Wednesday, 28 March 2012

ပြည်သူတစ်ယောက် (အိမ်ရှင်မတစ်ယောက်) ရင်ထဲမှာ ခံစားမိသည်များ ရင်ဖွင့်သံ (ပေးစာ- ၁၀)


ကျွန်မကတော့ ဘယ်လူကြီးပဲ သမ္မတဖြစ်ဖြစ် ကျွန်မတို့တိုင်းပြည် အေးအေးချမ်းချမ်းနေနေရရင် စိတ်ချမ်းသာတဲ့ မိန်းမတစ်ယောက်ပါ။ လူဆိုတာ အတ္တမရှိတဲ့လူမရှိကြပါဘူး။ ကျွန်မကတော့ ဘာနိုင်ငံရေးမှ မလုပ်ပါဘူး။ မိသားစုတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲနေပါတယ်။ ကိုယ့်နိုင်ငံကို ကောင်းစားစေချင်တာ လူတိုင်းပါပဲ။ ဘယ်အစိုးရပဲတက်တက် အတ္တဆိုတာ အနည်းနဲ့ အများတော့ ရှိကြမှာပါ။ လူ့သဘာဝမို့ မပြောချင်ပါဘူး။ ကျွန်မတော့ ဘယ်သူ့ဘက်ကမှ မလိုက်ဘူး၊ ဘယ်သူ့က ပိုကောင်းတာ၊ ပိုတော်တာလို့လဲ မြှောက်ပင့်ပြီး မပြောဘူး၊  အချိန်ကြာလာတာနဲ့အမျှ လူတိုင်းသိကြမှာပါပဲလေ။ ဖားရားပြီးလည်းမပြောဘူး၊ အမှန်တိုင်းပဲပြောချင်တာပါ။ ဒီလူကြီးတက်ရင် သူ့အမျိုးအဆွေတွေ ကောင်းစားမယ်၊ ရာထူးရမယ်ဆိုတာတွေက အတ္တတွေပါပဲ၊ ဘယ်သူပဲတက်တက် အဲ့ဒီအတ္တတွေဆိုတာရှိမှာပါ။ ဒါကိုတော့ လူတိုင်းလက်ခံကြမယ်လို့ ထင်ပါတယ်။
ကိုယ့်နိုင်ငံကို အုပ်ချုပ်မဲ့သူဟာ အဖက်ဖက်ကကြည့်ရင် အရာရာမှာ အပြစ်မရှိတဲ့ လူဆိုတာနည်းပါတယ်။ အပြစ်အနာအဆာဆိုတာ လူတိုင်းရှိကြပါတယ်။ အဲ့ဒီထဲက ပိုကောင်းတဲ့ တော်တဲ့ အရာရာကိုဝေဖန်ပိုင်းခြားနိုင်တဲ့ လူဆိုရင် ပိုကောင်းပါတယ်။ နိုင်ငံကို အုပ်ချုပ်ချင်တဲ့သူတွေထဲမှာ အမှားအမှန်ကို ဝေဖန်ပိုင်းခြားမတတ်တဲ့ သူတွေကို တွေ့မြင်ကြားသိနေရတာတွေဟာ တော်တော်လေးကို ရင်နာစရာကောင်းပါတယ်။ ဟိုလူကလည်း အာဏာယူချင် ဒီလူကလည်း ဒီအာဏာယူချင်ဖြစ်နေတာဟာ ကောင်းလား၊ မကောင်းဘူးလားဆိုတာ ကိုယ့်ကိုယ်ကို ချင့်ချိန်စဉ်းစားစေချင်တယ်။ ကိုယ်နဲ့ ဒီအာဏာနဲ့ကော ထိုက်တန်လားဆိုတာ မိမိကိုယ်ကိုယ်သိယုံ တင်မကဘူး ဘေးပတ်ဝန်းကျင်က စဉ်းစားချင့်ချိန်တတ်တဲ့ လူတွေတောင်သိပါတယ်။ ဒါကိုမှ အရှက်မရှိ ပြောဆိုလုပ်နေကြတာဟာ တရားကျဖို့ကောင်းပါတယ်။
လူရယ်လို့ဖြစ်လာကြရင် ကိုယ်ပိုင်ယုံကြည်မှုဆိုတာ တစ်ယောက်တစ်မျိုးရှိကြတယ်။ နိုင်ငံကိုအုပ်ချုပ် မယ့်သူက ဟိုဘာသာလိုလို၊ ဒီဘာသာလိုလိုနဲ့ ဖြစ်နေတာတွေတွေ့ရတာဟာလည်း စိတ်ပျက်စရာကောင်းပါတယ်။ ဘယ်ဘာသာပဲကိုးကွယ် တစ်သမတ်ထဲ တစ်ဘာသာပဲရှိသင့်ပါတယ်။ လူပြောများမှ ပုတ်ခတ်ဝေဖန်မှုတွေ များပြီးမှ ပုဝါခြုံပြီး ဘုရားကျောင်းတက်တာတွေဟာ မဖြစ်သင့်တဲ့ကိစ္စပါ။ ကိုယ်ဘယ်ဘာသာကို ကိုးကွယ်လည်းဆိုတာ တောင် ထုတ်ဖော်ပြသဖို့ ကြောက်နေတဲ့စိတ်ဓာတ်ကြီးနဲ့ ဘယ်လိုလုပ်အုပ်ချုပ်ချင်တာလည်းလို့ မေးချင်လာမိ တယ်။ နိုင်ငံကို အုပ်ချုပ်ချင်တဲ့သူဟာ စကားပြောဆိုတဲ့အခါမှာလည်း လိမ္မာပါးနပ်စွာပြောဆိုတတ်ဖို့ လိုမယ်လို့ ထင်ပါတယ်။ အရင်က ဒီလိုတွေပြောပြီး နောက်ကျတော့တစ်မျိုးပြောတာတွေ မဖြစ်သင့်ပါဘူး။ အရင်က တပ်မတော်ကို အသေအလဲမုန်းတီးနေပြီး မဲရချင်တော့မှ တပ်မတော်သားတွေကို မဲဆွယ်ဟောပြောတာတွေဟာ ဘာအဓိပ္ပါယ်သက်ရောက်လည်းဆိုတာ ကိုယ်ကိုတိုင်မှသိရလား? သိရဲ့သားနဲ့ တမင်သက်သက်လုပ်တာလား ဆိုတာကိုတော့ ပြောတဲ့သူပဲ သိမယ်လို့ထင်ပါတယ်။
အခုပြောဆိုနေတာတွေက တပ်မတော်ဘက်ကပါပြီး ပြောဆိုနေတာမဟုတ်ဘဲ ပြည်သူတစ်ယောက် အနေနဲ့(အိမ်ရှင်မတစ်ယောက်) ရင်ထဲမှာ ခံစားမိတာတွေကို ရင်ဖွင့်နေတာပါ။ ကျွန်မတို့ အဖိုးအဖွားတွေ လက်ထက်ထဲကစပြီး မြန်မာ့တပ်မတော်ဆိုတာ ရှိနေတာ အခုထိပါပဲ။ ဘာပဲဖြစ်ဖြစ် တစ်ခုခုဖြစ်ရင် တပ်မတော်ကို ပုံချပြောဆို ဝေဖန်နေတာ မဖြစ်သင့်တဲ့ကိစ္စတစ်ခုပါ။ နောက်ပြီး ကိုယ်လုပ်မဲ့ကိစ္စကို ပြီးမြောက်အောင်မြင်အောင် မလုပ်ဘဲ ဘေးကပါတီတွေ ကို ပုတ်ခတ်ပြောဆိုနေတာတွေဟာ လူကြီးလူကောင်းတွေရဲ့ လုပ်ရပ်မဖြစ်သင့်ပါဘူး။ ကိုယ့်နိုင်ငံကြီး တိုးတက်ကောင်းစားဖို့လုပ်သင့်တာလုပ်နေတာကို ဟိုလူကို ဝေဖန်လိုက် ဒီလူကို ပြောဆိုလိုက် မလုပ်ဘဲ နိုင်ငံကောင်းစားဖို့ လုပ်သင့်နေပါပြီ။ ကိုယ်မဲရဖို့ ဟိုလူမကောင်းကြောင်း၊ ဒီလူမကောင်းကြောင်း အင်တာနက်မှာတင်ပြီး ပုတ်ခတ်နေတာတွေက ဘာမှ အဓိပ္ပါယ်မရှိပါဘူး။ ကိုယ့်ပါတီမဲနိုင်နေရာရဖို့အတွက် ကိုယ့်ဖာသာကောင်းကောင်း လုပ်ဆောင်သင့်ပါတယ်။  အုပ်ချုပ်မဲ့သူတွေဟာ -
()     မိမိကိုယ်ကို မကြည့်ဘဲ ပြည်သူလူထုတွေအတွက်ကြည့်တဲ့သူဖြစ်ချင်ပါတယ်။
()     ကိုယ်ကျင့်တရားကောင်းမယ့်သူဖြစ်သင့်ပါတယ်။
() ကိုယ်ယုံကြည်တဲ့ ဘာသာတရားတစ်ခုကိုလည်း ယုံယုံကြည်ကြည်နဲ့ ကိုးကွယ်တဲ့သူဖြစ် စေချင်ပါတယ်။
()     အောက်ကမြှောက်ပေးတိုင်း လုပ်တဲ့သူမဖြစ် စေချင်ပါဘူး။
()     မြန်မာနိုင်ငံသားစစ်စစ်ဖြစ်ပြီး တိုင်းတစ်ပါးသွေးမရောတဲ့ သွေးသန့်တဲ့လူမျိုးကို လိုချင်ပါတယ်။
()     ပြည်သူလူထုက ချစ်ခင်တင်မြှောက်ထားတဲ့သူဖြစ်ဖို့လည်း လိုပါတယ်။
()     ကိုယ့်နိုင်ငံကို ရောင်းစားကျွန်ပြုမယ့်သူ မဖြစ်သင့်ပါဘူး။
()     နာမည်ပျက်ရှိတဲ့သူကို နိုင်ငံမအုပ်ချုပ်စေချင်တာလည်း ပြည်သူတွေရဲ့ စိတ်ထားပါပဲ။
()     ပြည်သူကို ပါးစပ်ကချစ်ပြီး ရင်ထဲကအနှစ်သာရမရှိတဲ့ စကားတွေပြောနေသူလည်း မဖြစ်သင့်ပါ ဘူး။
(၁၀)    ကိုယ့်မြန်မာနိုင်ငံကြီး ကျွန်ပြုဖျက်ဆီးပြီး တိုင်းတစ်ပါးအလိုကျ ကပြ အသုံးတော်ခံမယ့် သူကို လုံးဝလက်မခံနိုင်ပါဘူး။
ဒီလောက်ဆိုရင် ကျွန်မတို့လို ဘာပါတီ၊ ဘာနိုင်ငံရေးမှ မလုပ်တဲ့သူတွေရဲ့ စိတ်ထားတွေကို သိလောက်ပြီလို့ထင်ပါတယ်။ တပ်မတော်ကို ထောက်ခံတဲ့သူ၊ ပါတီတွေကို ထောက်ခံတဲ့လူတွေရှိသလို ကျွန်မတို့ လို ကြားနေလူတွေအများကြီး ရှိတယ်ဆိုတာလည်း မချန်ထားနဲ့ပါအုံးလို့ ပြောချင်ပါတယ်။
ဘယ်သူ့ကိုမှ ပုတ်ခတ်ဝေဖန်မပြေဘဲ လက်တွေ့ကြကြဖြစ်နိုင်၊ လုပ်နိုင်တဲ့ ဒီမိုကရေစီကို လုပ်ကြဖို့ တိုက်တွန်းပါတယ်။ ကိုယ်လုပ်မဲ့အလုပ်ဟာ မှားလား မှန်လားဝေဖန်မဆုံးဖြတ်တတ်တဲ့သူတွေ အုပ်ချုပ်မယ်ဆိုရင် လုံးဝလက်မခံနိုင်ပါဘူး။ အုပ်ချုပ်ချင်တဲ့သူတွေကကော ဘယ်လောက်တော် ဘယ်လောက်တတ်သလဲဆိုတာ စဉ်းစားသင့်ပြီး မလုပ်သင့်က ဆက်မလုပ်ဖို့ ဆုံးဖြတ်ကြပါ။

Monday, 26 March 2012

ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော်သားတစ်ဦး၏ ရိုးရှင်းပွင့်လင်းသောအမြင် ( အပိုင်း - ၂ )

ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော်သားတစ်ဦး၏ ရိုးရှင်းပွင့်လင်းသောအမြင် ( အပိုင်း - ၁ ) မှ အဆက်

အမျိုးသားနိုင်ငံရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်၏ ရပ်တည်ချက်ကို လက်မခံခြင်း



`` တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက် ´´ ဆိုတဲ့ ဆောင်ပုဒ်ဟာ နိုင်ငံရေးနှင့် ပတ်သက် လာရင် တပ်မတော်ရဲ့ ရှင်းလင်းပြတ်သားတဲ့ မူဝါဒတစ်ခုဖြစ်ပါ တယ်။ မျက်မှန်စိမ်း အတပ်ခံ ထားရသူတွေ နားလည်အောင် ထပ်မံ ရှင်းပြရရင် တပ်မတော်က ထမ်းဆောင်နေတဲ့ အမျိုးသားရေး ဆိုတာ နိုင်ငံတော်အတွက် ထာဝရ မှန်ကန်နေမည့် မူဝါဒများဖြစ်တဲ့ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုမပြိုကွဲ ရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး ဆိုတဲ့ ဒို့တာဝန် အရေး(၃)ပါးဖြစ်ပါတယ်။ အမျိုးသားရေး မူဝါဒအပေါ် အခြေခံပြီး နိုင်ငံတော် ရဲ့ အမျိုးသား ရည်မှန်းချက်ဖြစ်တဲ့..

- အေးချမ်းသာယာရေးနှင့် နယ်စပ်ဒေသမကျန် တစ်နိုင်ငံလုံးဖွံ့ဖြိုးတိုးတက်ရေး
- စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ဖြစ်ထွန်းပေါ်ပေါက်လာရေး
- နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး ၏ အကျိုး စီးပွားကို ဖော်ဆောင် ကာ အေးချမ်း သာယာပြီး ခေတ်မီ ဖွံ့ဖြိုး တိုးတက် သည့် နိုင်ငံတော်သစ် တစ်ရပ် တည်ဆောက်ရေး တို့ကို တပ်မတော်က တာဝန် သိသိသစ္စာရှိရှိ အကာင်အထည်ဖော်လျက် ရှိပါတယ်။


နိုင်ငံတော်အတွက် ထာဝရ မှန်ကန်နေတဲ့ တို့တာဝန် အရေး(၃)ပါးကို တပ်မတော်ဟာ ဒေါ်အောင်ဆန်းစုကြည် အဖေ (ဗိုလ်ချုပ်အောင်ဆန်း) မရှိတော့တဲ့ အချိန်ကစပြီး တစိုက်စိုက်မတ်မတ် တာဝန်ယူခဲ့တယ် ဆိုတာ သိနားလည် စေချင်ပါတယ်။ မျက်မှောက်ခေတ်မှာ နိုင်ငံ တစ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာဟာ ဗိုလ်ချုပ် အောင်ဆန်းတို့ ခေတ်ကလို စစ်အင်အား အသုံးပြုပြီး တိုက်ခိုက် သိမ်းပိုက်ခံရမှ ဆုံးရှုံးတာ မဟုတ်ပါဘူး။ ခေတ်သစ် နယ်ချဲ့ ၀ါဒီတွေဟာ သူတို့ လိုလားတဲ့သူ၊ သူတို့ ကြိုးကိုင်လို့ ရတဲ့ သူကိုတင်ပြီး သြဇာခံနိုင်ငံ အဖြစ် သွပ်သွင်းလေ့ ရှိတယ်ဆိုတာ နိုင်ငံတကာဖြစ်စဉ်များ အရ လွယ်ကူစွာ ပဲလေ့လာနိုင်ပါတယ်။

အထူးသဖြင့် ကျွန်တော်တို့နိုင်ငံဟာ ပထ၀ီနိုင်ငံရေး(Geopolitics)အရ အချက် အချာကျပြီး ရုပ်ဝထ္ထု အင်အား နည်းတဲ့အတွက် ပိုပြီး သတိပြုရမှာဖြစ်ပါတယ်။ မျိုးချစ်စိတ်ဓါတ် အခြေခံမကောင်းရင် ဇာတိဂုဏ်၊ အမျိုးဂုဏ် ထိန်းသိမ်းမှု အားနည်းရင် အလွယ် တကူပဲ အချုပ်အခြာ အာဏာ ဆုံးရှုံးသွားနိုင်ပါတယ်။ နိုင်ငံရေး အရ ပါလီမာန် ဒီမိုကရေစီခေတ်၊ တစ်ပါတီ မဆလခေတ်၊ စစ်အစိုးရခေတ် ဘယ်ခေတ်မှာ ဘယ်သူဘဲ အုပ်ချုပ်အုပ်ချုပ် လွတ်လပ်ရေးနှင့် အတူဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်းသောင်းကျန်းမှု ကို ရင်ဆိုင်ခဲ့ပြီး ပြည်ထောင်စု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ မဆုံးရှုံးရေးအတွက် အသက်သွေးချွေး ပေးဆပ်စွန့်လွှတ်နိုင်သူ များဟာ တပ်မတော် သားများ ဖြစ်တယ် ဆိုတာ လက်ခံ ကြရမှာဖြစ်ပါတယ်။ တပ်မတော်သားဖြစ်လို့ တပ်မတော်ရဲ့ အရေးပါမှုကို ပုံကြီးချဲ့တာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်း စုကြည် သိပြီးသားဖြစ်ပေမဲ့ မသိသေးသူတွေသိအောင် အကျဉ်းချုပ် ထောက်ပြရရင်-

- ၁၉၄၈ - ၁၉၄၉ ခုနှစ်များမှာ တိုင်းပြည်ကနုနု မုန်တိုင်းကထန်နေတဲ့ ပြည်တွင်း သောင်းကျန်းမှု များ နိုင်ငံ အနှံအပြား ထကြွနေတဲ့ အချိန်ကာလ။
- ၁၉၅၈ - ၁၉၅၉ အာဏာရ ဖဆပလ အဖွဲ့ချုပ်အတွင်း အစိတ်အစိတ် အမြွှာမြွှာကွဲကြပြီး အာဏာလု၊ လက်နက်စုကြဖြင့် တိုင်းပြည် ပြိုကွဲတော့မယ့် အန္တရာယ်ကာလ။
- ၁၉၆၂ ခုနှစ်က ရှမ်းပြည်နယ် ဖက်ဒရယ်မူ လှုပ်ရှားမှုအဖြစ် ပြည်ထောင်စုမှ ခွဲထွက်ပြီး ပြည်ထောင်စုကြီး ပြိုကွဲလု ဆဲဆဲ အချိန်။
- ၁၉၈၈ ခုနှစ် တိုင်းဆူပြည်ဖျက် ဆူပူမှုဖြင့် မင်းမဲ့စရိုက် ကြီးစိုးပြီး ပြည်ပ အင်အားကြီး နိုင်ငံတစ်ခုမှ ရေတပ် စစ်သင်္ဘော(၅)စင်း မြန်မာ ရေပိုင်နက် အတွင်း ကျူးကျော် ရောက်ရှိလာတဲ့ အထိ အချုပ်အခြာ အာဏာ လက်လွတ် ဆုံးရှုံးလု ဆဲဆဲကာလ။

Sunday, 25 March 2012

ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော်သားတစ်ဦး၏ ရိုးရှင်းပွင့်လင်းသောအမြင် အပိုင်း(၁)


 From : တပ်မတော်သားတစ်ဦး

ခေါင်းစဉ်ကိုက ရှင်းရှင်းလေးပါပဲ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယနေ့ပြုမူလှုပ်ရှားပြောဆို လုပ်ကိုင်မှုတွေ အပေါ်  တပ်မတော်သားတစ်ဦးရဲ့ ရိုးရိုးသားသား ရှင်းရှင်းလင်းလင်း ပွင့်ပွင့်လင်းလင်း အမြင်တွေကို ထုတ်ဖော် သွားမှာ ဖြစ်ပါတယ်။
  
တပ်မတော်သားတစ်ဦးဆိုတဲ့အတွက် တပ်မတော်ရဲ့ သဘောထားလို့ တထစ်ချပြောလို့မရပေမဲ့ တပ်မတော် သားအားလုံးကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှ ဒီလိုအမြင်၊ ဒီလိုသဘောထားတွေရှိနေတယ်ဆိုတာကိုတော့ ယုံကြည်စေချင်ပါတယ်။

 
လတ်တလောကာလမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြားဖြတ်ရွေး ကောက်ပွဲအတွက် နယ်လှည့်ခရီးစဉ် ဟောပြောချက်တွေ၊ ရုပ်မြင်သံကြား ကတစ်ဆင့် ပါတီမူဝါဒဆိုင်ရာထုတ်လွှင့်လျက်တွေအရ ဒေါ်အောင်ဆန်း စုကြည် ရဲ့ တပ်မတော်အပေါ်ထားရှိတဲ့ စိတ်ရင်းအမှန်ကို မြင်တွေ့နေရသလို၊ စကား ထဲကဇာတိပြလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နောက်မညီတဲ့စကားလုံး များကိုလည်း စိတ်မကောင်းစွာ ကြားသိနေရပါတယ်။

Tuesday, 20 March 2012

တော်တော်လည်း အဖောကောင်းတဲ့ သစ်ထူးလွင်

 တော်တော်လည်း ရီရတဲ့ စတုတ္ထမဏ္ဍိုင်တွေပဲဗျာ... ဘာတဲ့ မြန်မာအစိုးရက သစ်ထူးလွင် ၀က်ဆိုဒ်အား မြန်မာပြည်တွင်းမှ ၀င်ရောက်ကြည့်ရှုလို့ မရနိုင်အောင် ယနေ့တွင်ပိတ်ထားလိုက်ပါပြီတဲ့... အဘယ်ကြောင့်ပိတ်ရ သလဲဆိုတော့ ၄င်းဝက်ဆိုဒ်မှာ ဖော်ပြထားသည်မှာ အောက်ပါအတိုင်းဖြစ်ပါတယ် ။ ။
www.thithtoolwin.com Myanmar News Now မှ မြန်မာပြည်သူ့ တွေ၏ မတရားပြုကျင့်ခံနေရမှုတွေ၊  ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီထိပ်ပိုင်ခေါင်းဆောင်များ၏ သတင်းများ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုစရင်းစစ်ချုပ်ရုံး ၊ သတ္တုတွင်းဝန်ကြီးဌာန စတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန် အစိုးရ၏ ထိပ်တန်းလျှိုဝှက်ချက်သတင်းများကို ပြီးခဲ့တဲ့ အခုရက်ပိုင်းအတွင်း ဆက်တိုက်ဖော်ထုတ်တင်ပြပေးခဲ့ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ မသမာမှုများနှင့် နိုင်ငံရေးပါတီများ၏ စည်းရုံးရေးလုပ်ငန်းသတင်းများကိုလည်း Myanmar News Now မှ ပုံမှန်တင်ပြပေးနေတာဖြစ်ပါတယ်။ 
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ရက်ပိုင်းအလိုမှာ  အများပြည်သူ ကြည့်ရှုနေတဲ့ အင်တာနက်စာမျက်နှာကို ပိတ်ဆို့ လိုက်မှုနှင့်ပါတ်သတ်၍ ပြည်တွင်းမှ ပြည်သူပြည်သားများ၊သတင်းမီဒီယာများ၊ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆိုင် အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး မြန်မာအစိုးရမှ www.thithtoolwin.com Myanmar News Now ကို ပြည်တွင်းမှာ ပြန်လည်ကြည့်ရှုနိုင်အောင် ကြိုးစားလုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ပိတ်ဆို့ထားမှုကို ပြန်လည်ဖွင့်လှစ်ပေးဖို့မြန်မာအစိုးရထံ တိုက်ရိုက်တောင်းဆိုသွားမှာဖြစ်ပါတယ် ။Myanmar News Now ကို မြန်မာပြည်သူလူထု နေ့စဉ် လူဦးရေ (၃၀၀၀၀)သုံးသောင်ကျော်ဝင်ရောက်ကြည့်ရှုပြီး၊ သတင်းစာမျက်နှာပေါင်း တစ်သိန်းကျော် ၀င်ရောက်ဖတ်ရှုနေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှ ၀င်ရောက်ကြည့်ရှုမရအောင် ပိတ်ဆို့ထားသော သစ်ထူးလွင်ဝက်ဆိုဒ်တွင်
မြန်မာနိုင်ငံမှ ၃၄ ဦး ၀င်ရောက်ကြည့်ရှုနေပုံအား မြင်ရပုံ


  သို့သော် ၄င်းဝက်ဆိုဒ်၏ စာမျက်နှာတွင် အထက်ပါအတိုင်းတွေ့ရှိရပါတယ် ။ ယုံကြည်သင့်လား မယုံကြည် သင့်သလားတို့ မိမိတို့ ဦးနှောက်ဖြင့်ဆုံးဖြတ်နိုင်ပါတယ် ။

Friday, 16 March 2012

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသော မြို့နယ်နှင့် မြို့နယ်ခွဲ (၈၇)ခုတွင် တာဝန်ထမ်းဆောင်လျက်၇ှိသည့် နိုင်ငံ့ဝန်ထမ်းများအား ဒေသစရိတ်များ ခံစားခွင့်ပြု

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီးရုံး၏ ၁၃၇၃ခုနစ်၊ တပေါင်းလပြည့်ကျော် ၈ရက်(၂၀၁၂ ခုနှစ်၊ မတ်လ ၁၅) ရက်စွဲပါ အမိန့်ကြေငြာစာအမှတ် (၁၀၁/၂၀၁၂)ဖြင့်တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသော မြို့နယ်နှင့် မြို့နယ်ခွဲ (၈၇)ခုတွင် တာဝန်ထမ်းဆောင်လျက်၇ှိသည့် နိုင်ငံ့ဝန်ထမ်းများအား လစဉ် အပိုထောက်ပံ့ကြေး ၃၀၀၀၀ ကျပ်အပြင် လက်၇ှိလစဉ်ထုတ်ယူရရှိနေသောလစာနှင့် ညီမျှသည့်ငွေကိုပါ ဒေသစရိတ်အဖြစ် ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ သတ်မှတ်ခံစားခွင့်ပြုလိုက်ကြောင့် ယနေ့တွင်နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိပါတယ် ။ ။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပင်လယ်နယ်နိမိတ် အငြင်းပွားမှုပြဿနာ နိုင်ငံပိုင်သတင်းစာမှ ရှင်းတမ်း



Thursday, 15 March 2012

ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် အရှက်ရစရာ နေ့တစ်နေ့

ဒီမိုကရေစီကိုသာ ထိပ်တန်းတင်နေကြသော မြန်မာလူမျိုး အပေါင်းတို့ခင်ဗျား..... ခင်ဗျား...တို့ ပြည်တွင်းမှာ အချင်းချင်း လှည့်ပါတ် ခွေဖို့ပဲ စိုင်းပြင်းနေချိန်မှာ မနေ့က ဘင်္ဂလားနဲ့ ရေပိုင်နက် ကိစ္စ အဆုံးအဖြတ်မှာ မြန်မာနိုင်တယ်လို့ ဆိုနိုင်ပေမယ့် ကမ်းလွန် လုပ်ကွက်တွေ ပါသွားပါတယ်ဗျာ....... ပုံထဲကဆိုရင် အပြာလိုင်း အပေါ်ပိုင်းလေး ပါသွားပါတယ်.....

ဘင်္ဂလားတွေက "This is a great day for Bangladesh," declared Foreign Minister Dr. Dipu Moni, after listening to the President of the Tribunal, Jose Luis Jesus of Cape Verde, read the judgment in the Hamburg courtroom. အဲ့လို ထုတ်ဖော် ကြွေးကျော်သွားလေရဲ့....... သူတို့အနေနဲ့ နည်းနည်းရလဲ အမြတ်ပဲ ဆိုပီး မြန်မာကို တစ်စစီဖဲ့နေတာကို ခင်ဗျားတို့ ဒီမိုကရေစီ တော်လှန်ရေးနဲ့ မဆိုင်လို့ ကြည့်နေနိုင်ကြလား ခင်ဗျာ......

ကျွန်တော်တို့ မြန်မာ့သမိုင်းထဲမှာ သင်ခဲ့ရတဲ့ ရှင်မဖြူကျွန်းဆိုတာ အခုတော့ ၂ မိုင်ခွဲ ပါတ်လည် အနားကပ်ပိုင်ခွင့် မရှိတော့ပါ.... အစိုးရသိက္ခာကျ အရှက်ရရင် ပီးရော ငါတို့နဲ့မဆိုင် ဆိုတဲ့ အမျိုးသားရေး စိတ်ဓါတ် ကင်းမဲ့တဲ့သူများ ခင်ဗျား..... နိုင်ငံနယ်နိမိတ်ဟာ အစားပြန်တောင်းလို့ မရပါဘူး..... ငါတို့ လက်ထက်မှ တရားတဘောင် ပြန်စွဲမယ်ဆိုလည်း လက်နက်ကိုင်စွဲရန်သာ ရှိပါတော့တယ်.... ဒီအစိုးရ သိက္ခာကျမှ ငါတို့ နိုင်ငံရေး အမြတ်ရမယ်ဆိုရင် ကိုယ့်တိုင်းပြည်အပေါ်မှာ ချစ်မြတ်နိုးစိတ်၊ သစ္စာစောင့်သိမှု၊ တာဝန်သိတတ်မှုဟာ ဘာလဲ ဆိုတာ ပြန်မေးရပါလိမ့်မယ်......

ဒီအကြောင်း အရေးကြီးပါတယ်လို့ အတန်တန် သတိပေးတာကို ကြားဖြတ် ရွေးကောက်ပွဲကို အာရုံလွှဲတယ်၊ လုပ်ဇာတ်ကြီးပါလို့ ပြောတဲ့သူတွေက ပြောခဲ့ကြတယ်...... ထပ်ပြောပါ့မယ် NLD၊ ကြံ့ဖွံ့၊ ဒီမို၊ စစ်တပ်၊ အားပြိုင်တယ်ဆိုတာ နိုင်ငံဆိုတာ ရှိနေလို့ပါ..... နိုင်ငံရဲ့ အချုပ်အခြာ အာဏာသာ မရှိခဲ့ရင် ကျွန်တော်တို့ အားပြိုင်စရာ မရှိတော့ပါဘူး...... ကျွန်တော်တို့ မြန်မာတွေဟာ ကောက်ရိုးမီးလို တစ်ခုထဲကိုသာ ခဏတဖြုတ် ၀ုန်းခနဲဆို ထလုပ်တတ်တဲ့ စိတ်တွေကြောင့် တစ်ပြိုင်နက်တည်းမှာ အရာပေါင်း များစွာကို လုပ်နေကြတဲ့ Multitasking နိုင်ငံများနဲ့ ယှဉ်ရာမှာ ခေတ်နောက်ကျနေခြင်း ဖြစ်ပါတယ်.....

ဒီကိစ္စဟာ အေးချမ်းသွားမှာ မဟုတ်ပါ..... နှစ်နိုင်ငံ နယ်စပ်မှာ Buffer Zone အနေနဲ့ သူ့နိုင်ငံသား လူသားဖောက်တဲ့ စက်တွေကို ချထားပီး ပြဿနာ ဖန်တီးနေရာကနေ သမုဒ္ဒရာကိုပါ တစ်ဆင့်တိုး တောင်းဆိုလာနေပါပီ..... နောင်ဆိုရင် ရခိုင်ပြည်နယ်ကိုပါ သူတို့ ကြွေးကျော်နေတဲ့အတိုင်း အစ္စလာမ်မစ် အုပ်ချုပ်ခွင့်ရ ဒေသဖြစ်လာအောင် စစ်ရေးကော နိုင်ငံရေးကော သုံးလာနိုင်တာကို အမျိုးသားရေး စိတ်ဓါတ်ဖြင့် ရှုမြင်ကြပါ ခင်ဗျာ........

မြန်မာ့သမိုင်းမှာတော့ အရှက်ရစရာနေ့ တစ်နေ့အဖြစ် ၁၄ရက် မတ်လကို မှတ်တမ်းတင်ထားလိုက်ပါတယ်.... :(
                                                                                                                                        By: James Mmt

Wednesday, 14 March 2012

ရန်ကုန်တက္ကသိုလ် ကမ္ဘာ့အဆင့်မီ ပြုပြင်ရန် အမေရိကန်သူဌေး ဒေါ်လာသန်းချီ ပေးမည်

ကမ္ဘာ့အဆင့်မီ ရန်ကုန်တက္ကသိုလ် ဖြစ်ထွန်းလာရေးအတွက် အမေရိကန် သူဌေးတစ်ဦးက ဒေါ်လာသန်းချီ လှူဒါန်း သွားရန်ရှိသည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရ သည်။ အမေရိကန်ရှိ ဂျွန်ဟော့ကင်း တက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်တို့ သုတေသန လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးမှုများ ပြုလုပ်နေကြကြောင်း ပူးပေါင်းခြင်း ကိစ္စများအတွက် ဒေါ်လာသန်း နှင့်ချီ၍ ကုန်ကျမည်ဖြစ်ရာ အမေ ရိကန်သူဌေးတစ်ဦးက ပူးပေါင်း ဆောင်ရွက်ပေးမည့် အမေရိကန် တက္ကသိုလ်အား လှူဒါန်းငွေ ပေးအပ်မည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးအေးကြူက ပြောသည်။ ”ရန်ကုန်တက္ကသိုလ်ကို ကမ္ဘာ က အသိအမှတ်ပြုတဲ့ အထိကို   ဖြစ် အောင် လုပ်ဆောင်သွားမယ်”ဟု ဒုတိယဝန်ကြီးက ပြောသည်။ အမေရိကန် ထိပ်တန်း တက္က သိုလ်ကြီးမှ ရန်ကုန်တက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်မှု   ပြုရန်   နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန မှ ထိပ်တန်းတာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြပြီး ကန်တက္ကသိုလ်မှ တာဝန်ရှိ သူများ အဆင့်ဆင့် ထပ်မံ လာရောက်ရန်လည်း ရှိနေသည်ဟု ဒုတိယ ဝန်ကြီးက ဆိုသည်။ လက်ရှိအချိန်၌ ရန်ကုန်တက္က သိုလ်နှင့် မန္တလေးတက“္ကသိုလ် နှစ်ခု မှာ သုတေသန တက္ကသိုလ် အဆင့် သာ ရှိနေသေးရာ ရန်ကုန်တက္က သိုလ်ကို (National University) အမျိုးသားတက္ကသိုလ် အဆင့်အထိ ရောက်အောင် မျှော်မှန်းလုပ်ဆောင် ကြမည်ဟုလည်း ဒုတိယ ဝန်ကြီးက ထပ်လောင်းပြောသည်။ ”သုတေသန ပူးပေါင်းမှုကို တော့ အချိန်မကြာစေဘဲ မြန်မြန် ဆောင်ရွက်သွားမယ်” ဟု ဒုတိယ ဝန်ကြီးက ပြောသည်။  ၁၉၆၄ ခုနှစ် အထိ ရန်ကုန် တက္ကသိုလ်ကြီး၏ လက်အောက် တွင် ဆေးပညာ၊ စက်မှုပညာ အစရှိသည်ဖြင့် အသက်မွေးဝမ်း ကျောင်း ပညာရပ်များနှင့် တခြား သော ဝိဇ္ဇာ၊ သိပ္ပံပညာရပ် များမှာ မဟာဌာနများအနေနှင့် ရှိခဲ့သော် လည်း နောက်ပိုင်းတွင် မဟာဌာန အသီးသီးတို့ ခွဲထွက်၍ တက္ကသိုလ် များ တည်ထောင်ခြင်းများ ဆောင် ရွက်ခဲ့သည်။ လက်ရှိ တွင် မဟာ ဘွဲ့လွန် သင်တန်းများနှင့် ပါရဂူ ဘွဲ့ သင်တန်းတို့သာ ပို့ချပေးနေကြောင်း ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ ထွန်းခင်က ပြောသည်။   ဆက်လက်၍   ဒေါက်တာထွန်း ခင်က ”ကျွန်တော့် အမြင်အရ ဆို ရင် အမေရိကန်တက္ကသိုလ်နဲ့ ရန် ကုန်တက္ကသိုလ်သာ ပူးပေါင်းလိုက် ရင်သင်ကြားရေးပိုင်းမှာလည်း နှစ် နိုင်ငံ တန်းတူဖြစ်သွားမယ်။ ဒီလိုပဲ သင်ရိုး၊ ညွှန်းတမ်းတွေလည်းကမ္ဘာ့ အဆင့်မီသွားမယ်။ ဒါ့အပြင် ရန် ကုန်တက္ကသိုလ်ဆီ ဧည့်ပါမောက္ခ တွေ လာကြမယ်။ သုတေသနတွေ ပူးပေါင်းဆောင်ရွက်ကြမယ် ဒီလိုပဲ ဒီက ထူးချွန်တဲ့ သူတွေလည်း ဟို ဘက်မှာ ဒီလိုပဲ သွားလုပ်ကြမယ်။ အားလုံးက မြန်မာ့ပညာရေး အဆင့်အတန်း ပိုမြင့်သွားဖို့ လုပ်ရပ် တွေကြီးပဲ” ဟု သုံးသပ်သည်။ စင်ကာပူ၊ တောင်ကိုရီးယား စသည့် နိုင်ငံတို့တွင်လည်း အမျိုး သားတက္ကသိုလ်များ ရှိပြီးဖြစ်နေရာ မြန်မာတွင်လည်း လုပ်လျှင်လုပ် သလို ဖြစ်မည့် အနေအထားမျိုး ရှိကြောင်း  ဒေါက်တာထွန်းခင်က ထပ်လောင်းပြောသည်။ နိုင်ငံတကာပညာရေး အတိုင်ပင်ခံ ဒေါက်တာနေဝင်းနိုင်က မြန် မာနှင့် လာရောက်ပူးပေါင်းမည့် ဂျွန် ဟော့ကင်းတက္ကသိုလ်ဆိုသည်မှာ အမေရိကန်နိုင်ငံ၌သာမက ကမ္ဘာ ကပင် အသိအမှတ်ပြုထားပြီး သိက္ခာ ရှိသည့် တက္ကသိုလ်ဖြစ် ကြောင်း၊ ယနေ့မြန်မာ့ပညာရေးတွင် ခေတ်မီသင်ကြား နည်းစနစ်များ သုတေသနပစ္စည်းများနှင့် သင်ရိုး များ လိုအပ်မှုရှိနေသည့်အတွက် ၄င်းကိစ္စရပ်များပါ အလိုလိုဖြေရှင်း ပြီးသား ဖြစ်သွားလိမ့်မည်ဟု ယူဆ ကြောင်း ပြောသည်။  အိန္ဒိယတက္ကသိုလ်ရဲ့ လက် အောက်ခံတက္ကသိုလ်ခွဲတစ်ခုအနေ ဖြင့်သာ ရပ်တည်ခဲ့ရသည့် ရန်ကုန် တက္ကသိုလ်မှာ ၁၉၂ဝ ဒီဇင်ဘာလ ၁ ရက်နေ့မှ ရန်ကုန်တက္ကသိုလ် ဥပဒေ စတင်အာဏာတည်ခဲ့ပြီး  ရန်ကုန်ကောလိပ်နှင့် ယုဒဿန် ကောလိပ် ကျောင်းနှစ်ကျောင်းကို ပေါင်း၍ ရန်ကုန် တက္ကသိုလ်အဖြစ် ဖွဲ့စည်း တည်ထောင်ခဲ့သည်။ ရန်ကုန် တက္ကသိုလ်၏ ပထမဆုံးအဓိပတိ မှာ မြန်မာပြည်ဒုတိယဘုရင်ခံ ဆာရယ်ဂျီနယ် ကရက်ဒေါက်ဖြစ်ပြီး လာမည့် ၂ဝ၂ဝ ခုနှစ်တွင် နှစ် ၁ဝဝ ပြည့်မြောက်တော့မည်ဟု မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု ရက်စဉ် သမိုင်းအရ သိရသည်။ ရန်ကုန် တက္ကသိုလ်ကို ၁၉၄ဝ -၁၉၅ဝ ခုနှစ် များတွင် အရှေ့တောင်အာရှ၌ အကောင်းဆုံး တက္ကသိုလ်အဆင့် သတ်မှတ်ခံရပြီး ၁၉၅ဝ-၁၉၆၂ခုနှစ် များတွင် အရှေ့တောင်အာရှ၌ ဒုတိယအဆင့်တက္ကသိုလ်အဖြစ် စာရင်းပေါက် ခဲ့သည်။
                                                                                                                                      ပေါ်ပြူလာဂျာနယ်

နိုင်ငံတော်အတွင်း နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်လျုက်၇ှိကြသည့် နိုင်ငံ့ဝန်ထမ်းများအား အပိုထောက်ပံ့ကြေး ခံစားခွင့်ပြုခြင်း ကြေငြာချက် အပြည့်အစုံ




နိုင်ငံဝန်ထမ်းများအတွက် သတင်းကောင်းတစ်ပုဒ်

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးက ၁၃၇၃ ခုနှစ် တပေါင်းလပြည့်ကျော် (၇) ရက် ၂၀၁၂ ခုနှစ် မတ်လ ၁၄ ရက် ရက်စွဲပါ အမိန့်ကြေညာစာ အမှတ် ၁၀၀/၂၀၁၂ ဖြင့် နိုင်ငံတော် အတွင်း နိုင်ငံတော်၏ တာဝန်ကိုထမ်းဆောင်လျက်ရှိကြသည့် ၀န်ထမ်းများ၊ တပ်မတော် ကြည်း၊ရေ၊လေ ၀န်ထမ်းများအား စားဝတ်နေရေး သက်သာချောင် လည်မှုရှိစေရန် အတွက်အပိုထောက် ပံ့ကြေးထောက်ပံ့မည့် ကြေငြာချက်တစ်ရပ်ထုတ်ပြန် လိုက်ကြောင်းသတင်းရရှိပါသည် ။
အဆိုပါအမိန့်ကြေငြာစာတွင် လက်ရှိလစာ အပြင်အပို ထောက်ပံ့ကြေး အဖြစ် တစ်ဦးလျှင် တစ်လ ကျပ် သုံးသောင်း တိတိ ခံစားခွင့်ပြုရန် ကိုလည်းကောင်း၊ အစိုးရဌာနများနှင့် အဖွဲ့စည်း များရှိ နေ့စား အလုပ်သမားများ၏ လုပ်ခကို အလုပ်ချိန် တစ်နေ့ (၈)နာရီ အတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခ ကျပ် ၁၁၀၀ အပေါ်တွင် အပိုထောက်ပံ့ကြေး ကျပ် ၁၀၀၀ တိတိ ကို ထပ်မံခံ စားခွင့်ပြုမည် ဖြစ်သဖြင့် နေ့စားအလုပ်သမားများအား နေ့စဉ်လုပ်ခ ကျပ် ၂၁၀၀ တိတိ ခံစားခွင့်ပြုရန် ကိုလည်းကောင်း ၂၀၁၂ ခုနှစ် ဧပြီ (၁)ရက်နေ့မှ စ၍ ခံစားခွင့်ပြုလိုက်သည်ဟု ဖေါ်ပြပါရှိပါသည် ။
သမ္မတ ဦးသိန်းစိန်၏ မတ်လ ၁ ရက်နေ့ မိန့်ခွန်းတွင် ၀န်ထမ်းများအား လစာတိုးခြင်း အစား ထောက်ပံ့မှုများ တိုးမြှင့်ပေးမည် ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး နှစ်ပတ်အကြာ ယခုကဲ့သို့ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
Voice of Myanmar

Friday, 2 March 2012

တောင်သူလယ်သမားနေ့ ဒို့မမေ့

မြန်မာနိုင်ငံမှာ လယ်ယာစိုက်ပျိုးရေးနိုင်ငံအဖြစ် ပုဂံခေတ်မတိုင်မီကတည်းကစ၍ နှစ်ပေါင်းထောင်ချီ ရပ်တည်လာခဲ့သော နိုင်ငံဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံသားအများစုမှာ တောင်သူလယ်သမား သို့မဟုတ် လယ်ယာကဏ္ဍ အမှီပြု၍ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေသူများ ဖြစ်ကြသည်။ မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ လယ်ယာလုပ်ငန်းများဖြင့် အသက်မွေးကြသူများဖြစ်ပေရာ ခေတ်အဆက်ဆက် အစိုးရများနှင့် နိုင်ငံရေးသမားတို့အတွက် အရေးပါသော လူတန်းစားတစ်ရပ် ဖြစ်နေသည်။

သမိုင်းနောက်ခံ

ပဒေသရာဇ်ခေတ်အဆက်ဆက်တွင် တောင်သူလယ်သမားတို့၏ အသက်မွေးမှုမှာ ကြီးမားသည့် အပြောင်းအလဲမရှိဘဲ တည်ငြိမ်အေးချမ်းခဲ့သော်လည်း အောက်မြန်မာနိုင်ငံကို နယ်ချဲ့တို့ စစ်နှစ်ကြိမ်ပြု သိမ်းပိုက်ပြီးသောအခါတွင် တောင်သူလယ်သမားတို့ဘ၀မှာ ပြောင်းလဲမှုများစွာ ဖြစ်ပေါ်လာသည်။

၁၈၆၉ ခုနှစ်တွင် ဆူးဆက်တူးမြောင်း ဖွင့်လှစ်နိုင်ခဲ့သဖြင့် အရှေ့နှင့်အနောက် ဆက်ဆံရေးမှာ ပိုမိုပွင့်လင်း လွယ်ကူလာသည်။ ယင်းကြောင့် ၁၈၅၂ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီး အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့သည့် အောက်မြန်မာနိုင်ငံမှ ဆန်စပါးကို ပြည်ပတင်ပို့ရန် ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်းကို တိုးချဲ့လုပ်ဆောင်ခဲ့ရာ အထက်မြန်မာနိုင်ငံမှ တောင်သူလယ်သမားများ အောက်မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့ကြသည်။

ဆန်စပါးစိုက်ပျိုးမှုအခြေအနေ ကောင်းလာသောအခါတွင် အင်္ဂလိပ်တို့က အောက်မြန်မာနိုင်ငံ မြေခွန်တော်လက်စွဲနှင့် မြေနှင့် အခွန်တော်ဥပဒေကို ပြဋ္ဌာန်းကာ ကုန်သည်များအကျိုးကို ဆောင်ရွက်ခဲ့သည်။ ၁၈၈၆ ခုနှစ် အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးချိန်တွင် ယင်းဥပဒေကိုပင် ဆက်လက်ပြဋ္ဌာန်းခဲ့သည်။

လယ်ယာလုပ်ငန်း တိုးတက်စေရန် မြန်မာတစ်နိုင်ငံလုံးရှိ မြေများကို

ဂရန်မြေ (အပိုင်စာချုပ်မြေ)
အငှားစာချုပ်မြေ
ယာယီလုပ်ခွင့်ရမြေ
မြေနုကျွန်းမြေ
နယ်သစ်ဖွင့်ဒေသမြေ ဟူ၍ ခွဲခြားသတ်မှတ်ပေးခဲ့သည်။
ယင်းကြောင့် လယ်ယာစိုက်ပျိုးလုပ်ကိုင်သူ အဆမတန် များပြားလာပြီး မြေလွတ်မြေရိုင်းများကို ခုတ်ထွင်ရှင်းလင်းကာ လယ်ယာသစ်များ ဖော်ထုတ်လုပ်ကိုင်လာကြသည်။

ယင်းကြောင့် အင်္ဂလိပ်အရင်းရှင်တို့၏ စီးပွားရေး ဖွံ့ဖြိုးလာသော်လည်း ဒေသခံတောင်သူလယ်သမားများဖြစ်သည့် မြန်မာကျေးလက်နေ လူတန်းစားများ၏ ဘ၀မှာ လုပ်ငန်းမကျွမ်းကျင်မှု၊ အရင်းအနှီးမရှိမှု၊ အသိပညာအားနည်းမှုတို့ကြောင့် အကြွေးပတ်လည်ဝိုင်းကာ နောက်ဆုံးတွင် လယ်မြေများ ချစ်တီးတို့ထံ ပေးအပ်ခဲ့ရသည်။

၁၉၃၀ ပြည့်နှစ် ကမ္ဘာ့စီးပွားပျက်ကပ် ဖြစ်ပွားသောအခါတွင် မြန်မာလယ်သမားအများစုမှာ လယ်ယာမဲ့ဘ၀သို့ ရောက်ရှိသွားကြရာမှ ဆက်လက်သည်းမခံနိုင်ကြတော့သဖြင့် ၁၉၃၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် မြန်မာ့သမိုင်းတွင် ထင်ရှားသော တောင်သူလယ်သမား အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့သည်။

ယင်းအရေးတော်ပုံကို ဆရာစံက “သုပဏကဂဠုန်ရာဇာ” ဘွဲ့ခံယူကာ သာယာဝတီနယ် အလံတောင်တွင် စခန်းချ၍ အရေးတော်ပုံကို ခေါင်းဆောင်ခဲ့သည်။

အင်္ဂလိပ်တို့က ယင်းအရေးတော်ပုံကို သုံးနှစ်နီးပါးခန့် ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ရပြီး ဆရာစံနှင့် ခေါင်းဆောင်များကို ဖမ်းဆီးကွပ်မျက်ခဲ့သဖြင့် တောင်သူလယ်သမား အရေးတော်ပုံ ရပ်နားသွားသော်လည်း ယင်းအရေးတော်ပုံကြောင့် မြန်မာနိုင်ငံသားများစိတ်တွင် တော်လှန်ရေးစိတ်ဓာတ်များ နိုးကြားလာခဲ့သည်။

နယ်ချဲ့လက်အောက်တွင် တောင်သူလယ်သမားတို့၏ ဘ၀မှာ အောက်ကျနောက်ကျဖြင့် နေထိုင်ခဲ့ရသည်။

၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရကာ ဖဆပလအစိုးရက အုပ်ချုပ်ခဲ့သည်။

လွတ်လပ်ရေးရလျှင်ရချင်း ၁၉၄၈ ခုနှစ်တွင်ပင် ဖ.ဆ.ပ.လ အစိုးရက လယ်ယာအလုပ်သမား အနည်းဆုံးလုပ်ခကြေးငွေ ဥပဒေနှင့် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးဥပဒေတို့ကို ပြဋ္ဌာန်းပေးကာ လယ်သမားတို့၏ ဘ၀ကို မြှင့်တင်နိုင်ရေး အစီအစဉ်များ ချမှတ်လုပ်ဆောင်ခဲ့သော်လည်း လက်တွေ့တွင် ထူးခြားတိုးတက်မှု မရှိခဲ့ပေ။

၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာ ရယူခဲ့သည့်နောက်ပိုင်း တောင်သူလယ်သမားဘ၀ မြင့်မားစေရေးဟူသည့် ရည်ရွယ်ချက်ဖြင့် ၁၉၆၃ ခုနှစ် မတ်လတွင် သီးစားချထားရေးဥပဒေ၊ သီးစားချထားရေးနည်းဥပဒေ၊ တောင်သူလယ်သမား အခွင့်အရေးကာကွယ်သည့် ဥပဒေများ ချမှတ်ဆောင်ရွက်ခဲ့သော်လည်း လက်တွေ့အောင်မြင်မှုမရှိ၍ ၁၉၆၅ ခုနှစ်တွင် ၁၉၆၃ သီးစားချထားရေးဥပဒေကို ပြင်ဆင်သည့် ၁၉၆၅ သီးစားချထားရေးဥပဒေကို ထပ်မံထုတ်ပြန်ပေးခဲ့ပြီး တစ်ဧက ချေးငွေနှုန်းထားကိုလည်း ရှစ်ဆအထိ တိုးမြှင့်ပေးခဲ့သည်။ သို့သော် အခြားမူဝါဒအမှားများကြောင့် စိုက်ပျိုးထုတ်လုပ်မှုကျဆင်းခဲ့ပြီး တာဝန်ကျေစပါး ထုတ်လုပ်သည့်အဆင့် ရောက်ရှိခဲ့သည်။

ပေါ်ပေါက်လာပုံ

တော်လှန်ရေးကောင်စီက ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် နိုင်ငံတော်အာဏာကို ရယူခဲ့ပြီး တော်လှန်ရေးကောင်စီ၏ ၀ါဒသဘောထားကို ၁၉၆၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ ထိုဝါဒသဘောထား ကြေညာချက်တွင် တောင်သူလယ်သမား၊ အလုပ်သမားများ ခေါင်းပုံဖြတ်ခံဘ၀မှ လွတ်မြောက်စေရန် ရည်ရွယ်၍ ဆိုရှယ်လစ်လောကသစ်ကို တောင်သူလယ်သမား၊ အလုပ်သမားတို့အင်အားဖြင့် တည်ဆောက်မည်ဟု ပါရှိသည်။

ယင်းရည်ရွယ်ချက်ဖြင့် လယ်ယာလုပ်ငန်းများအတွက် ဥပဒေ၊ နည်းဥပဒေများ ချမှတ်ပေးခြင်း၊ မြေရှင်စနစ်ဖျက်သိမ်းပေးခြင်း စသဖြင့် လုပ်ဆောင်ပေးခဲ့သည်။

တစ်ဖန် တောင်သူလယ်သမားထုအတွင်း စည်းလုံးညီညွတ်မှုရရှိစေရန်အတွက် တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲနှင့် တောင်သူလယ်သမားနေ့ အခမ်းအနားများကို ကျင်းပပေးခဲ့ရာမှ တောင်သူလယ်သမားနေ့ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။

အထိမ်းအမှတ်ပွဲများ ကျင်းပ

တောင်သူလယ်သမားနေ့ကို ၁၉၆၃ ခုနှစ်ကစ၍ နှစ်စဉ် ဇန်န၀ါရီလ (၁)ရက်နေ့တွင် ကျင်းပပြုလုပ်ကြသော်လည်း ၁၉၆၄ တွင် ကျင်းပသော တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲကြီးတွင် တက်ရောက်လာသော ကိုယ်စားလှယ်များက ဇန်န၀ါရီလမှာ တောင်သူလယ်သမားများ၏ လယ်ယာရိတ်သိမ်းချိန်နှင့် တိုက်ဆိုင်နေခြင်း၊ အင်္ဂလိပ်နှစ်သစ်ကူးကာလကို ဂုဏ်ပြုသကဲ့သို့ ဖြစ်နေခြင်းတို့ကြောင့် တောင်သူလယ်သမားနေ့ကို တော်လှန်ရေးကောင်စီ စတင်အာဏာရယူသည့် မတ်လ ၂ ရက်နေ့တွင် ပြောင်းလဲကျင်းပသင့်ကြောင်း တင်ပြရာမှ ၁၉၆၅ ခုနှစ်မှစ၍ တောင်သူလယ်သမားနေ့ကို မတ်လ ၂ ရက်နေ့တွင် ပြောင်းလဲကျင်းပခဲ့ခြင်းဖြစ်သည်။

မတ်လ ၂ ရက်နေ့ရောက်လျှင် တောင်သူလယ်သမားနေ့ အခမ်းအနားကို အစိုးရက ဦးဆောင်၍ တစ်နိုင်ငံလုံးတွင် တစ်ပြိုင်နက်တည်း ကျင်းပလေ့ရှိခဲ့သည်။
                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                     ကိုးကား The Voice Weekly

လေးစားထိုက်သော ပြည်ထောင်စုသမ္မတနိုင်ငံ သမ္မတကြီး ဦးသိန်းစိန်၏ အစိုးရသက်တမ်း တစ်နှစ်ပြည့် မိန့်ခွန်း

အစိုးရအဖွဲ့သစ် တာဝန်ယူခြင်း ၁နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်၌ မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။
ထိုသို့ မိန့်ခွန်းပြောကြားရာတွင် ဒီမိုကရေစီဖြစ်ထွန်းရေး၊
... ပြည်တွင်းငြိမ်းချမ်းရေး အစရှိသည့် ကိစ္စများကို အဓိကထား ပြောကြားသွားခဲ့ပြီး ဆောင်ရွက်ပြီးနှင့် ဆက်လက်ဆောင်ရွက်နေဆဲ ကိစ္စများကို အကျဉ်းချုံးတင်ပြခဲ့ခြင်းဖြစ်သည်။                                   နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံရေးလုပ်ငန်းစဉ်အားလုံးတွင် အားလုံးပါဝင်ဆောင်ရွက်နိုင်အောင် ကြိုစားလုပ်ဆောင်လျက်ရှိပြိး ထိုကဲ့သို့ အားလုံးပါဝင်နိုင်ရန်အတွက် အကျဉ်းသား ၂၈၀၀၀ ကျော်ကို တစ်နှစ်တာအတွင်း လွတ်ငြိမ်းချမ်းသားခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်းနိုင်ငံတော်သမ္မက ပြောကြားပါသည်။
အားလုံးပါဝင်နိုင်ရေးမှာ ခေတ်အဆက်ဆက် တောင်းဆိုခဲ့ကြသည့် အချက်ဖြစ်သည်နှင့်အညီ တိုင်းရင်းသားများ ပါဝင်နိုင်ဖို့မှာလည်း အရေးကြီးကြောင်း၊ တိုင်းရင်းသားအားလုံး တန်းတူရည်တူ ပါဝင်နိုင်ဖို့ မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် ဖြစ်ပေါ်ခဲ့သော အထင်အမြင်လွဲမှားမှုများကို ဖယ်ရှားနိုင်ဖို့ အရေးကြီးကြောင်း နိုင်ငံတော် သမ္မတက ပြောကြားပါသည်။
ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း အစရှိသည့်အနက် ဗမာဆိုသည်မှာလည်း လူမျိုးစုတစ်စုသာဖြစ်သည့်အတွက် အားလုံးသာတူရည်မျှရှိသင့်ကြောင်း၊ တန်းတူရည်တူဖြစ်အောင်နှင့် တိုင်းရင်းသားများ၏ မျှော်မှန်းချက်များ ပြည့်ဝစေရေးမှာ ကျွန်တော်တို့ အစိုးရအဖွဲ့၏ လိုလားချက်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ဆက်လက်ပြောကြားပါသည်။
တိုင်းရင်းသား ခေါင်ဆောင် တစ်ဦးပြောသည့် စကားကို ပြန်လည်မျှဝေလိုကြောင်း၊ တိုင်းရင်းသားလူငယ်များအနေဖြင့် သေနတ်မကိုင်လိုပဲ လပ်တော့ကိုသာ ကိုင်လိုသည်ဟု ပြောဆိုခဲ့ကြောင်း ထိုစကားရပ်ကို မိမိအနေဖြင့် ခံစားရပါကြောင်း၊ တိုင်းရင်းသားလူငယ်များ သေနတ်မကိုင်ဘဲ လပ်တော့ကိုင်နိုင်ရန် ဖြည့်ဆည့်းပေးဖို့ တာဝန်ရှိကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားများ ဆန္ဒပြည့်ဝရေးမှာ သမိုင်းပေးတာဝန်ပင် ဖြစ်ကြောင်း၊ မိမိတို့အစိုးရ လက်ထက်တွင် အောင်မြင်အောင် ဖော်ဆောင်ဖို့ ယုံကြည်ချက်ခိုင်မာအောင် ထားရှိပါကြောင်း၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးတွင် ယုံကြည်မှုက အရေးကြီးကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ပရိယာယ်မရှိဘဲ ပင်လုံစိတ်ဓါတ်ကို အခြေခံကာ ယုံကြည်မှုဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။
ကချင်ပြည်နယ်အတွင်း ခုခံကာကွယ်ရုံမှလွဲ၍ ထိုးစစ်ရပ်ရန် ညွှန်ကြားထားခဲ့ကြောင်း၊ မိမိညွှန်ကြားခဲ့သည့်အတိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလဲ ညွှန်ကြားထားခဲ့ပြီးဖြစ်ကြောင်း၊ သို့သော် ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများအတွက် မေးခွန်းဖြစ်နေကြောင်း၊ ယနေ့ဖြစ်ပျက်နေသော အဖြစ်အပျက်များကို တစ်ဦးနှင့်တစ်ဦး လက်ညိုးထိုးအပြစ်ပြောရန် မဖြစ်နိုင်ပဲ နိုင်ငံရေးအရ နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်ဖို့ ခိုင်မာတဲ့ ကတိကဝတ်တွေ အပြန်အလှန်ထားရှိရန် လိုအပ်ကြောင်း၊ စစ်ဘေးဒဏ်ခံ တိုင်းရင်းသားများကို ပြည်တွင်းပြည်ပမှထောက်ပံ့ရန် မိမိတို့အနေဖြင့် လမ်းဖွင့်ပေးထားပါကြောင်း၊
ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရာ၌ အချက်၃ချက်ကို အဓိကထားကြောင်း၊ ပထမအချက်မှာ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးရရှိရန်ဖြစ်သည်။ ဒုတိယအချက်မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးရရှိရန်ဖြစ်ကာ တတိယအဆင့်မှာမူ နိုင်ငံတော်အစိုးရ တိုင်းရင်းသားအားလုံးနှင့် နိုင်ငံရေးသမားများအစရှိသည့် political players အားလုံး လွှတ်တော်မှာ သဘောတူညီမှု ရယူပြီး လွှတ်တော်တွင်းမှာပင် ထာဝရငြိမ်းချမ်းရေးရရှိရန် မျှော်မှန်ထားကြောင်း၊ ထိုသို့ဖြစ်ပေါ်ရန်အတွက် ကြိုးပမ်းနေပါကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။
လတ်တလော ပြည်သူများအကြားဖြစ်ပေါ်နေသည့် မိုဘိုင်းဖုန်းကိစ္စနှင့် ပါတ်သတ်၍မူ လောလောဆယ်တွင် တည်ဆောက်ရေးလုပ်ငန်းများ တည်ဆောက်နေပြီး ထိုလုပ်ငန်းများ ပြီးစီးသည်နှင့် ပြည်သူ့ဆန္ဒ သဘောထားများအတိုင်း ဖြစ်ပေါ်ရန် နည်းလမ်းတကျဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ပြောကြားခဲ့ပါသည်။
အစိုးရဝန်ထမ်းများ လစာတိုးမြင့်ရေးကိစ္စရပ်မှာမူ လတ်တလောအနေဖြင့် နိုင်ငံတော်၏ ဘတ်ဂျက်၊ အကြွေးအမြီ အနေအထားများကြောင့် အခြေအနေနှင့် အချိန်အခါအလိုက် တိုးမြင့်ပေးသွားမည်ဖြစ်ကြောင်း မိမိတို့အစိုးရ၏ မူလရည်မှန်းချက်မှာ ဝင်ငွေနည်းလူတန်းစားများနှင့် ဆင်းရဲသားလူတန်းစားများ၏ ဘဝတိုးမြင့်ပေးရေးအတွက် လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ပြည်သူ့ဝန်ထမ်းများဖြစ်သည့် မိမိတို့ကြောင့် အပိုကုန်ကျစရိတ်များ ဖြစ်ပေါ်လာမည်ကို မလိုလားကြောင်း၊ လက်ရှိအခြေအနေတွင် နိုင်ငံ့လူဦးရေ၏ ၃.၃ရာခိုင်နှုန်းမှာ အစိုးရဝန်ထမ်းများဖြစ်ကြောင်း၊ ပြည်သူများဖြစ်သည့် ၉၆.၇% ကို ပြန်လည်ငဲ့ကွက်သင့်ကြောင်း၊ လတ်တလောလစာတိုးမည့်သတင်းကြောင့် အရပ်ရပ်တွင် ကုန်ဈေးနှုန်းများမြင့်တက်သွားကြောင်း၊ အစိုးရဝန်ထမ်းမဟုတ်သည့် ၅၈သန်းသော ပြည်သူများ ကိုယ်တိုင်ကိုယ်ကျခံစားနေရသည်ကို စာနာသင့်ကြောင်း၊ လစာ(သို့) ထောက်ပံ့ကြေးတိုးမြင့်သောကိစ္စများကို လက်ရှိအခြေအနေအရ ခြုံငုံသုံးသပ်ပြီး စဉ်းစားသွားမည်ဖြစ်ကြောင်းနှင့် ကျေးလက်နှင့် လယ်သမားများ၊ အခြေခံလူတန်းစားများ ဝင်ငွေကို တိုးတက်မှုရှိအောင် ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထိုကိစ္စရပ်မှာ ပါးစပ်က ပြော၍လွယ်သလောက် လက်တွေ့ဆောင်ရွက်ရန် ခက်ခဲနေသည့် အတွက် ကြိုးပမ်းလုပ်ဆောင်နေလျက်ရှိနေကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။

နိုင်ငံတော်သမ္မတကြီး၏ တစ်နှစ်ပြည့် မိန့်ခွန်း (အပြည့်အစုံ)

Monday, 27 February 2012

ကျပ်တစ်သိန်းရှစ်သောင်းတန် ဂျီအက်စ်အမ်ဖုန်းများကို မတ်လ ၅ ရက်နေ့တွင် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စတင်ချပေးမည်

ငွေကျပ် တစ်သိန်းရှစ်သောင်းတန် ဂျီအက်စ်အမ်ဖုန်းများကို လာမည့်မတ်လ ၅ ရက်နေ့တွင် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စတင် ချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
''အခုလာမယ့် မတ်လ ၅ ရက်နေ့မှာ နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာ ဂျီအက်စ်အမ်ဖုန်းတွေ စပြီး ချပေးသွားမယ်။ တန်ဘိုးကတော့  ငွေကျပ်တစ်သိန်းရှစ်သောင်း သတ်မှတ်ထားပါတယ်။ ချပေးမယ့် အလုံးအရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး'' ဟု နေပြည်တော် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးထံမှ စုံစမ်းသိရှိရပါသည်။
လာမည့် မတ်လ ၅ ရက်နေ့တွင် စတင်ချပေးမည့် ဂျီအက်စ်အမ်ဖုန်းများ၏ နံပါတ်ကို ၀၉-၄၂ နံ ပါတ်ဖြင့် ချပေးမည်ဖြစ်ကြောင်း သိရသည်။ ငွေကျပ် ၁၅ သိန်းတန် စီဒီအမ်အေဖုန်းများကို ၂၀၀၉ ခုနှစ်အတွင်း စတင်ချထားပေးခဲ့ပြီး ငွေကျပ် ငါးသိန်းတန် စီဒီအမ်အေဖုန်းများနှင့် ၂၀၁၀ ခုနှစ်တွင်ချထားပေးခဲ့ပြီး ငွေကျပ် ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းများကိုလည်း ချထားပေးခဲ့ကြောင်း သိရသည်။ ယခုအခါ ၂၀၁၂ ခုနှစ်မတ်လ ၅ရက်နေ့တွင် ငွေကျပ်တစ်သိန်းရှစ်သောင်းတန် ဂျီအက်စ်အမ်ဖုန်းများကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စတင် ချထားပေးမည်ဖြစ်ကြောင်း သိရသည်။
                                                                                                                            Eeven Media Group

Sunday, 26 February 2012

ပြည်ပရောက်မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ ရင်တွင်းစကား (အမေး-အဖြေ)


 -ခင်ဗျားအနေနဲ့ အခုကြားဖြတ်ရွေးကောက် ပွဲမှာဘယ်သူ့ကိုနိုင်စေချင်လဲ?

တိုင်းပြည်၇ဲ့အနာဂါတ်အတွက် ဒေါ်စုကိုနိုင်စေချင်တယ်။
-အမေစုရဲ့နိုင်ငံရေး ဒသနတွေကို ယုံကြည်လို့လား?
သူ့မှာ ဒသနတွေ၇ှိလို့လား.
-အမေစုရဲ့ လုပ်ရည် ကိုင်ရည်ကိုကြိုက်လို့လား?
ဘာမှ မှ မလုပ်၇သေးတာကို.
-အမေစုက တိုင်းပြည်လွတ်လပ်ရေးဖခင်ကြီး ၇ဲ့သမီးဖြစ်နေလို့လား?
အဖေက ဆ၇ာဝန်ဆိုတာနဲ့ သားကဆရာဝန်ဖြစ်မှာသေချာလို့လား.
-ဒါဆို အမေစု ၇ဲ့တိုင်းပြည်အပေါ်အနစ်နာခံပြီးလုပ်နေတဲ့ စိတ်ကိုကြိုက်လို့လား?
သူအာဏာရဖို့လုပ်နေတာမဟုတ်ဘူးလား.
-အမေစု အာဏာ ရရင် ဒါမှမဟုတ် လွတ်တော်ထဲရောက်ခဲ့ရင်အမျိုးသားစည်းလုံးညီညွတ်ရေးလုပ်မယ်ဆိုတာကို ယုံကြည်လို့လား?
သူ့ရဲ့ ပါတီထဲမှာတောင် သဘောထားတွေဒီလောက်ကွဲနေတာကိုဗျာ.
-ဒါဆို ဘာလို့ အမေစုကိုနိုင်စေချင်တာလဲ?
အော် ဒါလား.. ကျွန်တော်ထင်တယ်ဗျာ.. သူ့ပါတီသာ.မနိုင်ရင် အခုကျင်းပမယ့်
ကြားဖြတ်ရွေးကောက်ပွဲ က မမျှတဘူးလို့ နိုင်ငံတကာကိုပြောမှာသေချာတယ်.
အဲ့အခါကျ၇င် နိုင်ငံတကာက ကျွန်တော်တို့အပေါ် ကူညီတာတွေ.. ရပ်သွားမှာရယ်..
ဒီရွေးကောက်ပွဲမမျှတဘူးဆိုပီး.. စီးပွားရေးပိတ်ဆို့ထားတာတွေ ဆက်ထားမယ်ဆိုရင်
အခုသမ္မတကြီး ဦးသိန်းစိန် ကြိုးစားနေတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ စီးပွားရေးရင်ဘောင်တန်း
နိုင်အောင် လုပ်မယ်ဆိုတဲ့ မျှော်လင့်ချက်ကြီး နှောင့်နှေးသွားမှာကြောက်လို့ပါ..
-အဲ့လိုဘာလို့ပြောနိုင်တာလဲ? ခင်ဗျားအထင်ကိုပြောနေတာလား?
ကျွန်တော်ထင်တာမဟုတ်ဘူးဗျ. ကျွန်တော်မြင်တာ.
ခင်ဗျားတို့လည်းကြားမှာပေါ့. မန္တလေးမှာ ဟောပြောမယ့်အစီအစဉ်ပျက်သွားတုန်းက
သူတို့ငှားတဲ့ ဗထူး အားကစားကွင်းမရတာကို တောင် ဦးဇော်ဇော်နဲ့ အစိုးရ ပေါင်းပြီး
သူတို့ကိုမငှားသလို မျိုးဖြစ်အောင်လုပ်သေးတာဘဲဗျာ.
-ဟုတ်ကဲ့ ခင်ဗျားအနေနဲ့ အမေစု ဟောပြောတဲ့မိန့်ခွန်းတွေအပေါ်ဘယ်လိုမြင်လဲခင်ဗျ?
ဟုတ်ကဲ့ အမှန်တိုင်းပြောမယ်နော်... ဟဲဟဲ... နားထောင်လို့တော့ကောင်းတယ်ဗျ..
ကျွန်တော်သိတာက ဗိုလ်ချုပ်အောင်ဆန်းကျဆုံးသွားတုန်းက သူ့အသက် ၂ နှစ်သမီး
ဘဲ၇ှိသေးတယ် လို့ထင်တယ်..ဒါပေမယ့် သူဟောပြောတဲ့အခါတွေမှာ
"ဖေဖေ ပြောသွားဖူးတယ်.. ဖေဖေပြောဖူးတယ်......ဖေဖေ၇ှိတုန်းက ..."
အဲ့ဒါတွေက ကျွန်တော်နားထောင်ဖူးတဲ့ ဟောပြောပွဲတိုင်းနီးပါးပါတယ်လို့ထင်တယ်...
ကျွန်တော်တို့လူငယ် စကားနဲ့ပြောရင်တော့ ဖေဖေ နဲ့လုပ်စားနေတယ်လို့တော့ထင်တယ်ဗျာ..
ဟဲဟဲ..
-ဒါဆိုခင်ဗျားက အမေစုကို အရည်ချင်းမရှိဘူးလို့ပြောချင်တာလား?
အရည်ချင်းရှိလို့ဘဲ .. တတိယကမ္ဘာစစ်မဖြစ်အောင် လုပ်ပေးခဲ့တဲ့ .. ကမ္ဘာက လွတ်လပ်ရေးဗိသုကာ
ကြီးလို့ပြောတဲ့ ကျွန်တော်တို့မြန်မာလူမျိုး ဦးသန့်တောင်မရခဲ့တဲ့.. ငြိမ်းချမ်းရေးနိုဘယ်လ် ဆုကို သူ ၇ထားတာမ ဟုတ်ဘူးလား..
ဟုတ်ကဲ့အခုလိုဖြေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ.
ဟုတ်ကဲ့ကျွန်တော်လည်းကျေးဇူးတင်ပါတယ်..

Friday, 24 February 2012

မိုဘိုင်းလ်ဖုန်းပြဿနာ

ရွှေပြည်တံခွန်က စလိုက်တဲ့ ငါးထောင်တန် Sim Card ပြဿနာနဲ့ ပတ်သက်ပြီး အယူအဆ အမျိုးမျိုး ရေးသား နေကြပါတယ်။ အဲဒီအထဲက ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ (၈) ရက်နေ့ထုတ် Mobile Guide ဂျာနယ်မှာ မိုဘိုင်းဖုန်း နည်းပညာ၊ ဈေးကွက် ကျွမ်းကျင်သူ တစ်ဦးလည်းဖြစ်၊ England နိုင်ငံကနေ MBA (Telecom) ဘာသာရပ်ကို အထူးပြု သင်ကြားခဲ့သူ တစ်ဦးလည်း ဖြစ်တဲ့ ဦးပြည်စိုးထွန်းနဲ့ အင်တာဗျူးက စီးပွားရေး ရှုထောင့်၊ နည်းပညာ ရှုထောင့် နှစ်ခုလုံးကနေ သုံးသပ်ထားပြီး ဖတ်ရသမျှထဲမှာ အကောင်းဆုံး ဖြစ်လို့ တင်ပေးလိုက်ပါတယ်။
တင်ဇာအောင် မေးမြန်းသည်။
အခု လက်ရှိ ဖြစ်ပေါ်နေတဲ့ ငါးထောင်တန်ဖုန်း ဖြစ်နိုင်၊ မဖြစ်နိုင် ဆိုတဲ့ နေရာမှာ အစ်ကို့ရဲ့ အမြင်ကို သုံးသပ်ပေးပါဦး
နှစ်ဖက်စလုံးက ပြောနေတာတွေတော့  ရှိပါတယ်။ ဒီအခြေအနေကို ပြောရမယ် ဆိုရင်တော့ နိုင်ငံ တစ်ခုလုံး ခြုံကြည့်ဖို့ လိုတယ်။ Improve ဖြစ်ဖို့က အဓိက ဖြစ်ဖို့ လိုတယ်။ ခြုံကြည့်တဲ့ အချိန်မှာလည်း Business Area ဖြစ်တဲ့ ရန်ကုန်လိုမျိုး၊ ဧရာဝတီလိုမျိုးကို ကွက်ြပီး ကြည့်လို့ မရဘူး။ နိုင်ငံ တစ်ခုလုံး ခြုံကြည့်ရမယ်။ ကိုယ့်ရဲ့ တိုင်းရင်းသားတွေ ရှိတဲ့ ချင်းတောင် လိုဟာမျိုး၊ ကချင်ပြည်နယ်လို နေရာမျိုးတွေကိုလည်း ကြည့်ရမယ်။ အဲဒီနေရာ မျိုးတွေမှာ Tele density မြင့်ဖို့ ဆိုတာလည်း အစိုးရမှာ တာဝန် ရှိတယ်။ ဒါတွေကို ချန်ထား ပြီးတော့ ရန်ကုန်လို နေရာမျိုးကိုပဲ develop ဖြစ်အောင် လုပ်မယ် ဆိုရင် အခုလို အချိန်မျိုးမှာ ပိုပြီးတောင် အပြောခံရနိုင်တယ်။ ဒီနေရာက develop ဖြစ်တယ်။ ဒီနေရာက မဖြစ်ဘူး ဆိုပြီး ပိုပြီးတောင် အပြောခံရဦးမယ်။ အစိုးရ အနေနဲ့ ဒါတွေကို Setup လုပ်ဖို့ ဆိုတာ နယ်စွန်နယ်ဖျားမှာလည်း setup လုပ်ဖို့ လိုတယ်။ အဲဒီလို လိုတဲ့နေရာမှာလည်း ဖုန်းတစ်လုံးနဲ့ တစ်လုံး ပြောဖို့ဆိုတာ Transmittion Link မရှိဘဲနဲ့ ပြောလို့မရဘူး။ Transmittion Link ရှိဖို့ဆိုတာက backbone တွေ ဘာတွေချဖို့ အများကြီး လိုအပ်တယ်။ အဲဒီ အပေါ် မှာလည်း Cost တွေ အကုန်လုံးက စီးပွားရေးအရ တွက်ချေ ကိုက်တာ မကိုက်တာက နောက်မှထား။ အရေးကြီးတာက Tele density အရ နယ်စွန် နယ်ဖျားတွေမှာ ရှိရမယ်။ ပြီးတော့လည်း improve ဖြစ်ဖို့ဆိုတာက ဒီ cost တွေကို ထည့်တွက် ထားဖို့ မေ့ထား ရမယ်။ နိုင်ငံတော် အနေနဲ့ဆိုရင် ဒါတွေ အရေး မကြီးသေးဘူး။ အဲဒီလိုမျိုး စဉ်းစားပြီးမှ လုပ်တဲ့ အတွက်ကြောင့်လည်း သူ့အနေနဲ့ အခုအချိန်မှာ Cost တွေ ဘာတွေ ကြီးတာ ဖြစ်နိုင်တယ်။