Tuesday 4 August 2015

တေးဂီတစာရင်းတွေမှာ ထိပ်ဆုံးရောက်နေတဲ့ SHINee အဖွဲ့

တောင်ကိုရီးယား ယောက်ျားလေးအဆိုရှင်များ အဖွဲ့ SHINee သည် Married to the Music သီချင်းသစ်ဖြင့် တောင်ကိုရီးယားတေးဂီတစာရင်းများတွင် ထိပ်ဆုံး၌ ရပ်တည် လျက်ရှိသည်။
SHINee အဖွဲ့၏ Married to the Music အထူးအယ်လ် ဘမ်သည် ဩဂုတ် ၃ ရက် နေ့လယ်၁၂ နာရီတွင် ထွက်ရှိပြီးနောက် Melon, Genie, Naver Music, Bugs Music နှင့် Mnet အပါ အဝင် တေးဂီတစာရင်းခုနစ်ခု၌ ထိပ်ဆုံးမှရပ်တည်လျက်ရှိသည်။
Married to the Music အထူးအယ်လ်ဘမ်သည် SHINee အဖွဲ့၏ စတုတ္ထမြောက်အယ်လ် ဘမ် Odd မှ သီချင်း ၁၁ ပုဒ်နှင့် Savior, Hold You, Chocolate နှင့် Married to the Music အမည်ရ သီချင်းသစ်လေးပုဒ်ကို စုပေါင်းတင်ဆက်ထားသော အယ်လ်ဘမ်ဖြစ်သည်။ ယင်း သီချင်းသစ်များသည်လည်း တေး ဂီတစာရင်းများ၌ ထိပ်ဆုံးနေရာ ရရှိနေသည်။
SHINee အဖွဲ့သည် Married to the Music အထူး အယ်လ်ဘမ်ပရိုမိုးရှင်းများကို ဩဂုတ် ၇ ရက်တွင် Music Bank အစီအစဉ်၌ စတင်ပြုလုပ်မည်ဖြစ် သည်။
—Ref: Soompi

No comments:

Post a Comment