Saturday, 15 December 2012
ရခိုင်အရေးနှင့် ဆက်စပ် ဖမ်းဆီးထားသူ လူပေါင်း ၁၁၂၁ ဦးရှိ
after-burned-Arakanရခိုင်ပြည်နယ် တွင် ဖြစ်ပေါ်ခဲ့သောရခိုင်-ဘင်္ဂလီ အရေးအခင်းတွင်
 လူပေါင်း ၁၁၂၁ ဦးကို ဖမ်းဆီးထားသည်ဟု မြန်မာတိုင်းစ်မှ နယ်စပ်ရေးရာ ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကို ကိုး ကားပြီး ရေးသား ဖေါ်ပြသည်။ ဖမ်းဆီးထားသူများ အထဲတွင် ရခိုင် ၂၃၃ဦး၊  ဘင်္ဂလီ ၈၄၉ ဦး၊ ဟိန္ဒူ ၂၇ ဦး၊ မာရမာကြီး ၄ ဦးနှင့် မြန်မာ ၈
သရုပ်ဆောင် မေဇွန်၏အမှု မှုခင်းဆရာဝန်ကြီး ထွက်ဆိုရန် လျှောက်လဲ
အသက် ၁၈ နှစ်အရွယ် အိမ်ဖော်မလေး သေဆုံးမှုနှင့် ပတ်သက်၍
 ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂အရ ကမာရွတ်တရားရုံး၌ အမှုရင်
မော်လမြိုင်မြို့၊ရွှေမြိုင်သီရိရပ်ကွက် မီးလောင်မူဖြစ်ပွား၊ ကျပ်သိန်း ၄၀ ဖို့ ခန့် ဆုံးရှူံး
မော်လမြိုင်မြို့၊ရွှေမြိုင်သီရိရပ်ကွက်၊မျှော်လင့် ၁ ရပ်၊ရတခ ငါးမွေးကန်
လမ်းရှိ၊ ငွေမိုး အုန်းဆီစက်ရုံတွင်ဒီဇင်ဘာ ၁၄ ရက်နေ့ နေ့လည်
မြန်မာ သမ္မတကြီး ဦးသိန်းစိန် ( သို့ ) ၂၀၁၂ ခု(straitstimes) စထရိတ်တိုင်း သတင်းစာရဲ့ အာစီယံ ခေါင်းဆောင်မှု စွမ်းရည် ဆုရှင်။
၁၈၄၅ ခု နှစ်မှာ စတင် ထုတ်ဝေခဲ့တဲ့(straitstimes) စထရိတ်တိုင်း သတင်းစာဟာ ဒေသ တွင်းရှိ ခေါင်းဆောင်များမှ တစ်နှစ် တစ်ဦး ရွေး
မွန်အမျိုးသား ကျောင်း၌ အစိုးရ ကျောင်း ဆရာကို လက်မခံ၍ လက်နက်ဖြင့် ခြိမ်းခြောက်
မြန်မာ ကျောင်းဆရာ နှစ်ဦးကို မွန်အမျိုးသား ကျောင်း၌ သင်ကြား ရန် ဆင်စွယ် ကျေးရွာမှ ရွာသား များနှင့် အုပ်ချုပ်ရေး အဖွဲ့များမှ လက် မခံသဖြင့် ပြန်လွှတ်လိုက်သည့် အပေါ်နယ်အုပ်ချုပ် ရေး မှူးနှင့် ပြည်သူ့ စစ် များက ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့အား ကြိမ်းမောင်း ဆဲဆိုကာ လက်နက်ဖြင့် လာရောက် ခြိမ်းခြောက် သည်ဟု မိမိ တို့ထံ တိုင်ကြား လာကြောင်း မွန်ပြည်သစ် ပါတီ ထားဝယ် ခရိုင် အုပ်ချုပ်ရေး
သေနတ်သမားဝင်ပစ်လို့ မူလတန်းကလေး ၂၀ သေဆုံး
သေနတ်သမားဝင်ပစ်လို့ မူလတန်းကလေး ၂၀ သေဆုံး 
( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )
အမေရိကန်ပြည်ထောင်စု Connecticut ပြည်နယ်မှာ သေနတ်သမားတဦးက စာသင်ကျောင်းတခုကို ၀င်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ၊ ကလေး အယောက် ၂၀ နဲ့ လူကြီး ၆ ယောက်သေဆုံးခဲ့ပြီး၊ ဒီဖြစ်ရပ်ကြောင့် အမေရိကန်ပြည်သူတွေရဲ့ အသည်းနှလုံး ကွဲကြေသွားတဲ့အထိ ခံစားရပါတယ်လို့ အမေရိကန်သမ္မတအိုဘားမားက မျက်ရည်လည်ရွဲ နဲ့ အမေရိကန်ပြည်သူလူထုကို သောကြာနေ့ကပြောလိုက်ပါတယ်။
အဲဒီပစ်ခတ်မှုအတွင်း သေနတ်သမားလည်း သေဆုံးသွားပါတယ်။
ဒီဖြစ်ရပ် အပေါ်မှာ တနိုင်ငံလုံး ၀မ်းနည်းတဲ့ အထိမ်းအမှတ်အဖြစ်နဲ့ အမေရိကန်သမ္မတ အိမ်ဖြူတော် အပါအ၀င် အစိုးရအဆောက်အအုံတွေကို အလံတိုင်ဝက်လွှင့်ထူခဲ့ပြီးတဲ့နောက် ၊ သမ္မတအိုဘားမားက ပြောကြားလိုက်တာဖြစ်ပါတယ်။ နယူးယောက်မြို့မြောက်ဘက် မိုင် ၁၀၀ လောက်မှာရှိတဲ့ Newtown မြို့ မူလတန်းကျောင်းမှာ သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး၊ နာရီပိုင်းအကြားမှာ သမ္မတအိုဘားမားက ပြောကြားခဲ့တာဖြစ်ပါတယ်။
သေဆုံးသူတွေထဲက အများစုဟာ အသက် ၅ နှစ်ကနေ ၁၀ နှစ်ကြားမှာရှိတဲ့ ကလေးငယ်တွေဖြစ်ကြပါတယ်။ ဒီကလေးငယ်တွေမှာ အနာဂတ် ကြီးကြီးမားမားရှိနေတာပါဆိုပြီး သမ္မတအိုဘားမားက ပြောပါတယ်။ မနေ့နေ့လည်ပိုင်းမှာတော့ ဒီအဖြစ်အပျက်ဖြစ်ခဲ့တဲ့နေရာတခုလုံး လုံလုံခြုံခြုံရှိသွားပါပြီလို့ Connecticutပြည်နယ် ရဲတပ်ဖွဲ့ ပြောခွင့်ရသူက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
မနေ့ မနက်ပို်င်း ၉ နာရီခွဲအကျော်မှာပဲ ၊ အဖြစ်အပျက်နဲ့ ပတ်သက်လို့ အရေးပေါ်အခြေအနေကို ရဲဘက်က စသိခဲ့တယ်လို့ ပြောပါတယ်။ သိသိချင်းပဲ ရဲတပ်ဖွဲ့က အဲဒီနေရာကို သွားပြီး ကျောင်းတွင်းကို ၀င်ရောက်ခဲ့တယ်လို့ ပြောပါတယ်။ ကလေးငယ် ၁၈ ဦးနဲ့ လူသတ်သမားအပါအ၀င် လူကြီး ၆ ဦးကို ကျောင်းတွင်းက အခန်း ၂ ခုမှာ သေဆုံးနေတာ တွေ့ခဲ့ရပါတယ်။ နောက်ကလေးငယ် ၂ ဦးကတော့ ဒဏ်ရာနဲ့ ပဲ ဆေးရုံမှာ သေဆုံးသွားပါတယ်။ အမေရိကန်ပြည်ထောင်စု Connecticut ပြည်နယ် မှာ သေနတ် သမားတဦးက စာသင်ကျောင်းတခုကို ၀င်ရောက် ပစ်ခတ် တိုက်ခိုက် ခဲ့ တာကြောင့် ၊ ကလေး အယောက် ၂၀ နဲ့ လူကြီး ၆ ယောက်သေ ဆုံး ခဲ့ပြီး၊ ဒီဖြစ်ရပ်ကြောင့် အမေရိကန်ပြည်သူတွေရဲ့ အသည်းနှလုံး
အမေရိကန် ဒုံးခွင်းဒုံးနဲ့ တပ်သား ၄၀၀ တူရကီပို့မည်
အမေရိကန် ဒုံးခွင်းဒုံးနဲ့ တပ်သား ၄၀၀ တူရကီပို့မည် 
( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )
ဆီရီးယားနိုင်ငံက ဖြစ်လာနိုင်ချေရှိတဲ့ ဒုံးကျည်ပစ်ခတ်မှုကို တူရကီနိုင်ငံအနေနဲ့ ကာကွယ်နိုင်အောင် အကူအညီပေးတဲ့အနေနဲ့ အမေရိကန်က တူရကီနိုင်ငံကို Patriot ဒုံးကျည်ပစ်လွှတ်တဲ့ စင် ၂ ခု နဲ့ တပ်သား ၄၀၀ ကို စေလွှတ်လိုက်ပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန်ပနက်တားဟာ တူရကီနိုင်ငံကို သောကြာနေ့က မရောက်ခင်အချိန်ပိုင်းလေးအတွင်းမှာပဲ သူက ဒါတွေကို ပေးပို့ဖို့ လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့ အမေရိကန် ပန်တဂွန်စစ်ဌာနချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် George Little  က ပြောလိုက်ပါတယ်။
အဲဒီ Patriot ဒုံးကျည်ပစ်လွှတ်မယ်စင်တွေကို လာမယ့်သီတင်းပတ်တွေအတွင်း တပ်ဆင်နေရာချသွားမှာဖြစ်တယ်လို့ မစ္စတာ Little က ပြောပါတယ်။  ဒါပေမဲ့ တူရကီနိုင်ငံ ဘယ်နားမှာထားမယ်ဆိုတာကိုတော့ သူကပြောဖို့ ငြင်းဆန်သွားပါတယ်။
အစောပိုင်းက Incirlik လေတပ်အခြေစိုက်စခန်းမှာ ပြောကြားခဲ့တာမှာတော့ ၊ ဒီလိုလုပ်ခြင်းအားဖြင့် တူရကီနိုင်ငံရဲ့ ကာကွယ်ရေးကြိုးပမ်းချက်တွေကို အကူအညီပေးနိုင်မှာဖြစ်တယ်လို့ မစ္စတာ ပနက်တားက ပြောပါတယ်။
တူရကီနိုင်ငံ ဒီလို ဒုံးကျည်ကာကွယ်ေ၇းစနစ်ရအောင် ကူညီနိုင်ပါတယ်။ ဒီကာကွယ်ရေးစနစ်က ဆီရီးယားနိုင်ငံရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်တဲ့နေရာမှာ အလွန်ကို အသုံးဝင်မှာဖြစ်ပါတယ်လို့ မစ္စတာ ပနက်တားက ပြောပါတယ်။ဆီရီးယားနိုင်ငံက ဖြစ်လာနိုင်ချေရှိတဲ့ ဒုံးကျည်ပစ်ခတ်မှုကို တူရကီ နိုင်ငံ အနေနဲ့ ကာကွယ်နိုင်အောင် အကူအညီပေးတဲ့အနေနဲ့ အမေရိကန်  က  တူရကီနိုင်ငံကို Patriot ဒုံးကျည်ပစ်လွှတ်တဲ့ စင် ၂ ခု
မြန်မာ့ လေကြောင်း ပြည်တွင်း ခရီးစဉ် များတွင် တိုးချဲ့ ပြေးဆွဲမည့် EMBRAER 190 ဘရာဇီး နိုင်ငံထုတ် လေယာဉ် သစ်ကြီး
ယနေ့ နိုင်ငံတော် အစိုးရသည် ပြည်သူက ရွေးချယ် တင်မြှောက်ထားသော အစိုးရ ဖြစ်သည် နှင့်အညီ ဒီမို ကရေစီစနစ်ကို အကောင်အထည် ဖော် ရာတွင် ပြည်သူ များ၏ဆန္ဒကို တတ်နိုင်သမျှ ဖြည့်ဆည်းဆောင် ရွက်ပေး လျက်ရှိသည်။ ပြည်သူအများ စု၏ ဆန္ဒကို ဖြည့် ဆည်း ပေးရာတွင် လူမှုစီးပွားဘဝဖွံ့ဖြိုး စေရန် အခြေခံ အဆောက်အအုံ များ ကို ဖြည့် ဆည်း ဆောင်ရွက်ပေး
တရုတ်ပြည်ရှိ ကျောင်းများတွင်ဓားကိုင်အကြမ်းဖက်သမား ကျောင်းတွင်သောင်းကျန်း ကလေး ၂၂ ဦးဒဏ်ရာရ
ပြီးခဲ့သည့် သောကြာနေ့က ဓားကိုင် အကြမ်းဖက် သမားတစ်ဦး ၏ သောင်းကျန်း မှုကြောင့် မူလတန်းကလေး၂၂ ဦး ဒဏ်ရာ ရရှိ ခဲ့ကြောင်း သတင်းရရှိသည်။ အကြမ်းဖက်မှုမှာ ဟေနန်နယ်၊ ရှန်ပန်းကျေးရွာ မူလတန်းကျောင်း တစ်ကျောင်းတွင်ဖြစ်ပွား ခဲ့ခြင်းဖြစ် ပြီး ကျောင်းတည်ရှိရာ ပြည်နယ်အာဏာပိုင်များက ထိုသတင်းကို
သမ္မာကျမ်းမှ နောဧလှေကြီးနှင့် ပုံစံတူလှေကြီး နယ်သာလန် နိုင်ငံသား တစ်ဦး တည်ဆောက်
သမ္မာကျမ်းမှ နောဧလှေကြီးနှင့် ပုံစံတူလှေကြီး နယ်သာလန် နိုင်ငံသား တစ်ဦး တည်ဆောက်
Friday, 14 December 2012
သမ္မာကျမ်းမှ နောဧ၏ လှေကြီးနှင့် တထေရာတည်း ဆင်တူသည့် လှေကြီး တစ်စင်းကို နယ်သာလန် နိုင်ငံမှ ဂျိုဟန် ဟွိုင်ဘာစ် ဆိုသူ အမျိုးသား တစ်ဦးက တည်ဆောက်ခဲ့ပြီး ၎င်းလှေကြီးအား ယခုအခါတွင် ပြသနေ ပြီဖြစ်ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
ဂျိုဟန်သည် အဆိုပါ လှေကြီးကို တည်ဆောက်ရန် အတွက် နှစ်ပေါင်း ၂ဝ ကြာ စူးစမ်း လေ့လာမှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။ ၎င်းစူးစမ်း
လေ့လာမှုများ ပြုလုပ်ရာတွင် ကမ္ဘာဦး ကျမ်းစာများကို မှီငြမ်းခဲ့ ရကြောင်း သိရသည်။
၎င်းလှေကြီးသည် ၄၂၇ ပေ အရှည်ရှိပြီး အကျယ် ၉၅ ပေနှင့် အမြင့် ၇၅ ပေရှိကြောင်း၊ ၎င်းလှေကြီးကို သမ္မာ ကျမ်းစာအရ အချိုးအစား ညီညီ တည်ဆောက် ထားကြောင်း သိရသည်။ ထိုလှေကြီးသည် သမ္မာ ကျမ်းစာတွင် ဖော်ပြထား သကဲ့သို့ ကမ္ဘာပေါ်ရှိ တိရစ္ဆာန်မျိုးစိတ် အများအပြားကို တင်ဆောင်နိုင်ခြင်း မရှိသော်လည်း ဆင်နှစ်ကောင် ကနိုင်လောက်သည့် နေရာ အကျယ်အဝန်း ရှိကြောင်း သိရသည်။
ထို့ပြင် လှေကြီး၏ ထိုင်ခုံတန်း များကို ထင်းရှူးသား များနှင့် ပြု လုပ်ထားပြီး ထိုလှေကြီး ပေါ်သို့ လာရောက်ကြသည့် ဧည့်ပရိသတ်များ ကြည့်ရှုနိုင်ရန် အတွက် ပလတ်စတစ်ဖြင့် ပြု လုပ်ထားသည့် ကျွဲ၊ မြင်း၊ ကျား၊
မျောက်ဝံ၊ ခြင်္သေ့၊ ဝက်ဝံ အရုပ်များကို ၎င်းလှေပေါ်တွင် ခင်းကျင်း ပြသ
ထားပြီး အန္တရာယ် မပေးနိုင်သော အခြားသက်ရှိ သတ္တဝါများ ကိုလည်း သင်္ဘောပေါ်တွင် ထည့်သွင်း ထားရှိကြောင်း သိရသည်။ ထိုလှေကြီးသည် အလွန်ပင်အံ့အားသင့်ဖွယ် ကောင်းကြောင်း ၎င်းလှေသို့ လာရောက် လည်ပတ်သည့် တောင်အာဖရိကမှ ဧည့်သည် တစ်ဦးက ပြောကြားခဲ့သည်။
မြ၀တီသမ္မာကျမ်းမှ နောဧ၏ လှေကြီးနှင့် တထေရာတည်း ဆင်တူ သည့် လှေကြီး တစ်စင်းကို နယ်သာလန် နိုင်ငံမှ ဂျိုဟန် ဟွိုင်ဘာစ် ဆိုသူ အမျိုးသားတစ်ဦးက တည်ဆောက်ခဲ့ပြီး ၎င်းလှေကြီးအား ယခု အခါတွင် ပြသနေ ပြီဖြစ်ကြောင်း အင်တာနက်သတင်း တစ်ရပ်အရ
မြန်မာပြည်မှ ပျောက်ကွယ်သွားသော ကျားဖြူ
မြန်မာပြည်မှ ပျောက်ကွယ်သွားသော ကျားဖြူ
Friday, 14 December 2012
ဟိုးအရင်က ရခိုင်ရိုးမမှာ အိန္ဒိယ ကျားဖြူတွေ ကျက်စားပါတယ်။ သို့ပေမယ့် ယနေ့ခေတ် ပြန်လည် စစ်တမ်းကောက်ယူမှုအရတော့ မြန်မာပြည်မှာ လုံးဝ မရှိတော့ပါဘူး။
အိန္ဒိယမှာပဲ ပိုမိုအတွေ့များတဲ့အတွက် အိန္ဒိယ ကျားဖြူ လို့ခေါ်ပါတယ်။ ၂၀၁၀ ခုနှစ် စစ်တမ်းအရ အိန္ဒိယမှာ ၁၆၀၀ မှ ၁၉၀၀ ကြား၊ ဘင်္ဂလားဒေ့ရှ်မှာ ၄၄၀၊ နီပေါမှာ ၂၂၉၊ ဘူတန်မှာ ၈၈ ဖြစ်ပြီး မြန်မာပြည်မှာ လုံးဝ မရှိတော့ပါဘူ။ သူ့ကို ဘ
င်္ဂလား ကျားလို့လည်း ခေါ်ပါတယ်။
ဘင်္ဂလားကျားခေါင်းစဉ်အောက်မှာ အခြားအရောင်များလည်း ရှိပေမယ့် အဖြူရောင်ကတော့ ရှားပါးပဲ ဖြစ်ပါတယ်။ အထီးဟာ အရှည်အားဖြင့် ၁၁၀ မှ ၁၂၀ လက်မ၊ အမ ၉၄ မှ ၁၀၄ လက်မ ရှိပါတယ်။ ပေါင်ချိန်ကတော့ အထီးက ၄၄၈ ပေါင်၊ အမ ၃၀၈ ပေါင် လောက်ထိ ၀ိတ် ရှိပါတယ်။ အဖြူရောင် ဆိုပေမယ့် အနက်ရောင် အဆင်းများလည်း ပါရှိပါတယ်။
ယနေ့မှာဆိုရင် အရေအတွက် ၁၂၀၀ ကျော်ဝန်းကျင်တောင် ကျန်ရှိဖို့ မသေချာ တော့တဲ့ ကျား ဖြစ်ပါတယ်။ နောင် နှစ်အနည်းငယ် အတွင်း မျိုးသုန်း တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့က ကျားဖြူနဲ့ ဘင်္ဂလားကျားမျိုးများကို ရှားပါးအဖြစ် သတ်မှတ် ထားပါတယ်။ ကမ္ဘာကလည်း ရှားပါး တိရစ္ဆာန်စာရင်းထဲ ထည့်သွင်း ထားပါတယ်။
မျိုးပွားဖို့ ကြိုးစားပေမယ့် အရေအတွက် ကျားဖြူများရဲ့  အရေအတွက်ဟာ တစ်နှစ်ထက် တစ်နှစ် လျော့နည်းလာကြောင်း သိရပါတယ်။
--
Ref: wiki
ရှားပါးလိပ် ၃၃ ကောင်အား အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ဖမ်းဆီး ရမိ
ရှားပါးလိပ် ၃၃ ကောင်အား အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ဖမ်းဆီး ရမိ
Friday, 14 December 2012
အင်ဒိုနီးရှား နိုင်ငံ ဘာလီ အပန်းဖြေ ကျွန်းရှိ စားသောက်ဆိုင် များသို့ ပို့မည်ဟု ယူဆရသည့် ရှားပါး အစိမ်းရောင် ပင်လယ်လိပ် ၃၃ ကောင်ကို ရဲတပ်ဖွဲ့က ရှာဖွေ ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပင်လယ်လိပ် များအား တန်ဂျောင် ဘီနိုအာမြို့ ဆိပ်ကမ်းတွင် ကမ်းကပ်ထားသော လှေတစ်စီး အတွင်း၌ ရဲတပ်ဖွဲ့က ရှာဖွေ
တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ဘာလီ ရဲတပ်ဖွဲ့မှပြောရေးဆိုခွင့် ရှိသူ
တစ်ဦးက timeslive.co. za သတင်း ဝက်ဘ်ဆိုက်သို့ ပြောကြား ခဲ့သည်။
ရှားပါးလိပ်များကို တရားမဝင် ဖမ်းဆီးသူ များအား စုံစမ်းရှာဖွေ လျက်ရှိကြောင်း၊ ၎င်းလိပ်များကို ဆူလာ ဝေစီကျွန်း အလွန်ရှိ ပင်လယ်ပြင်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ဟန်တူကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဖမ်းဆီး ရမိသော လိပ်များမှာ အလေးချိန် အားဖြင့် ၃ဝ ကီလို ဂရမ်နှင့် ၆ဝ ကီလို ဂရမ် ကြားရှိပြီး အရှည်မှာ ၃ဝ စင်တီမီတာမှ ၁ မီတာ ရှိကြောင်း သိရသည်။
၎င်းလိပ် တစ်ကောင်၏ တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၆၃၅ ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
မြ၀တီအင်ဒိုနီးရှား နိုင်ငံ ဘာလီ အပန်းဖြေ ကျွန်းရှိ စားသောက်ဆိုင် များသို့ ပို့မည်ဟု ယူဆရသည့် ရှားပါး အစိမ်းရောင် ပင်လယ်လိပ် ၃၃ ကောင်ကို ရဲတပ်ဖွဲ့က ရှာဖွေ ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပင်လယ်လိပ် များအား တန်ဂျောင် ဘီနိုအာမြို့ ဆိပ်ကမ်းတွင် ကမ်းကပ်ထားသော လှေတစ်စီး အတွင်း၌ ရဲတပ်ဖွဲ့က ရှာဖွေတွေ့ ရှိခဲ့ခြင်း ဖြစ်ကြောင်း ဘာလီ ရဲတပ်ဖွဲ့မှပြောရေးဆိုခွင့် ရှိသူတစ်ဦးက
မိမိစားသော ထမင်းလုတ်ကို ရေတွက် ခြင်းဖြင့် ကိုယ်အလေးချိန် လျှော့နိုင်
မိမိစားသော ထမင်းလုတ်ကို ရေတွက် ခြင်းဖြင့် 
ကိုယ်အလေးချိန် လျှော့နိုင် 
Friday, 14 December 2012
မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု အားနည်းသော ပုဂ္ဂိုလ်များ အနေဖြင့် မိမိစားသုံးသောထမင်းလုတ်ကို ကွန်ပျူတာအကူအညီရယူရေ တွက်ခြင်းအားဖြင့် ထိန်းချုပ်နိုင်မှု မြင့်မားသူများကဲ့သို့ တင်းတိမ် မှုရနိုင်ကြောင်း အမေရိကန် သုတေသီများက ပြောကြားသည်။ 
မိမိဆန္ဒအလျောက် သုတေသနတွင် ပါဝင်သူများအား မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု မြင့်မားသူများနှင့် ထိန်းချုပ်နိုင်မှု နည်းသူများဟူ၍ သုတေသီများက အုပ်စုနှစ်စုခွဲလိုက်သည်။ 
ယင်းနောက်တွင် သုတေသီများက ၄င်းတို့အစားအစာ စားသုံးချိန်တွင် မျိုချသော ထမင်းလုတ်များကို အားကစားသမားများ အသုံးပြုသော အကြိမ် ရေတွက်စက်များဖြင့် ရေတွက်စေခဲ့သည်။ 
"မိမိကိုယ်ကို ထိန်းချုပ် နိုင်စွမ်းမြင့်မား သူတွေမှာတော့ ဘာမှမထူးခြားပါဘူး။ အကြောင်း ကတော့ သူတို့စားရင်းသောက်ရင်း ဘယ်လောက်ဆိုရင် တင်းတိမ် သလဲဆိုတာ သူတို့ဟာသူတို့ သိနေလို့ပဲဖြစ်ပါတယ်" ဟု သုတေသီ တစ်ဦးက ပြောသည်။ 
သို့သော် မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း နည်းနေ သူများအား အကြိမ်
ရေတွက်သော ကိရိယာလေးများ အသုံးပြုခိုင်း သောအခါ အခြား
မိမိကိုယ်ကို ထိန်းချုပ်နိုင်သူများကဲ့သို့ပင် အစား အသောက်အပေါ် 
တင်းတိမ် လာတတ်သည်ဟု Journal of Consumer Research တွင် သုတေသီများက တင်ပြခဲ့သည်။
မင်နီယာပိုးလစ်
7Day Newsမိမိကိုယ်ကို ထိန်းချုပ်နိုင်မှု အားနည်းသော ပုဂ္ဂိုလ်များ အနေဖြင့် မိမိစားသုံးသော ထမင်းလုတ်ကို ကွန်ပျူတာအကူအညီရယူရေ တွက်ခြင်း အားဖြင့် ထိန်းချုပ်နိုင်မှု မြင့်မားသူများကဲ့သို့ တင်းတိမ် မှုရနိုင်ကြောင်း အမေရိကန် သုတေ သီများက ပြောကြားသည်။  မိမိဆန္ဒအလျောက် သုတေ သန တွင် ပါဝင်သူများအား မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု မြင့်မားသူများနှင့် ထိန်းချုပ်နိုင်မှု
CB Bank ၏ ATM တပ်ဆင် ထားသော နေရာများကို မိုဘိုင်းဖုန်း Web application ဖြင့် ကြည့်ရှုနိုင်
CB Bank ၏ ATM တပ်ဆင် ထားသော နေရာများကို မိုဘိုင်းဖုန်း Web application ဖြင့် ကြည့်ရှုနိုင်
http://http://www.myawady.com.mm/tech/localtechnews/item/1776
နိုဝင်ဘာလ ၁၅ ရက်နေ့မှ စ၍ မြန်မာနိုင်ငံ ပထမဆုံး အနေဖြင့် Master Card, Maestro, Cirrus Cards များ အသုံးပြု၍ ATM မှ ငွေသား ထုတ်ယူခြင်း ဝန်ဆောင်မှုကို စတင်ပေး ခဲ့သော CB Bank ၏ ATM စက်တပ်ဆင် ထားသော နေရာများကို iPhone, android ဖုန်း ကိုင်ဆောင်သူများ ဖြစ်လျှင် ဖုန်းပေါ်တွင် web application များမှ တစ်ဆင့် ကြည့်ရှုနိုင် မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါATM နှင့်ပတ်သက် သည့် အချက် အလက်များကို CB Bank ၏ ကိုယ်ပိုင် Website ဖြစ်သော www.cbbankmm. com နှင့် www.mastercard com/global/atmlocations/ index.htm! တို့ တွင်ကြည့်ရှုနိုင်ပြီး website ကြည့်ရှုရန်အခက်အခဲ ရှိသူများ အနေဖြင့်လည်း CB Bank ထက် Call Center (1887) သို့ မေးမြန်းရန် စီစဉ် ထားမည်ဖြစ်သည်။
ယာယီအနေဖြင့် CB Bank Card Center ၏ Hot Line နံပါတ် (၉၅၁-၃၇၇၅၃၉) သို့ မေးမြန်းစုံစမ်းနိုင်သည်။ CB Bank ၏ Master Card ကို ယခုအခါ Chatrium ဟိုတယ် ရှိ ATM စက်ဖြင့် ထုတ်ယူနိုင်ပြီ ဖြစ်ပြီး ရန်ကုန်ရှိနာမည်ကြီး ဟိုတယ်များတွင် ဆက်လက်တပ် ဆင်ပေးမည်ဟု သိရသည်။
ထို့ အပြင် ၄င်းကတ်များဖြင့် စားသောက်ဆိုင်များ၊ ခရီးသွားလာရေး ကိစ္စများ၊ ကျောက်မျက် ရတနာ ဆိုင်များ၊ အမှတ်တရ အရောင်း ဆိုင်များတွင် ငွေပေးချေနိုင်ရန် POS စက်များ ကို ထားရှိပေးသွား မည်ဖြစ်ပြီး ၂၀၁၃ ဧပြီလတွင် စတင် အသုံးပြုနိုင် မည်ဖြစ်သည်။
ယခု အချိန်တွင် CB Bank ATM စက်များတွင် Master Card ဖြင့် ငွေထုတ် ယူနိုင်သော နေရာ ၃၉ နေရာနှင့် စက်အလုံး အရေအတွက် ၄၂ လုံး တပ်ဆင် ထားပြီး ဖြစ်ကြောင်း သိရှိ ရသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့မှ စ၍ မြန်မာနိုင်ငံ ပထမဆုံး အနေဖြင့် Master Card, Maestro, Cirrus Cards များ အသုံးပြု၍ ATM မှ ငွေသား ထုတ်ယူခြင်း ဝန်ဆောင်မှုကို စတင်ပေး ခဲ့သော CB Bank ၏ ATM စက်တပ်ဆင် ထားသော နေရာများကို iPhone, android ဖုန်း ကိုင်ဆောင်သူများ ဖြစ်လျှင် ဖုန်းပေါ်တွင် web application များမှ
ရွှေ့ပြောင်းလုပ်သား ပြန်ပို့ရေး ရွှေ့ဆိုင်းဖို့ ILO တိုက်တွန်း
ရွှေ့ပြောင်းလုပ်သား ပြန်ပို့ရေး ရွှေ့ဆိုင်းဖို့ ILO တိုက်တွန်း 
( burmese.voanews )
ထိုင်းနိုင်ငံမှာရှိနေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ တရားဝင် မှတ်ပုံတင်မလား ဒါမှမဟုတ်လည်း နေရပ်ပြန်ပို့ခံမလား ဆိုပြီး သောကြာနေ့ကို နောက်ဆုံးရက် သတ်မှတ်ထားတာကို သက်တမ်းတိုးပေးဖို့ နိုင်ငံတကာ အလုပ်သမား အဖွဲ့ကြီး ILO ရဲ့ အကြီးအကဲ က ထိုင်းနိုင်ငံကို တောင်းဆိုလိုက်ပါတယ်။ ထိုင်းအစိုးရက နိုင်ငံသား အသိအမှတ်ပြု လက်မှတ် မလုပ်တဲ့ နိုင်ငံတွင်းက ရွှေ့ပြောင်းအလုပ်သမား တသန်းကျော်ကို နေရပ်ရင်း ပြန်ပို့မယ် ဆိုပြီး ပြောဆိုနေတာမှာ အများစုက မြန်မာနိုင်ငံသားတွေ ဖြစ်ကြပါတယ်။ အလုပ်သမားအရေး လှုပ်ရှားသူတွေကတော့ နိုင်ငံသား လက်မှတ်လုပ်ဖို့က အားနည်းချက်တွေ ရှိနေတယ်လို့ ပြောကြပါတယ်။ ကုလသမဂ္ဂကတော့ အစုလိုက် အပြုံလိုက် နေရပ်ပြန်ပို့မှာ ကိုတော့ ကန့်ကွက်ပြီး ထိုင်းအစိုးရအနေနဲ့  ရွှေ့ပြောင်းအလုပ်သမားရေးရာ မူဝါဒကို ပြန်လည် သုံးသပ်ဖို့ တောင်းဆိုမယ်လို့လည်း ဆိုပါတယ်။ ဘန်ကောက်မြို့ကနေ ဗွီအိုအေ သတင်းထောက် Daniel Schearf သတင်းပေးပို့ထားတာကို မသိင်္ဂီထိုက်က ပြောပြပေးထားပါတယ်။
ထိုင်းအစိုးရက နိုင်ငံတွင်းက ရွှေ့ပြောင်းအလုပ်သမားတွေကို မှတ်ပုံတင်ဖို့ နောက်ဆုံးရက် သတ်မှတ်ထားတာကို သက်တမ်းတိုးပေးဖို့ အတွက် အိုင်အယ်လ်အို ညွှန်ကြားရေးမှူး Guy Ryder  နဲ့ ထိုင်းအလုပ်သမားဝန်ကြီးနဲ့ စနေနေ့က ဒုတိယ အကြိမ် တွေ့ဆုံဆွေးနွေးတဲ့ အတောအတွင်း တွန်းအားပေး တောင်းဆိုမယ်လို့ မျှော်လင့်ထားကြပါတယ်။ ထိုင်းအစိုးရ က ဒီဇင်ဘာလ ၁၄ ရက် နောက်ဆုံးထားပြီး နိုင်ငံတွင်းက ရွှေ့ပြောင်းအလုပ်သမားတွေကို မှတ်ပုံတင်ကို အပြီးထိ ဆက်ပြီး လုပ်ကြဖို့နဲ့ ဆက်ပြီး ပျက်ကွက်ရင် နေရပ်ပြန်ပို့မယ်ဆိုပြီး ကြေညာချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ဘဲ အိုင်အယ်လ်အို အကြီးအကဲ ထိုင်းနိုင်ငံကို လာရောက်တာလည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံတွင်းမှာ ရွှေ့ပြောင်းအလုပ်သမား ၂ သန်းခွဲ လောက် ရှိနေပြီး အများစုက အိမ်နီးချင်း မြန်မာနိုင်ငံက ဖြစ်ပါတယ်။ ဒီထဲမှာ အလုပ်သမား ၅ သိန်းလောက်ဘဲ နိုင်ငံသား အသိအမှတ်ပြု လက်မှတ်ကို ပြည့်ပြည့်စုံစုံ လုပ်ထားကြပါတယ်။
ထိုင်းအာဏာပိုင်တွေအနေနဲ့ အရင်က သတ်မှတ်ရက်ကို သက်တမ်းတိုးပေးခဲ့တာတွေ ရှိခဲ့ပေမယ့် ဒီတခါတော့ တိုးပေးမယ့်ပုံ မရှိပါဘူး။ ဈေးပေါတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို မှီခိုနေရတဲ့ ထိုင်း ကုန်သွယ်ရေးအဖွဲ့ကတော့ ဒီလို အလုပ်သမားတွေ ပြန်ပို့မယ့် လုပ်ငန်းစဉ်က သူတို့ လုပ်ငန်းတွေအပေါ် ထိခိုက်မှုတွေ ရှိလာမှာကို စိုးရိမ်နေကြပါတယ်။
အိုင်အယ်လ်အို ရဲ့ အာရှ ပစိဖိတ် ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားရေးရာ အကြီးတန်း အရာရှိ
Nilim Baruah (NIH-lihm BAR-oh-wah) ကတော့ အခုလို ပြောပါတယ်။
"ရွှေ့ပြောင်းအလုပ်သမားရေးရာ မူဝါဒကို ပြန်ပြီး သုံးသပ်ဖို့ ၊ ဒီလို ပြန်လည်သုံးသပ်တာမှာလည်း အကြံပေးမှုတွေကို လက်ခံဖို့နဲ့ တရားဝင်ပြုလုပ်မှု လုပ်ငန်းစဉ်ကိုလည်း သက်တမ်းတိုးဖို့နဲ့ အထူးသဖြင့် နိုင်ငံသား စိစစ်ရေး လုပ်ဆောင်နေဆဲ အလုပ်သမားတွေကို အချိန်ထပ်ပြီး ပေးဖို့အရေး လုပ်ဆောင်မယ်ဆိုတာကို မစ္စတာ ရိုင်ဒါက ကုန်သွယ်ရေး အဖွဲ့ အကြီးအကဲနဲ့ ဒီကနေ့ တွေ့ဆုံတာမှာ သေချာပြောခဲ့ပါတယ်။"
ရွှေ့ပြောင်းအလုပ်သမား ၃ သိန်းခွဲလောက်ဟာ နိုင်ငံသား စိစစ်ရေး လုပ်ထားပေမယ့်လည်း သူတို့ရဲ့ လက်မှတ်တွေ မရသေးပါဘူး။ ဒါပေမယ့် ထိုင်း အာဏာပိုင်တွေက သူတို့ကိုလည်း နေရပ်ပြန်ပို့မယ် ဆိုပြီး ခြိမ်ခြောက်နေတာ ဖြစ်ပါတယ်။
နိုင်ငံတွေအနေနဲ့ တရားမ၀င် ရွှေ့ပြောင်း ၀င်ရောက်လာသူတွေကို နေရပ်ပြန်ပို့ခွင့် ရှိပေမယ့် နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ အကျုံးဝင်အောင် လုပ်သင့်တယ်ဆိုပြီး Baruah က ပြောပါတယ်။ အရင်က လုပ်အားခတွေကို အားလုံးပေးဖို့နဲ့ နေရပ် ပြန်ပို့တာမှာလည်း အလုပ်သမားတွေဆီကနေ ငွေကြေးမတောင်းဖို့ စတဲ့ အခွင့်အရေးတွေကို လိုက်နာသင့်တယ်လို့လည်း သူမက ပြောပါတယ်။
"အစုလိုက် အပြုံလိုက် ပြန်ပို့တာမျိုးမလုပ်ဘဲ လေးလေးစားစားနဲ့ နေရပ် ပြန်ပို့တယ်ဆိုတဲ့ လုပ်ငန်းစဉ်မျိုး ဖြစ်အောင် လုပ်သင့်ပါတယ်။"
ထိုင်းနိုင်ငံရဲ့ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်ရေး၊ ငါးဖမ်းလုပ်ငန်းနဲ့ သစ်ခွ ထုတ်လုပ်ရေးတွေမှာ အဓိက ကျောရိုးအဖြစ် အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမား အများစုဟာ တရားဝင် လက်မှတ်တော့ မရှိကြပါဘူး။  ဒီလို တရားမ၀င်မှုကြောင့်လည်း အနိုင်ကျင့် စော်ကားခံရမှုကနေ အကာအကွယ်မဲ့ ဖြစ်ကြရပါတယ်။
ထိုင်းနိုင်ငံ အနေနဲ့ အိမ်နီးချင်း နိုင်ငံတွေနဲ့ နိုင်ငံသားစိစစ်ရေး လုပ်ဆောင်တာ မှာ ရွှေ့ပြောင်း အလုပ်သမားတွေကို ပိုပြီး အကာအကွယ်ပေးဖို့ လိုအပ်ပြီး ဒါမှလည်း အလုပ်သမားတွေ အနေနဲ့ အလုပ်လုပ်ခွင့်ကို လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
ဒီလုပ်ငန်းစဉ်က နှေးကွေးနေပြီး အလုပ်ရှင်ဘက်ကလည်း အထောက်အကူပေးဖို့ လိုအပ်ပါတယ်။ အလုပ်ရှင်တွေက အလုပ်သမားတွေကို တရားဝင် အသိအမှတ်ပြု လက်မှတ် မရှိအောင် တမင် ရည်ရွယ် လုပ်ဆောင် နေသလိုဘဲ ပွဲစားတွေကလည်း တရားဝင် လက်မှတ်ရဖို့ အတွက် လုပ်ခ လစာအတော်များများ ရဖို့ လုပ်နေကြပါတယ်လို့ လှုပ်ရှားသူတွေက ပြောပါတယ်။
အိုင်အယ်လ်အို ကတော့ ရွှေ့ပြောင်းအလုပ်သမားတွေကို ပိုပြီး အကာအကွယ်ပေးနိုင်ဖို့ အတွက် ထိုင်းနိုင်ငံရဲ့ ဥပဒေတွေ ပြောင်းလဲစေချင်တယ်လို့ Baruah က ပြောပါတယ်။
"အလုပ်အကိုင် ရှာဖွေသူနဲ့ အလုပ်အကိုင် ခန့်ထားရေး ဥပဒေမှာ ၀င်ရောက်လာတဲ့ အလုပ်သမားတွေကို အလုပ်ခန့်ထားရေး လုပ်ထုံးလုပ်နည်းတွေ ပါဝင်ရေး ပြန်လည် သုံးသပ်သင့်ပါတယ်။ ဒုတိယ အနေနဲ့တော့ မကျေလည်မှုတွေကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်မယ့် အနေအထားမျိုးလည်း ရှိသင့်ပါတယ်။"
အိုင်အယ်လ်အို ညွှန်ကြားရေးမှူးချုပ်ဟာ သောကြာနေ့ မနက်ပိုင်းမှာတော့ ထိုင်းဝန်ကြီးချုပ် ယင်းလတ် ရှင်နာဝပ်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာရှိနေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ တရားဝင် မှတ်ပုံတင်မလား ဒါမှမဟုတ်လည်း နေရပ်ပြန်ပို့ခံမလား ဆို ပြီး သောကြာနေ့ကို နောက်ဆုံးရက် သတ်မှတ်ထားတာကို သက်တမ်း တိုးပေးဖို့ နိုင်ငံတကာ အလုပ်သမား အဖွဲ့ကြီး ILO ရဲ့ အကြီးအကဲ က ထိုင်းနိုင်ငံကို တောင်းဆိုလိုက်ပါတယ်။ ထိုင်း အစိုးရ က နိုင်ငံသား
မိုးသီးဇွန် တရားစွဲခံရပြီ
စက်တင်ဘာ အရေးအခင်း(ခေါ်) ဘုန်းကြီးတွေ လမ်းပေါ်ထွက်အောင်လုပ်တဲ့ ဘုန်းကြီးယုတ် ဘုန်းကြီးတု အကြောင်းဖော်ထုတ်ပြီ
စက်တင်ဘာလကိုရောက်လာပြီဆိုရင်ဖြင့် ရွှေဝါရောင်ခေါင်းစဉ်နဲ့ စုရုံးစုရုံးမြင်ကွင်းတွေမြင်လာရပြန်ပါပြီ။ တကယ်ဆို ၀ါတွင်းကာလကြီး မဟုတ်ပါလား။ ဒီမိုကရေစီပြောင်းလဲရေးတွေလုပ်နေလို့ EU ကတောင် Sanction တွေရုပ်သိမ်းပြီး လက်နက်ရောင်းဝယ်မှုက လွဲရင်ကျန်တဲ့
မိုဘိုင်းအင်တာနက်အသုံးပြုခများကို တက္ကသိုလ်ကျောင်းသားများအတွက် သီးသန့်လျှော့ချပေးမည်
၂၀၁၃ ခုနှစ်တွင် ကောက်ခံသွားမည့် မိုဘိုင်းဖုန်းအင်တာနက် အသုံးပြုခ များတွင် တက္ကသိုလ်ကျောင်း သား/ကျောင်းသူများ အတွက်အသုံးပြုခများအား လျှော့ချပေးရန် အစီအစဉ်ရှိကြောင်း မြန်မာ့ဆက်
ထူးထူးဆန်းဆန်း ဖားမှ မြွှေကို မြိုနေခြင်း
မြန်မာပြည်မှ ကမ္ဘာ့အရှားပါးဆုံးကျောက်
ပုံမှာမြင်တွေ့နေရတဲ့ ကျောက်ဟာ Painite လို့အမည်ရပြီး ကမ္ဘာ့အရှားပါး ဆုံး ကျောက်မျက်ရတနာ ၁၀မျိုး စာရင်းထဲမှာ အဆင့် ၅ ဝင်တဲ့ ကျောက်မျက်ရတနာ တစ်မျိုး ဖြစ်ပါတယ်။
ရှာဖွေတွေ့ရှိခဲ့သူကတော့ အင်္ဂလိပ်လူမျိုး သတ္တုဗေဒ ပညာရှင် Arthur C.D.Pain ဖြစ်ပါတယ်။ ၁၉၅၀ ခုနှစ်နောင်းပိုင်းက မြန်မာနိုင်ငံ အထက်ပိုင်း၊ မိုးကုတ် ကျောက်တွင်းမှာ တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး