Monday 7 September 2015

ဒေါ်အောင်ဆန်းစုကြည် ဟိုပုံးမြို့တွင် ဘိန်းအစားထိုး သီးနှံစိုက်တောင်သူများနှင့်တွေ့ဆုံ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်သည် ရှမ်းပြည်တောင်ပိုင်း ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေ သ ခရီးစဉ်အတွင်း ဟိုပုံးမြို့ ၀မ့် ဟွေ့ရွာရှိ UNODC ၏ ဘိန်းအ စားထိုးသီးနှံစိုက်ခင်းများသို့ သွား ရောက်လေ့လာခဲ့ပြီး တောင်သူ များနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။ဟိုပုံးမြို့ ၀မ့်ဟွေ့ရွာရှိကမ္ဘာ့ ကုလသမဂ္ဂမူးယစ်နှင့်ပြစ်မှုဆိုင် ရာမှုခင်းရုံး (UNODC)၏ ဘိန်းအစားထိုး သီးနှံစိုက်ခင်းများကို UNODC ၏ ဖိတ်ခေါ်မှုဖြင့် သွား ရောက်ကြည့်ရှုခဲ့ခြင်းဖြစ်သည်။‘‘ကျွန်မတို့ ဟိုပုံးကိုလာတာ အကြောင်းနှစ်ခုရှိပါတယ်။ တစ်ခု ကပြည်သူတွေနဲ့တွေ့ဖို့နဲ့ နောက် တစ်ခုက မူးယစ်ဆေးဝါးနဲ့ ပတ် သက်လို့ လုပ်နေတဲ့ အစီအစဉ် တစ်ခုကို ကြည့်ဖို့’’ဟု ဒေါ်အောင် ဆန်းစုကြည်ကပြောသည်။


မူးယစ်ဆေးဝါး အန္တရာယ် သည် တစ်နိုင်ငံလုံးတွင် ပျံ့နှံ့နေ ပြီး ထိန်းချုပ်နိုင်မှသာ တိုင်းပြည် နှင့် လူငယ်များ၏ အနာဂတ်အတွက် ကောင်းမွန်နိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။

 ဒေါ်အောင်ဆန်းစုကြည် သည် ၀မ့်ဟွေ့ရွာမှတောင်သူများ နှင့်တွေ့ဆုံစဉ် ၎င်းတို့၏ ပညာ ရေး၊ ကျန်းမာရေးနှင့် အလုပ်အ ကိုင်ရရှိမှုအနေအထားတို့ကို မေး မြန်းခဲ့ပြီး ဒေသခံများ၏ လိုအပ် ချက်များကို စိတ်ဝင်တစား ပြန် လည်ဆွေးနွေးကာ သတင်းအ ချက်အလက်များ မှတ်တမ်းရယူခဲ့ သည်။

ဟိုပုံးပြည်သူများက ဒေသ တွင်း ပညာသင်ကြားပေးမည့် ကျောင်းဆရာ နည်းပါးခြင်း၊ အ ရေးပေါ် ကျန်းမာရေးအခြေအနေ နှင့်ကြုံတွေ့ရပါက ဟိုပုံးမြို့ထဲအ ထိသွားရောက်၍ ဆေးကုသမှုခံ ယူရခြင်း၊ ရွာတွင် သားဖွားဆရာမတစ်ဦးသာရှိခြင်း၊ ဆယ်တန်း အောင်သော လူငယ်များရှိသော် လည်း အလုပ်အကိုင် အခွင့်အ လမ်းမရှိခြင်းတို့ကို ဒေါ်အောင် ဆန်းစုကြည်အား တင်ပြသည်။

‘‘ဒေသဖွံ့ဖြိုးရေးစီမံကိန်းဆို တာ ကျွန်မတို့ သဘောပေါက် တယ်။ ကော်ဖီစိုက်ရုံနဲ့မပြီးဘူး။ လမ်းပန်းဆက်သွယ်ရေးကောင်း ရမယ်။ ကျန်းမာရေးကောင်းရ မယ်။ ပညာရေးကောင်းရမယ်။ အားလုံး အဘက်ဘက်ကနေ လူ ငယ်တွေအတွက် အလုပ်အကိုင် ဖန်တီးပေးရမယ်’’ ဟု ဒေါ်အောင် ဆန်းစုကြည်က တောင်သူများအား ပြောကြားသည်။

 ဒေါ်အောင်ဆန်းစုကြည် သည် ဘိန်းအစားထိုးသီးနှံစိုက် ခင်းလေ့လာအပြီးတွင် UNODC မှ တာဝန်ရှိသူများနှင့် အချိန်တစ် နာရီကျော်ကြာ ဆွေးနွေးခဲ့သည် ဟု တောင်ကြီးခရိုင် အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင် မောင်တိုးကပြောသည်။

‘‘UNODC နဲ့တွေ့တော့ အဲဒီ ဒေသမှာ သူတို့လုပ်နေတဲ့ ဘိန်း အစားထိုးသီးနှံတွေ စိုက်ထားတာ ကို ဒေသခံလူထုတွေ ဘယ်လိုယူ ဆတယ်၊ ဘယ်လိုသဘောထား တယ်ဆိုတာသိဖို့နဲ့ ဒေသခံတွေရဲ့ မူးယစ်အစားထိုးခြံစိုက်ခင်းတွေ လေ့လာဖို့အတွက်ဖြစ်တယ်’’ ဟု  ကလောမြို့နယ်မှ ဒီချုပ်အမတ် ဒေါက်တာ ဒေါ်သန်းငွေကပြော ကြားသည်။

UNODC သည် ၂၀၁၄ မှ စ တင်၍ ဘိန်းအစားထိုးသီးနှံဖြစ် သည့် ကော်ဖီပင်ကို ဟိုပုံး၊ လွိုင် လင်မြို့နယ်များတွင် ဧက ၁၅၀၀ စိုက်ပျိုးပေးနိုင်ခဲ့ပြီး တောင်သူ ၇၂၀ က ပူးပေါင်းပါဝင်လျက်ရှိ သည်ဟု သတင်းထုတ်ပြန်ထား သည်။ ရှမ်းပြည်တောင်ပိုင်း ပင်လုံ၊ လွိုင်လင်နှင့်ဟိုပုံးမြို့နယ်များ တွင် အစိုးရက UNODC နှင့်ပူး ပေါင်းပြီး ကော်ဖီ၊ ရော်ဘာအစ ရှိသည့် ဘိန်းအစားထိုးသီးနှံစိုက် ပျိုးမှုလုပ်ငန်းများ ဆောင်ရွက်ပေး နေသည်။

 သို့သော် ဘိန်းစိုက်ပျိုး သည်ဟု ယူဆရသောအိမ်ထောင် စု တစ်သိန်းသုံးသောင်းကျော်ရှိ သည့်အနက် အိမ်ထောင်စု၂,၃၀၀ ကျော်သာ ယင်းအစီအစဉ်တွင် လက်တွဲဆောင်ရွက်နေခြင်း ဖြစ်သည်။

No comments:

Post a Comment