလိုမှာ တရုတ်နိုင်ငံလုပ်များပင် ဖြစ်ကြောင်း၊ ယခုကဲ့သို့ တရုတ်နိုင်ငံလုပ် လက်နက်ကြီးတစ်လက် KIA အဖွဲ့ထံမှ သိမ်းဆည်းရမိခြင်းက တရုတ်တို့အနေဖြင့် KIA အားလက်သိပ်ထိုးထောက်ပံ့နေသည့် သက်သေပင် ဖြစ်ကြောင်းသိရသည်။
၎င်းတရုတ်နိုင်ငံလုပ် ၁၂၀ မမ လက်နက်ကြီးဖြင့် အစိုးရတပ်များအား ပစ်ခတ်နေသည့်ပုံကို The Voice ဂျာနယ်၏ Facebook စာမျက်နှာတွင် (၃၀-၁၂-၂၀၁၂) ရက်နေ့ကလည်း တွေ့ခဲ့ရသည်။

အမေ့အိမ်

၃၀-၁၂-၂၀၁၂ ရက်နေ့တွင် အစိုးရတပ်မှ လဂျားယန်တောင်ကြောရှိ KIA စခန်းများအား သိမ်းပိုက်ခဲ့ရာတွင် တရုတ်နိုင်ငံလုပ် ၁၂၀ မမ စိန်ပြောင်းကြီး ၁ လက်အပါအ၀င် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိ

လက်နက်ချ အလင်းဝင်လာသည့် ကေအိုင်အေ (၆)ဦးတွင် မြင်းခြံ တောင်သာဘက်မှ (၄)ဦး၊ လီဆူး (၂) ဦး ပါဝင်

ဒီဇင်ဘာလ(၂၈) ရက်နေ့တွင် ကေအိုင်အေတပ်ရင်းမှ ထွက်ပြေးလာသော မြင်းခြံတောင်သာမှ (၄) ဦး၊ လီဆူး လူမျိုး(၂) ဦး စုစုပေါင်း(၆)ဦးအား လက်နက်ငယ်များနှင့် အတူ မြန်မာ့တပ်မတော်ထံသို့ လက်နက်ချ

Monday, 31 December 2012

ချာလီချက်ပလင် နှင့် ရုပ်တူ ပြိုင်ပွဲတွင် သူကိုယ်တိုင် ဆုမရခဲ့


ချာလီချက်ပလင် နှင့် ရုပ်တူ ပြိုင်ပွဲတွင် သူကိုယ်တိုင် ဆုမရခဲ့
Monday, 31 December 2012

ပေါက်ပေါက်ရှာရှာ ဖြစ်ရပ်လေး တစ်ခု ဖြစ်ပါတယ်။ အမေရိကန်ရောက် ဗြိတိန်ဖွား ဟာသ မင်းသား ချာလီ ချက်ပလင် တစ်ယောက် ချာလီ ချက်ပလင်နဲ့ ရုပ်တူ ပြိုင်ပွဲမှာ ဆုမရ တဲ့ ဖြစ်ရပ်လေး ဖြစ်ပါတယ်။

ရတော့ရပါတယ်။ သို့ပေမယ့် တတိယဆုပဲ ရရှိခဲ့တာ ဖြစ်ပါတယ်။ ၁၉၁၅ ခုနှစ်က အမေရိကန်နိုင်ငံ၊ ဆန်ဖရန် စစ္စကိုမှာ ကျင်းပတဲ့ ပွဲလေး ဖြစ် ပါတယ်။ အဲ့တုန်းက ချာလီချက်ပလင်ဆိုတာ တော်တော်လေး ကို အောင်မြင်လူသိများတဲ့ အချိန်ကာလ ဖြစ်ပြီး သူနဲ့ ရုပ်တူ ပြိုင်ပွဲကို ဥရောပ၊ အမေရိကန် နိုင်ငံကြီးက မြို့ ကြီးတွေမှာ ပုံစံအမျိုးမျိုးနဲ့ ကျင်းပ ကြပါတယ်။

သူ့အနေနဲပ ဆန်ဖရန်စစ္စကိုက ပွဲမှာ ချာလီ တစ်ယောက် ဘယ်လို လမ်းလျှောက် တယ်ဆိုတာကို ပြချင်လို့ စင်ပေါ်တက် ခြေစွမ်းပြ၊ ကိုယ် ဟန်ပြ ပြိုင်ခဲ့တာတောင် ပထမမရပါဘူး။ ဒုတိယလည်း မရပါဘူး။ တတိယတောင် မနည်းစိစစ်ပြီးမှ ရရှိခဲ့တာလို့ ဆိုပါတယ်။ Bob Hoop အမည်ရ ကြိုးစားဆဲ လူငယ် ဟာသသရုပ်ဆောင် တစ်ဦးက ပထမဆု ရရှိ သွားပါတယ်။

ပြီးတော့ အင်တာဗျူး တစ်ခုမှာ ပြန်လည်ဝန်ခံခဲ့ပါတယ်။ "ကျွန်တော့ လမ်းလျှောက်နည်းလေး သိစေချင်လို့ ဝင်ပြိုင်မိပါတယ်ဗျာ၊ အားလုံးက ချာလီ အဖေခေါ်ရလောက်အောင် တတ်နိုင်ပါပေသကော" လို့ ရယ်စရာ အဖြစ် ဖြေကြားခဲ့ကြောင်း သိရပါတယ်။
--
Ref: wiki
ရိုးရာလေး သတင်း
YoYarLay
ပေါက်ပေါက်ရှာရှာ ဖြစ်ရပ်လေး တစ်ခု ဖြစ်ပါတယ်။ အမေရိကန်ရောက် ဗြိတိန်ဖွား ဟာသ မင်းသား ချာလီ

အီးပေါက်တာဘယ်သူလဲ မပြောသဖြင့် ရိုက်နှက်မှု ထောင်ကျ


သမီးများကို ရက်စက်စွာ ရိုက်နှက်သည့် ဖခင်တစ်ဦးအား ရဲများက ဖမ်းဆီးထားကြောင်း သတင်းရရှိ သည်။ အော်စတင် ဒေးဗစ်ဆိုသူ အသက် ၃၂ အရွယ်ရှိ ဘခင်တစ်ဦးသည် ကားအတူစီးလာသည့် သမီး ၃ ဦးထဲမှ အီးပေါက်လိုက်သဖြင့် အနံ့အသက်ဆိုးသောကြောင့် မည်သူပေါက်သလဲဟုမေးကြောင်း၊ မည်သူကမျှ ၀န်ခံခြင်းမပြုသဖြင့် ခါးပတ် ချွတ်ပြီး သမီးများကို ရက်စက်စွာ ရိုက်နှက်ဆုံးမခဲ့ကြောင်း၊

အုပ်စုဖွဲ့မုဒိမ်းကျင့်မှု ကျူးလွန်သူများအား သေဒဏ်ပေးရန် တရားလိုမိသားစုလိုလား


အိန္ဒိယနိုင်ငံတွင် လူစုလူဝေးဖြင့် မုဒိမ်းကျင့်ခံ ရခြင်းကြောင့် သေဆုံး သွားရှာသည့် မိန်းကလေး၏ မိသားစုက တရားခံ များအား သေ

မြောက်ကိုရီးယားက ကမ္ဘာသို့ ၎င်း၏ စစ်အင်အားကို ပြသရန် ဆန္ဒရှိ

Photo: မြောက်ကိုရီးယားက ကမ္ဘာသို့ ၎င်း၏ စစ်အင်အားကို ပြသရန် ဆန္ဒရှိ
Monday, 31 December 2012

မြောက်ကိုရီးယား နိုင်ငံအနေဖြင့် ၂ဝ၁၃ ခုနှစ်တွင် ကမ္ဘာသို့ ၎င်း၏ စစ်အင်အားကို ပြသရန် ဆန္ဒရှိ နေကြောင်း မြောက်ကိုရီးယား သတင်း ဌာနက ထုတ်ပြန် ခဲ့ပါသည်။

အဆိုပါ ထုတ်ပြန်မှုသည် နိုင်ငံ၏ စစ်ဘက် အကြီးအကဲ အဖြစ် ကင်ဂျုံအန်မှ တာဝန် ယူခဲ့ ပြီးနောက် တစ်နှစ် အကြာတွင် ထွက်ပေါ်လာ ခဲ့ခြင်း
ဖြစ်ပါသည်။ စစ်ဘက် တပ်ဖွဲ့တစ်ဖွဲ့အား ကင်မှ စစ်ဆေးနေသည့် ရုပ်ရှင်ကားနှင့် မကြာသေးမီက ဒုံးပျံ ပစ်လွှတ်မှုတွင် ပါဝင်ခဲ့သော သိပံ္ပ ပညာရှင် များနှင့်အတူ ကင်၏ ဓာတ်ပုံများအား နိုင်ငံပိုင် ရုပ်သံက ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် ပြသခဲ့ပါသည်။ ဒုံးပျံ လွှတ်တင်မှုသည် ကင်ဂျုံအန်၏ ကြိုးပမ်းမှုနှင့် ဆုံးဖြတ် ချက်၏ ရလဒ်ဖြစ်သည်ဟု အယ်ဒီတာ အာဘော်တွင် ဖော်ပြခဲ့ကြောင်း ကိုရီးယား အလုပ်သမား ပါတီ သတင်းစာ ဖြစ်သော Rodong Sinmun က ဖော်ပြခဲ့ ပါသည်။

မြ၀တီ
မြောက်ကိုရီးယား နိုင်ငံအနေဖြင့် ၂ဝ၁၃ ခုနှစ်တွင် ကမ္ဘာသို့ ၎င်း၏စစ်အင်အားကို ပြသရန် ဆန္ဒ

လက်နက်များ တင်ဆောင်လာသည့် အီရန် သင်္ဘော တစ်စင်းကို ဖမ်းဆီးထားသည် ဟူသော သတင်းများကို ယီမင် ပြည်ထဲရေး ဝန်ကြီး ဌာနက ပယ်ချ


လက်နက်များ တင်ဆောင်လာသည့် အီရန် သင်္ဘော တစ်စင်းကို ဖမ်းဆီးထားသည် ဟူသော သတင်းများကို ယီမင် ပြည်ထဲရေး ဝန်ကြီး ဌာနက ပယ်ချ
 
လက်နက်များ တင်ဆောင်လာသည့် အီရန် သင်္ဘော တစ်စင်းကို ဖမ်းဆီးထားသည် ဟူသော သတင်းများကို ယီမင် ပြည်ထဲရေး ဝန်ကြီး ဌာနက ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် ပယ်ချခဲ့ ပါသည်။

အနောက် နိုင်ငံများနှင့် အာရပ်နိုင်ငံ အချို့မှ မီဒီယာ များက ယီမင်တောင်ပိုင်းရှိ စစ်သွေးကြွများ ထံသို့ ဦးတည်၍ ခုတ်မောင်းခဲ့သည် ဟု စွပ်စွဲပြောဆို ခဲ့ကြမှုနှင့် ပတ်သက်၍ ယီမင် ရေပိုင်နက် အတွင်း ကြားဖြတ်ဖမ်းဆီး ခဲ့သော သင်္ဘောမှာ အီရန် သင်္ဘော မဟုတ်သကဲ့သို့ အဆိုပါ သင်္ဘောပေါ်တွင် မည်သည့် လက်နက်မျှလည်း ပါရှိခြင်း မရှိ ကြောင်း ယီမင် ပြည်ထဲရေး ဝန်ကြီး ဌာနက အလေးထား ပြောကြားခဲ့ပါသည်။ 

ဒီဇင်ဘာလ ၃ဝ ရက်နေ့က ထုတ်ပြန်ခဲ့သော ပြည်ထဲရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်ကြေညာချက် တစ်ခုတွင် ထိန်းသိမ်းခဲ့သည့် သင်္ဘော မှာ တိုဂို နိုင်ငံမှ သင်္ဘော တစ်စင်း ဖြစ်ပြီး အဆိုပါသင်္ဘော ပေါ်တွင် ကျောက်မီးသွေးများ တင်ဆောင်လာ ကြောင်း သိရှိရပါသည်။ 

အဆိုပါ ထုတ်ပြန် ကြေညာချက်တွင် ယီမင်နိုင်ငံ မီဒီဆိပ်ကမ်း အနီးတွင် “Royal Star” အမည်ရှိ တိုဂိုသင်္ဘော တစ်စင်းကို ယီမင် ကမ်းခြေစောင့် တပ်ဖွဲ့များက ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း ဖော်ပြထား သည်ဟု 
သိရှိရပါသည်။

http://www.myawady.com.mm/allnews/global/item/3221-2012-12-31-16-03-29

လက်နက်များ တင်ဆောင်လာသည့် အီရန် သင်္ဘော တစ်စင်းကို ဖမ်းဆီးထားသည် ဟူသော သတင်း

KIA ခေါင်းဆောင်များ တရုတ်နိုင်ငံတွင် နေထိုင်နိုင်ရန်အတွက် မြေကွက်များကြိုတင်ငှားရမ်းထား

KIA ခေါင်းဆောင်များ တရုတ်နိုင်ငံတွင် နေထိုင်နိုင်ရန်အတွက် မြေကွက်များကြိုတင်ငှားရမ်းထား

31 Dec 2012

 ယခုရက်များအတွင်း အစိုးရတပ်တွေနဲ့ KIA တပ်တွေ တိုက်ပွဲတွေအကြီးအကျယ်ဖြစ်နေတဲ့အတွက် KIA ခေါင်းဆောင်ပိုင်းတွေ တရုတ်နိုင်ငံဘက်ကို အသုတ်လိုက် ထွက်ပြေးနေကြပါတယ်။ လိုင်ဇာနဲ့ ကပ်နေတဲ့ တရုတ်နိုင်ငံဘက်ခြမ်းမှာ အရင်ကထဲက ငှားရမ်းထားတဲ့မြေကွက်မှာ သူတို့ဆွေမျိုးတွေ အစုလိုက် သွားရောက် နေထိုင်မယ်လို့ သိရပါတယ်။ ကချင် လက်နက်ကိုင်တပ်တွေအနေနဲ့ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ လူထု အများစု ကိုယ်တိုင်က မထောက်ခံတဲ့ အတွက် အစိုးရတပ်ရဲ့ ထိုးစစ်ဆင်လာတာကို ကချင်ပြည်နယ်အတွင်းမှာ ဘယ်သူကမှ ကန့်ကွက်မှုတစ်စုံတစ်ရာ မလုပ်ခဲ့ကြပါဘူး။

KIA တပ်တွေဟာ တရုတ်အစိုးရရဲ့ တိတ်တဆိတ်ထောက်ပံ့မှုတွေရရှိနေတာ ဖြစ်တယ်လို့လည်း ဒေသခံတွေ ကပြောပါတယ်။ KIA တပ်တွေအနေနဲ့ သီးခြားကချင်ပြည်နယ်ထူထောင်ဖို့ ရည်ရွယ်ပြီး တရုတ်နိုင်ငံက လက်နက်ကျွမ်းကျင်သူတွေဦးစီးတဲ့ လက်နက်စက်ရုံတွေကို တရုတ်နယ်စပ်နဲ့ လိုင်ဇာဌာနချုပ်အနီး ဝေကြိုင်ဘွန် ရပ်ကွက်မှာ တည်ဆောက်ထားပါတယ်။ အစိုးရဘက်က အကြိမ်ကြိမ် အလျော့ပေးပြီး ဆွေးနွေးပွဲတွေ လုပ်ခဲ့ပေမယ့် ဆွေးနွေးပွဲတွေ အောင်မြင်လာခြင်းမရှိခဲ့တဲ့အပေါ် ဒေသခံ လူမျိုးစု ခေါင်းဆောင်တွေ ကိုယ်တိုင်က KIA အပေါ် ထောက်ခံမှု လျော့နည်းလာခဲ့ရခြင်းဖြစ်ပါတယ်။ ဒါကြောင့် KIA ခေါင်းဆောင်အများစုဟာ ကချင်ပြည်နယ်အတွင်းမှာ မနေရဲတော့ဘဲ တရုတ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံ သွားတာဖြစ်တယ်လို့ နယ်စပ်ဒေသက KIA အရေး စောင့်ကြည့်လေ့လာသူတစ်ဦးက ထောက်ပြပြောဆိုပါတယ်။


ယခုရက်များအတွင်း အစိုးရတပ်တွေနဲ့ KIA တပ်တွေ တိုက်ပွဲတွေအကြီးအကျယ်ဖြစ်နေတဲ့အတွက် KIA ခေါင်းဆောင်ပိုင်းတွေ တရုတ်နိုင်ငံဘက်ကို အသုတ်လိုက် ထွက်ပြေးနေကြပါတယ်။ လိုင်ဇာနဲ့ ကပ်နေတဲ့ တရုတ်နိုင်ငံဘက်ခြမ်းမှာ အရင်ကထဲက ငှားရမ်းထားတဲ့မြေကွက်မှာ သူတို့ဆွေမျိုးတွေ အစုလိုက် သွားရောက် နေထိုင်မယ်လို့ သိရပါတယ်။ ကချင် လက်နက်ကိုင်တပ်တွေအနေနဲ့ ကချင်ပြည်

KIA ခေါင်းဆောင်များ၏ ဆွေမျိုးများ တရုတ်ပြည်ဘက်သို့ ပြောင်းရွှေ့

KIA ခေါင်းဆောင်များ၏ ဆွေမျိုးများ တရုတ်ပြည်ဘက်သို့ ပြောင်းရွှေ့

31 Dec 2012

 KIA ခေါင်းဆောင်ပိုင်းရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ၀မ်ပေါင်သမ္မတနိုင်ငံထူထောင်ပြီး တရုတ်နဲ့လက်တွဲရေး လုပ်ဆောင် ချက်တွေကြောင့် ကချင်ပြည်နယ်၊ လိုင်ဇာတ၀ိုက်မှာ အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေပါတယ်။ တိုက်ပွဲတွေမှာ KIA ဘက်က ထိခိုက်ကျဆုံးမှုတွေ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြား လာတဲ့အတွက် KIA ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေ တရုတ်ပြည်ဘက်ကို အစောဆုံးဆုတ်ခွာသွားခဲ့ သလို ကျန်ရှိနေတဲ့ ဆွေမျိုးတွေလဲ အိမ်ထောင်စုအလိုက် တရုတ်ပြည်ဘက်ကို ပြောင်းရွှေ့နေကြပါတယ်။

KIA ခေါင်းဆောင်ပိုင်းတွေရဲ့ ဆွေမျိုး၊မိသားစုတွေအနေနဲ့ အရင်ကထဲက တရုတ်ပြည်နယ်အစိုးရနဲ့ သဘော တူညီချက်တွေရှိထားတဲ့အတိုင်း လိုင်ဇာမှာနေလို့မရတော့တဲ့အတွက် ပြောင်းရွှေ့နေကြခြင်းဖြစ်ပါတယ်။ မကြာမီရက်ပိုင်းအတွင်းမှာ လိုင်ဇာဌာနချုပ်က အစိုးရတပ်တွေရဲ့လက်ထဲကို ကျရောက်တော့မဲ့ အခြေအနေ ဖြစ်နေပါတယ်။ KIA ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီးလဂျွန်ကတော့ ``သူတို့ KIA တွေရဲ့ လျှို့ဝှက်ချက် တွေကို ABSDF ကျောင်းသားတပ်မတော်ကနေတစ်ဆင့် စစ်တပ်က သိသွားတာဖြစ်တယ်လို့`` ပြောပါတယ်။ ``ABSDF ကျောင်းသားတပ်မတော်မှာ အစိုးရရဲ့ စစ်ထောက်လှမ်းရေးတွေရှိတယ်ဆိုတာ သူတို့သတိမပြုမိလို့ အခုလိုခံလိုက်ရခြင်းဖြစ်တယ်လို့`` လည်း ပြောပြပါတယ်။
 

KIA ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေဟာ တရုတ်ပြည်ဘက်မှာရှိနေတဲ့ သူတို့ရဲ့ ကျောက်စိမ်းကုမ္ပဏီ တွေမှာ အရှိန်အဟုန်မပျက်ဆက်လက်လုပ်ကိုင်နိုင်မှာဖြစ်ပေမယ့် လိုင်ဇာမှာရှိနေတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေရဲ့ အနာဂတ်အရေးကတော့ ဘာမှသေချာရေရာခြင်းမရှိပါဘူး။ ကျန်ခဲ့တဲ့တပ်ဖွဲ့တွေမှာ စားနပ်ရိက္ခာ၊ ငွေကြေးနဲ့ ဆေးဝါးတွေလုံလောက်မှုမရှိတဲ့အတွက် တိုက်ပွဲမှာ ဒဏ်ရာပြင်းထန်စွာ ရရှိထားတဲ့ တပ်ဖွဲ့ဝင်တွေ အခြေအနေကဆိုးရွားနေသလောက် တရုတ်ပြည်ဘက်မှာရောက်နေတဲ့ KIA ဆွေမျိုးတွေကတော့ အခြေအနေ မပျက် စည်းစိမ်အပြည့်နဲ့ နေနိုင်မှာပါလို့ ဆက်လက်ပြောပြပါတယ်။


KIA ခေါင်းဆောင်ပိုင်းရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ၀မ်ပေါင်သမ္မတနိုင်ငံထူထောင်ပြီး
တရုတ်နဲ့လက်တွဲရေး လုပ်ဆောင် ချက်တွေကြောင့် ကချင်ပြည်နယ်၊ လိုင်ဇာတ၀ိုက်မှာ အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေ အပြင်း အထန် ဖြစ်ပွားလျက်ရှိနေပါတယ်။ တိုက်ပွဲတွေမှာ KIA ဘက်က ထိခိုက်ကျဆုံးမှုတွေ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြား လာတဲ့အတွက် KIA ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေ တရုတ်ပြည်ဘက်ကို အစောဆုံး

KIA နောက်ချန်အဖွဲ့များ လိုင်စင်ပို့သို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိ

KIA နောက်ချန်အဖွဲ့များ လိုင်စင်ပို့သို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိ

31 Dec 2012

 လိုင်ဇာဌာနချုပ်မှာ နောက်ချန်တပ်အဖြစ်ထားရှိတဲ့ KIA တပ်ဖွဲ့ဝင်တွေ လိုင်ဇာကနေ လိုင်စင်ပို့ဘက်ကို ထွက်ပြေး တိမ်းရှောင်လျက်ရှိတယ်လို့ သိရပါတယ်။ KIA ခေါင်းဆောင်ပိုင်းက ဒီအဖွဲ့တွေကို လိုင်ဇာဌာနချုပ်မှာ လူတံတိုင်းနဲ့ ကာကွယ်ဖို့ အသေခံတပ်ဖွဲ့တွေအဖြစ်ထားရှိခဲ့တာဖြစ်ပေမယ့် လိုင်ဇာ ဌာနချုပ်မှာ ဘယ်လိုမှနေလို့မရတော့ တဲ့အတွက် ထွက်ပြေးနေကြရခြင်း ဖြစ်ပါတယ်။ အစိုးရတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေဟာ လိုင်ဇာ ဌာနချုပ်အနီးတ၀ိုက်ကို အဆက်မပြတ် ကျရောက်ပေါက်ကွဲ နေတဲ့အတွက် ခုလိုမျိုး စွန့်လွှတ်ထွက်ပြေးနေရတာ ဖြစ်တယ်လို့ သိရပါတယ်။ နောက်ချန်ထားရှိခဲ့တဲ့ တပ်ဖွဲ့တွေဟာ  အသေခံတိုက်ခိုက်လိုစိတ် မရှိဘဲ စွန့်ခွါနေတာ ဖြစ်တဲ့အတွက် တရုတ်နိုင်ငံထဲမှာ  ရောက်နေတဲ့ KIA ခေါင်းဆောင်တွေက ထွက်ပြေးတဲ့သူတွေကို ပစ်သတ်ဖို့ ဒီကနေ့အမိန့်ထုတ်ပြန် လိုက်ပါတယ်။

အခုအခါမှတော့ လိုင်ဇာဌာနချုပ်မှာရှိနေတဲ့ ကချင်တပ်ဖွဲ့ဝင်တွေအနေနဲ့ အထက်ကဘယ်လိုပဲ အမိန့် ပေးပေး လိုက်နာမှုမရှိတော့ပါဘူး။ ဘယ်တပ်ဖွဲ့ဝင်ကမှလဲ အသေခံတိုက်ခိုက်ဖို့ မစဉ်းစားကြတော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ခေါင်းဆောင်တွေကိုယ်နှိုက်က ထွက်ပြေးနေတဲ့အတွက် ကျန်တဲ့သူတွေလဲ ဘေးလွှတ်ရာကို ပြေးနေကြတာဖြစ်ပါတယ်။ အောက်ခြေက KIA တပ်ဖွဲ့ဝင်အများစုကတော့ လိုင်စင်ပို့ ကိုလဲ အစိုးရတပ်တွေရဲ့ တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံရအုံးမှာဖြစ်တဲ့အတွက် ထိတ်လန့် သွေးပျက်နေကြပါတယ်။ သူတို့အတွက်သေဖို့ ထက် နေဖို့ကို ဦးစားပေး စဉ်းစားကြရတော့မှာဖြစ်တယ်လို့ KIA စစ်သားတစ်ဦးက ပြောပြပါတယ်။
လိုင်ဇာဌာနချုပ်မှာ နောက်ချန်တပ်အဖြစ်ထားရှိတဲ့ KIA တပ်ဖွဲ့ဝင်တွေ လိုင်ဇာကနေ လိုင်စင်ပို့ဘက်ကို ထွက်ပြေး တိမ်းရှောင်လျက်ရှိတယ်လို့ သိရပါတယ်။ KIA ခေါင်းဆောင်ပိုင်းက ဒီအဖွဲ့တွေကို လိုင်ဇာ ဌာနချုပ်မှာ လူတံတိုင်းနဲ့ ကာကွယ်ဖို့ အသေခံတပ်ဖွဲ့တွေအဖြစ်ထားရှိခဲ့တာဖြစ်ပေမယ့် လိုင်ဇာ ဌာနချုပ်မှာ

KIA အဖွဲ့မှ လူစည်ကားရာနေရာများနှင့် အစိုးရရုံးဌာနများအား ဗုံးဖောက်ခွဲရန် ကြံစည်လျှက်ရှိ


မြစ်ကြီးနား -မန္တလေး မီးရထားလမ်းအား KIA သောင်းကျန်သူအဖွဲ့မှ မိုင်ထောင်ဖောက်ခွဲစဉ် ကိုယ့်မိုင်းနှင့်ကိုယ်ထိမိပြီးKIA သောင်းကျန်သူအဖွဲ့ဝင် ၂ဦး သေဆုံးစဉ်

KIA အဖွဲ့သည် အစိုးရရုံးစိုက်ရာမြို့ရွာများနှင့် လူစည်ကားရာ နေရာများအား ဗုံးဖောက်ခွဲရန် လုပ်ဆောင်နေကြကြောင်း သတင်းရရှိပါသည်။ အစိုးရအနေဖြင့် KIA အဖွဲ့အား ဒီဇင်ဘာလ ၂၄ ရက်နေ့မှ

ဒီဇင်ဘာလ ၂၉/၃၀ ရက်နေ့ တိုက်ပွဲများတွင် KIA အဖွဲ့ဝင် ၁၅၀ ကျော်ကျဆုံး



        Photo: a rare historic photo of KIA fighters praying  before going to battlefield

      
 တပ်ချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှ KIA အဖွဲ့အား လမ်းကြောင်းရှင်းမည့်အကြောင်း ပေးပို့ခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်နောက်ပိုင်းတွင် KIA အဖွဲ့မှ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး အစိုးရတပ်များ ရိက္ခာသယ်ယူနေခြင်းအား တိုက်ခိုက်ခဲ့ပါသည်။ အစိုးရတပ်များမှ ဒီဇင်ဘာလ ၂၅ ရက်နေ့မှ စပြီး ပြန်လည်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများပိုမိုပြင်းထန် လာခဲ့သည်။ 

ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ) ဝတ်သူများ သတိပြုရန်

ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ) ဝတ်သူများ သတိပြုရန် 

ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ/ဂျင်း) များက လူငယ်များ အကြား ရေပန်းစားလာပြီ ဖြစ်တာနဲ့ အညီ သူရဲ့  ဆိုးကျိုးများလည်း သိထားရန် လိုအပ်ပါတယ်။ 

သေချာတာကတော့ ခပ်ကြပ်ကြပ် ဘောင်းဘီ ဖြစ်တဲ့အတွက် ခါးအောက် ပိုင်း အာရုံကြော စနစ်၊ သွေးလည်ပတ်ကိုကို ကြိမ်းသေ သက်ရောက် မှု ရှိပါတယ်။ လေဝင်လေထွက်လည်း မရှိတဲ့အတွက် အသားတွင်း မှာတင် မကပဲ ပြင်ပ အသားအရည် မှာလည်း ဆိုးကျိုး ရှိလာ နိုင်ပါတယ်။

စကင်နီ ဘောင်းဘီ ဝတ်သော အမျိုးသမီးများဟာ အခြား ဘောင်းဘီ ဝတ်ဆင်လေ့ ရှိတဲ့ အမျိုးသမီးများနဲ့ စာရင် ကိုယ်ဝန်ဆောင်နိုင်ချေ နည်းပါတယ်။ ကိုယ်ဝန်ရှိစဉ် ကာလမှာ စကင်နီ ဘောင်းဘီ ဝတ်ခြင်း ကလည်း ပျက်ကျဖို့ အနီးစပ်ဆုံးပဲ ဖြစ်ပါတယ်။ ခါးပေါ်ပဲ တင်ဝတ်ဝတ်၊ ခါးအောက်ပဲ လျှော ဝတ်ဝတ် သွေးနဲ့၊ အာရုံကြော များကို ကြပ်ကြပ် စည်းထားတဲ့အတွက် ခါးအောက်ပိုင်း တစ်ခုလုံး ဒဏ်ဖြစ်လာ တတ်ပါတယ်။ အာရုံကြောစနစ်ဆိုတာ ခြေဖျားကနေ ဦးနှောက်အထိ အားလုံး ဆက်စပ် နေပြီး ခါးအောက်ပိုင်း အာရုံကြော စနစ် အားနည်းမှုက အခြား ကိုယ်အစိတ်အပိုင်းများသို့လည်း သက်ရောက်မှု ရှိပါတယ်။ 

ကိုယ်ကြပ်ဘောင်းဘီရဲ့  ဒဏ်ကို အမျိုးသားများ ပိုခံရပါတယ်။ အထူးသဖြင့် ဆီး လမ်းကြောင်းနဲ့ ဆိုင်တဲ့ ရောဂါများ ဖြစ်နိုင်ချေ ပိုများပြီး ဆီးသွားရ မလွယ်ကူခြင်း၊ ဆီးလမ်းကြောင်းလွဲခြင်း၊ ဆီးလမ်းကြောင်းမှ တစ်ဆင့် ပိုးဝင်ခြင်း၊ ကျောက်ကပ် နှင့် ဆက်စပ်ရောဂါများ ဖြစ်ပွားခြင်းတို့အထိ ဆိုးကျိုး ရှိပါတယ်။ 

ကိုယ်ကြပ်ဘောင်းဘီ (စကင်နီ ဂျင်း) ဝတ်လေ့ရှိသော အမျိုးသမီး တစ်ဦး ဟာ သားအိမ်လမ်းကြောင်းလွဲပြီး ကလေးမမွေးနိုင်တဲ့ အခြေအနေ အထိ ဖြစ်ခဲ့တာလည်း ရှိခဲ့ဖူးပါတယ်။ 

အားလုံးချည်းပြောလို့ ကိုယ်ကြပ်ဘောင်းဘီ မဝတ်သင့်ပါဘူးလို့ ဆိုလိုခြင်း မဟုတ်ကြပါဘူး။ ဒီလိုသာ ဖြစ်ကြေးဆိုရင် အားလုံး ဆီးလမ်းကြောင်းနဲ့ ဆိုင် တဲ့ ရောဂါများ ဖြစ်နေကြပြီ ဖြစ်ပါတယ်။ ဖြစ်ကြပေမယ့် ဒါဟာ ချက်ခြင်း မဟုတ်ပဲ တဖြည်းဖြည်းနဲ့ အားယူလာတဲ့ ရောဂါမျိုး ဖြစ်ပါတယ်။ ဗြိတိန်မှာ စကင်နီ ဘောင်းဘီ ဝတ်တဲ့ အမျိုးသား အယောက် ၂၀၀၀ ကို စစ်တမ်းကောက်ထားပြီး ဖြစ်ရာ အမြဲ စွဲဝတ်သူများအတွက် ကျန်းမာရေး ဆိုးကျိုး ပိုများတယ်ဆိုတာကို လေ့လာ တွေ့ရှိထားပါတယ်။ 

ဒါကြောင့် ကိုယ်ကြပ်ဘောင်းဘီကို ဝတ်ဆင်တဲ့ ဖက်ရှင်ကို နှစ်သက်ပေမယ့် အမြဲ စွဲဝတ်တဲ့ အလေ့အထတော့ မပြုလုပ်ရန် လိုအပ်တယ်လို့ ဆေးပညာရှင်များက တိုက်တွန်းထားကြောင်း သိရပါတယ်။
--
Ref- medic-facts
International news for myanmar

http://www.innewsmyanmar.com/2012/12/blog-post_30.html

---


ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ/ဂျင်း) များက လူငယ်များ အကြား ရေပန်းစားလာပြီ ဖြစ်တာနဲ့

NEW YEAR COUNTDOWN အစီအစဉ် ဖျော်ဖြေပွဲ ကျင်းပမည်

ထူးခြား ဆန်းသစ်သော NEW YEAR COUNTDOWN အစီအစဉ် အဖြစ် DJ, DANCER များ၏ ဖျော်ဖြေမှု များနှင့် အခြား ပျော်ရွှင်စရာ အစီအစဉ် များစွာကို ဒီဇင်ဘာ ၃၁ ရက် ညနေ ၆ နာရီတွင်