Thursday 24 March 2016

မီးလောင်သည့် မန္တလေးမင်္ဂလာဈေးကို အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်


မန္တလေးမြို့တွင် မီး လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် မင်္ဂလာဈေးကို အန္တရာယ်ရှိ အ ဆောက်အုံအဖြစ် သတ်မှတ် ကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီမှ သတင်း ရရှိသည်။
မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ၊ အင်ဂျင် နီယာအသင်း(မန္တလေး)၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တိုင်းအ ဆင့် အင်ဂျင်နီယာများ၊ ဆည် မြောင်းဦးစီးဌာနမှ တိုင်းအဆင့် အင်ဂျင်နီယာများနှင့် နည်းပညာ တက္ကသိုလ်မှ ကထိက အင်ဂျင်နီ ယာများပါဝင်သော အဖွဲ့သည် မီး လောင်ကျွမ်းခဲ့သည့် မင်္ဂလာဈေး အဆောက်အအုံ၏ကြံ့ခိုင်မှုကို မတ်လ ၂၃ ရက်၌ စစ်ဆေးခဲ့ပြီး နောက် အန္တရာယ်ရှိအဆောက် အအုံအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ် သည်ဟု စည်ပင်သာယာတာဝန် ရှိသူများက ပြောကြားသည်။
‘‘ဈေးရဲ့ကြံ့ခိုင်မှုအတွက် အင်ဂျင်နီယာတွေက အာမမခံ ဘူး။ အဲဒါကြောင့် လောလော ဆယ်အန္တရာယ်ရှိ အဆောက်အ အုံအဖြစ် သတ်မှတ်လိုက်တယ်။ အမြင်နဲ့ကြည့်ပြီး ဆုံးဖြတ်ထားတဲ့ သဘောပါ။ နောက်ပြီးရင် မြန်မာ နိုင်ငံ အင်ဂျင်နီယာအသင်း(ရန် ကုန်)နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဌာနမှာရှိတဲ့ စက်ကိရိယာတွေနဲ့ အသေးစိတ်ထပ်မံတိုင်းတာ စစ် ဆေးဦးမှာဖြစ်ပါတယ်။ စက်တွေ နဲ့ ထပ်မံစစ်ဆေးပြီး အဖြေပေါ်မှ ဘယ်လိုလုပ်သင့်တယ်ဆိုတာမျိုး ဆွေးနွေးပြီး ဆက်လုပ်ရမှာပါ’’ဟု မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြော သည်။ မင်္ဂလာဈေးကို ဖြိုဖျက်ပြီး အသစ်ပြန်ဆောက်လုပ်မည့်အစီ အစဉ်ရှိ၊ မရှိနှင့်ပတ်သက်၍ အ တိအကျမပြောနိုင်သေးကြောင်း ဦးသက်နိုင်ထွန်းက ဆိုသည်။ အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်သည့်အတွက် ဈေးအ သစ်ပြန်ဆောက်မည့် အနေအ ထားဟု ထင်မြင်ကြောင်း မင်္ဂလာ ဈေးမှ ဆိုင်ခန်းပိုင်ရှင်အချို့က ပြောသည်။
ဈေးသစ်ဆောက်မည်ဆို လျှင် လက်ရှိ ဈေးသည်များအဆင် ပြေစေရေးအဓိကထား၍ စဉ်းစား တည်ဆောက်ရန်နှင့် လတ်တ လောတွင် မီးလောင်ဒဏ်ခံနေရ သည့်ဈေးသည်များအဆင်ပြေစေ ရန် ယာယီဈေးတစ်ခု သတ်မှတ် ဖွင့်လှစ်ပေးရန် လိုအပ်ကြောင်း မင်္ဂလာဈေးမှ ဆိုင်ခန်းပိုင်ရှင်အ ချို့က ပြောသည်။

‘‘ရှိသမျှ ပစ္စည်းတစ်ခုမှ မရ လိုက်ဘူး။ အကုန် မီးထဲပါသွား တယ်။ ဈေးသည်တွေရဲ့ စားဝတ် နေရေးအတွက် ယာယီဈေးဖွင့် ပေးဖို့ လိုပါတယ်’’ဟု တစ်ဆိုင်လုံးမီးထဲပါသွားသည့်အထည်ဆိုင် ပိုင်ရှင် ဦးစိုးလှိုင်ထွန်းက ပြော သည်။
မီးလောင်ကျွမ်းရသည့်အ ကြောင်းရင်းကို အစိုးရဌာနဆိုင်ရာများက လက်ရှိအချိန်ထိ ထုတ် ပြန်ပေးနိုင်ခြင်းမရှိသေးဘဲ မည် သည့်အတွက်ကြောင့် မီးလောင် ကျွမ်းမှုဖြစ်ပွားရသည်ကို စစ်ဆေး နေဆဲဖြစ်ကြောင်း မီးသတ်ဦးစီး ဌာနမှ တာဝန်ရှိသူများက ပြော သည်။
7Day Daily

No comments:

Post a Comment